Pages

Friday, July 12, 2013

ပဋိပက္ခအကြမ်းဖက်မှုတွေကြောင့် ပိတ်ခံရတဲ့ ဗလီအားလုံး ပြန်ဖွင့်ခွင့်ရရေး တောင်းဆိုသွားမည်

ဇူလိုင်-၁၂၊ ၂၀၁၃

မြန်မာနိုင်ငံအတွင်း ပဋိပက္ခအကြမ်းဖက်မှုတွေကြောင့် ပိတ်ခဲ့ရတဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ ၀တ်ပြုရာ ဗလီတွေအားလုံးကို ပြန်လည်ဖွင့်လှစ်ခွင့်ရဖို့ ကြိုးစားသွားမယ်လို့ မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးရာ ကောင်စီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝဏ္ဏရွှေက ပြောပါတယ်။

(MRTV 4)မြန်မာ့အသံအစီအစဉ်ကို အွန်လိုင်းမှာ ကြည့်ရှုနိုင်မယ့် MRTV 4 Apk

(MRTV 4)မြန်မာ့အသံအစီအစဉ်ကို အွန်လိုင်းမှာ ကြည့်ရှုနိုင်တော့မယ်ဆိုတော့ တော်တော်များများသိမှာပါ
(လောလောဆယ် ကြည့်မရသေး) သူအွန်လိုင်းမှာလွင့်တဲ့အခါမှ ကြည့်လို့ရမယ် 15 ရက်ကျရင် လွင့်မယ်လို့တော့ ပြောတယ် ။

ပိတ်ပင်ခံထားရသော မဒရ်စဟ်ဆွာဒီကီယာဟ်ဟိဖ်ဇွလ်ကုရ်အာန်ကျောင်းကြီး ပြန်ဖွင့်ပြီ

အစ္စလာမုအလိုင်းကွမ်…
မုအ်မင်န်ညီနောင်များခင်္ဗျားဝမ်းသာစရာသတင်းလေးတစ်ခုပါ… ၁၂.၇.၂၀၁၃/သောကြာနေ့တွင်ကျန်တော်တို့ရဲ့မိခင်ကျောင်းကြီးဖြစ်တဲ့မဒရ်စဟ်ဆွာဒီကီယာဟ်ဟိဖ်
်ဇွလ်ကုရ်အာန်ကျောင်းကြီးပြန်လည်ဖွင့်လှစ်လိုက်ပါပြီ… ယာအလ္လာဟ်ဤကျောင်းကြီးအားအဖက်ဖက်မှစောင့်ရှောက်တော်မူါ။လမြတ်ရမ်သွာန်အပြီးမှစ၍ကျမ်းမြတ်ကုရ်အာန်အားပြန်လည်သင် ကြားပို့ချနိုင်စွမ်းချီးမြှင့်ပေးသနား တော်မူပါ။

န.စ.က ဖျက်သိမ်းကြောင်းကြေညာချက်ထုတ်

န.စ.က ဖျက်သိမ်းကြောင်းကြေညာချက်ထုတ်

ဇူလိုင်-၁၂၊ ၂၀၁၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၅၉ /၂၀၁၃

၁၃၇၅ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက်

(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်)

နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်အား ဖျက်သိမ်းခြင်း

နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်အား ယနေ့မှစ၍ ဖျက်သိမ်းလိုက်သည်။

(ပုံ)
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

source::http://www.president-office.gov.mm/briefing-room/news/2013/07/12/id-3739

ဇူလိုင်-၁၂၊ ၂၀၁၃
နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ ၁၂ နေ့ အမိန့်ကြော်ငြာစာ အမှတ် ၅၉/ ၂၀၁၃ နဲ့ နယ်စပ်ဒေသ လူဝင်မှု
စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်အား ယနေ့မှ စ၍ ဖျက်သိမ်းလိုက်ကြောင်း ယနေ့ ည ၈ နာရီသတင်းမှာ မြန်
မာ့အသံနဲ့ရုပ်မြင်သံကြားမှာ ကြေညာခဲ့ပါတယ်။

ကျူးကျော်ဆိုင်များ ရှင်းလင်းမှု လေးရက်အတွင်း ဒဏ်ငွေသိန်း ၄၀ ခန့် ရဟုဆို

Friday, 12 July 2013

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ် ဖြစ်သည့် ၈၁ လမ်း၊ ၈၂ လမ်း၊ ၈၃ လမ်းနှင့် ၈၄ လမ်းပေါ်ရှိ ကျူးကျော်ဆိုင်ခန်း များကို ဇူလိုင်လ ၄ ရက်နေ့မှ စတင်ဖယ်ရှား ရှင်းလင်းရာ ဇူလိုင် ၄ ရက်၊ ၅ ရက်နှင့် ဇူလိုင် လ ၉ ရက်၊ ၁၀ ရက်အထိ လေးရက်အတွင်း ယင်းကျူးကျော်ဆိုင် များမှ ဒဏ်ကြေးငွေ ကျပ်သိန်း ၄ဝ ခန့်ရရှိကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ သန့်ရှင်းရေး ဌာနတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

တာချီလိတ် အရှေ့မြောက်ဖက်မှာ မြောက်ကိုရီးယား ၆ဝ ကျော်ကို သူပုန်တွေဖမ်းထား

Friday, 12 July 2013

မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ဒုက္ခသည် ၆၄ ယောက်ကို ရှမ်းပြည်နယ်တောင်ပိုင်း တာချီလိတ်မြို့ အရှေ့မြောက်ဖက် မိုင် ၅ဝ ဝန်းကျင်လောက်မှာ ဒေသခံလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပြန်ပေးဆွဲထားတယ်လို့ တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကင်မ်ဟီတေး (Kim Hee-Tae) ဆိုသူက ဒီနေ့ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။

တင်းမာမြှုဖစ်အပြီး ပထမဆုံးအကြိမ် UWSA အဖွဲ့နဲ့ မြန်မာအစိုး ရ တွေ့ဆုံဆွေးနွေး

Photo: တင်းမာမြှုဖစ်အပြီး ပထမဆုံးအကြိမ် UWSA အဖွဲ့နဲ့ မြန်မာအစိုး ရ တွေ့ဆုံဆွေးနွေး
Friday, 12 July 2013

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အဖွဲ့က ခေါင်းဆောင်တွေ နဲ့ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့ မှာ တွေ့ဆုံဆွေးနွေးနေပြီး မနက်ဖြန် ဇူလိုင် ၁၃ ရက်နေ့ညနေမှာ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။

UWSA အဖွဲ့က စီးပွားရေးဌာနကြီးမှူး ပေါက်ယိုလျံ က ဦးဆောင်ပြီးအဖွဲ့ဝင် ၅ ယောက်ပါ ကိုယ်စားလှယ်တွေနဲ့ ရှမ်းပြည်အရှေ့ ပိုင်း တြိဂံတိုင်းစစ်ဌာန ချူပ်မှာ ဒီနေ့ညနေပိုင်းကစလို့ တွေ့ဆုံနေပြီး ဒီကနေ့ညနေ ၅ နာရီကျော် အထိ ဆက်သွယ်မေးမြန်းချက်အရ ဆွေးနွေးပွဲမပြီးဆုံးသေးပဲ မနက်ဖြန် မနက်ပိုင်းအထိ ဆက်ဆွေးနွေးဖို့ရှိနေတယ်လို့ ဝ တပ်ဖွဲ့နဲ့နီးစပ်သူ တရုတ်မြန်မာနယ်စပ်က ဦးအောင်ကျော်ဇောက အခုလို ပြောပါတယ်။

"အစည်းဝေးက ကျနော်ထင်တယ်၊ ဒီနေ့တစ်ရက်ထဲနဲ့ ပြီးမယ်မထင်ဘူး၊ ကျနော်လှမ်းမေးနေတာ မပြီးသေးပါဘူး၊ သူတို့က ဒီနေ့မနက် ကိုသိန်းဇော် တို့ က ၁ဝ နာရီကျော်မှ ရောက်တယ်၊ ကျနော်တို့ ဝ အဖွဲ့ကတော့ မနက် ၉ နာရီဆို ရောက်ပါပြီ၊ ဒီနေ့လာတဲ့ ဟိုဘက်ဒီဘက်ကတော့ ပြဿနာကို အခိုင်အမာညှိမယ့်လူတွေပဲ၊ အဓိကကျတာကတော့ လာတာ တပ်ကတိုင်း မှူးပါတယ်၊ သုံးလေးငါးယောက် လာကြတာကိုး၊ ဒီဘက်ကလည်း တောင် ပိုင်းတပ်မှူး ပါတယ်လေ"

နှစ်ဖက်ဆွေးနွေးပွဲမှာ အချက် ၅ ချက်ကို အဓိကထားဆွေးနွေးဖို့ရှိပြီး အဲ့ဒီအချက်တွေထဲမှာ မိုင်တုံမြို့နယ် ပုံပါကျင်အခြေစိုက် အစိုးရတပ် စစ်ဗျူဟာကနေပြီး UWSA တပ်တည်နေရာတွေနဲ့ အင်အားစာရင်း တောင်း ခံတဲ့အကြောင်း၊ UWSA တပ်စခန်းတွေကို အစိုးရတပ်တွေ လာရောက် ရင်ဆိုင်ထားတဲ့အကြောင်းနဲ့ UWSA တပ်ဖွဲ့ပိုင် ရာဘာစိုက်ခင်းတွေကို အစိုးရတပ်တွေ လာရောက်သိမ်းယူတဲ့ကိစ္စနဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်တဲ့နေရာကို အစိုးရတပ်တွေ ပိတ်ပင်တားဆီးလိုက်တဲ့ကိစ္စတွေကို အဓိက ထားဆွေးနွေးကြမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကို UWSA ဖက်က စီးပွားရေး ဌာနမှူး ပေါက်ယိုလျံ ဦးဆောင်ပြီး UWSA တောင်ပိုင်းတပ်ဖွဲ့ အမှတ် ၁၇၁ စစ်ဒေသ မှူး ဝေရှောရင်၊ ဒု ဦးစီးမှူး စိုင်းစံ၊ ဆက်သွယ်ရေး ဌာနမှူး ကျောက်ကုန်အန်းနဲ့ ဦးအောင်မြင့်တို့ ပါဝင်တက်ရောက်ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဦးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့ဟာ UWSA အဖွဲ့နဲ့ တွေ့ဆုံပြီးရင် ဇူလိုင်လ ၁၃ ရက်နေ့ မနက်ဖြန် ညနေပိုင်းမှာတော့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ SSPP ရှမ်းပြည်တိုးတက်ရေးပါတီက အတွင်းရေးမှူး ကြောက်ဝ်ခွန်ဆ ရမ် ခေါင်းဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်တယ်လို့ SSA မြောက်ပိုင်းတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။

"မနက်ဖြန် ညနေပိုင်းလောက် ဖြစ်မယ်၊ သူတို့က ကျနော်တို့ ဗဟိုကို ဖုန်းနဲ့လှမ်းချိတ်တယ်။ အဲ့ဒီ ၁၃ ရက်နေ့မှာ သူတို့လားရှိုးမှာတွေ့ဖို့ အကြောင်းကြားတာပေါ့၊ ကျနော်တို့လားရှိုးကိုရောက်နေပြီလေ၊ သူတို့ ဝ နဲ့တွေ့ပြီးရင် ကျနော်တို့ ဖက်လာမယ်၊ အကြမ်းဖျဉ်းတော့ အဲ့ဒီလိုပဲသိရတယ်၊ ကျနော်တို့ဘက်က ကျနော်တို့အတွင်းရေးမှူး ကြောက်ဝ် ခွန်ဆရမ်က သူဦးဆောင်ပြီးတော့ ခြောက်ယောက်ခုနှစ်ယောက်လောက်ပေါ့၊ လားရှိုး ကျနော်တို့ တိုင်းမှာပဲတွေ့မယ်။ သူတို့ပြောတာတော့ တည်ငြိမ်အေးချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးလို့ပဲ ပြောတယ်"

SSPP ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ ဟာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်
ဆောင်ေ ရး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည်နယ် တန့်ယန်းမြို့မှာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က တွေ့ ဆုံဆွေးနွေးခဲ့ကြပြီး ပြသနာဖြစ်ပွားနိုင်တဲ့ နှစ်ဖက်တပ်ပိုင်ဆိုင်ရာ ကိစ္စတွေ ညှိနှိုင်းဖို့အပါအဝင် အချက်လေးချက်ကို သဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။

ဒါပေမယ့် အစိုးရတပ်ဖွဲ့က SSA မြောက်ပိုင်းတပ်ဖွဲ့ အခြေစိုက်နေရာ ယူထားတဲ့ တာဆမ်ပူတပ်စခန်းကို ဇွန်လ ၂ဝ ရက်နေ့က ဆုတ်ခွာပေးဖို့ ညွန်ကြားခဲ့ပြီး SSPP ရဲ့ဝမ်ဟိုင်းဌာနချူပ်အနီးက တပ်စခန်းတစ်ခုကိုလည်း စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝိုင်းထားတာကြောင့် စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

SSPP ရှမ်းပြည်တိုးတက်ရေးပါတီ SSA မြောက်ပိုင်းတပ်ဖွဲ့ဟာ အစိုးရနဲ့ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇန္နဝါရီလမှာ အပြစ်အခတ်ရပ်စဲရေး သဘောတူလက် မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

တချိန်ထဲမှာလည်း မြန်မာအစိုးရ Peace Center က နည်းပညာအဖွဲ့ဟာ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကျောင်းသားတပ်မတော်အဖွဲ့နဲ့ တွေ့ ဆုံဆွေးနွေး ခဲ့ပါတယ်။ မနက်ဖြန် ညနေပိုင်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့က ငြိမ်းချမ်းရေးကိုယ်စားလှယ်အ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

RFA

Friday, 12 July 2013

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အဖွဲ့က ခေါင်းဆောင်တွေ နဲ့ ပြည်တောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့ မှာ တွေ့ဆုံဆွေးနွေးနေပြီး မနက်ဖြန် ဇူလိုင် ၁၃ ရက်နေ့ညနေမှာ SSPP/SSA ရှမ်းပြည်မြောက်
ပိုင်းတပ်ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။

ချယ်လ်ဆီး၏ ထိုင်းခရီးစဉ်

Photo

ရာသီကြို ခြေစမ်းပွဲစဉ်များ ကစားရန် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် ချယ်လ်ဆီး ဘောလုံးအသင်းအား ထိုင်းပရိသတ်များက ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။

မိခင်က သားငယ်ကို ကတ်ကျေးနဲ့ အချက် ၉၀ ကျော် ထိုး

Photo: မိခင်က သားငယ်ကို ကတ်ကျေးနဲ့ အချက် ၉၀ ကျော် ထိုး
Friday, 12 July 2013

တရုတ်ပြည်ဟာ ယနေ့ ကမ္ဘာ့အလယ်မှာ တိုးတက်လာတာနဲ့ အမျှ ပြည်သူတွေရဲ့ စားဝတ်နေရေးဟာလဲ တစ်တောင့် တစ်နေရာမှာ ခက်ခဲစွာ ရုန်းကန်နေရမှုတွေနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။ 

မိခင်၏ ကတ်ကျေးနဲ့ အချက် ၉၀ လောက် အထိုးခံခဲ့ရတဲ့ ကလေးငယ် ဇောင်ဘို၊ ဓာတ်ပုံ- HAP china news

အခု ဖော်ပြပေးမယ့် ဖြစ်စဉ်လေးကတော့ တရုတ်ပြည်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ။ ၈ လ သားအရွယ်ရှိ ဇောင်ဘို လို့မည်ရတဲ့ ကလေးငယ်ကို မိခင်က နို့တိုက်ကျွေးနေစဉ်မှာ သူ့နို့ကို ကလေး ငယ် က ကိုက်တဲ့အတွက် အနီးမှာ ရှိတဲ့ ကတ်ကြေးနဲ့ အချက်ပေါင်း ၉၀ ကျော်ထိုးခဲ့ပါတယ်။ 

ဇောင်ဘိုဟာ ကက်ကျေးဒဏ်ရာတွေအတွက် အချက်ပေါင်းတစ်ရာကျော် ချုပ်ရတယ်လို့ mail online သတင်းတပုဒ် မှာ ဖော်ပြထားပါတယ်။ 

ဇောင်ဘိုရဲ့ မိခင်ဟာ လက်ရှိမှာ စိတ်ရောဂါ ခံစားနေရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ တရုတ်ပြည်မှာ ဇောင်ဘိုရဲ့ မိခင် လို စိတ်ရောဂါ ဝေဒနာ ခံစားနေရသူပေါင်း ခန့်မှန်းချေ ၁၇၃ သန်းလောက်ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။ အဲဒီထဲကမှ ရာခိုင်နှုန်း ၉၀ ကျော်က စနစ်တကျ ဆေးကုသမှု တခါမျှ မခံယူဖူးပါဘူးတဲ့။ 

ဇောင်ဘိုနဲ့ သူ့မိခင်ဟာ အမှိုက်ကောက်ပြီး ၀မ်းကြောင်းရသူဖြစ်သလို ဦးလေး ၂ ဦးနဲ့ အတူနေတာဖြစ်ပါ တယ်။ အခင်းဖြစ်တဲ့နေ့က အပြင်က ပြန်လာတဲ့ ဦးလေး ဖြစ်သူက သွေးအိုင်ထဲမှာ လဲကျ ငြိမ်သက်နေ တဲ့ ဇောင်ဘိုကို တွေ့တဲ့ အခါ အနီးက ဆေးရုံကို အမြန်ပို့သနိုင်ခဲ့တာကြောင့် ကံဆိုးသူ ဇော်ဘိုလေး အခုတော့ ကျန်းမာလာနေပါပြီတဲ့။ 

ဇောင်ဘိုလေးရဲ့ ဦးလေး ဖြစ်သူ တဦး

အိမ့်သံစဉ်
ဧရာဝတီ

Friday, 12 July 2013

တရုတ်ပြည်ဟာ ယနေ့ ကမ္ဘာ့အလယ်မှာ တိုးတက်လာတာနဲ့ အမျှ ပြည်သူတွေရဲ့ စားဝတ်နေရေးဟာလဲ တစ်တောင့် တစ်နေရာမှာ ခက်ခဲစွာ ရုန်းကန်နေရမှုတွေနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။

မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှ ကရင်၊ မွန်ပြည်နယ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်များသို့  သယ်ယူပို့လျက်ရှိသော ယာဉ်များဇုန်သို့ ၀င်ရောက်ပါက အခွန်ဆောင် သွားလာရမည်

Photo: မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှ ကရင်၊ မွန်ပြည်နယ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်များသို့  သယ်ယူပို့လျက်ရှိသော ယာဉ်များဇုန်သို့ ၀င်ရောက်ပါက အခွန်ဆောင် သွားလာရမည်
Friday, 12 July 2013

နယ်စပ် မြ၀တီ ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု ပြုရာတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်အားလုံး အတွင်းသို့ သယ်ယူပို့လျက်ရှိသော မော်တော်ယာဉ်များ မြ၀တီ ကုန်သွယ်ရေးဇုန်သို့ ၀င်ရောက်လာပါက တစ်ပြေးညီ အခွန်ဆောင် သွားလာရမည် ဖြစ်ကြောင်း၊ မွန်၊ ကရင်ဂျူတီဟူ၍ သီးသန့် မရှိကြောင်း မြ၀တီ နယ်စပ်ကုန်သွယ်ရေး စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှ တာဝန်ရှိသူ တစ်ဦးက ''မွန်၊ ကရင် ဂျူတီ ဆိုတာ သီးသန့် မရှိပါဘူး။ ဒေသတွင်း သွားလာနေတဲ့ ကားလေးတွေကို ကုန်စည် စီးဆင်းမှု မြန်ဆန်စေဖို့ အတွက် အနည်းငယ် ဖြေလျော့ခဲ့တဲ့ သဘောပဲ ရှိပါတယ်။ ဒါကို ယခင်က တာဝန်ကျခဲ့တဲ့ ၀န်ထမ်းတချို့နဲ့ စီးပွားရေး သမားအချို့ ပေါင်းပြီး အခွင့်ကောင်း ယူသွားတာ။ ဒေသတွင်း သုံးလို့ဆိုပေမယ့် ရန်ကုန်၊ မန္တလေးထိ သွားလာခဲ့ကြတယ်။ ခုအချိန်မီ ပြုပြင်ပြီး ဇုန်အတွင်း ၀င်ရောက်လာတဲ့ မည်သည့် ကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကားကိုမဆို အခွန်တစ်ပြေးညီ ဆောင်ရမယ်ဆိုတဲ့ လက်ကမ်းစာရွက် လေးတွေလည်း ဝေထားပြီး ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

မြ၀တီ ဒေါနတောင်ကျော် ကုန်သွယ်လမ်း ကုန်သွယ်နေသည့် ယာဉ်ငယ်ဟိုင်းလပ်စ် အမျာစုမှာ မြ၀တီနယ်စပ်မှ တစ်ဆင့် ဘားအံ၊ မော်လမြိုင် ဈေးကွက်သို့ တင်ပို့လျက်ရှိ၍ ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေရန် အနည်းငယ် ဖြေလျော့ခဲ့သည့် အပေါ်မှာ ကုန်သည်အချို့က ယခင်တာဝန် ထမ်းဆောင်ခဲ့သော ၀န်ထမ်းအချို့နှင့် ပူးပေါင်းပြီး မရိုးမဖြောင့် လုပ်ဆောင်ခဲ့မှုကြောင့် ယခုကဲ့သို့ ကောလဟလ သတင်းများ ထွက်ပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

EMG

မြ၀တီကုန်သွယ်ရေးဇုန်သို့ ၀င်ရောက်လာသော ကုန်တင်ယာဉ်များကို တွေ့ရစဉ်
မြ၀တီကုန်သွယ်ရေးဇုန်သို့ ၀င်ရောက်လာသော ကုန်တင်ယာဉ်များကို တွေ့ရစဉ်
Friday, 12 July 2013

နယ်စပ် မြ၀တီ ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု ပြုရာတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကျန်တိုင်းနှင့်
ပြည်နယ်အားလုံး အတွင်းသို့ သယ်ယူပို့လျက်ရှိသော မော်တော်ယာဉ်များ မြ၀တီ ကုန်သွယ်ရေးဇုန်သို့ ၀င်
ရောက်လာပါက တစ်ပြေးညီ အခွန်ဆောင် သွားလာရမည် ဖြစ်ကြောင်း၊ မွန်၊ ကရင်ဂျူတီဟူ၍ သီးသန့် မရှိ
ကြောင်း မြ၀တီ နယ်စပ်ကုန်သွယ်ရေး စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ကမ္ဘာ့အသက်အရှည်ဆုံး ကရင်ဖိုးဖိုးကိုGuinness ကမ္ဘာ့မှတ်တမ်းစာရင်းဝင်ဖို့ ထိုင်းအာဏာပိုင်တွေ စီစဉ်

Friday, 12 July 2013

ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ ကရင်တိုင်းရင်းသား တဦးကို ကမ္ဘာ့အ သက်ကြီးဆုံး အဖိုးအိုအဖြစ် မှတ်တမ်းတ

င်နိုင်ဖို့ ထိုင်းတာဝန်ရှိသူတွေ ကြိုးပမ်းနေပါတယ်။ထိုင်း-မြန်မာ နယ်စပ် မဲဟောင်ဆောင် ခရိုင် Muang Pam
 ကျေးရွာမှာ နေထိုင်သူ Kamu အမည်ရှိတဲ့ ကရင်တိုင်းရင်းသား အဖိုးအိုဟာ အသက် ၁၁၉ နှစ်အရွယ်ရှိနေ
ပြီ ဖြစ်တဲ့အတွက် Guinness ကမ္ဘာ့မှတ်တမ်းမှာ အသက်အရှည်ဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင်နိုင်ဖို့ ထိုင်း
အာဏာပိုင်တွေက စီစဉ်နေကြတာပါ။

စင်္ကာပူတွင် အခန်းပေါင်း ၅၅၀ ပါရှိသည့် ဟိုတယ်သစ် ဆောက်လုပ်မည်

Photo: စင်္ကာပူတွင် အခန်းပေါင်း ၅၅၀ ပါရှိသည့် ဟိုတယ်သစ် ဆောက်လုပ်မည်
Friday, 12 July 2013

စင်္ကာပူနိုင်ငံအခြေစိုက် ဟိုတယ်လုပ်ငန်းကုမ္ပဏီ #Genting #Singapore သည် စင်္ကာပူရှိ #Jurong #Lake အရပ်တွင် ၎င်း၏ ဟိုတယ် သစ် ဆောက်လုပ်မည့် အစီအစဉ်ကို ကြာဿပတေးနေ့ (ဇူလိုင် ၁၁ ရက်) တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ဟိုတယ်သစ်ကို လာမည့် ၂၀၁၅ ခုနှစ် ပထမ ၆ လအတွင်း ကနဦးအနေဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါ ဟိုတယ်မှာ Jurong တွင် ပထမဆုံးဖွင့်လှစ်သည့် ဟိုတယ်ဖြစ်လာမည်။

အခန်းပေါင်း ၅၅၀ ပါဝင်မည့် ယခု ဟိုတယ်သစ်မှာ Genting Singapore ၏ ၇ လုံးမြောက် ဟိုတယ်ဖြစ်သည်။ Genting Singapore သည် စင်္ကာပူတွင် ဟိုတယ် ၆ လုံး ပိုင်ဆိုင်ထားပြီး ၎င်းဟိုတယ်အားလုံးမှာ Resorets World Singapore တွင် တည်ရှိသည်။ 

Geting Singapore က တည်ဆောက်မည့် ဟိုတယ်သစ်မှာ Jurong #East #MRT ရထားဘူတာရုံမှ ၅ မိနစ်သာကြာမည့် အကွာအဝေးတွင် တည်ရှိပြီး #International #Business #Park ရုံးခန်းများအနီးတွင်ဖြစ် သည်။ ထို့အတူ JCube၊ Jem ကဲ့သို့ ထင်ရှားသော ဈေးဝယ် စင်တာများအနီးတွင်လည်းဖြစ်ကြောင်း Channel NewsAsia သတင်းတွင် ဖြော်ပသည်။

(ပုံတွင် ဒီဇိုင်းပညာရှင်က ရေးဆွဲထားသော Genting Singapore ၏ ဟိုတယ်သစ်ပုံစံကို တွေ့ရသည်)

Planet Myanmar Network
(ပုံတွင် ဒီဇိုင်းပညာရှင်က ရေးဆွဲထားသော Genting Singapore ၏ ဟိုတယ်သစ်ပုံစံကို တွေ့ရသည်)
Friday, 12 July 2013

စင်္ကာပူနိုင်ငံအခြေစိုက် ဟိုတယ်လုပ်ငန်းကုမ္ပဏီ ‪#‎Genting‬ ‪#‎Singapore‬ သည်စင်္ကာပူရှိ ‪#‎Jurong‬ ‪#‎Lake‬ အရပ်
တွင် ၎င်း၏ ဟိုတယ် သစ် ဆောက်လုပ်မည့် အစီအစဉ်ကို ကြာဿပတေးနေ့ (ဇူလိုင် ၁၁ ရက်) တွင် ထုတ်
ဖော်ပြောကြားလိုက်သည်။

ကျောက်ဖြူဆိပ်ကမ်း အမှတ် (၃) တံတားအား ဒေ၀ူးကုမ္ပဏီမှ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်သို့ လွှဲပြောင်းပေးအပ်မည်

Photo: ကျောက်ဖြူဆိပ်ကမ်း အမှတ် (၃) တံတားအား ဒေ၀ူးကုမ္ပဏီမှ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်သို့ လွှဲပြောင်းပေးအပ်မည်
Friday, 12 July 2013

ကျောက်ဖြူဆိပ်ကမ်း အမှတ် ၃ တံတားအား ဒေ၀ူးကုမ္ပဏီမှ တည်ဆောက်ပြီးစီး၍ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ ၂၀၁၃ ခု နှစ်၊ ဇူလိုင် ၁၂ ရက်တွင် လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြို့ပြအင်ဂျင်နီယာချုပ် ဦးမြသန်း၏ ပြောကြားချက်အရ သိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်ဖြူဆိပ်ကမ်း အမှတ် ၃ ကွန်ကရစ် ဆိပ်ခံတံတားအား Daewoo International Coporation မှ တည်ဆောက်ပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ အများပြည်သူ အသုံးပြုနိုင်ရန် လွှဲပြောင်းပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူဆိပ်ကမ်း အမှတ် ၃ ကွန်ကရစ် ဆိပ်ခံတံတားအား ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်က စတင် တည်ဆောက်၍ ၂၀၁၃ ခုနှစ်၊ ဇွန် ၁၀ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ခုနစ်သိန်း ကုန်ကျခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အမှတ် (၁) ကွန်ကရစ် ဆိပ်ခံတံတားအား ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေသော ဒေ၀ူးကုမ္ပဏီမှ အဆင့်မြှင့်တင် တည်ဆောက်ပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံမှ BOT စနစ်နှင့် ပြန်လည်ငှားရမ်း လုပ်ကိုင်လျက် ရှိသည်။
အမှတ်(၁)ကွန်ကရစ် ဆိပ်ခံတံတားအား နိုင်ငံခြား သင်္ဘောကြီးများ ၀င်ထွက်ဆိုက်ကပ် အသုံးပြုနိုင်ရန် အဆင့်မြှင့်တင် တည်ဆောက်ထား၍ ပြည်တွင်းသွား ရေယာဉ်များ၊ သင်္ဘောများ ဆိုက်ကပ်နိုင်ခြင်း မရှိသဖြင့် ဒေ၀ူးကုမ္ပဏီမှ ယခုကဲ့သို့ အမှတ်(၃)ကွန်ကရစ် ဆိပ်ခံတံတားအား အသစ်တည်ဆောက် ပေးခဲ့ခြင်း ဖြစ်သည်။

''ပင်လယ်ပြင်သွား ရေယာဉ်ကြီးတွေ ဆိုက်ကပ်နိုင်အောင် အဆင့်မြှင့်တင်ပြီး တည်ဆောက်ထားတာ ဖြစ်လို့ ပြည်တွင်းသွား ရေယာဉ်တွေ ဆိုက်ကပ်ဖို့ အဆင်မပြေဘူး။ ဒါကြောင့်မို့ ဆိပ်ခံတံတား အမှတ်(၃)ကို အသစ်တည်ဆောက်ပြီး လွှဲပြောင်းပေးအပ်တာပါ'' ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြို့ပြအင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောကြားသည်။
ကျောက်ဖြူဆိပ်ကမ်း အမှတ်(၃) ကွန်ကရစ် ဆိပ်ခံတံတားမှာ ပင်မတံတား အလျား ပေ ၇၀၊ အကျယ် ၂၄ ပေ၊ ချဉ်းကပ်တံတား ပေ ၂၄၀ ဖြစ်ကြောင်း သိရသည်။

EMG
ကျောက်ဖြူ မဒေးကျွန်း ရေနက်ဆိပ်ကမ်း ဆိပ်ခံတံတားအား တွေ့ရစဉ်
ကျောက်ဖြူ မဒေးကျွန်း ရေနက်ဆိပ်ကမ်း ဆိပ်ခံတံတားအား တွေ့ရစဉ်
Friday, 12 July 2013

ကျောက်ဖြူဆိပ်ကမ်း အမှတ် ၃ တံတားအား ဒေ၀ူးကုမ္ပဏီမှ တည်ဆောက်ပြီးစီး၍ မြန်မာ့ဆိပ်ကမ်း အာဏာ
ပိုင်သို့ ၂၀၁၃ ခု နှစ်၊ ဇူလိုင် ၁၂ ရက်တွင် လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာ
ပိုင်မှ မြို့ပြအင်ဂျင်နီယာချုပ် ဦးမြသန်း၏ ပြောကြားချက်အရ သိရသည်။

ဘုရားသုံးဆူ နယ်စပ် ကုန်သွယ်ရေးစခန်း ဖွင့်လှစ်နိုင်ရန် ထိုင်းနိုင်ငံ အစိုးရအဖွဲ့နှင့် ညှိနှိုင်းမှုများ ပြုလုပ်

Photo: ဘုရားသုံးဆူ နယ်စပ် ကုန်သွယ်ရေးစခန်း ဖွင့်လှစ်နိုင်ရန် ထိုင်းနိုင်ငံ အစိုးရအဖွဲ့နှင့် ညှိနှိုင်းမှုများ ပြုလုပ်
Friday, 12 July 2013

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်တွင် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်လှစ်နိုင်ရန် ထိုင်းနိုင်ငံ အစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းက ပြောကြားသည်။

''လက်ရှိကာလကတော့ နှစ်နိုင်ငံ အကြားမှာ နယ်နိမိတ် ကိစ္စတွေ နယ်မြေလုံခြုံရေး ကိစ္စတွေ ညှိနှိုင်းနေဆဲ အဆင့်ပဲ ရှိနေပါသေးတယ်။ ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်လှစ်နိုင်ဖို့လည်း နှစ်နိုင်ငံ အစိုးရ အဖွဲ့တွေ ဆက်လက်ညှိနှိုင်းမှု ပြုလုပ်ရဦးမှာပါ'' ဟု ဦးဇော်မင်းက ပြောကြားသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ် မိုင်ပေါင်း ၁၃၀၀ ခန့် ထိစပ်နေသည့် ထိုင်းနိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး စခန်းများအဖြစ် မြ၀တီ၊ ကော့သောင်း၊ တာချီလိတ်၊ မြိတ်စသည့် နယ်စပ်ကုန်သွယ်ရေး စခန်းလေးခုအထိ ရှိနေပြီး ပြီးခဲ့သည့် မေလအတွင်း တနင်္သာရီတိုင်း ဒေသကြီးနှင့် ထိစပ်နေသည့် ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းနှင့် မောတောင်နယ်စပ် ကုန်သွယ်ရေး စခန်းနှစ်ခုအား ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိကာလတွင် ခုနစ်ခုမြောက် စခန်းအဖြစ် ဖွင့်လှစ်နိုင်ရန် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်လှစ်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ကယားပြည်နယ်နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံ မဲစဲ့နယ်စပ် ကုန်သွယ်ရေး စခန်းအား ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေး စခန်းနှင့် မဲစဲ့နယ်စပ် ကုန်သွယ်ရေး စခန်းဖွင့်လှစ်နိုင်ရန် နှစ်နိုင်ငံ နယ်နိမိတ်ဆိုင်ရာ ညှိနှိုင်းမှုနှင့် နယ်မြေလုံခြုံရေး ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်အခများ ရရှိရန်နှင့် နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှု အဆင်ပြေစေရန် ဖွင့်လှစ်ပြီးဖြစ်သည့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ မြန်မာ-တရုတ် နယ်စပ်တွင် မူဆယ် ၁၀၅ မိုင်၊ လွယ်ဂျယ်၊ လိုင်ဇာ၊ မြန်မာ-ထိုင်း နယ်စပ်တွင် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ မောတောင်၊ ထီးခီး၊ မြန်မာ-အိန္ဒိယ နယ်စပ်တွင် တမူး၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် စစ်တွေ၊ မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းများအား ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရသည်။

EMG

မြ၀တီနယ်စပ်တွင် ကုန်သွယ်နေသည့် မော်တော်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ- ကိုရွှေသိန်း -မြ၀တီ)
မြ၀တီနယ်စပ်တွင် ကုန်သွယ်နေသည့် မော်တော်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ- ကိုရွှေသိန်း -မြ၀တီ)
Friday, 12 July 2013

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်တွင်ဘုရားသုံးဆူနယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်နိုင်ရန် ထိုင်း
နိုင်ငံ အစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းက ပြောကြားသည်။

မန္တလေးတွင် ညပိုင်းယာဉ်စည်းကမ်းဖောက်ဖျက်ပါက တစ်ညတာအချုပ် ချခံရမည်

Friday, 12 July 2013

မန္တလေးမြို့တွင် ညပိုင်းယာဉ်မောင်းများ ယာဉ်စည်းကမ်း ဖောက် ဖျက်မောင်းနှ