Pages

Friday, July 12, 2013

မိထ္ထိလာမှ နောက်ထပ် မွတ်စ်လင်မ် ၄ ဦးအား လူသတ်မှုဖြင့် ထောင်ဒဏ် ချမှတ်ခံရ

ရန်ကုန်။ ။ ဗုဒ္ဓဟူးနေ့က တာဝန်ရှိသူများ၏ ပြောပြချက်အရ မြန်မာပြည်အလယ်ပိုင်း၌ မတ်လတွင်ဖြစ်ပေါ်
ခဲ့သော လူအမြောက်အများကို သေစေခဲ့သည့် ဘာသာရေး အကြမ်းဖက်မှုနှင့်စပ်လျဉ်း၍ မွတ်စ်လင်မ် အမျိုး
သား ၄ ဦးအား လူသတ်မှုဖြင့် ထောင်ဒဏ်ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့တွင်း ဖြစ်ပေါ်ခဲ့သည့် အဓိကရုဏ်း၌ ပါဝင်ပတ်သက်မှုအတွက် စွဲချက်တင်ခံရသူများအား ထောင်
ဒဏ် ၇ နှစ်မှ တစ်သက်တစ်ကျွန်းအထိအသီးသီး ချမှတ်လိုက်သည်ဟု ဆိုသည်။ ထိုအဓိကရုဏ်းသည် မွတ်စ်
လင်မ်များကိုအဓိကပစ်မှတ်ထားခဲ့ပြီး၊၄င်းမှတဆင့် ဗုဒ္ဓဘာသာဝင်များကြီးစိုးသော နိုင်ငံရှိ ဒေသအနှံ့အပြား
တွင်လည်း ပြန့်ပွားသွားခဲ့သည်။

“ လူ ၄ ဦးကိုလူသတ်မှုနဲ့အင်္ဂါနေ့က ပြစ်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်တယ် ”ဟုမိတ္ထီလာခရိုင် ဥက္ကဌဦးတင်မောင်

စိုးမှ AFP သို့ ပြောကြားခဲ့သည်။

ထိုသူတို့အားလုံးမှာ မွတ်စ်လင်မ်များဖြစ်ကြောင်း သူက အတည်ပြုခဲ့သော်လည်း၊ သူတို့၏ ဘာသာရေး

နောက်ခံအကြောင်း အရာများကိုတော့ ပြောပြရန် ငြင်းဆိုခဲ့သည် ဟုသိရသည်။ ထိုသူ ၄ ဦးသည် ပဋိပက္ခအ
တွင်း ကျောင်းသားတစ်ဦးအား သတ်ဖြတ်ခဲ့ကြောင်း တွေ့ရပြီး၊ တရားခံများအနက် ၃ ဦးသည် ဒေသခံတစ်
ဦးအား ထပ်မံ၍ သတ်ခဲ့သည်ဟု တရားရုံးမှ ဆုံးဖြတ်ခဲ့သည်။

ဗုဒ္ဓဘာသာဝင်အကြမ်းဖက်သူများသည်ရပ်ကွက်များကိုမီးလောင်တိုက်သွင်းခဲ့ခြင်း၊ဆိုင်များ နှင့်ဗလီကျောင်း

တော်များအား ဖျက်ဆီးခဲ့ခြင်းကြောင့် ထောင်ဂဏန်းရှိ ဒေသခံ မွတ်စ်လင်မ်တို့မှာ အိုးပစ်အိမ်ပစ် ထွက်ပြေး
တိမ်းရှောင်ခဲ့ကြရသည်။

မကြာသေးမီက ဗုဒ္ဓဘာသာဝင် ၂ ဦးအား လူသတ်မှုဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်။ သူတို့သည် ဗုဒ္ဓ

ဘာသာဝင်များအနက် ကြီးလေးသောပြစ်ဒဏ်ဖြင့် ပထမဆုံး စီရင်ချက်ချခံရသူများဖြစ်ပြီး၊ ၄င်းအဓိကရုဏ်း
က အနည်းဆုံး လူ ၄၄ ယောက်ကို အသက်ဆုံးရှုံးစေခဲ့သည်။

ရဲများသည်သတ်ဖြတ်မှုများကိုရပ်တန့်စေရန် နှောင့်နှေးခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာအသင်းအဖွဲ့များ

က စွပ်စွဲပြောဆိုခဲ့ကြသလို၊ လှုပ်ရှားတက်ကြွသူများကလည်း အာဏာပိုင်များမှ တာဝန်ရှိသူတို့အား အပြည့်
အ၀ ထိထိရောက်ရောက် စုံစမ်း၍ အရေးယူဆောင်ရွက်ရန် တိုက်တွန်းထားကြသည်။

အဓိကရုဏ်းအတွင်း ကြီးလေးသောကျူးလွန်မှုဖြင့် ပါဝင်ပတ်သက်ခြင်းအတွက် လက်ရှိကာလတွင် အနည်း

ဆုံး မွတ်စ်လင်မ် ၁၄ ယောက်အား ထောင်ဒဏ်ချမှတ်လိုက်ပြီးဖြစ်သည်

မေလအတွင်းက ပဋိပက္ခကာလအတွင်း ဘုန်းတော်ကြီးတစ်ဦးအား သတ်ဖြတ်မှု၌ ပါဝင်မှုဖြင့် မွတ်စ်လင်မ် ၇ ဦးအား ထောင်ဒဏ် ၂ နှစ်မှသည် ၂၈ နှစ်အထိ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။

ဗုဒ္ဓဘာသာဝင်ဈေးဝယ်သူနှင့် အချင်းများရာမှ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သော ရွှေဆိုင်ပိုင်ရှင်အပါအ

ဝင် မွတ်စ်လင်မ် ၃ ဦးအား ဧပြီလက ထောင်ဒဏ် ၁၄ နှစ် ချမှတ်လိုက်သည်။ ယင်းပြဿနာသည် အကြမ်း
ဖက်မှုကို စတင်ဖြစ်ပေါ်စေသောကြောင့်ဟု ဆိုသည်။

လူသတ်မှုများတွင် ပါဝင်ပတ်သက်သူ လူ ၄၉ ယောက်အား ရုံးတင်စစ်ဆေးနေဆဲဖြစ်ကြောင်း၊ ပဋိပက္ခ၌ ပါ

ဝင်ပတ်သက်သည့်အခန်းကဏ္ဍအလျောက် စစ်ဆေးစီရင်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများမှ မကြာသေး
မီက ပြောကြားခဲ့သည်။

 

M-Media , RangonNewsDaily
kolatt(PBDN): 12.7.2013

0 comments:

Post a Comment