ငါရဲ့မြင့်ကွင်းထဲမှာ မြင်နေရတဲ့ကားတစ်စင်း
လျှင်မြန်စွာနဲ့ ရှေ့ကိုရောက်လာနေတယ်
ငါ့ကိုနင်နှုတ်မဆက်ပါနဲ့တော့
ခဏခဏနှုတ်ဆက်နေရလို့
မကြာမကြာလည်းအသည်းကွဲသလို
ခံစားနေရလို့ပါ
လောကဓံတရားက
ခေါက်ရိုးကျိုးနေတဲ့ စာရွက်လိုပဲ
အရင်ကလည်းပြောခဲ့တယ်
အခုလည်းထပ်ပြောမယ်
ဗျည်းသရတွေထပ်နေပေမယ့်
အချစ်စစ်တွေကနှစ်တစ်ရာတိုင် ဦးမယ်
မုန်းမေ့ဖို့ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်တဲ့ နိယာမတစ်ခုလို
မင်းအတွက်
ငါခံယူထားတယ်
အားလုံးစုံပြီဆိုတဲ့အသံနဲ့အတူ
ထွက်သွားတဲ့Express ကားကြီးရဲ့နောက်မှ
အမြဲကျန်ခဲ့ရတာကငါပါ
ကိုလတ်(ပန်ဘဲတန်း)
1 comments:
so good
Post a Comment