Pages

Thursday, August 16, 2012

ကွန်နက်ရှင်ကျဆင်းနေမှုကြောင့် ဟန်းဖုန်းများ အင်တာနက်လျှောက်ခွင့် ပိတ်မည်မဟုတ်


မိုဘိုင်းဖုန်းများဖြင့် အင်တာနက်သုံးစွဲလာမှုများပြားလာခြင်းကြောင့် မြန်နှုန်းကျဆင်းမှုများ ဖြစ်ပေါ်နေသော်
လည်း အင်တာနက် လျှောက်ထားခွင့်ကို ရပ်ဆိုင်းဦးမည် မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းများ အင် တာနက်သုံးစွဲခွင့်ကို ကျပ် ၁၅ သိန်း ၅ သောင်းဂျီ၊ ကျပ် ငါးသိန်းဂျီ၊ ကျပ် နှစ်သိန်း ဂျီ၊ ကျပ်ငါးသိန်း CDMA 800 MHz ၊ ကျပ်နှစ်သိန်း ငါးသောင်း CDMA 800 MHz  နှင့် WCDMAဖုန်းများအားသုံးစွဲခွင့် ပေးထားပြီး လျှောက်ထားခွင့်ကို လည်းလက်ရှိအချိန် ထိ ခွင့်ပြုပေးထား ကြောင်းဆက်သွယ်ရေးမှသိရသည်။

ယင်းသို့ လျှောက်ထားသုံးစွဲ ခွင့် ပေးလာခြင်းကြောင့် မိုဘိုင်းဖုန်း အင်တာနက် မြန်နှုန်းများမှာ ကျ ဆင်းလာပြီး သုံးစွဲသူများ စိတ်ပျက် မှုများ ကြုံတွေ့နေကြောင်း မိုဘိုင်း ဖုန်းဖြင့် အင်တာနက် သုံးစွဲသူများ ထံမှ သိရသည်။”အင်တာနက်လိုင်း စပြီး လျှောက်ထားခွင့် ပေးတဲ့ အချိန် တုန်း ကတော့ ကွန်နက်ရှင် တော်တော် ကောင်းခဲ့ပါတယ်။  နှစ်ပတ်လောက် ကြာတော့ လိုင်းနည်းနည်းကျသွား တယ်။ အခုတော့ သုံးချင်စိတ် တောင် မရှိတော့ ပါဘူး” ဟု ပန်းပဲ တန်းမြို့နယ်မှ CDMA 800 MHz ဖုန်းဖြင့် အင်တာနက်အသုံးပြုသူ ကို သန့်ဇင်က ပြောသည်။

ယင်းသို့ ကွန်နက်ရှင်ကျဆင်း ခြင်းကြောင့် သုံးစွဲသူများမှာ   ငွေကုန် ကျမှုများ ပိုလာခဲ့ပြီး အင်တာနက် သုံးစွဲမှုကို ညဦးပိုင်းမှသာ အသုံးပြု နေရကြောင်း သိရသည်။ ”နေ့ခင်းဘက် Download တစ်ခုလုပ်လိုက်တာ စိတ်ပျက်သွား တယ်။ နာရီဝက်လည်းမပြီး၊ ၁ နာရီ လည်း မပြီးနဲ့ မလုပ်ဖြစ်တော့ဘူး။ ပိုက်ဆံကုန်ပြီးဘာမှအရာမထင်ဘူး။ အခု အင်တာနက်သုံးမယ် ဆိုရင် တော့ သူများအိပ်မော ကျနေတဲ့ ည ၂ နာရီလောက်အိပ်ရေးပျက်ခံပြီး သုံးနေရပါတယ်”ဟုဂျီဖုန်းဖြင့်အင်တာ နက်သုံးစွဲသူလသာမြို့နယ်မှ ကိုညီ ညီအောင်က ပြောသည်။ 

အဆိုပါကိစ္စများနှင့်ပတ်သက်၍မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးအား မေး မြန်းရာ
တွင်တာဝါတိုင်အနီးအဝေးပေါ်မူတည်၍သာလိုင်းဆွဲအားကွာခြားရခြင်းဖြစ်ကြောင်း၊ အင်တာနက်လျှောက်
ထားခွင့်ဆက်လက်ပေးနေသည်မှာမိမိတို့ပေးနိုင်သည့်အခြေ အနေရှိနေ၍ပေးနေရခြင်းဖြစ်ကြောင်း၊
မိမိတို့ဌာနအနေဖြင့်ဖုန်းဖြင့်အင်တာနက်ပေးနိုင်သည့်ပမာဏကိုသတ် မှတ်ထားကြောင်း၊ယင်းပမာဏ ပြည့်
မှသာအင်တာနက်လျှောက် ထားခွင့်ကို ရပ်ဆိုင်းသွားမည်ဖြစ် ကြောင်း၊ ယင်းကို လည်း သက်ဆိုင် ရာရုံးများမှ တရားဝင် ထုတ်ပြန်ကြေ ညာပေးမည်ဖြစ်ကြောင်းပြောသည်။

 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှမိုဘိုင်းဖုန်းများအင်တာနက်လျှောက်ထား ခွင့်ကိုကျပ်တစ်သောင်း နှုန်း
 ကောက်ခံလျက်ရှိပြီး သုံးစွဲခမှာ  ဖုန်းအမျိုးအစားအပေါ် မူတည်၍ တစ်မိနစ်လျှင် ၂ ကျပ်မှ ၄ ကျပ် အထိ ကောက်ခံလျက်ရှိကြောင်း သိရ သည်။


Popular Myanmar Media:

0 comments:

Post a Comment