Pages

Thursday, August 16, 2012

NDF ကိုယ်စားလှယ်များ နိုင်ငံရေးခေါင်းဆောင်သင်တန်းတက်ရောက်မည့်




ထိုင်းနိုင်ငံ ချင်းမိုင်းမြို့ ချင်းမိုင်းတက္ကသိုလ်တွင် ပြုလုပ်မည့်နိုင်ငံရေးခေါင်းဆောင်အရည်အသွေး   မြင့်တင်ရေး သင်တန်းအ
တွက်သြဂုတ်လ(၁၆)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကတက်ရောက်မည်ဖြစ်သည်။

ဒဂုံဆိပ်ကမ်းမြို့နယ်မှNDF ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကြီးမြင့်ဦးဆောင်၍ မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်
ဒေါ်ခင်ဖြူဖြူငြိမ်း၊ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကိုယ်စားလှယ်ဦးမြတ်မိုးမြင့်နှင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်
ကိုယ်စားလှယ် ဦးနန်းထိုက်တို့ (၄)ဦး ထိုင်းနိုင်ငံသို့သွားရောက်မည်ဖြစ်သည်။

Local Government  Development Training အမည်ဖြင့် စက်တင်ဘာလ(၂)ရက်နေ့အထိ (၂)ပတ်ကြာ တက်ရောက်သင်ကြားရ
မည့် သင်တန်းဖြစ်သည်။

 'ကျွန်တော်တို့ကို ချင်းမိုင် တက္ကသိုလ်ကနေ ဖိတ်တာပါ။ဒီသင်တန်းတက်ပြီးရင်တော့ ပြည်ပက လေ့လာသင်ကြားမှုတွေနဲ့ ကျွန်တော်တို့ကိုယ့်ဒေသအတွက် တစ်စုံတစ်ခု အကျိုးရှိအောင်တော့ လုပ်နိုင်မှာပါ။' ဟု  NDFပါတီကိုယ်စားပြု မိုးကောင်းကိုယ်စား
လှယ် ဦးမြတ်မိုးမြင့်က ပြောသည်။

NDFပါတီမှ ကိုယ်စားလှယ်များ နိုင်ငံရေးအတွေးအခေါ် မြင့်မားရန်၊နိုင်ငံရေးလေ့လာနိုင်ရန် အတွက် ပါတီကိုယ်စားလှယ်များအား
 အသုတ်အလိုက်တစ်ဖွဲ့ပြီး တစ်ဖွဲ့ ချင်းမိုင်းသို့ သွားရောက် သင်ကြားရမည့်သင်တန်းတစ်ခုဖြစ်ကြောင်းကိုလည်းသိရှိရသည်။

မြစ်မခသတင်း

0 comments:

Post a Comment