Pages

Thursday, August 16, 2012

ပဲခူးတိုင်းက လယ်သမားတွေ စိုက်စားရိတ်ချေးငွေ မရ

ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့နယ်အတွင်း ကျေးရွာ (၃၀) လောက် စိုက်ပျိုးစရိတ်ချေးငွေ မရရှိသေး
တာကြောင့် ဒေသခံတောင်သူတွေ ထွန်ယက်စိုက်ပျိုးဖို့ အခက်တွေ့နေတယ်လို့သိရပါတယ်။
ပေါင်းတည်မြို့မှာ ကျေးရွာအုပ်စုပေါင်း(၅၀)ကျော်ရှိပြီး အုပ်စု(၂၀)လောက်ဘဲ ချေးငွေရရှိသေးတယ်လို့ သိ
ရပါတယ်။ မြန်မာ့စိုက်ပျိုးရေးဘဏ်က နှစ်စဉ် ဇွန်လမှာ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးလေ့ရှိပေမယ့် ဒီနှစ်
မှာတော့ ကြွေးကျန်ရှိနေတဲ့ တောင်သူ(၃)ဦးလောက်ကို အကြောင်းပြပြီး အခုချိန်ထိ မပေးသေးဖူးလို့ ရွာသစ်ကြီးကျေးရွာက တောင်သူတစ်ဦးက RFA ကို ပြောပါတယ်။



ဒီကိစ္စနဲပတ်သက်လို့ ပေါင်းတည်မြို့ မြန်မာ့စိုက်ပျိုးရေးဘဏ်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ တောင်
သူတွေကို ချေးငွေထုတ်မပေးသေးတာဟာ ဘဏ်ရဲ့စည်းမျဉ်းတွေနဲ့ မကိုက်ညီတာကြောင့်လို့ ဘဏ်တာဝန်
ရှိသူတစ်ဦးက ပြောပါတယ်။

အခုနှစ်အတွင်း ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် စတဲ့ ဒေသတွေမှာလည်း စိုက်ပျိုးစရိတ်ချေးငွေ မရတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တောင်သူတွေက ပြောပါတယ်။

မြန်မာ့စိုက်ပျိုးရေးဘဏ်ဟာ ပြီးခဲ့တဲ့နှစ်တွေက လယ်တစ်ဧကကို ငွေကျပ် (၂) သောင်းနှုန်း စိုက်ပျိုးစရိတ်
ထုတ်ချေးခဲ့တာ ဖြစ်ပြီး၊ အခုနှစ်မှာ တစ်ဧကကို ငွေကျပ် (၅) သောင်းနှုန်းအထိ တိုးမြှင့်လိုက်တဲ့အတွက်
တောင်သူလယ်သမားတွေရဲ့ ငွေချေးယူမှုပမာဏ ပိုများလာပြီး ဘဏ်တွေအနေနဲ့ ချေးငွေအလုံအလောက် ထုတ်ပေးနိုင်မှု မရှိတော့ဘူးလို့ သိရပါတယ်။
 
 
RFA (Burmese)

0 comments:

Post a Comment