Pages

Thursday, August 16, 2012

ကန့်သတ်ချက်ဖြင့် ရောင်းချ၍ တန်ဖိုးနည်းဖုန်း ရောင်းမကုန်

ကန့်သတ်ချက်ဖြင့် ရောင်းချ၍ ဖုန်းများ ရောင်းမကုန်ခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ယခုနှစ်အတွင်း ပထမ စီမံကိန်းတစ်ရပ်အနေဖြင့်  တန်ဖိုးနည်းဖုန်း လေးသန်းအား ရောင်းချပေးသွားမည်ဟု ထုတ်ပြန်ထားခဲ့ပြီး ပထမအရစ် အဖြစ် ဖုန်းအလုံးရေ တစ်သန်းခွဲကို ရောင်းချပေးထားကြောင်း သိရသည်။
  ယင်းသို့ ရောင်းချပေးရာတွင် ဖုန်းသုံးစွဲမှုပိုများသည့် ရန်ကုန်တိုင်းဒေသကြီးတွင်သာ အများဆုံး ရောင်းရပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်မူ သတ်မှတ်ထားသည့် အလုံးရေအား ရောင်းချပေးနိုင်ခြင်း မရှိဘဲ မကွေးတိုင်း ဒေသကြီးတစ်ခုသာ သတ်မှတ်အလုံးရေကုန်အောင် ရောင်းချပေးနိုင်ခဲ့ကြောင်း ဆက်သွ ယ်ရေး
မှ သိရသည်။ “ဖုန်းဈေးနှုန်းတွေ အရမ်းမြင့်မားခဲ့လို့ ဖုန်းဆိုင်တွေကို ပေးမရောင်းဘဲ ကန့်သတ်ပြီး ရောင်းပေး
နေလို့ အခုလိုမျိုး ရောင်းမကုန်ေ သးတာပါ။

 ရော င်းပေးတဲ့ နေရာမှာလည်း ဖောင်းပွမှုမဖြစ်အောင် အလုံးရေ ကန့်သတ်ထားတဲ့အတွက် ဖြစ်သွားတာပါ။ လိုအပ်သလောက် ဖုန်းတွေ ချပေးပြီး ကန့်သတ်မထားဘဲ ရောင်းရင် အလွယ်တကူ ရောင်းကုန်မှာပါ” ဟု
 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။

လက်ရှိ ဖုန်းရောင်းချပေးနေသည့် ပုံစံမှာ ရန်ကုန်တိုင်းဒေသကြီးမှလွဲ၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်
 ပြည်နယ်များတွင် ဆက်သွယ်ရေးနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် ကုမ္ပဏီများနှင့် ဖုန်းဆိုင်အချို့ ရောင်းချ
လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင်မူ မြန်မာ့ဆက်သွယ်ရေးရုံး ၆ ရုံးနှင့် ပုဂ္ဂလိက ကုမ္ပဏီ ၂ ခုမှဆိုင်ခွဲ
ပေါင်း ၁၃ ဆိုင်ခန့် ရောင်းချပေးလျက် ရှိသည်။

 ယင်းသို့ ရောင်းချရာ၌ ကျပ်နှစ်သိန်းတန် ဂျီဖုန်းနှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းများကိုသာဆက်
သွယ်ရေးနှင့် ပူးပေါင်း လုပ်ကိုင်သည့် ကုမ္ပဏီများ ရောင်းချခွင့်ရရှိခဲ့ပြီး ကျပ်နှစ်သိန်းခွဲ CDMA 800 MHz ဖုန်းများက မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းကသာ ရောင်းချလျက် ရှိသည်။

၎င်းတို့မှာ တစ်နေ့လျှင် အလုံးရေ ၁၀၀ သာ ရောင်းပေးကြောင်း သိရသည်။ “ဖုန်းရောင်းချခွင့် မပေးခဲ့လို့ ရတဲ့ဆီကယူပြီး ဖုန်းရောင်းရတဲ့အတွက် ဖုန်းဈေးကြီးသွားတာပါ။ လိုအပ်သလောက် ဖုန်းတွေ ယူရောင်းခွင့်
ရမယ်ဆိုရင် ဈေးမမြင့်ဘဲ မြန်မြန်ဆန်ဆန် ကုန်မှာပါ” ဟု ကျောက်တံတားမြို့နယ်မှ မိုဘိုင်းဖုန်း ဆိုင်ပိုင်
ရှင်တစ်ဦးက ပြောသည်။

လက်ရှိ တန်ဖိုးနည်းဖုန်းများ၏ ဈေးကွက်အနေအထားမှာ ဖုန်းစတင် ရောင်းချပေးသည့် ကာလတွင်သာ ဝယ်ယူမှုများခဲ့ပြီး ယခုအခါတွင် လက်ရှိတန်ဖိုးထက် လျော့နည်းသောဖုန်းများ ထပ်မံထွက်ပေါ်လာမည်
ဆိုသည့် သတင်းများကြောင့် ကျပ်နှစ်သိန်းခွဲ CDMA 800 MHz ဖုန်းတစ်မျိုးသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကျန်ဖုန်းများ အရောင်းအဝယ် အေးစက်နေကြောင်း ဆက်သွယ်ရေးရုံးများမှ သိရသည်။

 
ဖုန်းရောင်းချမှုများနှင့် ပတ်သက်၍ ပန်းဆိုးတန်းဆက်သွယ်ရေးရုံးမှ ဝန်ထမ်းတစ်ဦးက ဖုန်းလာဝယ်သူထက် အင်တာနက် လျှောက်ထားသူသာ ပိုများကြောင်း၊ ရောင်းချမှုအားကောင်းခဲ့သည့် CDMA 800 များ ပိတ်သိမ်းသွားသည့်အတွက် ဖုန်းရောင်းချမှု နည်းသွားကြောင်း ပြောသည်။ 
 
ဖုန်းဝယ်ယူမှုနှင့် ပတ်သက်၍ တာမွေမြို့နယ်မှ မလှသန်းက “လက်ထဲမှာ ပိုက်ဆံရှိနေတုန်းက ဖုန်းက အလွယ်တကူ ဝယ်မရခဲ့ဘူး။ ဒါကြောင့် မဝယ်ဖြစ်ခဲ့ဘူး။ အခု အလွယ်တကူ ဝယ်လို့ရပေမယ့် ပိုက်ဆံမရှိတော့ဘူး။ နောက်ထွက်မယ့် ဖုန်းပဲ စောင့်ဝယ်တော့မယ်” ဟု ပြောသည်။ 
 
 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဖုန်းရောင်းချထားမှုနှင့် ပတ်သက်၍ ၂၀၁၂ မေလ ၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ အလုံးရေ ၃၆၂၁၆၀ သာရှိခဲ့ပြီး GSM ၃၂၇၁၇၃ နှင့် WCDMA ၃၄၉၉၂ ဖြစ်ကြောင်း၊ ထပ်မံရောင်းချပေးခဲ့သည့် CDMA 800 MHz ဖုန်းအလုံးရေအား ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိကြောင်း ဆက်သွယ်ရေးမှ သိရသည်။
 
ရတနာပုံ

0 comments:

Post a Comment

 
world time