Monday, April 15, 2013
ဘာသာရေးအကြမ်းဖက်မှုလက်သည် ဆန်းပြားကိန်းဂဏန်း ၉၆၉
![]() |
ပူးပြင်းခြောက်သွေ့တဲ့နွေရာသီနဲ့အတူမြန်မာပြည်အောက်ပိုင်းကရန်ကုန်မြို့ဟာနေ့ဘက်မှာတော့
ပူအိုက်
ခြောက်ကပ်တဲ့မြို့တစ်မြို့ဖြစ်ပြီးညဘက်မှာမှလမ်းဘေးလက်ဘက်ရည်ဆိုင်တွေ၊အများပိုင် စင်္ကြံများပေါ်က
ဈေးဆိုင်တွေနဲ့ ပြန်လည်
အသက်ဝင်စည်ကားလာပါတယ်။
" သင်္ကြန်အကျနေ့က ထားဝယ်မြို့တွင် လေပြင်းများတိုက်ခတ်ပြီး မိုးသီးများ ကြွေ"
![]() |
သင်္ကြန်အကျနေ့က ထားဝယ်မြို့တွင်း မြင်ကွင်းတစ်ခု (ဓာတ်ပုံ - အေးမင်းလတ်) |
၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၄)ရက်၊ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် အကျနေ့က
မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီဒေသရှိ ထားဝယ်မြို့နှင့် အနီးတ၀ိုက်တွင်
ရုတ်တရက် လေပြင်းမုန်တိုင်းများ တိုက်ခတ်ခဲ့ပြီး သစ်ပင်ကြီးများ
လဲကျခဲ့ပြီး မိုးသီးများပါ ကြွေကျခဲ့တယ်လို့ အလင်းမျက်ဝန်းမှ
သတင်းရရှိပါတယ်။
ဘားအံမြို့နယ် မိဇံကျေးရွာရှိ မွတ်စလင်မ် သုဿာန်အတွင်းမှ ကျွန်းပင်များအား ကျူးကျော်ခိုးယူခံရ
ဧပြီ ၁၄၊ ၂၀၁၃
ကရင်ပြည်နယ် ဘားအံမြို့နယ် မိဇံကျေးရွာရှိ မွတ်စလင်မ် သုဿာန်အတွင်းသို့ ယခု ဧပြီ ၁၀-ရက်နေ့က ကျူးကျော်ဝင်ရောက်ပြီး ကျွန်းပင်များကို ခိုးဖြတ်ယူသွားကြောင်း သတင်းရရှိပါသည်။ ဖြစ်စဉ်အား မိဇံကျေး
ရွာသို့ ဆက်သွယ် စုံစမ်းရာ ကရင်ပြည်နယ် ဘားအံမြို့နယ် မိဇံကျေးရွာတွင် အစ္စလာမ်ဘာသာဝင်များ၏ သုဿာန်မြေအတွင်းသို့ ၎င်းကျေးရွာနေ ဦးဘို၊ ဦးမောင်အောင်နှင့် ဦးအကျင်ဆိုသူတို့မှ ခေါင်းဆောင်ပြီး ၀င်ရောက်ခဲ့ကြသည်။