Pages

Monday, April 15, 2013

ရထားလမ်းပေါ်အိပ်ပျော်နေ၍ ရထားကြိတ်သေဆုံး

နေပြည်တော်၊ ဧပြီ ၁၅ ၁၄-၄-၂၀၁၃ ရက်နေ့ ၀၁၀၅ အချိန် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးဘူတာ အလံတိုင်အနီး၊ မိုင်တိုင်အမှတ်(၂၉၀/၁၄)တွင် တောင်တွင်းကြီးမြို့၊ အုန်းတော(၂)ရပ်ကွက်နေ ၀င်းမင်းထိုက်(၂၅)နှစ်သည် ရထားသံလမ်းပေါ်တွင်အိပ်ပျော်နေစဉ် အာဘီအီး ၀၀၁၅ အထူးကားရထားမှကြိတ်မိခဲ့သောကြောင့် ယာဘက်ဦးခေါင်းကွဲအက်၊မျက်နှာပွန်းပဲ့၊ ယာလက်မောင်းနှင့်ဘယ်ခြေပြတ်၊နောက်ကျောပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သဖြင့် တောင်တွင်းကြီးရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၅/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

0 comments:

Post a Comment