Pages

Monday, April 15, 2013

မြန်မာနိုင်ငံကို ကိုယ်စားလှယ်အဖွဲ့ လာရောက်ဆွေးနွေးခွင့်ပြုဖို့ OIC တောင်းဆို

မြန်မာနိုင်ငံကို ကိုယ်စားလှယ်အဖွဲ့ လာရောက်ဆွေးနွေးခွင့်ပြုဖို့ OIC တောင်းဆို
Monday, April 15, 2013

အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့OIC က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဝန်ကြီးအဆင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံကို လာရောက်ခွင့်ပြုဖို့ တနင်္ဂနွေနေ့က မြန်မာအစိုးရကို ပန်ကြားလိုက်သလို အချက်အလက်ရှာဖွေရေး မစ်ရှင်တစ်ဖွဲ့စေလွှတ်ဖို့ လူ့အခွင့်အရေးကော်မရှင်ကိုလည်း တောင်းဆိုလိုက်ပါတယ်။

ဒီကြေညာချက်များကို တနင်္ဂနွေနေ့က ဆော်ဒီအာရေးဗျနိုင်ငံ Jeddah မြို့မှာပြုလုပ်တဲ့ OIC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာပါ။

မြန်မာနိုင်ငံမှာ မနှစ်က ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာဝင်များကြား အဓိကရုန်းများ ဖြစ်ပွားခဲ့တာကြောင့် လူ ၁၈ဝ သေဆုံးခဲ့ရသလို၊ ပြီးခဲ့တဲ့မတ်လအတွင်းက မြန်မာနိုင်ငံအလယ်ပိုင်း မိတ္တီလာမြို့ကစတင်တဲ့ အဓိကရုန်းတွေကြောင့် ၄၃ ဦး သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင်အစ္စလာမ် ဘာသာဝင်တွေရဲ့ ဗလီဝတ်ကျောင်းများ၊ အိမ်များ အဖျက်အဆီးခံခဲ့ရပါတယ်။

RFA Burmese

Monday, April 15, 2013

အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့OIC က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအကြမ်းဖက်
မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဝန်ကြီးအဆင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံကို လာရောက်ခွင်
့ပြုဖို့ တနင်္ဂနွေနေ့က မြန်မာအစိုးရကို ပန်ကြားလိုက်သလို အချက်အလက်ရှာဖွေရေး မစ်ရှင်တစ်ဖွဲ့စေလွှတ်
ဖို့ လူ့အခွင့်အရေးကော်မရှင်ကိုလည်း တောင်းဆိုလိုက်ပါတယ်။
ဒီကြေညာချက်များကို တနင်္ဂနွေနေ့က ဆော်ဒီအာရေးဗျနိုင်ငံ Jeddah မြို့မှာပြုလုပ်တဲ့ OIC နိုင်ငံခြားရေးဝန်
ကြီးများ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာပါ။

မြန်မာနိုင်ငံမှာ မနှစ်က ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာဝင်များကြား အဓိကရုန်းများ
ဖြစ်ပွားခဲ့တာကြောင့်လူ၁၈ဝ သေဆုံးခဲ့ရသလို၊ ပြီးခဲ့တဲ့မတ်လအတွင်းက မြန်မာနိုင်ငံအလယ်ပိုင်း မိတ္တီလာ
မြို့ကစတင်တဲ့ အဓိကရုန်းတွေကြောင့် ၄၃ ဦး သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင်အစ္စလာမ် ဘာသာဝင်တွေရဲ့ ဗလီဝတ်ကျောင်းများ၊ အိမ်များ အဖျက်အဆီးခံခဲ့ရပါတယ်။


RFA Burmese , Rangonnewsdaily
RND:15.4.2013

0 comments:

Post a Comment