Pages

Monday, April 15, 2013

ဘားအံမြို့နယ် မိဇံကျေးရွာရှိ မွတ်စလင်မ် သုဿာန်အတွင်းမှ ကျွန်းပင်များအား ကျူးကျော်ခိုးယူခံရ

ဧပြီ ၁၄၊ ၂၀၁၃

ကရင်ပြည်နယ် ဘားအံမြို့နယ် မိဇံကျေးရွာရှိ မွတ်စလင်မ် သုဿာန်အတွင်းသို့ ယခု ဧပြီ ၁၀-ရက်နေ့က ကျူးကျော်ဝင်ရောက်ပြီး ကျွန်းပင်များကို ခိုးဖြတ်ယူသွားကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်အား မိဇံကျေး
ရွာသို့ ဆက်သွယ် စုံစမ်းရာ ကရင်ပြည်နယ် ဘားအံမြို့နယ် မိဇံကျေးရွာတွင် အစ္စလာမ်ဘာသာဝင်များ၏ သုဿာန်မြေအတွင်းသို့ ၎င်းကျေးရွာနေ ဦးဘို၊ ဦးမောင်အောင်နှင့် ဦးအကျင်ဆိုသူတို့မှ ခေါင်းဆောင်ပြီး ၀င်ရောက်ခဲ့ကြသည်။
ယင်း သုဿာန်မြေသည် တောရွာဓလေ့စရိုက်ဖြစ်သောကြောင့် ခြံဝင်းကာရံထားခြင်း မရှိသောကြောင့် အ
လွယ်တကူ ၀င်ရောက်ခဲ့ကြသည်။ ယင်းသို့ ၀င်ရောက်ပြီးနောက် သုဿာန်အတွင်း စိုက်ပျိုးထားသော ကျွန်း
ပင်များအနက် ၂-ပင်ကို သစ်ပင်ဖြတ်စက်ဖြင့် ဖြတ်တောက် ယူငင်သွားခဲ့ကြသည်။ အဆိုပါ ကျွန်းပင်သည် တန်ချိန်အားဖြင့် ၂-ပင်ပေါင်းလျှင် တန်ချိန် ၁-တန်ခန့် ရှိသည်ဟုလည်း သိရသည်။ 

ယင်းကဲ့သို့သုဿာန်မြေအတွင်း ကျူးကျော်ဝင်ရောက်ပြီး ကျွန်းပင်များကို ခိုးယူခဲ့ကြသည့် သူများအား တာ
ဝန်ရှိသူများမှ မည်သို့မှ အရေးယူမှု မရှိသေးကြောင်း သိရသည်။

M-Mediaထွန်းတောက်, Rangonnewsdaily
RND:15.4.2013

0 comments:

Post a Comment