Pages

Saturday, March 16, 2013

အထူးကြားဖြတ်သတင်း လက်ပံတောင်းဒေသရှိ လိပ်ခွံတောင် သပိတ်စခန်းအား ဒေသခံများရဲ့ ဆန္ဒအလျောက် ကိုယ်တိုင် ဖျက်သိမ်းလိုက်ပြီ

အထူးကြားဖြတ်ဖုန်းသတင်း
လက်ပံတောင်းဒေသရှိ လိပ်ခွံတောင် သပိတ်စခန်းအား ဒေသခံများက ဆန္ဒအလျောက် သပိတ်လံ
========================================
မတ်၊ ၁၆
လက်ပံတောင်းကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက် ဆန္ဒပြတောင်းဆိုလျက်ရှိသော ဒေသခံတောင်သူများသည် လူထုခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လာရောက်ခဲ့ပြီးနောက် မိမိတို့၏ စိတ်ဆန္ဒအလျောက် လိပ်ခွံတောင် သပိတ်စခန်းအား ယနေ့ညနေ ၅ နာရီအချိန်ခန့်က သပိတ်စခန်းအားလံခဲ့ကြောင်း မုံရွာတိုင်မ်း အထူးသတင်းထောက်မှ ဖုန်းသတင်းပေးပို့လာပါတယ်..။
နောက်ဆက်တွဲအခြေအနေများအား သတင်းဌာနမှ ဆက်သွယ်သော်လည်း ဆက်သွယ်၍မရသေးကြောင်း၊ သတင်းကွင်းဆက်ရလျင်ရခြင်း ဆက်လက်၍ တင်ပြပေးသွားမည်ဖြစ်ကြောင်း သတင်းတာဝန်ခံ ဒေါက်တာ တိုင်ကျော်မှ ပြောကြားပါတယ်..။
သွေချောင်းမစီးဘဲ ငြိမ်းချမ်းစွာဖြင့် ယင်းကဲသို့ အပြုသဘောဆောင်ခြင်အား ပြည်သူအားလုံးနဲ့ သက်ဆိုင်ရာမှ အထူးကြိုဆိုကြောင်း massage များပေးပို့လာပါတယ်..။

မတ်၊ ၁၆
လက်ပံတောင်းကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက်ဆန္ဒပြတောင်းဆိုလျက်ရှိသော ဒေသခံတောင်သူများသည် လူထုခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လာရောက်ခဲ့ပြီးနောက် မိမိတို့၏ စိတ်ဆန္ဒအလျောက် လိပ်ခွံတောင် သပိတ်စခန်းအား ယနေ့ညနေ ၅ နာရီအချိန်ခန့်က သပိတ်စခန်းအားလံခဲ့ကြောင်း မုံရွာတိုင်မ်း အထူးသတင်းထောက်မှ ဖုန်းသတင်းပေးပို့လာပါတယ်..။

၄၅မိနစ်ထက်မကြာပဲ ရူးစေမည့်အခန်း

၄၅မိနစ်ထက်မကြာပဲ ရူးစေမည့်အခန်း

အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ်မှာ ရှိတဲ့ Orfield ဓာတ်ခွဲခန်း ဌာန မှာ ရှိတဲ့ အခန်းတစ်ခန်း ဖြစ်ပါတယ်။

အသံစမ်းသပ်ရန် ပြုလုပ်ထားတဲ့ အခန်းဖြစ်ပြီး ကမ္ဘာ့အသံတိတ်ဆိတ်ဆုံး အခန်း အဖြစ် ၂၀၀၄ ခုနှစ်က စံချိန်ထားပါတယ်။ ဒါ့အပြင် ယင်း အခန်းမှာ လူ တစ်ယောက်ဟာ ၄၅ မိနစ်ထက် ပိုကြာကြာ မနေနိုင်ဘူးလို့လည်း ရှာဖွေ တွေ့ရှိထားပါတယ်။ နေနိုင်မယ်ဆိုရင်တောင် ၄၅ မိနစ်ကျော်ရင် ရူးသွားမှာ ဖြစ်ပါတယ်။

အခန်းရဲ့  တည်ဆောက်ပုံက ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ခြောက်ခြား စရာ ကောင်းတာကို မြင်တွေ့ ရပါတယ်။ အသံကာ၊ အသံ စစ်ထုတ်စနစ် များလည်း အဆင့်ဆင့်ခံထားတဲ့အတွက် အထဲမှာ ခြင်တောင်ပံ ခတ်သံ တောင် ကြားရတယ်လို့ ဆိုပါတယ်။ အထဲမှာ လူတစ်ဦးတည်းကိုသာ ခုန်တစ်လုံးမှာ ထိုင်ခိုင်းစေတဲ့ စမ်းသပ်မှု ပြုလုပ်ပါတယ်။

မိနစ်အနည်းငယ်အတွင်း သူ့ နှလုံးခုန်သံကိုပါ ကြားရလာ ပါတယ်။ နောက် ဆုံး ဘာသံမှ မကြားတဲ့အဆုံး နားထဲမှာ ကျယ်လောင် ဆူးရှတဲ့ အသံများ ကြားရလာမှာ ဖြစ်ပါတယ်။ ပြီးတော့ မြင်မြင် သမျှ ကလည်း အာရုံသာ မဆိုက်နိုင်ရင် ခေါင်းမူးစေမှာဖြစ်ပါတယ်။ ဒီတော့ အမြင်ရော၊ အကြားရော တိုက်ခိုက်မှုပေါင်း များစွာကြောင့် နောက်ဆုံး တစ်ယောက် တည်း အော်ဟစ် ငိုကြွေးရပါမယ်။ ငိုလေလေ၊ အသံထွက်လေလေ ပိုမို စိတ်ခြောက်ခြားဖယ် ရာ ကောင်းလာပြီး ရူးသွားတဲ့ အဆင့်ထိကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒါကြောင့် ယင်းအခန်းကို ကမ္ဘာ့အတိတ်ဆိတ်ဆုံးနဲ့ ကြောက်စရာ အကောင်းဆုံး အခန်းလို့လည်း ခေါ်ဆိုကြကြောင်း သိရပါတယ်။
--
Ref: rarefacts

International news for myanmar

--
http://www.innewsmyanmar.com/2013/03/blog-post_16.html

Re-Post By ACM 16-3-2013
အေးချမ်းမွန် Credit & Copy From >> International news for myanmar<< Thank


အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ်မှာ ရှိတဲ့ Orfield ဓာတ်ခွဲခန်း ဌာန မှာ ရှိတဲ့ အခန်းတစ်ခန်း ဖြစ်ပါတယ်။

တစ်နာရီ ၁၈၉ မိုင်ပြေးမယ့် Audi ဇိမ်ခံကား RS7

တစ်နာရီ ၁၈၉ မိုင်ပြေးမယ့် Audi ဇိမ်ခံကား RS7
Saturday, March 16, 2013

၂၀၁၄ မော်ဒယ် ဖြစ်ပါတယ်။ အရင်မော်ဒယ်တွေတုန်းက တစ်နာရီ ၁၅၅ မိုင်အထိပဲ ပြေးရာကနေ ယခုတော့ ပြိုင်ကားတစ်စီးလို ၁၈၉ မိုင်ပြေးတော့ မှာ ဖြစ်ပါတယ်။

သာမန် ထုတ်လုပ်မှုကတော့ ဆီကြွေးစနစ်ရိုးရိုးပါပြီ အလက်ထရစ်နည်းလမ်း နဲ့ ထိန်းတဲ့အတွက် ပုံမှန်ပါပဲ။ သို့ပေမယ့် dynamic package ဖြစ်တဲ့ V-max ကို အသုံးပြုမယ်ဆိုရင် အင်ဂျင်တစ်ခုလုံးရဲ့  လုပ်ဆောင်ချက် ပိုမိုမြင့်တက်ပြီး တစ်နာရီ ၁၈၉ မိုင်ပြေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Start မှာလည်း ၆၂ မိုင်ကို ၃.၉ စက္ကန့် အတွင်းတင်နိုင်ပါတယ်။ တံခါး လေးပေါက် ဇိမ်ခံ Audi ပြိုင်ကားတွေလိုပဲ ဘော်ဒီ တည်ဆောက်ပုံက သားသားနားနားပဲ ဖြစ်ပါတယ်။ မြင်းကောင်ရေ ၅၆၀ အား ထုတ်လုပ်နိုင်တဲ့ ဆလင်ဒါ ၈လုံးပူး V အင်ဂျင်ကိုပဲ အသုံးပြုထားခြင်း ဖြစ်ပါတယ်။ “

၂၀၁၄ မော်ဒယ် ဆိုပေမယ့် ၂၀၁၃ နှစ်လယ်လောက်ကစလို့ ရောင်းချတော့ မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: autoblog
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/03/audi-rs7.html
---
TechSpace Journal

Saturday, March 16, 2013
၂၀၁၄ မော်ဒယ် ဖြစ်ပါတယ်။ အရင်မော်ဒယ်တွေတုန်းက တစ်နာရီ ၁၅၅ မိုင်အထိပဲ ပြေးရာကနေ ယခုတော့ ပြိုင်ကားတစ်စီးလို ၁၈၉ မိုင်ပြေးတော့ မှာ ဖြစ်ပါတယ်။

လက်ပံတောင်းတောင် အရေးနောက်ကွယ်က နေကြိုးကိုင်စီစဉ်နေသူ

နေပူဖုံထူသော ချင်းတွင်း အနောက်ခြမ်း၊ မတ်လအတွင်း တစ်ရက်။ ဆန္ဒပြနည်းပေါင်းစုံဖြင့် နာမည်ကျော်သော ဆည်တည်းရွာအနီး အိမ်တစ်အိမ်သည် မိုဘိုင်းလ်များ၊ တက်ဘလက်များ၊ ကင်မရာများဖြင့် အလုပ်များလျက် ရှိသည်။ ထိုတိုက်ခံ နှစ်ထပ်အိမ်အနောက်ဘက်တွင် Sky Net ဂြိုလ်တုလိုင်းကို တပ်ဆင်ထားရာ တစ်ကမ္ဘာလုံးနှင့် တိုက်ရိုက်ချိတ်ဆက် ထားသကဲ့သို့ဖြစ်သည်။ ထိုရွာသည် လက်ပံတောင်း အနီးတစ်ဝိုက်တွင် ရှားရှားပါးပါး လျှပ်စစ်မီးရသော ကျေးရွာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် မုံရွာမြို့ မရောက်မီ နှစ်နာရီခန့် အလိုတွင် ထိုအိမ်အောက်ထပ်မှ လူတစ်ဦး ဖုန်းတစ်လုံးဖြင့် အောက်ပါအတိုင်း ခပ်သွက်သွက် ညွှန်ကြားလျက်ရှိသည်။

မြန်မာကျပ်ငွေ သိန်း ၃၀၀ တန် Lamborghini စက်ဘီး

မြန်မာကျပ်ငွေ သိန်း ၃၀၀ တန် Lamborghini စက်ဘီး 

မြန်မာကျပ် သိန်း ၃၀၀ တောင်ပေးရမယ့်ဟာက ကားမဟုတ်ပဲ စက်ဘီး ဖြစ်နေပါတယ်။ စာဖတ်သူတို့ကော သိန်း ၃၀၀ ဆိုရင်ဝယ် မှာပါ လား။ ဒါတောင် မူရင်း ရောင်းဈေးပါ။ အီတလီ ကနေ မြန်မာပြည် အရောက် ပို့ပေးဖို့ ဆိုရင် ကုန်ကျစရိတ်က ၂ ဆတောင် ဖြစ်ချင်ဖြစ်သွားပါအုံးမယ်။ 

အီတလီ Lamborghini ပြိုင်ကားထုတ်လုပ်မှု နှစ် ၅၀ ပြည့်အထိမ်းအမှတ် အနေနဲ့ ထုတ်လုပ်လိုက်တဲ့ စက်ဘီး ဖြစ်ပါတယ်။ ဈေးကြီးရတဲ့ အကြောင်း အရင်းက ဒီလိုပါ။ သူ့မှာ သုံးထားတဲ့ ကာဘွန်ဖိုက်ဘာက နယ်နယ်ရရ မဟုတ်ပါဘူး။ ကမ္ဘာမှာ အစီး ၂၀ ပဲထုတ်ခဲ့တဲ့ Lamborghini Aventador ပြိုင်ကားမှာ အသုံးပြုတဲ့ ကာဘွန်ဖိုက်ဘာကို ပြန်သုံး လို့ ဖြစ် ပါတယ်။ 

အစီးရေကလည်း အရေအတွက် ကန့်သတ်ချက်နဲ့ပါ။ စုစုပေါင်း အစီး ၅၀ သာ ထုတ်ပြီး ဦးရာလူ စနစ်နဲ့ ရောင်းချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရိုးရိုး ဂီယာ ဘီးတစ်စီးပေမယ့် Lamborghini ရဲ့  အရိပ်အယောင်နဲ့ တံဆိပ်များ ပါနေတော့ ကန်ဒေါ်လာ ၃၂၀၀၀ မကပဲ ၃သိန်းကျော်လည်း စိတ်ဝင်စားမယ့် သူ များပြားကြောင်း သိရပါတယ်။  

Ref: autoblog
Aung Kham (TSJ team)

--

မြန်မာကျပ် သိန်း ၃၀၀ တောင်ပေးရမယ့်ဟာက ကားမဟုတ်ပဲ စက်ဘီး ဖြစ်နေပါတယ်။ စာဖတ်သူတို့ကော သိန်း ၃၀၀ ဆိုရင်ဝယ် မှာပါ လား။ ဒါတောင် မူရင်း ရောင်းဈေးပါ။ အီတလီ ကနေ မြန်မာပြည် အရောက် ပို့ပေးဖို့ ဆိုရင် ကုန်ကျစရိတ်က ၂ ဆတောင် ဖြစ်ချင်ဖြစ်သွားပါအုံးမယ်။

ဧပြီလ ၁ ရက်နေ့နောက်ပိုင်းတွင် မိုဘိုင်းဖုန်းဆင်းကဒ်များကို ငွေကျပ်ထောင်ဂဏန်းဝန်ကျင်ဖြင့် ရောင်းချမည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ အတည်ပြု

ဧပြီလ ၁ ရက်နေ့နောက်ပိုင်းတွင် မိုဘိုင်းဖုန်းဆင်းကဒ်များကို
ငွေကျပ်ထောင်ဂဏန်းဝန်ကျင်ဖြင့် ရောင်းချမည်ဟု သမ္မတ
ပြောရေးဆိုခွင့်ရှိသူ အတည်ပြု
Saturday, March 16, 2013 
    
ဧပြီလ ၁ ရက်နေ့နောက်ပိုင်းတွင်မိုဘိုင်းဖုန်းဆင်းကတ်များကို ငွေကျပ်
ထောင်ဂဏန်းဝန်းကျင်ဖြင့် ရောင်းချမည်ဟု နိုင်ငံတော်သမ္မတ ပြောရေး
ဆိုခွင့်ရှိသူ ဦးရဲထွဋ်က မတ်လ ၁၆ ရက်နေ့တွင် Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က "ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြောတဲ့ 'မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို ဧပြီလ ၁ ရက်နေ့မှာ စတင်ရောင်းချပေးမှာ မှန်ပါတယ်။ မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို တကယ်ရောင်းတဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်းဆိုတာထက် အများကြီး လျော့နည်းတဲ့ဈေးနဲ့ ရောင်းမှာပါ။ ထောင်ဂဏန်းမျှသာ ဖြစ်ပါလိမ့်မယ်' ဆိုတာကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို မေးတဲ့အခါ အတည်ပြုတဲ့အတွက် အခြား မီဒီယာတွေကိုလည်း အဲဒီအတိုင်း ကျွန်တော် ထပ်ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်" ဟု Eleven Media Group ၏
မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

နောက်ဆုံးရောင်းချခဲ့သော GSM Sim Card ဈေးနှုန်းများမှာ ငွေကျပ် ၂ သိန်းနှုန်းဖြစ်ပြီး ၎င်းဖုန်းများ ရောင်းချမှုကိုလက်ရှိအချိန်တွင် မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်းမှ ရပ်ဆိုင်းထားသည်။

အဆိုပါ ငွေကျပ် ၂ သိန်းတန် မိုဘိုင်းဖုန်းများကို ငွေကျပ် ၂ သောင်းနှုန်းဖြင့်
ရောင်းချပေးမည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။

၂၀၁၂ ခုနှစ်အထိ ပြည်တွင်း၌ မိုဘိုင်းဖုန်းလုံးရေ စုစုပေါင်း ၆ သန်းဝန်းကျင်
ရောင်းချပေးပြီးဖြစ်ကြောင်း သိရှိရသည်။

"ဖုန်းကတ်တွေ ထောင်ဂဏန်းဝန်းကျင်နဲ့ ရောင်းမယ်ဆိုတာ အင်တာနက်
ပေါ်မှာတော့ တက်နေတယ်ပြောတယ်။ ကျွန်တော်လည်း သေချာမသိပါဘူး။ ကျွန်တော်တို့ကို ဘယ်လောက်နဲ့ ရောင်းဆိုပြီး အခုအချိန်အထိ ညွှန်ကြား ထားတာ မရှိသေးပါဘူး" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက မတ်လ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

ငွေကျပ် ၂ ထောင်နှုန်းဖြင့် ရောင်းချမည့် ဆင်းကတ်များမှာ GSM Sim Card များဖြစ်ပြီး WCDMA Sim Card များကိုလည်း ငွေကျပ် ၅၀၀၀ နှုန်းဖြင့်
ရောင်းချ မည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ထပ်မံချထားပေးမည့် မိုဘိုင်ဖုန်းများ၏ ဖုန်းနံပတ် ဂဏန်းအရေအတွက်မှာ ၁၁ လုံးပင်ဖြစ်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM မိုဘိုင်းဖုန်းများအား ၂၀၀၂ ခုနှစ်တွင် ကျပ် ၅ သိန်းဖြင့် စတင် ဌားရမ်းပေးခဲ့သော်လည်း နောက်ပိုင်းတွင် ကျပ် ၁၀ သိန်း၊ ထိုမှတစ်ဖန် ကျပ် ၁၅ သိန်းသို့ ပေးသွင်းခဲ့ရသည်။

၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ယင်းဖုန်းများအား ကျပ် ၅ သိန်းဖြင့် ထပ်မံချထားပေးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မတ်လတွင် ကျပ် ၂ သိန်းသို့ ထပ်မံလျော့ချပေးခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

Saturday, March 16, 2013

ဧပြီလရက်နေ့နောက်ပိုင်းတွင်မိုဘိုင်းဖုန်းဆင်းကတ်များကို ငွေကျပ် ထောင်ဂဏန်းဝန်းကျင်ဖြင့် ရောင်းချ
မည်ဟု နိုင်ငံတော်သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က မတ်လ ၁၆ ရက်နေ့တွင် Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့သည်။

မဂ္ဂ၀ပ် ၄၀၀၀ ထုတ်လုပ်နိုင်မည့် ရွာသစ်ရေကာတာ စီမံကိန်းနှင့် ပက်သက်ပြီး Social Impact အပေါ် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့များမှ ဆန်းစစ်သွားမည်၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပြီး ပိုလျှံပါက အိမ်နီးချင်း နိုင်ငံများသို့ ရောင်ချသွားရန်ရှိ

မဂ္ဂ၀ပ် ၄၀၀၀ ထုတ်လုပ်နိုင်မည့် ရွာသစ်ရေကာတာ စီမံကိန်းနှင့် ပက်သက်ပြီး Social Impact အပေါ် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့များမှ ဆန်းစစ်သွားမည်၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပြီး ပိုလျှံပါက အိမ်နီးချင်း နိုင်ငံများသို့ ရောင်ချသွားရန်ရှိ

ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး
ကယားပြည်နယ် ဘောလခဲ ခရိုင်အတွင်း သံလွင်မြစ်မအား ပိတ်ဆို့ပြီး မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မည့် ရွာသစ်ရေကာတာ စီမံကိန်းနှင့် ပက်သက်ပြီး Social Impact အတွက် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့များဖြင့် ဆန်းစစ်သွားမည်ဖြစ်ပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်၍ ပိုလျှံပါက အိမ်နီးချင်း နိုင်ငံများအား ရောင်းချသွားရန် ရှိကြောင်း မတ်လ ၁၅ ရက်တွင် ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦးက Eleven Media Group ၏ မေးမြန်းချက်အား ပြန်လည် ဖြေကြားခဲ့သည်။
တရုတ်ကုမ္ပဏီဖြစ်သည့် ဒါးတန်းမှ တာဝန်ယူ တည်ဆောက်မည့် ရွာသစ်ရေကာတာ စီမံကိန်းမှာ လက်ရှိတွင် မြေသားတိုင်းတာမှုများသာ ပြုလုပ်လျက် ရှိသေးကြောင်း နောင်နှစ်ခန့်တွင်သာ စတင်ဆောက်လုပ်နိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရန်အတွက် သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်နိုင်မည့်အပေါ် နော်ဝေ၊ ဆွီိဒင် နိုင်ငံများမှ အဖွဲ့အစည်းများနှင့် လေ့လာသုံးသပ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ဆက်လက် ပြောကြားခဲ့သည်။
“လက်ရှိ မဂ္ဂါဝပ် ၄၀၀၀ ထွက်မယ့် ရေကာတာက အခုမှ မြေသားတိုင်းမှုကိုသာ စလုပ်နေပါသေးတယ်။ နောက်ပြီး စီမံကိန်းကိုလည်း နောက်နှစ်လောက် ကြာမှ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း သဘာဝ ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရယ်တွေကို နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးတိုင်းတာပြီး ပြုလုပ်သွားမှာပါ။ သူတို့က ဆိုးကျိုးရှိတယ် ဆိုရင်တော့ ရေကာတာကို ရပ်ဆိုင်းမှုတွေ ပြုလုပ်မယ်၊ ဘာသက်ရောက်မှု မရှိဘူးဆိုရင် ရေကာတာကို အကောင်အထည်ဖော်မယ်၊ လျှပ်စစ်တွေ ပိုလျှံရင်လည်း အိမ်နီးချင်း နိုင်ငံတွေကို ရောင်းသွားဖို့ ရှိပါတယ်” ဟု ကယားပြည်နယ် ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။
စက်ယန္တရား အများအပြားဖြင့် မြေစာများအား တူးဖော်သယ်ယူမှုပြုပြီး ဓာတ်သတ္တုများ၊ ရွှေများအား သန့်စင်ပြီး တရုတ်နိုင်ငံသို့ မြေသယ်ယာဉ်များဖြင့် ပို့ဆောင်မှုများနှင့် လုံခြုံရေးတပ်အင်အား အများအပြား ချထားကြောင်းကို တွေ့ရသည်ဟု စီမံကိန်းနှင့် နီးစပ်ရာ ဒေသံခံများက ပြောပြခဲ့သည်။
လက်ရှိအချိန်တွင် အကောင်အထည် ဖော်မည်ဖြစ်သော ရွာသစ်ရေကာတာ စီမံကိန်းနှင့် ပတ်သက်ပြီး လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနကသာ လုံခြုံရေးဆိုင်ရာ ကိစ္စများကို ဆောင်ရွက်နေကြောင်း၊ ပြည်နယ် အစိုးရအနေဖြင့် ၀င်ရောက်စွက်ဖက်ပိုင်ခွင့် မရှိသေးကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးထံမှ သိရသည်။
“လက်ရှိက ပြည်သူတွေကို ထုတ်ဖော်ပြောသင့်တာ ရှိသလို ထုတ်ဖော်မပြောသင့်တဲ့ ကိစ္စတွေ ရှိနေပါတယ်။ ဘာ့ကြောင့် လုံခြုံရေး အင်အားတွေ ရှိသလဲဆိုတော့ မြေတိုင်းတာမှုတွေ ပြုလုပ်နေစဉ်မှာ မလိုလားတဲ့ သူတွေက ၀င်ရောက်တားဆီး နှောက်ယှက်မှုတွေ ရှိလာနိုင်တာကြောင့်ပါ” ဟု ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦးက ဆက်လက် ပြောကြားခဲ့သည်။
EMG

ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦးကယားပြည်နယ် ဘောလခဲ ခရိုင်အတွင်း သံလွင်မြစ်မအား ပိတ်ဆို့ပြီး မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မည့် ရွာသစ်ရေကာတာ စီမံကိန်းနှင့် ပက်သက်ပြီး Social Impact အတွက် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့များဖြင့် ဆန်းစစ်သွားမည်ဖြစ်ပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်၍ ပိုလျှံပါက အိမ်နီးချင်း နိုင်ငံများအား ရောင်းချသွားရန် ရှိကြောင်း မတ်လ ၁၅ ရက်တွင် ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦးက Eleven Media Group ၏ မေးမြန်းချက်အား ပြန်လည် ဖြေကြားခဲ့သည်။

လက်ပံတောင်းတောင် ကယ်တင်ရေး ကော်မတီ ကြေညာချက်ထုတ်

လက်ပံတောင်းတောင် ကယ်တင်ရေး ကော်မတီ ကြေညာချက်ထုတ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာမှာ ဖေါ်ပြထားတဲ့ စီမံကိန်းဆက်လက်ဆောင်ရွက်သင့်တယ်ဆိုတဲ့ အကြံပြုချက်ကို သဘောမတူကန့်ကွက်ကြောင်း လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီ မုံရွာမြို့က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကြေးနီစီမံကိန်းကို ဆက်လက်လုပ်ကိုင်စေမယ်ဆိုရင် လက်ပံတောင်းတောင်ကြီး ပျက်စီးပျောက်ကွယ်သွားမှာဖြစ်သလို နေုာက်ဆက်တွဲအန္တရာယ်ဆိုးများ ကြုံတွေ့ရမှာဖြစ်တာကြောင့် စီမံကိန်းကို လုံးဝဖျက်သိမ်းပေးဖို့ တောင်းဆိုတယ်လို့ဆိုပါတယ်။ ကော်မတီဝင် ဦးအံ့မောင်က ခုလိုပြောပါတယ်။

"ကြေးနီစီမံကိန်း ဖျက်သိမ်းမှသာလျှင် (၁) လက်ပံတောင်းတောင်ကြီး တည်ရှိနိုင်မှာဖြစ်ပါတယ် (၂) လူတွေအတွက် ပတ်ဝန်းကျင်ထိခိုက် ပျက်စီးတာတွေအမျိုးမျိုး ချင်းတွင်းမြစ်ကြီးထဲ အဆိပ်ရေတွေရောက်ပြီးတော့ ချင်းတွင်းမြစ်ကြီး ပျက်စီးမယ့်အန္တရာယ်၊ ဆက်လက်ပြီး ဧရာဝတီမြစ်အထိ ပျက်စီးသွားမယ့်အန္တရာယ်၊ မြစ်တလျှောက်မှာရှိတဲ့ မြို့ရွာတွေပျက်စီးမယ့် အန္တရာယ်တွေကို ဒီစီမံကိန်းမလုပ်မှ ဖျက်သိမ်းဖြစ်မှ ဖြစ်ပါတယ်လို့ ကျနော်တို့ထောက်ပြပြီးတော့ စီမံကိန်းဖျက်သိမ်းရေးကို ကျနော်တို့တောင်းဆိုပါတယ်ဗျာ"

တဆက်တည်း အခုတောင်းဆိုချက်တွေ အကောင်အထည်ဖော်ဆောင်ရွက်နိင်ရေးအတွက် ဒေသနှင့် တိုင်းပြည်တပြည်လုံးက ပြည်သူတွေလက်တွဲပြီး အောင်ပွဲရတဲ့အထိ သတိကြီးကြီး ကြိုးပမ်းဆောင်ရွက်ဖို့ ပန်ကြားထားပါတယ်။

ဒီစီမံကိန်းကြောင့် သမိုင်းတရားခံ မည်သူမျှမဖြစ်ပါစေလိုကြောင်းလည်း လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီက ဆုတောင်းပါတယ်လို့ ဖေါ်ပြထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာမှာ ဖေါ်ပြထားတဲ့ စီမံကိန်းဆက်လက်ဆောင်ရွက်သင့်တယ်ဆိုတဲ့ အကြံပြုချက်ကို သဘောမတူကန့်ကွက်ကြောင်း လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီ မုံရွာမြို့က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အလောင်းဘုရားက ဗြိတိန်ဘုရင် George (2) ထံ ရွှေသားအစစ် ပေစာရွက် တစ်ရွက် ပေးပို့ခဲ့

အလောင်းဘုရားက ဗြိတိန်ဘုရင် George (2) ထံ ရွှေသားအစစ်
ပေစာရွက် တစ်ရွက် ပေးပို့ခဲ့
Saturday, March 16, 2013

အေဒီ ၁၇၅၆ ခုနှစ်တွင် မြန်မာဘုရင် အလောင်းဘုရားက ဗြိတိန်ဘုရင် George (2) ထံ ပေးပို့ခဲ့သည့် ရွှေပေ ရွက်လွှာ သည် ယနေ့အထိ ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ရှိ Gottfried Wilhelm Leibniz စာကြည့်တိုက်၌ ထိန်းသိမ်းထားရာ အေဒီ ၁၇၅၆ ခုနှစ်တွင် အလောင်းဘုရားက ဗြိတိန်ဘုရင် George(2) ထံ မြန်မာနှင့် ဗြိတိန် ချစ်ကြည်ရေး တိုးမြှင့် ဆောင်ရွက် ရန် ရေးသားခဲ့ကာ အင်္ဂလိပ် ကုန်သည် အဖွဲ့အား ဟိုင်းကြီးကျွန်းတွင်
နေထိုင်၍ ကုန်သွယ် ခွင့်ပြုထားကြောင်း၊ ဆက်လက်၍လည်း နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးစွာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တို့ကို
ဖော်ပြထားသည်။

လွတ်လပ်သော ပြည်ထောင်မင်း အချင်းချင်း တန်းတူ ညီမျှမှုဖြင့် သဝဏ်လွှာ ပေးပို့ခြင်းဖြစ်ကာ ဗြိတိန်ဘုရင် George (2) က ၎င်း၏ မွေးဖွားရာ ဇာတိ ဟန်နိုဗာမြို့ စာကြည့်တိုက်သို့ လွှဲပြောင်း ပေးပို့ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ရွှေပေ ရွက်လွှာသည် အရည်အသွေး ကောင်းသော ရွှေအစစ်ကို ပါးလွှာအောင် အပြား ခတ်ထားပြီး အလျား ၅၅ စင်တီမီတာ၊ အနံ ၁၂ စင်တီမီတာရှိ ပေရွက် ပုံသဏ္ဌာန် ပြုလုပ်ထားကာ ထိပ်တစ်ဖက်စီတွင် အရည်အသွေး တူညီသော ပတ္တမြား ၁၂ လုံးစီ မြှုပ်ထားသည်။

ရွှေပေရွက်လွှာ ပေါ်တွင် ကညစ်ဖြင့် ရေးသား ထားသော စာကြောင်း ၁ဝ ကြောင်း ပါဝင်ပြီး သက္ကရာဇ် ၁၁၁၈ ခု ကဆုန်လဆန်း ၁ဝ ရက်
(၇-၅-၁၇၅၆)ဟူ၍ ရက်စွဲ ပါရှိသည်။ အဆိုပါ ရွှေပေရွက်လွှာကို လိပ်၍ ဆင်စွယ်ကြုတ်တွင် ထည့်သွင်းထားသည်။ နှစ်ပေါင်း ၂၅ဝ ကြာမြင့်ပြီးနောက် ၂ဝဝ၇ ခုနှစ်တွင် ဟန်နိုဗာမြို့ရှိ စာကြည့် တိုက်မှ ပညာရှင် Dr. Fri-edrich Hulsmann က တွေ့ရှိခဲ့ပြီး လူဇင်ဘတ် နိုင်ငံသား သမိုင်း ပညာရှင်၏ အကူ အညီဖြင့် လေ့လာ သုတေသန ပြုခဲ့ရာမှ မြန်မာဘာသာဖြင့် ရေးသား
ထားကြောင်း သိရှိခဲ့ပြီး ကွန်ပျူတာ အကူ အညီဖြင့် ဘာသာပြန်ခြင်း၊ အက္ခရာ ဖလှယ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဟန်နိုဗာမြို့ရှိ စာကြည့်တိုက်၌ အလောင်းဘုရား ပေး ပို့သည့် ရွှေပေရွက်လွှာကို ဓာတ်ပုံ စက္ကူဖြင့် ပုံအကြီးချဲ့၍ ချိတ်ဆွဲ ပြသထားပြီး မူရင်း ရွှေပေ ရွက်လွှာ အစစ်ကို စနစ် တကျ ပြုပြင်ထိန်းသိမ်း၍ အထူး သိမ်းဆည်း ထားကြောင်း သိရှိရသည်။

ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူနှင့် ယဉ်ကျေးမှု အဖွဲ့က ဟန်နိုဗာရွှိ Gottfried Wilhelm Leibniz စာကြည့်တိုက်သို့ ရောက်ရှိစဉ် အဆိုပါ ရွှေပေ ရွက်လွှာအား ကြည့်ရှု လေ့လာ ခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။  

မြဝတီ

Saturday, March 16, 2013

အေဒီ ၁၇၅၆ ခုနှစ်တွင် မြန်မာဘုရင် အလောင်းဘုရားက ဗြိတိန်ဘုရင် George (2) ထံ ပေးပို့ခဲ့သည့် ရွှေပေ ရွက်လွှာ သည် ယနေ့အထိ ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ရှိ Gottfried Wilhelm Leibniz စာကြည့်တိုက်၌ ထိန်းသိမ်းထားရာ အေဒီ ၁၇၅၆ ခုနှစ်တွင် အလောင်းဘုရားက ဗြိတိန်ဘုရင် George(2) ထံ မြန်မာနှင့် ဗြိတိန် ချစ်ကြည်ရေး တိုးမြှင့် ဆောင်ရွက် ရန် ရေးသားခဲ့ကာ အင်္ဂလိပ် ကုန်သည် အဖွဲ့အား ဟိုင်းကြီးကျွန်းတွင်
နေထိုင်၍ ကုန်သွယ် ခွင့်ပြုထားကြောင်း၊

ဘဝတစ်လျှောက်လုံး ဉာဏ်ထက်မြက် နေရလေအောင်

ဘဝတစ်လျှောက်လုံး ဉာဏ်ထက်မြက် နေရလေအောင် 
Saturday, March 16, 2013 

အရွယ် ရလာတာနဲ့ အမျှ အတွေးအခေါ် ကောင်းတွေ၊ မှတ်ဉာဏ်
တွေဟာ ကျဆင်း သွားတယ် ဆိုတာ မဟုတ်ပါဘူး။

ဦးနှောက်အတွက် အာဟာရ ပြည့်ဝနေရင် အသက်ကြီး လာပေမယ့် ဦးနှောက်တွင်းမှ Gray Matter တွေဟာ အဆက်မပြတ် ပြန်လည် တည်ဆောက်နေတတ်ပြီး Neurones တွေ တစ်ခုနဲ့တစ်ခု ဆက်သွယ်မှု အားတွေလည်း ကောင်းနေတယ်လို့ ဆိုပါတယ်။ အောက်ပါ ဦးနှောက် စွမ်းအားကောင်းတဲ့ အာဟာရတွေနဲ့ ဉာဏ်ထက်မြက် နေအောင် ပြုလုပ်ပါ။

မှတ်ဉာဏ်ကောင်းအောင် ငါးစားပါ

ပင်လယ်စာကို တစ်ပတ်နှစ်ကြိမ် စားပေးတာဟာ ဦးနှောက်အတွက် အကျိုး ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့မှာ ပါဝင်တဲ့ Omega-3 အဆီတွေဟာ မှတ်ဉာဏ် ဆုတ်ယုတ် စေတတ်တဲ့ ဦးနှောက်အတွင်း ရောင်ရမ်း မှုတွေကို လျှော့ချနိုင်လို့ပါ။ ငါးစားလို့ရတဲ့ အကျိုးကျေးဇူးဟာ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ အပတ်စဉ် ငါးဟင်း 
များများ စားတာကြောင့် မှတ်ဉာဏ်ပြဿနာ ၆၀ ရာခိုင်နှုန်း
လျှော့ချ နိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။

အာရုံစူးစိုက်မှု ပိုကောင်းအောင် အသားစားပါ

ပစ်မှတ်အပေါ် အာရုံစိုက်မှု ကောင်းအောင် ကူညီနိုင်တဲ့ dopamine ခေါ်တဲ့ Neurotransmitter ဦးနှောက်မှ တိုင်ရိုစင်းနဲ့ ဖီနိုင်လမင်းခေါ်တဲ့ အမိုင်နို အက်စစ်တွေ ရရှိနေဖို့ လိုအပ်ပါတယ်။ တိုင်ရိုဆင်းနဲ့ ဖီနိုင်လမင်းခေါ်တဲ့ Amino Acid ရရှိဖို့ နေ့စဉ် အမဲသား၊ ဝက်သား၊ ကြက်သား ဒါမှမဟုတ်
နို့ထွက်ပစ္စည်း သုံးအောင်စ စားဖို့ လိုအပ်ပါတယ်။ အကယ်၍ သင်ဟာ သက်သတ်လွတ်စားသူ ဖြစ်နေရင် ဥအမျိုးမျိုးနဲ့ နွားနို့မှာ တိုင်ရိုစင်းနဲ့ ဖီနိုင်လမင်း အများအပြား ပါဝင်ပါတယ်။

သင်ယူမှု ပိုကောင်းအောင် သစ်သီးစားပါ

သကြား ပါဝင်မှုများတဲ့ ကိတ်မုန့်၊ ကွတ်ကီးနဲ့ သကြားလုံးတွေ စားတာကြောင့် ဦးနှောက်တွင်းမှ မှတ်ဉာဏ်နဲ့ သင်ယူမှုဌာန ဖြစ်တဲ့ Hippocampus နေရာ ကျုံ့သွားတတ်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများစွာ ပါဝင်တဲ့ ဘယ်ရီသီး၊ ဖရဲသီးနဲ့ မက်မွန်သီး လိုမျိုး သစ်သီးတွေ စားတာကြောင့် ဦးနှောက် cell တွေ ပြန်လည် တည်ဆောက်နိုင်ကာ ပြန်လည် ကြီးထွားလာနိုင်တယ်လို့ သိရပါတယ်။

ဦးနှောက် cells တွေ ပျက်စီးမှုမှ ကာကွယ်နိုင်အောင် အရက်အနည်းငယ် သောက်ပါ

ဝိုင် ဒါမှမဟုတ် ဘီယာကို အသင့်အတင့် သောက်သူတွေဟာ အသက်ကြီး လာရင် မှတ်ဉာဏ်ပြဿနာ ဖြစ်နိုင်ခြေ ၄၂ ရာခိုင်နှုန်း လျော့နည်းသွားတယ် လို့ ဆိုပါတယ်။ ဝိုင်အရက်မှာ ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းကြောင့်လို့ ဆိုပါတယ်။ အရက်ကို ခန္ဓာကိုယ်မှ စုပ်ယူတာ မြန်ဆန်မှုမရှိအောင် အရက်နဲ့ အတူတူ အစာပါ တွဲစားပေးပါ။ အရက် စုပ်ယူမှုမြန်ရင် ဦးနှောက် cell တွေ ထာဝရ ပျက်စီးသွားနိုင်ပါတယ်။ အမျိုးသမီးတွေအတွက် ဘီယာတစ်ဘူး ဒါမှမဟုတ် ဝိုင် ၅ အောင်စသာ သောက်ပေးပါ။ အမျိုးသားတွေမှာမူ အမျိုးသမီး တွေထက် နှစ်ဆ ပိုသောက်လို့ ရပါတယ်။

ဒေါက်တာခင်မိုးမိုး
မြဝတီ

Saturday, March 16, 2013

အရွယ် ရလာတာနဲ့ အမျှ အတွေးအခေါ် ကောင်းတွေ၊ မှတ်ဉာဏ် တွေဟာ ကျဆင်း သွားတယ် ဆိုတာ မဟုတ်ပါဘူး။ဦးနှောက်အတွက် အာဟာရ ပြည့်ဝနေရင် အသက်ကြီး လာပေမယ့် ဦးနှောက်တွင်းမှ Gray Matter တွေဟာ အဆက်မပြတ် ပြန်လည် တည်ဆောက်နေတတ်ပြီး Neurones တွေ တစ်ခုနဲ့တစ်ခု ဆက်သွယ်မှု အားတွေလည်း ကောင်းနေတယ်လို့ ဆိုပါတယ်။

တရားမဝင် ဝင်ရောက်လာသည့် အီရန်နိုင်ငံသား ၁ ဦးအား ဖမ်းဆီးရမိ

တရားမဝင် ဝင်ရောက်လာသည့် အီရန်နိုင်ငံသား ၁ ဦးအား 
ဖမ်းဆီးရမိ
Saturday, March 16, 2013 

၁၄-၃-၂ဝ၁၃ရက်နေ့ ၁၁ဝဝ အချိန် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ အမှတ်(၁)ချစ်ကြည်ရေး တံတားတာဝန်ကျ တာလေမြို့နယ်ခွဲ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးမှူး ဦးခင်မောင်မောင်မှ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်မပါရှိဘဲ မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသည့် အီရန်နိုင်ငံသား Abdol Qadir Khoshravesh အား တာလေမြို့နယ်၊ တာလေနှင့်လန့်တောင်းဘုရားသွား လမ်းဆုံ၌ ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်ရဲစခန်းသို့ တယ်လီဖုန်းဖြင့် အကြောင်းကြားခဲ့သည်။

ဖမ်းဆီးရမိ အီရန်နိုင်ငံသားအား မတရားဝင်ရောက်သူများ ကာကွယ်ရေး အဖွဲ့(၈)မှ တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ ၎င်းတွင် အီရန်နိုင်ငံကူး လက်မှတ်ပျောက်ဆုံးနေကြောင်း၊ ထိုင်းနိုင်ငံမှထောက်ခံစာ(၁)ရွက် ပါရှိလာကြောင်း သိရှိရပြီး အရေးယူရန် တာချီလိတ်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည်


Saturday, March 16, 2013

၁၄-၃-၂ဝ၁၃ရက်နေ့ ၁၁ဝဝ အချိန် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ အမှတ်(၁)ချစ်ကြည်ရေး တံတားတာဝန်ကျ တာလေမြို့နယ်ခွဲ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးမှူး ဦးခင်မောင်မောင်မှ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်မပါရှိဘဲ မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသည့် အီရန်နိုင်ငံသား Abdol Qadir Khoshravesh အား

လက်ပံတောင်း အစီရင်ခံစာနဲ့ ပတ်သက်လို့ ရှေ့နေများကွန်ရက် သဘောထားထုတ်ပြန်