Pages

Monday, August 27, 2012

ကွန်ပျူတာသုံးမြန်မာစာ ယူနီကုဒ်စနစ် ရေးဆွဲသည့် Natural Language Processing (NLP) အဖွဲ့ကိုဖျတ်သိမ်းလိုက် ကြောင်းသတင်းရရှိ

ကွန်ပျူတာသုံးမြန်မာစာ ယူနီကုဒ်စနစ်နှင့်ပတ်သက်၍ လူသိများပြားသည့် Natural Language Processing (NLP) အဖွဲ့ကိုဖျက်သိမ်းလိုက်သည်ဟု အဆိုပါအဖွဲ့မှ ၀န်ထမ်းတစ်ဦးကပြောသည်။ 

“အခုလ ၂၃ ရက်နေ့ကမှ အဖွဲ့ကိုဖျက်သိမ်းလိုက်တယ်ဆိုပြီး အဖွဲ့ခေါင်းဆောင်သုံးဦးကို နည်းပညာဌာနရဲ့ အင်ဂျင်နီချုပ်ကခေါ်ပြီး
ပြောတာ။ စာအရဆိုရင် ၂၀၁၁ ခုနှစ် မေလ ၃၁ ရက်နေ့ကတည်းက ဖျက်သိမ်းခဲ့တာလို့ပြောတယ်။ သ
ိတာတော့အခုမှသိတာပါ”ဟု

အဆိုပါဝန်ထမ်းကပြောသည်။ 

NLP အဖွဲ့သည် ယခင်က မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်လက် အောက်၌ ဖွဲ့စည်းထားရှိခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်မှစတင်၍သ

တင်းအချက်အလက်နှင့်နည်းပညာဌာန လက်အောက်သို့ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။ “အခုဝန်ထမ်း ၃၇ ဦးရှိတယ်။ 

 

ဘာကြောင့်ဖျက် သိမ်းတယ်ဆိုတာလည်း တိတိကျကျတော့မသိသေးဘူး။ လျော်ကြေးရမှာလားဆိုတာလည်းမသိသေးပါဘူး။ ဒီလ

၃၁ ရက်နေ့အထိတော့ ရုံးတက်ဦးမှာပါ”ဟု ၎င်းကပြောသည်။ 

အဆိုပါအဖွဲ့သည် ကွန်ပျူတာသုံးမြန်မာစာနှင့်ပတ်သက်၍ လုပ်ကိုင်ဆောင်ရွက်ခဲ့သောအဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိအစိုးရ၀န်ကြီးဌာန

များ၌ စံသက်မှတ်ချက်အဖြစ်အသုံးပြုနေသည့် Myanmar 3 ဖောင့်ကိုရေးဆွဲခဲ့သည့် အဖွဲ့လည်းဖြစ်သည်။

 

 

Internet Journal



1 comments:

Anonymous said...

Hi there, You have done a fantastic job. I will definitely digg it and personally recommend to my friends.
I am confident they'll be benefited from this website.
My homepage : manchester united transfer news today

Post a Comment