Pages

Monday, August 27, 2012

ယနေ့ နံနက် ၇နာရီ၄၀မိနစ် အချိန်က ဗိုလ်တစ်ထောင်မြို့နယ်တွင် လူနေတိုက်ခန်းတစ်ခု၌ မီးလောင်မှုဖြစ်ပွား

Photo

ယနေ့ နံနက် ၇နာရီ၄၀မိနစ် အချိန်က ဗိုလ်တစ်ထောင်မြို့နယ်၊( ၃ )ရပ်ကွက်ဗိုလ် တစ်ထောင် ဈေးလမ်းရှိ လူနေတိုက်ခန်းတစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထိုမီးလောင်မှုမှာ အဆိုပါလမ်းအတွင်း အမှတ်၉၀ရှိ ၆ထပ်တိုက်မြေညီခန်း၌ ပိုက်ကွန်ဂိုဒေါင် အဖြစ်အသုံးပြု
ထားသော တိုက်ခန်းတွင် ဒါးမိန်းအပူလွန်ကဲ၍ ရှော့စ်ဖြစ်ရာမှ မီးစတင်လောင် ခဲ့ခြင်းဖြစ်သည်ဟုရန်ကုန်
တိုင်းမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
Photo

မီးလောင်မှုကြောင့် ငြမ်းဆင်ရာတွင် အသုံးပြုသော ပိုက်ကွန် ( ၈ )ပေခန့် ၊ ဒါးမိန်း ( ၁ )ခုနှင့်ဝါယာကြိုးအ
နည်းငယ် မီးလောင်ပျက်စီးခဲ့ပြီး ငွေကျပ်တစ်သောင်းခန့်ဆုံးရှုံးခဲ့ကြောင်း နှင့် ထိုတိုက်ခန်းအားဌာရမ်းထား
သူအပေါ် ဗိုလ်တစ်ထောင် ရဲစခန်းမှ ( ပ )၁၉၄ / ၂၀၁၂ ၊ပုဒ်မ ( ၂၈၅ )ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။

ပေါ်ပြုလာမြန်မာ

0 comments:

Post a Comment