Pages

Monday, December 22, 2025

သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးကားလမ်း၊ပေါ်တွင် ဘိလပ်မြေတင်ဆောင်လာသည့် တွဲကား(၁)စီး ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်


22.December.2025

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာအနီး၊ မိတ္ထီလာ-တောင်ကြီးကားလမ်း၊ မိုင်တိုင်အမှတ်(၃၃/၀)တွင် ဒီဇင်ဘာလ ၂၀ရက် နေ့လည် ၁၂ ၃၀ အချိန်ခန့်က တောင်ကြီးဘက်မှမောင်းနှင်လာသော ဘိလပ်မြေတင်ဆောင်လာသည့် တွဲကား(၁)စီး ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် သုဇိတာလမ်းမကြီးပေါ်ရှိ လဘက်ရည်ဆိုင်တစ်ဆိုင်ကို ကုန်တင် Box ယာဉ်တစ်စီးက အရှိန်လွန်ကာဝင်တိုက်လို့ တစ်ဦး​ေ-သဆုံးပြီး လေးဦးဒဏ်ရာရ



ရန်ကုန်။ ဒီဇင်ဘာ ၂၂.၂၀၂၅
မြောက်ဥက္ကလာပမြို့နယ် သုဇိတာလမ်းမကြီး၊ သီတာလမ်းထိပ်၊ (၂)ရပ်ကွက်တွင် ဒီဇင်ဘာ ၂၀ ရက် ညနေ ၄ နာရီခွဲခန့်က လဘက်ရည်ဆိုင်တစ်ဆိုင်ကို ကုန်တင် Box အမျိုးအစား မော်တော်ယာဉ်တစ်စီးက အရှိန်လွန်ကာဝင်တိုက်မိခဲ့ကြောင်းသတင်းရရှိခဲ့သည်။