BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

မြောက်ဥက္ကလာပမြို့နယ် သုဇိတာလမ်းမကြီးပေါ်ရှိ လဘက်ရည်ဆိုင်တစ်ဆိုင်ကို ကုန်တင် Box ယာဉ်တစ်စီးက အရှိန်လွန်ကာဝင်တိုက်လို့ တစ်ဦး​ေ-သဆုံးပြီး လေးဦးဒဏ်ရာရ



ရန်ကုန်။ ဒီဇင်ဘာ ၂၂.၂၀၂၅
မြောက်ဥက္ကလာပမြို့နယ် သုဇိတာလမ်းမကြီး၊ သီတာလမ်းထိပ်၊ (၂)ရပ်ကွက်တွင် ဒီဇင်ဘာ ၂၀ ရက် ညနေ ၄ နာရီခွဲခန့်က လဘက်ရည်ဆိုင်တစ်ဆိုင်ကို ကုန်တင် Box အမျိုးအစား မော်တော်ယာဉ်တစ်စီးက အရှိန်လွန်ကာဝင်တိုက်မိခဲ့ကြောင်းသတင်းရရှိခဲ့သည်။


သတင်းအရ သုဇိတာပရဟိအဖွဲ့က လူနာတင်ယာဉ် နှစ်စီးဖြင့် အဝါရောင်အဆင့် လူနာလေးဦးနှင့် အနီရောင်အဆင့်(စိုးရိမ်ရ) လူနာတစ်ဦး စုစုပေါင်း ငါးဦးကို မြောက်ဥက္ကလာပ အထွေထွေဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်ကို သုဇိတာပရဟိတအဖွဲ့နှင့်အတူ အလင်းရောင် လူမှုအထောက်အကူပြုအသင်း၊ စေတနာရှင် (သွေးလှူအသင်း)၊ ကျောက်ရေတွင်းနာရေးကူညီမှုအသင်းတို့ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအနက်တစ်ဦးမှာ ဆေးရုံတွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- သုဇိတာပရဟိတအဖွဲ့