Pages

Sunday, January 19, 2014

ကော့သောင်းတွင် အသေးစားတောမီးလောင်

Photo: ကော့သောင်းတွင် အသေးစားတောမီးလောင်
Sunday, January 19, 2014

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ အေးရိပ်ငြိမ် ရပ်ကွက် တော်ဝင်လမ်းတွင် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က အသေးစား တောမီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း အေးရိပ်ငြိမ် ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။

လူနေအိမ်ခြေနှင့် ကပ်လျက် အနောက်ဘက်ရှိ သက်ကယ်ခြောက်တောမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ တောင်အောက်က စတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး လေပြင်းတိုက်နေသည့်အချိန် ဖြစ်သည့်အတွက် တောင်ပေါ်အထိ မီးအနည်းငယ် ကူးစက်သွားခဲ့ကြောင်း ယင်းရပ်ကွက်နေ ဦးရီတင်က ပြောကြားသည်။

“လူနေအိမ်ခြေတွေကိုတော့ မီးမကူးဘူး” ဟု ဦးရီတင်က ဆိုသည်။
မီးလောင်လောင်ချင်း ရပ်ကွက်အတွင်း ရေရောင်းနေသည့် ရေသယ်ယာဉ် သုံးစီး၊ မီးသတ်ကား တစ်စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ပြီး ရပ်ကွက်နေ ပြည်သူများနှင့် ကုန်တင်ကုန်ချ အလုပ်သမားများက ဝိုင်းဝန်း ကူညီပေးခဲ့သဖြင့် နာရီဝက်အတွင်း ငြှိမ်းသတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးရီတင်က ပြောကြားသည်။

“မီးလောင်တာ တစ်ဧကလောက်ပဲ ရှိတယ်။ ဆုံးရှုံးမှုတော့ မရှိဘူး။ ဒါ ဒီနှစ်မှာ ပထမဆုံးအကြိမ်ပဲ။ နောက် ဒါမျိုး ထပ်မဖြစ်အောင် သတိထားကြဖို့တော့ လိုတယ်” ဟု အေးရိပ်ငြိမ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဖိုးလှအောင်က ဆိုသည်။

ယင်းမီးလောင်မှုသည် မည်သည့် နေရာက စလောင်သည်ကို မသိရသေးကြောင်း၊ တောမီးလောင်ခြင်း ဖြစ်သည့်အတွက် ပေါ့ဆမီးဟု ယူဆပြီး မည်သည့် အတွက်ကြောင့် လောင်သည်ကို စုံစမ်း စစ်ဆေးသွားမည် ဖြစ်ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: January . 19 .2014
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ အေးရိပ်ငြိမ် ရပ်ကွက် တော်ဝင်လမ်းတွင် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က အသေးစား တောမီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း အေးရိပ်ငြိမ် ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။

တက္ကစီယာဉ် တင်သွင်းခွင့် ပါမစ် ယာယီ ရပ်ဆိုင်းထားမည်

Photo: တက္ကစီယာဉ် တင်သွင်းခွင့် ပါမစ် ယာယီ ရပ်ဆိုင်းထားမည်
Sunday, January 19, 2014

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တက္ကစီယာဉ် တင်သွင်းခွင့် ပါမစ်ကို ၂ဝ၁၄ ခုနှစ်ကုန်အထိ ယာယီ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဆောင်ရွက်မှုသည် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြော ပိတ်ဆို့မှုနှင့် ယာဉ် ကြော ကျပ်တည်းမှုများ ဖြစ်ပေါ်လျက် ရှိနေခြင်း အတွက်ကြောင့် ဖြစ်သည်။ ယာဉ်ကြော ကျပ်တည်းမှုများကို ဖြေလျှော့ခြင်းများ ဆောင်ရွက်မှု ကနဦး လုပ်ဆောင်ပြီးမှသာ ပြန်လည် တင်သွင်း ခွင့်ပြုမည် ဖြစ်ရာ လက်ရှိ အခြေအနေအရ ဆက်လက် ရပ်ဆိုင်းထားမည်ဖြစ် ကြောင်း သိရသည်။

''ဒီလိုလုပ်ဆောင်တာဟာ ယာဉ်ကြော ပိတ်ဆို့မှုတွေကို အများကြီးတော့ မဟုတ်ပေမဲ့ အနည်း ငယ်တော့ အထောက်အကူဖြစ်မှာပါ၊ အခြေအနေ ပေါ်မူတည်ပြီး တင်သွင်း ခွင့်ပြန်ပေးမှာပါ၊ ဒီနှစ်ကုန် အထိတော့ ရပ်ထားဦးမယ်'' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
ထို့အပြင် ရန်ကုန်မြို့တော်အတွင်း တက္ကစီ အငှားယာဉ်များသည် လိုအပ်သည်ထက် ပိုမိုများ ပြားစွာ ရှိနေပြီး ယာဉ်ကြော ကျပ်တည်း လျက်ရှိနေသည်။ ယာဉ်မတော် တဆ ဖြစ်ပွားမှုများကို ကြည့်လျှင် အိမ်စီးယာဉ်နှင့် တက္ကစီ အငှားယာဉ်များ ၂ဝ၁၃ ခုနှစ် နောက်ပိုင်းမှ စတင်ဖြစ်ပွားမှု ပိုမို များပြားလာကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့အတွင်း၌ တက္ကစီ အငှားယာဉ် အစီးရေ သုံးသောင်းကျော်ခန့်ရှိ နေသည်။ ၄င်းတို့ အနေဖြင့် ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်း လိုက်နာမှု အားနည်းခြင်း ကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေလျှော့သည့် အနေဖြင့် ခုံးကျော်တံတားများ တည် ဆောက်ခြင်းနှင့် ယာဉ်မရပ်နားရ ဇုန်များ ဆောင်ရွက်ခဲ့သော်လည်း အနည်းငယ်သာ ဖြေလျှော့ နိုင်ခဲ့ကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily:: January . 19 .2014
ရန်ကုန်တိုင်း ဒေသကြီးအတွင်း တက္ကစီယာဉ် တင်သွင်းခွင့် ပါမစ်ကို ၂ဝ၁၄ ခုနှစ်ကုန်အထိ ယာယီ ရပ်ဆိုင်း
ထားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရ
သည်။

လယ်ယာမြေ ပြဿနာ တရားမျှတစွာ ဖြေရှင်းပေးရေး လယ်သမား ၅၀၀ ခန့် ဆန္ဒပြ

Photo: လယ်ယာမြေ ပြဿနာ တရားမျှတစွာ ဖြေရှင်းပေးရေး လယ်သမား ၅၀၀ ခန့် ဆန္ဒပြ
Sunday, January 19, 2014

သိမ်းဆည်းခံ လယ်ယာမြေများကို သက်ဆိုင်ရာ အဖွဲ့အစည်းများက တရားမျှတစွာ ဖြေရှင်း ဆောင်ရွက် မပေးခြင်းကြောင့် မြို့နယ်ပေါင်း ၃၀ ကျော်မှ တောင်သူ လယ်သမား ၅၀၀ ခန့် ဇန်နဝါရီလ ၁၈ ရက်နေ့က ရန်ကုန် မြို့တော်ခန်းမရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း ဦးဆောင်ဆန္ဒပြသူ ဦးဝင်းချိုက ပြောကြားသည်။

“ဥပဒေကြောင်းအရ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတာကို နည်းဥပဒေအရဆိုပြီး ကျွန်တော်တို့ ပါးစပ်ကို ခြင်းကျားအုပ်ချင်လို့ မရပါဘူး” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး သမဂ္ဂမှ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောကြားသည်။

တစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားများ ရင်ဆိုင် ကြုံတွေ့နေရသော မတရား သိမ်းဆည်းခံ လယ်ယာမြေ ပြဿနာများနှင့် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြသော လယ်သမားများကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ၄၄၇၊ ပုဒ်မ ၄၄၂ တို့အရ ဖမ်းဆီးထောင်ချ အရေးယူမှု များရှိနေသည်။

ယင်းကို မကျေနပ်၍ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်ပေါင်း ၃၀ ကျော်မှ လယ်သမားများက တရားဥပဒေ နည်းလမ်းအရ ဆန္ဒဖော်ထုတ်ခွင့်ကို ဇန်နဝါရီလ ၁၁ ရက် နေ့တွင် သက်ဆိုင်ရာ ကျောက်တံတား ရဲစခန်းထံ တင်ပြခဲ့ရာ ခွင့်မပြုကြောင်း ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းတွင် သက်ဆိုင်ရာက အကြောင်းပြန်ခဲ့သည်ဟု ၎င်းကဆိုသည်။

ပြည်သူများ အနေနှင့် နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရ တာဝန်ရှိသူများကို အားမကိုးဘဲ နိုင်ငံသား အခွင့်အရေးအရ မိမိအခွင့်အရေးကို မိမိတို့ကိုယ်တိုင် တောင်းဆိုတင်ပြခွင့် ရှိကြောင်း သက်သေပြသည့်ပွဲ ဖြစ်သည်ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူ ဦးဝင်းချိုက ဆိုသည်။

ယင်းသို့ ခွင့်ပြုချက်မရဘဲ ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ ဦးဆောင် ပါဝင်သူ နှစ်ဦးဖြစ်သော ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် ဦးဝင်းချိုတို့ နှစ်ဦးကို သက်ဆိုင်ရာ ကျောက်တံတား ရဲတပ်ဖွဲ့စခန်းက (ပ)/၁၆/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

The Voice Weekly

RangonNewsDaily:: January . 19 .2014
သိမ်းဆည်းခံ လယ်ယာမြေများကို သက်ဆိုင်ရာ အဖွဲ့အစည်းများက တရားမျှတစွာ ဖြေရှင်း ဆောင်ရွက် မပေးခြင်းကြောင့် မြို့နယ်ပေါင်း ၃၀ ကျော်မှ တောင်သူ လယ်သမား ၅၀၀ ခန့် ဇန်နဝါရီလ ၁၈ ရက်နေ့က ရန်ကုန် မြို့တော်ခန်းမရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း ဦးဆောင်ဆန္ဒပြသူ ဦးဝင်းချိုက ပြောကြားသည်။

ယူနိုက်တက်တွင် ကစားလိုသည့် ကမ္ဘာ့အဆင့် ကစားသမား များစွာရှိကြောင်း မိုယက်စ်ပြောကြား

Photo: ယူနိုက်တက်တွင် ကစားလိုသည့် ကမ္ဘာ့အဆင့် ကစားသမား များစွာရှိကြောင်း မိုယက်စ်ပြောကြား
Sunday, January 19, 2014

မိမိ၏ အသင်းတွင် လာရောက် ကစားလိုသဖြင့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား အများအပြား တန်းစီစောင့်နေကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်က ပြောကြားလိုက်သည်။

မိုယက်စ်အနေဖြင့် အက်သလက်တီကို မက်ဒရစ် ကွင်းလယ် ကစားသမား ကိုကီကို ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း မအောင်မြင်ခဲ့သည့်နောက် အသင်း၏ လက်ရှိ ရလဒ်ဆိုးများကြောင့် ကစားသမားကောင်းများကို ဆွဲဆောင်ရန် ခက်ခဲနေပြီဆိုသော ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း စကော့သား မန်နေဂျာက ယင်းအဆိုများကို ပယ်ချခဲ့ပြီး ယူနိုက်တက် ကစားသမား ဘဝကို လိုလိုလားလား ခံယူရန် စောင့်မျှော်နေသည့် ကမ္ဘာ့အဆင့် ကစားသမားကောင်း မြောက်မြားစွာ ရှိနေကြောင်း ပြောဆိုသွားသည်။

မိုယက်စ်က "ကစားသမား တချို့ဟာ ငွေကြေးကိုကြည့်ပြီး တခြားကလပ်တွေကို ရွေးသွားတာတွေ ရှိတယ်။ ဒါပေမဲ့ သူတို့တွေ ကိုယ်တိုင်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အမှတ်တံဆိပ်ကို ဝတ်ဆင်လိုကြတယ်။ ဒါဟာ အင်္ဂလန်မှာ အကြီးကျယ်ဆုံး ကလပ်တစ်ခု ဖြစ်နေလို့ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာပါ အကြီးကျယ်ဆုံးအဆင့်ထိ ရပ်တည်နေလို့ပါပဲ။ လောလောဆယ် ရလဒ်တွေက ကျွန်တော်တို့ လိုလားတဲ့ အခြေအနေ မဟုတ်ဘူး။ ဒါပေမဲ့ ဒီအတွက်တော့ ယူနိုက်တက်ရဲ့ အရှိန်အဝါ မှေးမှိန်သွားပြီလို့ မဆိုနိုင်ပါဘူး။ ပြီးတော့ ကျွန်တော် ခရီးတွေ ထွက်ခဲ့တယ် ဆိုတာက ကစားသမားတွေအကြောင်း စနည်းနာ ရွေးချယ်ချင်လို့ ဖြစ်ပါတယ်"ဟု ပြောကြားသွားသည်။ 

Soccer Myanmar

RangonNewsDaily:: January . 19 .2014
မိမိ၏ အသင်းတွင် လာရောက် ကစားလိုသဖြင့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား အများအပြား တန်းစီစောင့်နေကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်က ပြောကြားလိုက်သည်။

ပခုက္ကူတက္ကသိုလ်မှ ကျောင်းသားသေဆုံး၍ ကျောင်းသူဒဏ်ရာရရှိသော မှုခင်းဖြစ်စဉ်မှ တရားခံကို ဖော်ထုတ်နိုင်ရန် မိသားစုဝင်များ လိုလားနေ


RangonNewsDaily:: January . 19 .2014
နိုဝင်ဘာ(၁၁)ရက်နေ့ ည(၇)နာရီအချိန်ခန့်က ပခုက္ကူမြို့ရှိ အဝေးသင်တက္ကသိုလ်မှ (မြန်မာစာ) ဒုတိယနှစ်

 ကျောင်းသားတစ်ဦးကို အမည်မသိအမျိုးသားနှစ်ဦးမှ ၀ိုင်းဝန်းရိုက်နှက်ခဲ့၍ ပြင်းထန်သော ဒဏ်ရာများဖြင့် (၃)ရက်အကြာတွင် သေဆုံးသွားခဲ့ရာ နှစ်လကျော်ကြာမြင့်သည့်တိုင် ယင်းအမှု၏ တရားခံများကိုယခုအချိန်
ထိ ဖော်ထုတ်အရေးနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားသော်လည်း ယင်းလပ်ဆန့်ကျင်ရေး ဆက်လက် ဆန္ဒပြမည်

Photo: ဗုံးပေါက်ကွဲမှု ဖြစ်ပွားသော်လည်း ယင်းလပ်ဆန့်ကျင်ရေး ဆက်လက် ဆန္ဒပြမည်
Sunday, January 19, 2014 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ယင်းလပ်ဆန့်ကျင်ရေး ဆန္ဒပြနေသူများ ချီတက် ဆန္ဒပြနေစဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၃၆ ဦး ဒဏ်ရာ ရရှိ သွားသော်လည်း ဆန္ဒပြမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆန္ဒပြသူများက ပြောကြားလိုက်ကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။

သောကြာနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုသည် ဆန္ဒပြခေါင်းဆောင် ဆူသက်သောင်ဆူဘန်ရှိရာ အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၎င်းကို ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိဘဲ ဆန္ဒပြသူ ၃၆ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။

အဆိုပါဗုံးမှာ တရုတ်နိုင်ငံလုပ် ဗုံးဖြစ်ကြောင်း ပေါက်ကွဲစေတတ်သော ပစ္စည်းများ ရှင်းလင်းရေး ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။
ဘန်ကောက်ရှိ Banthad Thong လမ်းရှိ လူမနေသော အဆောက်အအုံပေါ်မှ ဆန္ဒပြ လူအုပ်ထဲသို့ ပစ်ချခဲ့သည်ဟု ယူဆရကြောင်း ဆန္ဒပြခေါင်းဆောင် ဆူသက်သောင်ဆူဘန်၏ လုံခြုံရေး အစောင့် အရှောက်များက ပြောကြားသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၃၆ ဦးတွင် အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ စနေနေ့ အစောပိုင်းတွင် ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ရာ နိုဝင်ဘာလက စတင်ခဲ့သော ယင်းလပ် ဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း သေဆုံးသူ ကိုးဦးအထိ ရှိသွားပြီ ဖြစ်သည်။
ယင်းပေါက်ကွဲမှု ဖြစ်ပွားပြီး နာရီဝက်ခန့် အကြာတွင် ဆန္ဒပြရာ၌ ပါဝင်လျက်ရှိသော အစိုးရ ဝန်ထမ်းများကို ထိုင်းအစိုးရ၏ Administration of Peace and Order (CAPO) က သတိပေးမှု ပြုလုပ်ခဲ့သည်။

ထိုင်းအစိုးရအနေနှင့် ဆန္ဒပြခေါင်းဆောင်များကိုသာမက ဆန္ဒပြသူများကိုပါ တရားစွဲဆိုသွားမည်ဟု (CAPO) က သတိပေး ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ဆန္ဒပြမှုများသည် ယင်းလပ် အစိုးရကို ဆန့်ကျင်သော အုပ်စုများဖြစ်ပြီး ၎င်းတို့က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ကြကာ အိမ်စောင့်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ယင်းလပ်ကို ရာထူးမှ ဆင်းပေးရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။

ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင်၍ မြို့တော်ဘန်ကောက်ရပ်ဆိုင်းရေး လှုပ်ရှားမှုအဖြစ် ဘန်ကောက်ရှိ အဓိကနေရာ ခုနစ် နေရာတွင် ယင်းလပ်ဆန့်ကျင်ရေး အင်အားစုများက ဆန္ဒပြလျက်ရှိပြီး ယခုအခါ ထိုင်းတောင်ပိုင်းရှိ အစိုးရရုံးအချို့ပိတ်ထားသည် အထိ အရှိန်မြင့်လျက်ရှိသည်။

The Voice Weekly

RangonNewsDaily:: January . 19 .2014
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ယင်းလပ်ဆန့်ကျင်ရေး ဆန္ဒပြနေသူများ ချီတက် ဆန္ဒပြနေစဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၃၆ ဦး ဒဏ်ရာ ရရှိ သွားသော်လည်း ဆန္ဒပြမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆန္ဒပြသူများက ပြောကြားလိုက်ကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။

လေထု ညစ်ညမ်းလျက် ရှိခြင်းကြောင့် ဘေဂျင်းပြည်သူများ ကြိုတင်ကာကွယ်ကြရန် သတိပေး

Photo: လေထု ညစ်ညမ်းလျက် ရှိခြင်းကြောင့် ဘေဂျင်းပြည်သူများ ကြိုတင်ကာကွယ်ကြရန် သတိပေး
Sunday, January 19, 2014 

လေထုညစ်ညမ်းမှု မကြာခဏ ဖြစ်လေ့ ရှိသော တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်တွင် ယခုတစ်ဖန် ထပ်မံ၍ လေထုညစ်ညမ်းမှုများနှင့် ကြုံတွေ့နေရခြင်းကြောင့် ဘေဂျင်းမြို့ တော်တွင် နေထိုင်သူများ အနေနှင့် ကြိုတင် ကာကွယ်မှုများ ပြုလုပ်သွားကြရန် သတိပေးထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ကြာသပတေးနေ့က တရားဝင် လေထု ညစ်ညမ်းမှု တိုင်းတာချက်အရ လက်ရှိဘေဂျင်း မြို့တော်၏ လေထုညစ်ညမ်းမှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသော ပမာဏထက် အဆ ၂၀ ကျော်အထိ ရောက်ရှိနေသောကြောင့် ယခုကဲ့သို့ သတိပေးခြင်းလည်း ဖြစ်သည်။

ဘေဂျင်းမြို့တော်တွင် မီးခိုးများ ထူထပ်နေခြင်းကြောင့် မိုးမျှော်တိုက်ကြီးများကိုပင် မီးခိုးမြူများဖြင့် ဖုံးလွှမ်းနေပြီး မကောင်းသော အနံ့အသက်များလည်း ခံစား ရှူရှိုက်နေရသည်။

ထို့ကြောင့် အလုပ်လုပ်သူ ဝန်ထမ်းများအနေနှင့် အကာအကွယ် မျက်နှာဖုံးစွပ်များ ဝတ်ဆင်ကြရန်၊ အသက်အရွယ် ကြီးရင့်သူများနှင့် ကလေးများ မိမိအိမ်တွင်း နေထိုင်ကြရန် ဘေဂျင်းမြို့၏ အစိုးရ အာဏာပိုင်များက တိုက်တွန်းထားသည်။

PM 2.5 ဟုခေါ်သော ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ လေထုထဲတွင် ရှိသင့်သော အမှုန် ပမာဏ သတ်မှတ်ချက်အရ တစ်ကုဗ မီတာတွင် အမှု ၂၅ မိုက်ခရိုဂရမ်သာ ရှိရမည် ဖြစ်ရာ ယခု ဘေဂျင်းမြို့တော်တွင် တစ်ကုဗမီတာလျှင် အမှုန်ပမာဏ ၅၀၀ မိုက်ခရိုဂရမ်ထိရှိရာ ရှိသင့်သည့် ပမာဏထက် အဆ ၂၀ အထိ ပိုမို များနေခြင်းလည်း ဖြစ်သည်။

ဘေဂျင်းရှိ အမေရိကန် သံရုံးတွင်ရှိသော လေထု ညစ်ညမ်းမှု တိုင်းထွာချက်အရ လေထုတွင်းရှိ အမှုန်ပမာဏသည် ရှိသင့်သည်ထက် ၂၅ ဆထိ ပိုနေသည်ကို တွေ့ရပြီး တရားဝင် တိုင်းတာသည့် ရလဒ်ထက် ငါးဆ ပိုလျက်ရှိသည်။

“လမ်းဟိုဘက်က တိုက်အမြင့်ကြီးကို မမြင်ရဘူး” ဟု ကျန်းဟုခေါ်သော ယာဉ်ကြော ထိန်းသိမ်းရေး လုပ်ဆောင်သူ တစ်ဦးဖြစ်သူက အေဖက်ပီ သတင်းဌာနကို ပြောကြားသည်။

ကျောက်မီးသွေး စွမ်းအင်စက်ရုံများ၊ စက်မှုစက်ရုံများနှင့် သန်းနှင့်ချီသော ကားများကြောင့် တရုတ်နိုင်ငံ မြို့ကြီးများတွင် လေထု ညစ်ညစ်မှုများ မကြာခဏ ဖြစ်လေ့ရှိ ကြောင်း ဘေဂျင်းရှိ BBC သတင်းထောက် မာတင်ပေးရှန့်က ကပြောကြားသည်။

လေ့လာချက်များအရ လေထု ညစ်ညမ်းမှုကြောင့် နှစ်စဉ် အချိန်မတိုင်မီ သေဆုံးမှု များ ဖြစ်ပွားလေ့ရှိသည်။

ယမန်နှစ်က ဘေဂျင်းမြို့တော်၏လေထုညစ်ညမ်းမှုမှာ အန္တရာယ်ရှိသော အဆင့်အထိ ရောက်ရှိသွားခဲ့ခြင်းကြောင့် တရုတ်အစိုးရ မီဒီယာနှင့် အခြားမီဒီယာများက ဝေဖန် ပြောကြားခဲ့ပြီးနောက် လေထု သန့်စင်ရေး လုပ်ငန်းများ ပိုမိုဆောင်သွားမည်ဟု တရုတ် အစိုးရ အာဏာပိုင်များက ကတိပြုခဲ့ကြသည်။

The Voice Weekly

RangonNewsDaily:: January . 19 .2014
လေထုညစ်ညမ်းမှု မကြာခဏ ဖြစ်လေ့ ရှိသော တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်တွင် ယခုတစ်ဖန် ထပ်မံ၍ လေထုညစ်ညမ်းမှုများနှင့် ကြုံတွေ့နေရခြင်းကြောင့် ဘေဂျင်းမြို့ တော်တွင် နေထိုင်သူများ အနေနှင့် ကြိုတင် ကာကွယ်မှုများ ပြုလုပ်သွားကြရန် သတိပေးထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောခဲ့သည့် လှိုင်းဘွဲမြို့နယ် ကပ်ပလီရွာတွင် ဒေါ်အောင်ဆန်းစုကြည် လူထုတွေ့ဆုံမှု ယနေ့ပြုလုပ်မည်

Photo: ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောခဲ့သည့် လှိုင်းဘွဲမြို့နယ် ကပ်ပလီရွာတွင် ဒေါ်အောင်ဆန်းစုကြည် လူထုတွေ့ဆုံမှု ယနေ့ပြုလုပ်မည်
Sunday, January 19, 2014

၁၉၄၆ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောခဲ့သည့် လှိုင်းဘွဲမြို့နယ် ကပ်ပလီရွာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လူထုတွေ့ဆုံမှု ယနေ့ (ဇန်န၀ါရီ ၁၉ ရက်) နံနက်ပိုင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံညီလာခံကျင်းပရန်အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးရရှိရန် ရည်ရွယ်ကာ ၁၉၄၆ ခုနှစ်က ကရင်ပြည်နယ်လှိုင်းဘွဲမြို့ ကပ်ပလီကျေးရွာတွင် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ဘဏ္ဍာရေးမှူးဖြစ်သူ ဦးမန်းစံမင်းက "ပင်လုံညီလာခံကျင်းပဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လာလုပ်တဲ့အခါ လှိုင်းဘွဲမြို့နယ် ကပ်ပလီရွာကိုရောက်ခဲ့တယ်။ အဲဒီမှာအိပ်တယ်။ အိပ်တဲ့အခါမှာ ဒေသကလူတွေ စီစဉ်ထားတာက စာသင်ကျောင်းမှာ စီစဉ်ထားတာ။ ဒါပေမဲ့ ဗိုလ်ချုပ်က ပိန္နဲပင်လေးအောက်မှာ အိပ်တယ်။ အဲဒီပိန္နဲပင်က အခုထိရှိတယ်။ အဲဒါကြောင့်အန်တီစုက အဲဒီပိန္နဲပင်လေးမှာပဲ လူထုကို မနက်ဖြန်မိန့်ခွန်းပြောမယ်"ဟု ဇန်န၀ါရီ ၁၈ ရက်က ပြောကြားသည်။

"အန်တီစုကိုယ်၌က ဆန္ဒရှိနေတဲ့အတွက်ပါ။ တစ်ချိန်က သူ့အဖေကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ အဘွားနော်ဒါးလည်း ရှိသေးတယ်။ အသက် ၉၄ နှစ်ရှိပြီ။ ဦးတို့အနေနဲ့ အားလုံးစီစဉ်ထားတယ်။ ခရီးစဉ်ရော ဟိုမှာလုံခြုံရေးရော ပြောဖို့ဟောဖို့ရော အားလုံးစီစဉ်ထားတယ်။ မနက်ဖြန်အင်အား တစ်သောင်းဝန်းကျင်လောက် တက်နိုင်မယ်လို့တော့ စာရင်းရရှိထားတယ်။ အဲဒီမှာက ဖာပွန်မြို့နယ်၊ လှိုင်းဘွဲမြို့နယ် ဒါပဲရှိတော့တယ်"ဟု ဦးမန်းစံမင်းက ဆက်လက်ပြောကြားသည်။

လှိုင်းဘွဲမြို့ ကပ်ပလီကျေးရွာသည် ဘားအံမြို့နှင့် မိုင် ၄၀ ၀န်းကျင် ကွာဝေးကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်သည် ဘားအံမြို့မှ ကပ်ပလီရွာသို့ ဇန်န၀ါရီ ၁၉ ရက် နံနက်ပိုင်းတွင် ထွက်ခွာမည်ဖြစ်ပြီး နံနက် ၈ နာရီမှ ၁၁ နာရီအထိ လူထုတွေ့ဆုံမှုပြုလုပ်ကာ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၁၈ ရက်က ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင်အားကစားကွင်းတွင် မိန့်ခွန်းပြောကြားခဲ့ပြီး ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ သံတောင်ကြီး၊ လှိုင်းဘွဲ၊ မြ၀တီမြို့နယ်များနှင့် ကမမောင်း၊ လိပ်သိုမြို့နယ်ခွဲများမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့် ပြည်သူများတက်ရောက်ခဲ့သည်။

(ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ခရီးထွက်လုံးပန်းရင်း ကပ်ပလီရွာအရောက် ကရင်အမျိုးသားဝတ်စုံဖြင့် ကရင်အမျိုးသားများနှင့်အတူ ချစ်ခင်ရင်းနှီးစွာ တွေ့ရစဉ် (ဓာတ်ပုံ-တက္ကသိုလ်နေ၀င်း၏ ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်း)

Eleven Media Group
(ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ခရီးထွက်လုံးပန်းရင်း ကပ်ပလီရွာအရောက် ကရင်အမျိုးသားဝတ်စုံဖြင့် ကရင်အမျိုးသားများနှင့်အတူ ချစ်ခင်ရင်းနှီးစွာ တွေ့ရစဉ် (ဓာတ်ပုံ-တက္ကသိုလ်နေ၀င်း၏ ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်း)
RangonNewsDaily:: January . 19 .2014
၁၉၄၆ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောခဲ့သည့် လှိုင်းဘွဲမြို့နယ် ကပ်ပလီရွာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လူထုတွေ့ဆုံမှု ယနေ့ (ဇန်န၀ါရီ ၁၉ ရက်) နံနက်ပိုင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကရင်ပြည်နယ်ခရီးစဉ် လုံခြုံရေးအတွက် NLD ပါတီ၏ လုံခြုံရေးအင်အား ၅၀၀ ကျော်အပြင် ပြည်နယ်ရဲတပ်ဖွဲ့မှလည်း ရဲအင်အား ပိုမိုအသုံးပြုထား

RangonNewsDaily:: January . 19 .2014
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ကရင်ပြည်နယ်ခရီးစဉ်လုံခြုံရေးအတွက် NLD ပါတီ၏စီစဉ်မှုဖြင့်

လုံခြုံရေးအင်အား၅၀၀ ကျော်အသုံးပြုသကဲ့သို့ ပြည်နယ်ရဲတပ်ဖွဲ့မှလည်းရဲအင်အားပိုမိုအသုံးပြုဆောင်ရွက်
ခဲ့သည်ဟု NLD ပါတီနှင့် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး
အတွက် လမ်းကြောင်းတစ်လျှောက်နှင့် လူထုတွေ့ဆုံပွဲများ၌ ၎င်း၏အနီးကပ် လုံခြုံရေးအဖွဲ့နှင့် ကရင်ပြည်
နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လူငယ်များအဖွဲ့တို့ ချိတ်ဆက်ဆောင်ရွက်ခဲ့သည့်အပြင် မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီလူငယ်အဖွဲ့ကလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်သူနှင့်အဆင်ပြေစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေက မတရားပေးထားသည့် အခွင့်အရေးများကို လက်လွှတ်စေချင်ဟု တပ်မတော်ခေါင်းဆောင်များနှင့် တပ်မတော်သားများအား ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Photo: ပြည်သူနှင့်အဆင်ပြေစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေက မတရားပေးထားသည့် အခွင့်အရေးများကို လက်လွှတ်စေချင်ဟု တပ်မတော်ခေါင်းဆောင်များနှင့် တပ်မတော်သားများအား ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Sunday, January 19, 2014

ပြည်သူနှင့် အဆင်ပြေစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေက မတရားပေးထားသည့် အခွင့်အရေးများကို လက်လွှတ်စေချင်ဟု တပ်မတော်ခေါင်းဆောင်များနှင့် တပ်မတော်သားများအား ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၁၈ ရက်က ပြောကြားလိုက်သည်။
    
ကရင်ပြည်နယ် ဘားအံမြို့တွင်ပြုလုပ်သည့် NLD ၏ ကရင်ပြည်သူလူထုအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာများ ရှင်းလင်းခြင်းအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတစ်ဦး၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
    
အခမ်းအနား၏ အမေးအဖြေကဏ္ဍတွင် ပြည်သူတစ်ဦးက အကယ်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမှုမရပါက ပြည်သူတွေအနေဖြင့် ဘာဆက်လုပ်ရမလဲဟု မေးမြန်းခဲ့သည်။
    
အဆိုပါမေးမြန်းမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအခြေအနေတွင် တပ်မတော်သားကိုယ်စားလှယ်များ မထောက်ခံဘဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မရသောကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ရွေးကောက်တင်မြှောက်ခံရသော ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံသော်လည်းကောင်း၊ ကိုယ်စားလှယ်အားလုံး၏ အများစုသော်လည်းကောင်း လိုအပ်သည်ဟု အကြံပြုတင်ပြထားကြောင်း ပြောကြားသည်။
    
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က "တပ်မတော်က ဒီပြုပြင်ပြောင်းလဲရေးလက်မခံရင် ဘယ့်နှယ်လုပ်မလဲဆိုတော့ ကျွန်မပြောချင်တာက တပ်မတော်နဲ့ပြည်သူကြားမှာ တန်းတူညီမျှမှုမရှိဘဲနဲ့ ဘယ်တော့မှ စည်းလုံးညီညွတ်မှု မရနိုင်ဘူး။ ဒီကိစ္စတပ်မတော်ခေါင်းဆောင်များနဲ့ တပ်မတော်သားများအားလုံး နားလည်စေချင်တယ်။ ကျွန်မတို့က တပ်မတော်နဲ့ပြည်သူကြားမှာ အဆင်ပြေစေချင်လို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက မတရားပေးထားတဲ့ အခွင့်အရေးတွေကို လက်လွှတ်စေချင်တာပါလို့ ကျွန်မသေသေချာချာ ပြောချင်ပါတယ်" ဟု ပြောကြားသည်။
    
အလားတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ချင်သူများအနေဖြင့် တကယ်နိုင်ငံရေးသတ္တိရှိပါက ဘာကြောင့်မပြင်ချင်ဘူးဆိုသည်ကို ပြည်သူလူထုအားရှင်းပြရန် အဆိုပါအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
    
အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူတစ်ဦးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီး "နိုင်ငံတော်မှာ အရေးကြီးဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ကျွန်တော်တို့ တိုင်းပြည်နဲ့ပြည်သူလူထုနဲ့ မစပ်အပ်တဲ့ပုဒ်မတွေ ကဏ္ဍတွေကို ပြင်ဖို့ဆိုတဲ့နေရာမှာ ဒီဖွဲ့စည်းပုံကို ပြင်ဖို့အတွက်မကဘဲ နိုင်ငံတော်ကိုကောင်းအောင် အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေအားလုံးရှိသည့်အတွက်၊ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ကဖြင့် ဒီပုဒ်မ ဒီအပိုဒ်ကို မပြင်ချင်ဘူးတဲ့ ။ ဘယ်ပုဂ္ဂိုလ်တွေကတော့ ပြင်ချင်ပါတယ်ဆိုပြီး အသံတွေထွက်နေတယ်။ ဒီလိုမပြင်ချင်တဲ့ ပုဂ္ဂိုလ်တွေဟာ  နိုင်ငံရဲ့တိုးတက်မှုကို လိုလားတဲ့ပုဂ္ဂိုလ်ဖြစ်မလား နိုင်ငံတော်ရဲ့တိုးတက်မှုကို ဖျက်ဆီးတဲ့ လူရိုင်းလူမိုက်တွေ ဖြစ်မလားဆိုတာ အဲဒါလေး ဥက္ကဋ္ဌကြီးက အဖြေပေးဖို့ တင်ပြချင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်အား မေးခွန်းမေးမြန်းခဲ့သည်။
    
ဒေါ်အောင်ဆန်းစုကြည်က ဘယ်ပုဒ်မကိုပြင်ချင်လို့ လူကောင်းဖြစ်တယ်။ ဘယ်ပုဒ်မကို မပြင်ချင်လို့ လူဆိုးဖြစ်တယ်ဟု မဆိုလိုသော်လည်း ဘယ်ပုဒ်မကို မပြင်ချင်ဘူးဟုပြောသည့် ပုဂ္ဂိုလ်များကို စိန်ခေါ်ချင်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
    
ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မက တစ်ခုတော့စိန်ခေါ်ချင်ပါတယ်။ ဘယ်ပုဒ်မကို မပြင်ချင်ပါဘူးလို့ပြောတဲ့ ပုဂ္ဂိုလ်များဟာ တကယ်ပဲနိုင်ငံရေးသတ္တိရှိတယ်ဆိုရင် ပြည်သူလူထုကို ဘာကြောင့်မပြင်ချင်းဘူးဆိုသည်ကို ရှင်းရှင်းလင်းလင်းရှင်းပြပါ။ အဲဒီတော့မှ ပြည်သူကိုယ်တိုင်က ဆုံးဖြတ်မယ်။ ဒီပုဂ္ဂိုလ်က လူကောင်းလား လူဆိုးလားဆိုတာ" ဟု ပြောကြားခဲ့သည်။


ဇန်န၀ါရီ ၁၃ ရက်က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
Eleven Media Group
ဇန်န၀ါရီ ၁၃ ရက်က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
RangonNewsDaily:: January . 19 .2014
ပြည်သူနှင့် အဆင်ပြေစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေက မတရားပေးထားသည့် အခွင့်အရေးများကို လက်လွှတ်စေချင်ဟု တပ်မတော်ခေါင်းဆောင်များနှင့် တပ်မတော်သားများအား ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၁၈ ရက်က ပြောကြားလိုက်သည်။

ကလေးစစ်သားစုဆောင်းရာတွင် ပါဝင်ခဲ့သော အရာရှိ ၄၀ နှင့် စစ်သည် ၂၂၉ ဦးကို စစ်စည်းကမ်းဖြင့် အရေးယူ