Pages

Sunday, January 19, 2014

ပြည်သူနှင့်အဆင်ပြေစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေက မတရားပေးထားသည့် အခွင့်အရေးများကို လက်လွှတ်စေချင်ဟု တပ်မတော်ခေါင်းဆောင်များနှင့် တပ်မတော်သားများအား ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Photo: ပြည်သူနှင့်အဆင်ပြေစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေက မတရားပေးထားသည့် အခွင့်အရေးများကို လက်လွှတ်စေချင်ဟု တပ်မတော်ခေါင်းဆောင်များနှင့် တပ်မတော်သားများအား ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Sunday, January 19, 2014

ပြည်သူနှင့် အဆင်ပြေစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေက မတရားပေးထားသည့် အခွင့်အရေးများကို လက်လွှတ်စေချင်ဟု တပ်မတော်ခေါင်းဆောင်များနှင့် တပ်မတော်သားများအား ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၁၈ ရက်က ပြောကြားလိုက်သည်။
    
ကရင်ပြည်နယ် ဘားအံမြို့တွင်ပြုလုပ်သည့် NLD ၏ ကရင်ပြည်သူလူထုအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာများ ရှင်းလင်းခြင်းအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတစ်ဦး၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
    
အခမ်းအနား၏ အမေးအဖြေကဏ္ဍတွင် ပြည်သူတစ်ဦးက အကယ်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမှုမရပါက ပြည်သူတွေအနေဖြင့် ဘာဆက်လုပ်ရမလဲဟု မေးမြန်းခဲ့သည်။
    
အဆိုပါမေးမြန်းမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအခြေအနေတွင် တပ်မတော်သားကိုယ်စားလှယ်များ မထောက်ခံဘဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မရသောကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ရွေးကောက်တင်မြှောက်ခံရသော ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံသော်လည်းကောင်း၊ ကိုယ်စားလှယ်အားလုံး၏ အများစုသော်လည်းကောင်း လိုအပ်သည်ဟု အကြံပြုတင်ပြထားကြောင်း ပြောကြားသည်။
    
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က "တပ်မတော်က ဒီပြုပြင်ပြောင်းလဲရေးလက်မခံရင် ဘယ့်နှယ်လုပ်မလဲဆိုတော့ ကျွန်မပြောချင်တာက တပ်မတော်နဲ့ပြည်သူကြားမှာ တန်းတူညီမျှမှုမရှိဘဲနဲ့ ဘယ်တော့မှ စည်းလုံးညီညွတ်မှု မရနိုင်ဘူး။ ဒီကိစ္စတပ်မတော်ခေါင်းဆောင်များနဲ့ တပ်မတော်သားများအားလုံး နားလည်စေချင်တယ်။ ကျွန်မတို့က တပ်မတော်နဲ့ပြည်သူကြားမှာ အဆင်ပြေစေချင်လို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက မတရားပေးထားတဲ့ အခွင့်အရေးတွေကို လက်လွှတ်စေချင်တာပါလို့ ကျွန်မသေသေချာချာ ပြောချင်ပါတယ်" ဟု ပြောကြားသည်။
    
အလားတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ချင်သူများအနေဖြင့် တကယ်နိုင်ငံရေးသတ္တိရှိပါက ဘာကြောင့်မပြင်ချင်ဘူးဆိုသည်ကို ပြည်သူလူထုအားရှင်းပြရန် အဆိုပါအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
    
အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူတစ်ဦးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီး "နိုင်ငံတော်မှာ အရေးကြီးဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ကျွန်တော်တို့ တိုင်းပြည်နဲ့ပြည်သူလူထုနဲ့ မစပ်အပ်တဲ့ပုဒ်မတွေ ကဏ္ဍတွေကို ပြင်ဖို့ဆိုတဲ့နေရာမှာ ဒီဖွဲ့စည်းပုံကို ပြင်ဖို့အတွက်မကဘဲ နိုင်ငံတော်ကိုကောင်းအောင် အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေအားလုံးရှိသည့်အတွက်၊ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ကဖြင့် ဒီပုဒ်မ ဒီအပိုဒ်ကို မပြင်ချင်ဘူးတဲ့ ။ ဘယ်ပုဂ္ဂိုလ်တွေကတော့ ပြင်ချင်ပါတယ်ဆိုပြီး အသံတွေထွက်နေတယ်။ ဒီလိုမပြင်ချင်တဲ့ ပုဂ္ဂိုလ်တွေဟာ  နိုင်ငံရဲ့တိုးတက်မှုကို လိုလားတဲ့ပုဂ္ဂိုလ်ဖြစ်မလား နိုင်ငံတော်ရဲ့တိုးတက်မှုကို ဖျက်ဆီးတဲ့ လူရိုင်းလူမိုက်တွေ ဖြစ်မလားဆိုတာ အဲဒါလေး ဥက္ကဋ္ဌကြီးက အဖြေပေးဖို့ တင်ပြချင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်အား မေးခွန်းမေးမြန်းခဲ့သည်။
    
ဒေါ်အောင်ဆန်းစုကြည်က ဘယ်ပုဒ်မကိုပြင်ချင်လို့ လူကောင်းဖြစ်တယ်။ ဘယ်ပုဒ်မကို မပြင်ချင်လို့ လူဆိုးဖြစ်တယ်ဟု မဆိုလိုသော်လည်း ဘယ်ပုဒ်မကို မပြင်ချင်ဘူးဟုပြောသည့် ပုဂ္ဂိုလ်များကို စိန်ခေါ်ချင်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
    
ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မက တစ်ခုတော့စိန်ခေါ်ချင်ပါတယ်။ ဘယ်ပုဒ်မကို မပြင်ချင်ပါဘူးလို့ပြောတဲ့ ပုဂ္ဂိုလ်များဟာ တကယ်ပဲနိုင်ငံရေးသတ္တိရှိတယ်ဆိုရင် ပြည်သူလူထုကို ဘာကြောင့်မပြင်ချင်းဘူးဆိုသည်ကို ရှင်းရှင်းလင်းလင်းရှင်းပြပါ။ အဲဒီတော့မှ ပြည်သူကိုယ်တိုင်က ဆုံးဖြတ်မယ်။ ဒီပုဂ္ဂိုလ်က လူကောင်းလား လူဆိုးလားဆိုတာ" ဟု ပြောကြားခဲ့သည်။


ဇန်န၀ါရီ ၁၃ ရက်က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
Eleven Media Group
ဇန်န၀ါရီ ၁၃ ရက်က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
RangonNewsDaily:: January . 19 .2014
ပြည်သူနှင့် အဆင်ပြေစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေက မတရားပေးထားသည့် အခွင့်အရေးများကို လက်လွှတ်စေချင်ဟု တပ်မတော်ခေါင်းဆောင်များနှင့် တပ်မတော်သားများအား ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၁၈ ရက်က ပြောကြားလိုက်သည်။ ကရင်ပြည်နယ် ဘားအံမြို့တွင်ပြုလုပ်သည့် NLD ၏ ကရင်ပြည်သူလူထုအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာများ ရှင်းလင်းခြင်းအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတစ်ဦး၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အခမ်းအနား၏ အမေးအဖြေကဏ္ဍတွင် ပြည်သူတစ်ဦးက အကယ်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမှုမရပါက ပြည်သူတွေအနေဖြင့် ဘာဆက်လုပ်ရမလဲဟု မေးမြန်းခဲ့သည်။

အဆိုပါမေးမြန်းမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအခြေအနေတွင် တပ်မတော်သားကိုယ်စားလှယ်များ မထောက်ခံဘဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မရသောကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ရွေးကောက်တင်မြှောက်ခံရသော ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံသော်လည်းကောင်း၊ ကိုယ်စားလှယ်အားလုံး၏ အများစုသော်လည်းကောင်း လိုအပ်သည်ဟု အကြံပြုတင်ပြထားကြောင်း ပြောကြားသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က "တပ်မတော်က ဒီပြုပြင်ပြောင်းလဲရေးလက်မခံရင် ဘယ့်နှယ်လုပ်မလဲဆိုတော့ ကျွန်မပြောချင်တာက တပ်မတော်နဲ့ပြည်သူကြားမှာ တန်းတူညီမျှမှုမရှိဘဲနဲ့ ဘယ်တော့မှ စည်းလုံးညီညွတ်မှု မရနိုင်ဘူး။ ဒီကိစ္စတပ်မတော်ခေါင်းဆောင်များနဲ့ တပ်မတော်သားများအားလုံး နားလည်စေချင်တယ်။ ကျွန်မတို့က တပ်မတော်နဲ့ပြည်သူကြားမှာ အဆင်ပြေစေချင်လို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက မတရားပေးထားတဲ့ အခွင့်အရေးတွေကို လက်လွှတ်စေချင်တာပါလို့ ကျွန်မသေသေချာချာ ပြောချင်ပါတယ်" ဟု ပြောကြားသည်။

အလားတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ချင်သူများအနေဖြင့် တကယ်နိုင်ငံရေးသတ္တိရှိပါက ဘာကြောင့်မပြင်ချင်ဘူးဆိုသည်ကို ပြည်သူလူထုအားရှင်းပြရန် အဆိုပါအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူတစ်ဦးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီး "နိုင်ငံတော်မှာ အရေးကြီးဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ကျွန်တော်တို့ တိုင်းပြည်နဲ့ပြည်သူလူထုနဲ့ မစပ်အပ်တဲ့ပုဒ်မတွေ ကဏ္ဍတွေကို ပြင်ဖို့ဆိုတဲ့နေရာမှာ ဒီဖွဲ့စည်းပုံကို ပြင်ဖို့အတွက်မကဘဲ နိုင်ငံတော်ကိုကောင်းအောင် အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေအားလုံးရှိသည့်အတွက်၊ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ကဖြင့် ဒီပုဒ်မ ဒီအပိုဒ်ကို မပြင်ချင်ဘူးတဲ့ ။ ဘယ်ပုဂ္ဂိုလ်တွေကတော့ ပြင်ချင်ပါတယ်ဆိုပြီး အသံတွေထွက်နေတယ်။ ဒီလိုမပြင်ချင်တဲ့ ပုဂ္ဂိုလ်တွေဟာ နိုင်ငံရဲ့တိုးတက်မှုကို လိုလားတဲ့ပုဂ္ဂိုလ်ဖြစ်မလား နိုင်ငံတော်ရဲ့တိုးတက်မှုကို ဖျက်ဆီးတဲ့ လူရိုင်းလူမိုက်တွေ ဖြစ်မလားဆိုတာ အဲဒါလေး ဥက္ကဋ္ဌကြီးက အဖြေပေးဖို့ တင်ပြချင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်အား မေးခွန်းမေးမြန်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ဘယ်ပုဒ်မကိုပြင်ချင်လို့ လူကောင်းဖြစ်တယ်။ ဘယ်ပုဒ်မကို မပြင်ချင်လို့ လူဆိုးဖြစ်တယ်ဟု မဆိုလိုသော်လည်း ဘယ်ပုဒ်မကို မပြင်ချင်ဘူးဟုပြောသည့် ပုဂ္ဂိုလ်များကို စိန်ခေါ်ချင်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မက တစ်ခုတော့စိန်ခေါ်ချင်ပါတယ်။ ဘယ်ပုဒ်မကို မပြင်ချင်ပါဘူးလို့ပြောတဲ့ ပုဂ္ဂိုလ်များဟာ တကယ်ပဲနိုင်ငံရေးသတ္တိရှိတယ်ဆိုရင် ပြည်သူလူထုကို ဘာကြောင့်မပြင်ချင်းဘူးဆိုသည်ကို ရှင်းရှင်းလင်းလင်းရှင်းပြပါ။ အဲဒီတော့မှ ပြည်သူကိုယ်တိုင်က ဆုံးဖြတ်မယ်။ ဒီပုဂ္ဂိုလ်က လူကောင်းလား လူဆိုးလားဆိုတာ" ဟု ပြောကြားခဲ့သည်။

Eleven Media  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment