Pages

Sunday, January 19, 2014

ကလေးစစ်သားစုဆောင်းရာတွင် ပါဝင်ခဲ့သော အရာရှိ ၄၀ နှင့် စစ်သည် ၂၂၉ ဦးကို စစ်စည်းကမ်းဖြင့် အရေးယူ

Photo: ကလေးစစ်သား ၉၆ ဦးကို တပ်မတော်အတွင်းမှ နုတ်ထွက်ခွင့်ပြုမှု အမှတ်(၁)စစ်ကြောရေး၌ပြုလုပ်ခဲ့ပြီး ကလေးစစ်သားစုဆောင်းရာတွင် ပါဝင်ခဲ့သော အရာရှိ ၄၀ နှင့် စစ်သည် ၂၂၉ ဦးကို စစ်စည်းကမ်းဖြင့် အရေးယူခဲ့ကြောင်းသိရ
Sunday, January 19, 2014

အရွယ်မရောက်သေးသော ကလေးစစ်သား ၉၆ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပေးပြီး မိဘများထံ ပြန်လည်အပ်နှံမှုကို ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ အမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ခ) ဘုရင့်နောင်စစ်ကြောရေး၌ ဇန်န၀ါရီ ၁၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
    
ထို့ပြင် ကလေးစစ်သားစုဆောင်းရာတွင် ပါဝင်ခဲ့သော အရာရှိ ၄၀ နှင့် စစ်သည် ၂၂၉ ဦးကို စစ်စည်းကမ်းအရ အရေးယူခဲ့ပြီးဖြစ်ကြောင်း အဆိုပါအခမ်းအနား၏ သတင်းထုတ်ပြန်ချက်အရသိရပြီး ကလေးစစ်သားတစ်ဦး မိဘဖြစ်သူ ဒေါ်အေးအေးမြိုင်က "ကျွန်မရဲ့သားက ဆယ်တန်းဖြေပြီးကျလို့ နောက်တစ်နှစ်ပြန်ဖြေဖို့ ဖောင်တင်ထားတုန်း စစ်ထဲကိုရောက်သွားတာပါ။ ပင်လောင်လေ့ကျင့်ရေး ၄ ကိုပါသွားပြီး ကလေးစစ်သားတွေ ပြန်လွှတ်ပေးမယ်ဆိုလို့ နေပြည်တော်ကို လေးခေါက်လောက်သွားပြီးမှ အခုလိုမိသားစု ပြန်ဆုံစည်းခွင့်ရတာ အင်မတန်ပျော်ပါတယ်။ တပ်ထဲကဗိုလ်ကြီးတွေက အခုတစ်ပတ်အတွင်း အိမ်ကိုလာပြီး စစ်ဆေးဦးမယ်လို့တော့ ပြောတယ်"ဟု ပြောကြားခဲ့သည်။
    
မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်က လုပ်ငန်းစီမံချက်ကို ကုလသမဂ္ဂ၏ လက်နက်ကိုင်ပဋိပက္ခများ၌ ကလေးအခွင့်အရေး ချိုးဖောက်မှုများကို စောင့်ကြည့်အစီရင်ခံရေး နိုင်ငံအထူးလုပ်ငန်းအဖွဲ့ (UN CTFMR) နှင့် လက်မှတ်ရေးထိုးခဲ့ပြီး ၁၈ လအတွင်း တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်စစ်သားများ လုံးဝမကျန်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
ရမည်းသင်းလေ့ကျင့်ရေးတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သော အမည်မဖော်လိုသူ ကလေးစစ်သားတစ်ဦးက "ကျွန်တော်တို့အပြင်ရောက်ရင် ဘာအလုပ်လုပ်မှာလဲလို့ တပ်ထဲကဆရာကြီးတွေကမေးတယ်။ ကျွန်တော်တို့က မိရိုးဖလာကိုင်းလုပ်တယ်လေ။ ဒါပဲပြန်လုပ်မှာပါ။ စစ်တပ်ထဲက ပြန်ထွက်ရမယ်ဆိုတာ အခြေခံစစ်သင်တန်းတက်ကတည်းက ပြောသံကြားရတယ်။ ကရင်ပြည်နယ်ဘက်က ရှေ့တန်းကို နှစ်ပတ်ပါဖူးတယ်။ ၁၄ နှစ်ကတည်း  စစ်တပ်ထဲရောက်ပါတယ်။ အခုဦးလေးလာကြိုတယ်။ အပြင်လောကကို ပြန်ထွက်ခွင့်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။ အခုမွေးရပ်မကွေးက ရွာကိုပြန်မယ်"ဟု ၎င်း၏ စစ်ရောင်ကျောပိုးအိတ်ကို ပိုက်ထားရင်းဆိုသည်။
    
ဆက်လက်ပြီး နုတ်ထွက်ခွင့်ပြုသည့် ကလေးစစ်သား ၉၆ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုသည့် လက်မှတ်နှင့်အသက် ၁၀ နှစ်မှ ၁၈ နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုလည်း ကလေးစစ်သားများထံပေးအပ်ခဲ့သည်။
    
တပ်မတော်မှ စစ်မှုထမ်းပြီး အသက်မပြည့်သဖြင့် နုတ်ထွက်ခွင့်ပြုခဲ့သော ကလေးစစ်သားများ ကျောင်းပြန်တက်ရန် ဆန္ဒရှိပါက ကျောင်းပြန်တက်ရန်၊ ကျောင်းပြင်ပ ပညာသင်ကြားရန်၊ အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိပါက မျှတသော အလုပ်အကိုင်ရရှိနိုင်ရန် လိုအပ်သည့် ကျွမ်းကျင်မှုများသင်ယူရန် ဖြစ်နိုင်ခြေများ ဆန်းစစ်ခြင်းနှင့် လက်ငင်းအသုံးပြုရန် အခြေခံပစ္စည်းများ ဝေငှခြင်း၊ အိမ်အပြန် ခရီးစရိတ်နှင့် စားစရိတ်စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းအခမ်းအနား၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
    
"အပြင်ရောက်ရင် ကျောင်းပြန်တက်မယ်။ ဆယ်တန်းကျပြီး အိမ်ကိုမပြန်ရဲလို့ ဒလဘက်ကနေ သင်္ဘောနဲ့ကူးလာတုန်း ပန်းဆိုးတန်းကိုရောက်တော့ လူတစ်ယောက်က အလုပ်လုပ်မလားလို့ မေးတယ်။ ကျွန်တော်လည်း ရတဲ့အလုပ်လုပ်မယ်ဆိုပြီး သူခေါ်တဲ့နောက်လိုက်သွားရင်း မန္တလေးကတပ်ရင်းတစ်ခုရောက်သွားတယ်။ တပ်ထဲမှာ တစ်နှစ်တာဝန်ထမ်းဆောင်ခဲ့တယ်"ဟု လှိုင်သာယာ ၁၅ ရပ်ကွက်မှ ကလေးစစ်သားတစ်ဦးက ပြောကြားသည်။    
    
ကလေးစစ်သားများကို မိဘများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်မှာ ၂၀၁၂ စက်တင် ဘာ ၃ ရက်က ပထမအကြိမ်အဖြစ် ၄၂ ဦး၊ ၂၀၁၃ ဖေဖော်ဝါရီ ၁၅ ရက်က ဒုတိယအကြိမ်အဖြစ် ၂၄ ဦး၊ ဇူလိုင် ၇ ရက်က တတိယအကြိမ်အဖြစ် ၄၂ဦး၊ သြဂုတ် ၈ရက်က စတုတ္ထအကြိမ်အဖြစ် ၆၈ ဦး၊ ယခုပဉ္စမအကြိမ်အဖြစ် ၉၆ ဦး စုစုပေါင်း ကလေးစစ်သား ၂၇၂ ဦး ရှိပြီးဖြစ်ကြောင်း သိရသည်။
    
အဆိုပါကလေးစစ်သားများကို မိဘများထံသို့ လွှဲပြောင်းပေးအပ်မှုအခမ်းအနားကို ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်သန်းစိုးနှင့် တပ်မတော်အရာရှိများ၊  UN CTFMR မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။         

စစ်တပ်မှ နုတ်ထွက်ခွင့်ရသည့် ကလေးစစ်သားတစ်ဦးအား ဇန်န၀ါရီ ၁၈ ရက် နံနက်ပိုင်းက အမှတ်(၁) စစ်ကြောရေးစခန်းအတွင်း တွေ့ရစဉ်
Eleven Media Group
စစ်တပ်မှ နုတ်ထွက်ခွင့်ရသည့် ကလေးစစ်သားတစ်ဦးအား ဇန်န၀ါရီ ၁၈ ရက် နံနက်ပိုင်းက အမှတ်(၁) စစ်ကြောရေးစခန်းအတွင်း တွေ့ရစဉ်
RangonNewsDaily:: January . 19 .2014
အရွယ်မရောက်သေးသော ကလေးစစ်သား ၉၆ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပေးပြီး မိဘများထံ ပြန်လည်အပ်နှံမှုကို ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ အမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ခ) ဘုရင့်နောင်စစ်ကြောရေး၌ ဇန်န၀ါရီ ၁၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ ထို့ပြင် ကလေးစစ်သားစုဆောင်းရာတွင် ပါဝင်ခဲ့သော အရာရှိ ၄၀ နှင့် စစ်သည် ၂၂၉ ဦးကို စစ်စည်းကမ်းအရ အရေးယူခဲ့ပြီးဖြစ်ကြောင်း အဆိုပါအခမ်းအနား၏ သတင်းထုတ်ပြန်ချက်အရသိရပြီး ကလေးစစ်သားတစ်ဦး မိဘဖြစ်သူ ဒေါ်အေးအေးမြိုင်က "ကျွန်မရဲ့သားက ဆယ်တန်းဖြေပြီးကျလို့ နောက်တစ်နှစ်ပြန်ဖြေဖို့ ဖောင်တင်ထားတုန်း စစ်ထဲကိုရောက်သွားတာပါ။ ပင်လောင်လေ့ကျင့်ရေး ၄ ကိုပါသွားပြီး ကလေးစစ်သားတွေ ပြန်လွှတ်ပေးမယ်ဆိုလို့ နေပြည်တော်ကို လေးခေါက်လောက်သွားပြီးမှ အခုလိုမိသားစု ပြန်ဆုံစည်းခွင့်ရတာ အင်မတန်ပျော်ပါတယ်။ တပ်ထဲကဗိုလ်ကြီးတွေက အခုတစ်ပတ်အတွင်း အိမ်ကိုလာပြီး စစ်ဆေးဦးမယ်လို့တော့ ပြောတယ်"ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်က လုပ်ငန်းစီမံချက်ကို ကုလသမဂ္ဂ၏ လက်နက်ကိုင်ပဋိပက္ခများ၌ ကလေးအခွင့်အရေး ချိုးဖောက်မှုများကို စောင့်ကြည့်အစီရင်ခံရေး နိုင်ငံအထူးလုပ်ငန်းအဖွဲ့ (UN CTFMR) နှင့် လက်မှတ်ရေးထိုးခဲ့ပြီး ၁၈ လအတွင်း တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်စစ်သားများ လုံးဝမကျန်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရမည်းသင်းလေ့ကျင့်ရေးတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သော အမည်မဖော်လိုသူ ကလေးစစ်သားတစ်ဦးက "ကျွန်တော်တို့အပြင်ရောက်ရင် ဘာအလုပ်လုပ်မှာလဲလို့ တပ်ထဲကဆရာကြီးတွေကမေးတယ်။ ကျွန်တော်တို့က မိရိုးဖလာကိုင်းလုပ်တယ်လေ။ ဒါပဲပြန်လုပ်မှာပါ။ စစ်တပ်ထဲက ပြန်ထွက်ရမယ်ဆိုတာ အခြေခံစစ်သင်တန်းတက်ကတည်းက ပြောသံကြားရတယ်။ ကရင်ပြည်နယ်ဘက်က ရှေ့တန်းကို နှစ်ပတ်ပါဖူးတယ်။ ၁၄ နှစ်ကတည်း စစ်တပ်ထဲရောက်ပါတယ်။ အခုဦးလေးလာကြိုတယ်။ အပြင်လောကကို ပြန်ထွက်ခွင့်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။ အခုမွေးရပ်မကွေးက ရွာကိုပြန်မယ်"ဟု ၎င်း၏ စစ်ရောင်ကျောပိုးအိတ်ကို ပိုက်ထားရင်းဆိုသည်။

ဆက်လက်ပြီး နုတ်ထွက်ခွင့်ပြုသည့် ကလေးစစ်သား ၉၆ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုသည့် လက်မှတ်နှင့်အသက် ၁၀ နှစ်မှ ၁၈ နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုလည်း ကလေးစစ်သားများထံပေးအပ်ခဲ့သည်။

တပ်မတော်မှ စစ်မှုထမ်းပြီး အသက်မပြည့်သဖြင့် နုတ်ထွက်ခွင့်ပြုခဲ့သော ကလေးစစ်သားများ ကျောင်းပြန်တက်ရန် ဆန္ဒရှိပါက ကျောင်းပြန်တက်ရန်၊ ကျောင်းပြင်ပ ပညာသင်ကြားရန်၊ အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိပါက မျှတသော အလုပ်အကိုင်ရရှိနိုင်ရန် လိုအပ်သည့် ကျွမ်းကျင်မှုများသင်ယူရန် ဖြစ်နိုင်ခြေများ ဆန်းစစ်ခြင်းနှင့် လက်ငင်းအသုံးပြုရန် အခြေခံပစ္စည်းများ ဝေငှခြင်း၊ အိမ်အပြန် ခရီးစရိတ်နှင့် စားစရိတ်စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းအခမ်းအနား၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

"အပြင်ရောက်ရင် ကျောင်းပြန်တက်မယ်။ ဆယ်တန်းကျပြီး အိမ်ကိုမပြန်ရဲလို့ ဒလဘက်ကနေ သင်္ဘောနဲ့ကူးလာတုန်း ပန်းဆိုးတန်းကိုရောက်တော့ လူတစ်ယောက်က အလုပ်လုပ်မလားလို့ မေးတယ်။ ကျွန်တော်လည်း ရတဲ့အလုပ်လုပ်မယ်ဆိုပြီး သူခေါ်တဲ့နောက်လိုက်သွားရင်း မန္တလေးကတပ်ရင်းတစ်ခုရောက်သွားတယ်။ တပ်ထဲမှာ တစ်နှစ်တာဝန်ထမ်းဆောင်ခဲ့တယ်"ဟု လှိုင်သာယာ ၁၅ ရပ်ကွက်မှ ကလေးစစ်သားတစ်ဦးက ပြောကြားသည်။

ကလေးစစ်သားများကို မိဘများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်မှာ ၂၀၁၂ စက်တင် ဘာ ၃ ရက်က ပထမအကြိမ်အဖြစ် ၄၂ ဦး၊ ၂၀၁၃ ဖေဖော်ဝါရီ ၁၅ ရက်က ဒုတိယအကြိမ်အဖြစ် ၂၄ ဦး၊ ဇူလိုင် ၇ ရက်က တတိယအကြိမ်အဖြစ် ၄၂ဦး၊ သြဂုတ် ၈ရက်က စတုတ္ထအကြိမ်အဖြစ် ၆၈ ဦး၊ ယခုပဉ္စမအကြိမ်အဖြစ် ၉၆ ဦး စုစုပေါင်း ကလေးစစ်သား ၂၇၂ ဦး ရှိပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါကလေးစစ်သားများကို မိဘများထံသို့ လွှဲပြောင်းပေးအပ်မှုအခမ်းအနားကို ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်သန်းစိုးနှင့် တပ်မတော်အရာရှိများ၊ UN CTFMR မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Eleven Media  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment