၂၇.၆.၂၀၁၃
အချိန်ကည ၈ နာရီခန့်။ နေရာကမွန်ပြည်နယ်၊ မော်လမြိုင်မြို့ရဲ့အုတ်ကျင်းရပ်ကွက်ဘုန်းကြီးကျောင်းတစ်
ကျောင်းမှာေ ပါ့။ဒီညဆရာတော်ဦးဝိမလဘိဝံသတရားဟောဖို့ရှိတယ်။ဆရာတော်ဟာအထင်ကရ
ဘုန်းကြီး
တစ်ပါးဖြစ်ပေမယ့်ဓမ္မာရုံထဲကတရားပွဲလာပရိသတ်ကတော့၁၀၀ ခန့်
မရှိတတ်ရှိတတ်၊ဒါပေမယ့်အပြင်ဘက်
မှာ ကလေးအယောက် ၁၀၀ လောက်တော့
ရှိနေပါသေးတယ်။ “ကျေးဇူးပြုပြီးအထဲကိုဝင်ကြပါရှင်”လို့ အမျိုးသမီးတစ်ယောက်ကအပြင်မှာရပ်ကြည့်နေတဲ့ကျွန်တော်နဲ့တချို့
သူတွေကို လှမ်းပြောလိုက်တယ်။ “ဒီည လူမရှိရင်တော့ဆရာတော်စိတ်ဆိုးတော့မှာပဲမိနစ်အနည်းအငယ်
အကြာမှာ ဆရာတော်ဦးဝိမလရောက်လာတယ်။ သူ့ပုံကြည့်ရတာ အသက် ၄၀
လို့ မထင်ရလောက်အောင် ငယ်ဂုဏ်ရှိပါတယ်။ ဆရာတော်ရောက်ရှိလာပြီး သြကာသ
ရွတ်ဆို ရှိခိုးပူဇော်ပြီးနောက် တရားစတင်ဟော
ကြားပါတော့တယ်။
“ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေဟာ မြုပ်နေတဲ့ သင်္ဘောထဲက လူတွေနဲ့ တူပါတယ်၊ အချိန်မီ မကုစားနိုင်ဘူးဆို
“ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေဟာ မြုပ်နေတဲ့ သင်္ဘောထဲက လူတွေနဲ့ တူပါတယ်၊ အချိန်မီ မကုစားနိုင်ဘူးဆို
ရင် တို့လူမျိုးနဲ့ တို့သာသနာ
ကွယ်ပျောက်သွားလိမ့်မယ်”လို့ ဦးဝိမလက မိန့်တယ်။ “ဒါကြောင့် ဒီနေ့ည ဟော
မယ့်တရားက ၉၆၉ အကြောင်းပဲ”“ဘာတဲ့လဲ ပရိသတ်ကြီး” လို့ ဦးဇင်းက တရားနာပရိသတ်ကို မေးလိုက်ပါ
တယ်။“၉၆၉ တရားပါ ဘုရား” ပရိသတ်က ပြန်ဖြေပါတယ်။
“ဘာအကြောင်း ဟောမှာလဲ ပရိသတ်” လို့ ဘုန်းကြီးက မိုက်ခရိုဖုန်းနားကပ် အသံကိုမြှင့်ပြီး ထပ်မေးလိုက်
ပြန်တယ်။“…၉ ၆ ၉ …” “ကျယ်ကျယ်ပြော၊ မင်းတို့အသံတွေ ကျယ်ကျယ်အော်စမ်းပါ၊ ကျယ်ကျယ်အော်လို့
ဒီဓမ္မာရုံကြီးပြိုကျသွားရင် ဦးဇင်း အသစ်ပြန်ဆောက်ပေးမယ်”ထူးထူးဆန်းဆန်း မြင်ကွင်းတစ်ခုပါပဲ။
ဗုဒ္ဓဘာသာဘုန်းကြီးတရားဟောတာနဲ့မ တူဘဲ
နိုင်ငံရေးမဲဆွယ်ပွဲနဲ့တူနေပါတော့တယ်။ဒါပေမယ့်ဒါဟာအံ့သြ
ဗုဒ္ဓဘာသာဘုန်းကြီးတရားဟောတာနဲ့မ
စရာတော့မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆရာတော်ဦးဝိမလဟာ အကြာသေးခင်က
မြန်မာမှာရော ကမ္ဘာကပါ စိတ်ဝင်စားခြင်းခံရတဲ့ “၉၆၉”လှုပ်ရှားမှုကို
ဦးဆောင်ထောက်ခံအားပေးတဲ့ သွေးကြွတဲ့ ရဟန်း
တစ်ပါးလည်း ဖြစ်တယ်။
ဗုဒ္ဓဘာသာအစွန်းရောက်အမျိုးသားရေးအမှတ်တံဆိပ်လို့ယူဆရတဲ့အဲဒီ၉၆၉ဟာပြီးခဲ့တဲ့ မြန်မာပြည်အလယ်
ပိုင်းကမွတ်စလင်ဆန့်ကျင်ရေးအကြမ်းဖက်မှု တွေနဲ့ဆက်နွှယ်မှုရှိနေပြီးတနိုင်ငံလုံးအတိုင်းအတာထိ ပျံ့နှံ့
ကာ ပဋိပက္ခမီး ဟုန်းဟုန်းတောက်သွားမှာကို အများစုက စိုးရိမ်ခဲ့ရပါတယ်။
အမျိုးသမီးတစ်ဦးက အဆောက်အဦးထဲကို လမ်းပြခေါ်ဆောင်သွားပြီး ကျွန်တော်တို့ကို ၉၆၉ နဲ့ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေ ဝေပေးပါတယ်။ လက်ကမ်းစာစောင်မှာတော့ ၉၆၉ ဘာအတွက် ရပ်တည်သလဲဆို
အမျိုးသမီးတစ်ဦးက အဆောက်အဦးထဲကို လမ်းပြခေါ်ဆောင်သွားပြီး ကျွန်တော်တို့ကို ၉၆၉ နဲ့ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေ ဝေပေးပါတယ်။ လက်ကမ်းစာစောင်မှာတော့ ၉၆၉ ဘာအတွက် ရပ်တည်သလဲဆို
တာကို ရှင်းလင်းထားတယ်။
“ကျုပ်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ ၉၆၉ကို အသုံးပြုရင်း ရှိခိုးပူဇော်ရင်းနဲ့ ကိုယ့်လူမျိုး၊ ကိုယ့်သာသနာကို ကာ
ကွယ်ရမယ်” လို့
လက်ကမ်းစာစောင်မှာ ဖော်ပြထားတယ်။အဲဒီအချိန်မှာပဲ အသံချဲ့စက်ကလည်း အလားတူ
အဓိပ္ပာယ်ဆောင်တဲ့ သီချင်းတစ်ပုဒ် ကျယ်လောင်စွာ ထွက်ပေါ်လာတယ်။
“…… ဗုဒ္ဓဘာသာ ရှင်လူများ သွေးအေးလို့မနေသင့်ပြီ…… သွေးအေးနေရင် သာသနာပျောက်လို့ လူမျိုး
“…… ဗုဒ္ဓဘာသာ ရှင်လူများ သွေးအေးလို့မနေသင့်ပြီ…… သွေးအေးနေရင် သာသနာပျောက်လို့ လူမျိုး
ပျောက်လို့ ကွယ်လိမ့်မည် ……(လူမျိုးပျောက်လို့
ကွယ်လိမ့်မည်)….”ဦးဝိမလကတော့သူ့တရားထဲမှာ “၉၆၉
”ဟာ
ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါးနဲ့ သံဃာဂုဏ်တော် ၉ ပါးကို
ကိုယ်စားပြုကြောင်း ထည့်
ဟောပါတယ်။ အများစုက ၉၆၉ ဆိုတာ အခုမှပေါ်လာတဲ့
လှုပ်ရှားမှုလို့ဆိုပေမယ့် ဦးဝိမလကတော့ ဒါဟာ ဗုဒ္ဓ၀ါဒရဲ့ မူလလက်ဟောင်း
အမှတ်တံဆိပ်ပါတဲ့။
“မှတ်ထား…. ၉၆၉ ပေါ်တာ နှစ်ပေါင်း ၂၆၀၀ ရှိပြီ၊ ခရစ်ယာန်မပေါ်ခင် နှစ်ပေါင်း ၆၂၀ လောက်ကတည်းက ၉၆၉ ပေါ်တာ၊ အစ္စလာမ်မပေါ်ခင် နှစ်ပေါင်း တစ်ထောင်ကျော်ကတည်းက ၉၆၉ ရှိတာကွ”တပြိုင်တည်းမှာ
လက်ရှိပေါ်ပေါက်လာတဲ့လှုပ်ရှားမှုကတော့ဖြင့်နာမည်ဆိုးနဲ့ကျော်ကြားနေမှန်းလည်း ဦးဇင်းကအသိအမှတ်
ပြုပုံရတယ်။
“တစ်ချို့ဒါကာတွေက လျှောက်တင်တယ်၊ ဒီလှုပ်ရှားမှုဟာ တရားဥပဒေနဲ့ ညီရဲ့လား၊ တရားဝင်ဖြစ်ရဲ့လား
ပေါ့၊ ကျုပ်ဘယ်လိုဖြေရမှန်းတောင် မသိတော့ဘူး၊ ဒီမှာ ဗုဒ္ဓက
တရားဝင်မဟုတ်လို့လား၊ ကျုပ်တို့ ဘုန်းကြီး
တွေကရောတရားဥပဒေနဲ့မညီလို့လား”ဦးဇင်းကသူတို့လှုပ်ရှားမှုရဲ့ပန်းတိုင်ဟာ မြန်မာပြည်မှာ“ဟလာလ်”
စားသောက်ဆိုင်၊ ဈေးဆိုင်တွေအဖြစ် အသုံးပြုတဲ့ ၇၈၆ တံဆိပ်ပါတဲ့
မွတ်စလင်ပိုင် စီးပွားရေးလုပ်ငန်းတွေ
ကို ဆန့်ကျင်ကြဖို့ပဲ၊
အကြမ်းဖက်မှုမပါဘူးလို့ ခုခံပြောဆိုပါတယ်။
“ဘာသာမတူသူတွေကို သတ်ဖို့ ရိုက်ဖို့ ကျုပ်တို့ ဘယ်တော့မှ မပြောခဲ့ဘူး၊ ကျုပ်တို့ ဗုဒ္ဓဘုရားရှင်ကလည်း သတ္တ၀ါတွေကို ဘယ်တော့မှ မသတ်ဖို့ သွန်သင်ခဲ့တယ်၊ လူတစ်ဦးချင်းပဲဖြစ်ဖြစ်၊ ဘာသာမတူသူတွေကိုပဲ
“ဘာသာမတူသူတွေကို သတ်ဖို့ ရိုက်ဖို့ ကျုပ်တို့ ဘယ်တော့မှ မပြောခဲ့ဘူး၊ ကျုပ်တို့ ဗုဒ္ဓဘုရားရှင်ကလည်း သတ္တ၀ါတွေကို ဘယ်တော့မှ မသတ်ဖို့ သွန်သင်ခဲ့တယ်၊ လူတစ်ဦးချင်းပဲဖြစ်ဖြစ်၊ ဘာသာမတူသူတွေကိုပဲ
ဖြစ်ဖြစ် ” လို့ ဘုန်းကြီးက
ကာကွယ်ပြောဆိုသွားပါတယ်။ဒါပေမယ့် တကယ်လို့ ဒီစကားတွေဟာ မော်လမြိုင်
အုတ်ကျင်းရပ်ကွက်မှာ တစ်ဝက်လောက်နီးပါး နေထိုင်တဲ့ မွတ်စလင်တွေကို
စိတ်အေးစေဖို့ ရည်ရွယ်ပြော
တာမျိုးဆိုရင်တော့ သူပြောတာ မအောင်မြင်ပါဘူး။
“ဒီဘုန်းကြီးပြောတာတွေက ကြောက်ဖို့ကောင်းတယ်”လို့ ၆၈ နှစ်အရွယ် မွတ်စလင်အမျိုးသား ဦးတင်အောင်
ကတရားပွဲအပြီးဓမ္မာရုံအပြင်ဘက်မှာ
ပြောပြပါတယ်။စကားကတော့ အများကြီး မဟုတ်ဘူး၊ ဒါပေမယ့်
ဘုန်း
ကြီးတရားတွေထဲမှာတော့ ဒါဟာ တော်တော် ပြင်းထန်ပါတယ်။
ဓမ္မ လက်တလုံးခြား
မွတ်စလင်တွေပဲ ထိတ်လန့်ချောက်ချားဖွယ်ရာတွေကို
စိုးရိမ်ခံစားနေရတာ မဟုတ်ပါဘူး။ မွတ်စလင်တွေ
ဓမ္မ လက်တလုံးခြား
မွတ်စလင်တွေပဲ ထိတ်လန့်ချောက်ချားဖွယ်ရာတွေကို
ဟာ နှစ်ပေါင်း၂ထောင်အရင်ကတည်းက မြန်မာပြည်မှာအခြေခိုင်ခဲ့တဲ့ယုံကြည်မှုကိုတိုင်းပြည်ကနေ ပျောက်
သွားအောင်ကြံစည်လုပ်ဆောင် နေတဲ့အကြောင်းကို ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်နှလုံးသားထဲမှာ စိုးရိမ်ခံစား
လာအောင် ၉၆၉ လှုပ်ရှားမှုက သွတ်သွင်းပေးပါတယ်။“ဒါဟာ ပထမအကြိမ်နဲ့ နောက်ဆုံးပါပဲ၊ ကျွန်တော်တို့
က လူငယ်တွေ၊ ကလေးတွေအတွက်
ရည်ရွယ်ခဲ့တာ၊ ဘုန်းကြီးက ၉၆၉ ကိစ္စတွေပဲ ပြောလိမ့်လို့ မထင်ခဲ့ဘူး” လို့
ပွဲစီစဉ်သူတစ်ဦးက ဆိုပါတယ်။ကျွန်တော် မေးကြည့်ခဲ့တဲ့ အဲဒီက အခြားသူတွေကလည်း ဦးဝိမလရဲ့ ဒေါ
သတကြီးလေသံ တွေကို သိပ်ပြီး မခံစားကြပါဘူး။
“သူ့အသံတွေက ဟစ်တလာလိုပဲ”လို့ ၉၀ ရွေးကောက်ပွဲအမတ်လည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသား ဟောင်း
လည်းဖြစ်သူအသက် ၅၇ နှစ်အရွယ်ဗုဒ္ဓဘာသာဝင်ဦးထွန်းသန်းက ဆိုတယ်။“သူတို့အုပ်စု အင်အားတောင့်
လာရင်တော့ အဲဒါပြဿနာပဲ”လို့တရားပွဲအပြီးမှာအလွတ်သဘောပြောပါတယ်။နောက်ထပ် NLDပါတီမှဒေ
သခံ နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးကျော်ကျော်ကလည်း ဒါကို ထောက်ခံပါတယ်။
“ခင်ဗျား ကြားတယ်မဟုတ်လား၊ အဲဒီသီချင်းကို…… ဗုဒ္ဓဘာသာ ရှင်လူများ သွေးအေးလို့ မနေသင့်ပြီ သွေး
“ခင်ဗျား ကြားတယ်မဟုတ်လား၊ အဲဒီသီချင်းကို…… ဗုဒ္ဓဘာသာ ရှင်လူများ သွေးအေးလို့ မနေသင့်ပြီ သွေး
အေးနေရင် သာသနာပျောက်လို့
လူမျိုးပျောက်လို့…ကွယ်လိမ့်မည် …..တဲ့… အဲဒါ ဘာသဘောလဲ။ လူတွေ
ကို ဆွပေးနေတာပဲဗျ။ ဒါကို ရပ်ပစ်ရမယ်” ကျွန်တော်တို့ စကားပြောနေရင်းနဲ့ ဦးကျော်ကျော်က ၉၆၉ လှုပ်
ရှားမှုဟာဗုဒ္ဓဘာသာယုံကြည်မှုအတွက်ခံတပ်ဖြစ်တဲ့ မော်လမြိုင်မှာသန္ဓေတည်ခဲ့တာဖြစ်ကြောင်း ပြန်ပြောင်း
ပြောဆိုပါတယ်။
လွန်ခဲ့နှစ်ပေါင်း ၂၀၀ လောက်က ဒီမော်လမြိုင်မြို့မှာ ဗုဒ္ဓဘာသာကျောင်းသားတွေ ခရစ်ယာန်သာသနာကို ကူးပြောင်းသွားခဲ့တဲ့အတွက် ဒေသခံတွေကကန့်ကွက်ပြီးသာသနာပြုကျောင်းတွေကို အတင်းအဓမ္မပိတ်ပစ်
ခဲ့တဲ့သမိုင်းကြောင်းရှိတယ်။၁၈၂၄
ခုနှစ်မှာ အောက်မြန်မာပြည်ကို ဗြိတိသျှတွေ သိမ်းပိုက်ပြီးနောက်၁၂ နှစ်
အကြာမှာ အဲဒီပြဿနာဖြစ်ခဲ့ပြီး မော်လမြိုင်မြို့ဟာ
ဗုဒ္ဓဘာသာဝင်သစ္စာခံများအတွက် ဂုဏ်သတင်းကြီးမား
ခဲ့ပါတယ်။ ဗြိတိသျှလက်အောက်မှာ
အိန္ဒိယကနေ မွတ်စလင်တွေ အစုလိုက်အပြုံလိုက်ဝင်ရောက်ခြဲ့ ပီး အခု
တော့ သူတို့ရဲ့မျိုးဆက်တွေဟာ မြန်မာပြည်ရဲ့ ၅ ပုံတစ်ပုံလောက်ရှိနေတယ်။
၁၉၉၇ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် မော်လမြိုင်မြို့မှာ နှစ်ဖက်လှဦးကျော်လွင် ရေးသားထုတ်ဝေတဲ့ “၉၆၉”
အမည်နဲ့ စာမျက်နှာ ၄၀ ပါ
စာအုပ်ထွက်ရှိလာပါတယ်။ စာအုပ်ရဲ့အဓိကလိုရင်းကတော့ ဗုဒ္ဓဘာသာဝင်တွေ
ကို
သူတို့ရဲ့အိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ယာဉ်တွေမှာ “၉၆၉”တံဆိပ်ကို
ထင်ထင်ရှားရှား ကပ်ထားဖို့ တိုက်တွန်းထားတာပါ။တခြားဘာသာကို
ဝေဖန်တိုက်ခိုက်ဖို့ ပြောထားတာတစ်ခုမှမရှိပေမယ့်ဗုဒ္ဓဘာသာဝင်
တွေကို
လူကောင်းတွေဖြစ်စေဖို့နဲ့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ထောက်ပံ့ဖို့
တိုက်တွန်းထား
ပါတယ်။
နှစ်အနည်းငယ်ကြာတဲ့အခါမှာ နောက်ထပ် ထွက်လာတဲ့စာအုပ်ကတော့ မွတ်စလင် မုန်းတီးရေးအကြောင်း
နှစ်အနည်းငယ်ကြာတဲ့အခါမှာ နောက်ထပ် ထွက်လာတဲ့စာအုပ်ကတော့ မွတ်စလင် မုန်းတီးရေးအကြောင်း
ရေးထားတဲ့
“အမျိုးပျောက်မှာ စိုးကြောက်စရာ”ဆိုတဲ့ စာအုပ်ပဲဖြစ်ပါတယ်။ ဒီစာအုပ်မှာလည်း
ဗုဒ္ဓဘာသာ
ဝင်တွေကို ကောင်းကောင်းမွန်မွန်နေထိုင်ဖို့  အလေးပေးပြောကြားထား ပေမယ့် ဗုဒ္ဓဘာသာကာကွယ်ရေးဖို့
အတွက်ဆြို ပီးတော့ မွတ်စလင်တွေကို ခွဲခြားဆက်ဆံဖို့ အားပေးတဲ့ ပညတ်ချက် ၁၇ ချက် ထုတ်ပြန်ထားတာ
တော့ရှိပါတယ်။
ဒီစာအုပ်ကို ၂၀၀၀ပြည့်နှစ်လောက်မှာ ပထမဆုံးကြိမ် ထုတ်ဝေခဲ့ပေမယ့် တရားဝင်တော့ မဟုတ်ခဲ့ပါဘူး။ ဒီလိုစာအုပ်မျိုးကို လက်ဝယ်တွေ့ရှိရင်လည်း ၁၉၅၀ အရေးပေါ်အက်ဥပဒေ ပုဒ်မ ၅(ည)အရ ထောင်ဒဏ် ၇ နှစ်အရေးယူခံရနိုင်ပါတယ်။
ဒီစာအုပ်မှာ ဗုဒ္ဓဘာသာဝင်တွေကို မွတ်စလင်အပေါ် “ဖြတ် သုံးဖြတ်”ကျင့်သုံးဖို့ တိုက်တွန်းထားတယ်။ ပထမ
“ဖြတ်”ကတော့မွတ်စလင်တွေနဲ့စီးပွားရေးအားလုံး
ဖြတ်တောက်ဖို့၊ နောက်တစ်ခုက မွတ်စလင်တွေ ဗုဒ္ဓဘာ
သာဝင်နဲ့လက်ထပ်တာကို
ခွင့်မပြုဖို့၊ နောက်ထပ်တစ်ခု ကတော့ လူမှုဆက်ဆံရေးမှာ မွတ်စလင်တွေနဲ့
ကင်း
ကင်းရှင်းရှင်းနေပြီး မေးထူးခေါ်ပြောလေးတောင် မလုပ်ဘဲ အဆက်အသွယ်
ဖြတ်တောက်ဖို့ပဲ ဖြစ်ပါတယ်။ ဒါ
ဟာ ဘာမှမဟုတ်သလိုထင်ရပေမယ့် အဓိကရုဏ်းတွေကို
ဦးတည်နေပါတယ်။
မွတ်စလင်ဆန့်ကျင်ရေးလှုံ့ေ
မွတ်စလင်ဆန့်ကျင်ရေးလှုံ့ေ