Pages

Thursday, June 27, 2013

ရန်ကုန်လေဆိပ် စီမံကိန်း စက်တင်ဘာလ စတင်အကောင်အထည်ဖော်မည်

Wednesday, June 27, 2013

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးချဲ့ပြုပြင်ရေး စီမံကိန်းကို စက်တင်ဘာလ အ

တွင်း စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ
တဆင့် သိရသည်။
“စီမံကိန်းကာလအနေနဲ့ နှစ်နှစ် ကြာမြင့်မှာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ အပြီးသတ် လုပ်ကိုင်ရမှာ ဖြစ်ပါတယ်” ဟု အဆိုပါဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

လေဆိပ်အတွင်း အခြေခံ အဆောက်အအုံများ တိုးချဲ့တည်ဆောက်ခြင်းအတွက် ပြည်တွင်း-ပြည်ပ စီးပွား

ရေး လုပ်ငန်းရှင်များအား တင်ဒါခေါ်ယူခဲ့ရာ အကြိုအရည်အချင်း စစ်ဆေးရာတွင် ၁၁ ဖွဲ့ အောင်မြင်ခဲ့သည်။ ယင်းအဖွဲ့များအနက် ၇ ဖွဲ့သာ တင်ဒါ ဆက်လက်တင်သွင်းခဲ့သည်။

“တင်ဒါတင်သွင်းတဲ့ အဖွဲ့ ၇ ဖွဲ့ကနေ ၂ ဖွဲ့ကိုပဲ ရွေးချယ်သွားမှာပါ။ တဖွဲ့က စီမံကိန်းမှာ လက်တွေ့ ဆောင်ရွက် ရမှာပါ။ တဖွဲ့ကတော အရန်ထားရှိမှာ ဖြစ်ပါတယ်။ မတော်တဆ ပထမအဖွဲ့က စီမံကိန်းကို ပြီးဆုံးအောင် မ

ဆောင်ရွက်နိုင်ခဲ့ရင် ဒုတိယ အရန်ထားတဲ့ အဖွဲ့က ဆက်လက် ဆောင်ရွက်ခွင့် ရမှာပါ” ဟု၎င်းကဆက်လက်
ပြောကြားသည်။

တင်ဒါရွေးချယ်မှုကို ဇူလိုင်လအတွင်း အပြီးသတ် ရွေးချယ်သွားမည် ဖြစ်သည်။

“တင်ဒါ တင်သွင်းခဲ့တဲ့ အဖွဲ့တွေမှာ ဂျပန်၊ ပြင်သစ်၊ မလေးရှား၊ စင်္ကာပူ၊ ကိုရီးယား၊ ဂျာမနီ နိုင်ငံစုံက ပါဝင်ပါ

တယ်” ဟု တင်ဒါတင်သွင်းခဲ့သည့် မြန်မာကုမ္ပဏီတခုမှ မန်နေဂျာ ဦးစိန်သန်း က ဆိုသည်။

လက်ရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နှစ်စဉ် ခရီးသွားလာမှု တိုးတက်လျက်ရှိရာ ၂၀၁၂ ခုနှစ်

တွင် ခရီးသည် ၅၀၀,၀၀၀ ခန့်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ခရီးသည် ၆,၀၀၀,၀၀၀ ပြည်မီလာနိုင်သည်ဟု ခန့်မှန်း
ထားသည်။

အဆိုပါ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဧက ၁,၀၀၀ ကျော် ကျယ်ဝန်းကြောင်း သိရသည်။

Mizzima News , RangonNewsDaily
kolatt(PBDN): 27.6.2013

0 comments:

Post a Comment