Pages

Thursday, June 27, 2013

ပန်ဘဲတန်းမြို့နယ် ၂၅လမ်းအလယ်ဘလောက်ရှိ ထရန်စဖော်မာ ယမန့်နေ့ညပိုင်းက မီးလောင်မှုဖြစ်ပွား

၂၆.၆.၂၀၁၃
ရန်ကုန်တိုင်းဒေသကြီး ပန်ဘဲတန်းမြို့နယ် ၂၅လမ်းအလယ်ဘလောက်ရှိ ထရန်စဖော်မာကြီး ယနေ့ ၂၆.၆
၂၀၁၃ညပိုင်းကမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။"ဗလီအနီးက ထရန်စဖော်မာ မီးဗို့အားမနိုင်
ပဲထပေါက်တာပါ " ပန်ဘဲတန်းရပ်ကွက်နေသူတစ်ဦးကပြောပြပါတယ်။
ပေါက်ကွဲတဲ့ အသံကျယ်လွန်းလို့ ပန်ဘဲတန်းသားတွေအားလုံး ထိတ်လန့်ပြီး လမ်းပေါ်ရောက်ကုန်ပါတယ် ။
အနီးအနား၇ှိတဲ့ သိမ်ကြီးဈေးမှ ဆိုင်သမားတွေလဲ ဆိုင်တွေမီးလောင်ပြီထင်လို့ ရောက်လာခဲ့ကြပါတယ် ။
မီးကို ၁၂း၂၀ မိနစ်တွင် ထိန်းချုပ်နိုင်ပြီလို့ သိရပါတယ်။

အထပ်မြင့်တိုက်တွေများပြီး မီးဖြန့်ဝေမှုစနစ်ကမပြောင်းလဲတော့ခုလိုတွေခနခနပန်ဘဲတန်းမှာဖြစ်နေတာ

ပါ။မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှမီးလောင်မှုဖြစ်ပွားရာသို့မီးသတ်ယာဉ် ၄စီးအုပ်ချုပ်မှုယာဉ်တစ်စီးနှင့်အချိန်
မှီရောက်ရှိငြိမ်းသတ်ခဲ့ပါတယ်။

(သတင်းစဉ်)
ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၆.၆.၂၀၁၃

0 comments:

Post a Comment