CNG အသုံးပြုရသော လိုင်းကားအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်) |
Thursday, June 27, 2013
မြန်မာနိုင်ငံအတွက် နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီသော စွမ်းအင်ဆိုင်ရာ မူဝါဒများ ချမှတ်ပြီးစီးပါက CNG အရောင်းဆိုင်များကို
ပုဂ္ဂလိကနှင့် ပူးတွဲလုပ်ကိုင်ခွင့်ပေးရန် စီစဉ်ဖွယ် ရှိနေသည်ဟု National
Energy Devel
opment Committee မှ ဦးသောင်းဝင်းက ပြောကြားသည်။
"CNG က မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ အဆပေါင်းများစွာ တိုးချဲ့ထုတ်လုပ်ဖို့
ရှိနေတယ်။ နိုင်ငံတော်မူဝါဒက
လည်း ပြည်တွင်း၊ ပြည်ပပူးတွဲလုပ်ငန်းတွေကိုအကောင်အထည်ဖော်မှာ ဖြစ်တဲ့အတွက်ပုဂ္ဂလိကလုပ်ငန်းတွေ
ကို အားပေးနေတာ
ဖြစ်တယ်။ဒီတော့ဓာတ်ငွေ့အရောင်းဆိုင် လုပ်ငန်းကိုလည်း သေချာပေါက်အားပေးမှာ
ဖြစ်တယ်။သို့ပေမယ့် ပြည်တွင်းကအရင်းအနှီးရှိတဲ့သူနဲ့တွဲလုပ်ရမှာဖြစ်လို့ ဖက်စပ် (Joint Venture)လုပ်ဖို့ ဖြစ်
နိုင်ခြေ
များပါတယ်" ဟု ၎င်းကဆိုသည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် CNG ဖြည့်ပေးသည့် Station ၄၅ ခုလုံးသည် အစိုးရပိုင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် CNG ကိုစီးတီးဘတ်စ်များနှင့်တက္ကစီများအတွက်အများဆုံး ထောက်ပံ့ပေးနေပြီး နောင်တွင်
လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် CNG ဖြည့်ပေးသည့် Station ၄၅ ခုလုံးသည် အစိုးရပိုင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် CNG ကိုစီးတီးဘတ်စ်များနှင့်တက္ကစီများအတွက်အများဆုံး ထောက်ပံ့ပေးနေပြီး နောင်တွင်
အခြားယာဉ်များကိုပါ တိုးချဲ့ပေးသွားရန်
မျှော်မှန်းထားကြောင်း သိရသည်။
"လက်ရှိရေးဆွဲနေတဲ့စွမ်းအင်မူဝါဒမှာ မြစ်တွင်းသွားသင်္ဘောတွေ အတွက်လည်း ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်
"လက်ရှိရေးဆွဲနေတဲ့စွမ်းအင်မူဝါဒမှာ မြစ်တွင်းသွားသင်္ဘောတွေ အတွက်လည်း ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်
ပါတယ်။ ဒါပေမဲ့ CNG က သိုလှောင်ရတဲ့ ပမာဏက အကန့်အသတ် ရှိပါတယ်။
မြစ်တွင်းသွား သင်္ဘောတွေ
က ခရီးအကွာအဝေးနဲ့ဓာတ်ငွေ့ဖြည့်ပေးမယ့် Station တွေအဆင်ပြေရင်တဖြည်းဖြည်း ပေးသွားဖို့ အစီအစဉ်
ရှိပါတယ်" ဟု
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ညွှန်ကြားရေးမှူးဦးညီညီစိန်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏စွမ်းအင်ထုတ်လုပ်မှုရည်မှန်းချက်အရကာလတိုငါးနှစ်စီမံကိန်းအဖြစ် ၂၀၁၁-၁၂ ခုနှစ်မှ ၂၀၁၅
မြန်မာနိုင်ငံ၏စွမ်းအင်ထုတ်လုပ်မှုရည်မှန်းချက်အရကာလတိုငါးနှစ်စီမံကိန်းအဖြစ် ၂၀၁၁-၁၂ ခုနှစ်မှ ၂၀၁၅
-၁၆
ခုနှစ်အတွင်း ရေနံစိမ်းကို ကုန်းတွင်းကမ်းလွန် နှစ်ရပ်ပေါင်းတွင်
ရေနံစိမ်းစည် သန်းပေါင်း (၆ ဒသမ ၆ သန်း) မှ (၆ ဒသမ ၆၁၂ သန်း) အထိ ၀ ဒသမ ၂
ရာခိုင်နှုန်း တိုးမြှင့်ထုတ်လုပ် သွားမည်ဟု သိရသည်။
ကာလတို ငါးနှစ်စီမံကိန်းတွင် သဘာဝဓာတ်ငွေ့ကို ကုန်းတွင်းကမ်းလွန် နှစ်ရပ်ပေါင်း ကုဗပေသန်းပေါင်း ၄၆
ကာလတို ငါးနှစ်စီမံကိန်းတွင် သဘာဝဓာတ်ငွေ့ကို ကုန်းတွင်းကမ်းလွန် နှစ်ရပ်ပေါင်း ကုဗပေသန်းပေါင်း ၄၆
၅၂၈၀ မှ ၇၉၁၈၇၄ သန်း၊ ၇၀ ဒသမ ၂ ရာခိုင်နှုန်းအထိ
တိုးမြှင့်ထုတ်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
EMG , RangonNewsDaily
kolatt(PBDN): 27.6.2013
0 comments:
Post a Comment