Pages

Thursday, June 27, 2013

ဧည့်လမ်းညွှန် မှတ်ပုံတင်ကတ် အရောင် ရှစ်မျိုး သတ်မှတ်

Thursday, June 27, 2013

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များ အတွက် ဧည့်လမ်းညွှန် လုပ်ကိုင်ခွင့် မှတ်ပုံတင် ကတ်ပြားကို ဒေသအလိုက် အရောင် ရှစ်မျိုး သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ကျိုင်းတုံ၊ တာချီလိတ်ဒေသတွင် လိမ္မော်ရောင်၊ မူဆယ်ဒေသတွင် ခရမ်းရောင်၊ တောင်ကြီးဒေသတွင် မိုးပြာ
ရောင်၊ ကော့သောင်းဒေသတွင်အပြာရင့်ရောင်၊ရခိုင်ဒေသတွင်အဝါရောင်၊ပုဂံဒေသတွင်အနီရောင်၊မန္တလေး
ဒေသတွင် အနီရောင်နှင့် ရန်ကုန်ဒေသတွင် အစိမ်းရောင်ဟူ၍ သတ်မှတ် ထားသော ဧည့်လမ်းညွှန်လုပ်ကိုင်
ခွင့် မှတ်ပုံတင် ကတ်ပြားရ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များသည် ယင်းဒေသများတွင် ခရီးသွား ဝန်ဆောင်မှု
ပြုလုပ်ရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များ ခရီးသွားဝန်ဆောင်မှု ပြုလုပ်ရာ၌ အရောင်များအလိုက် သတ်မှတ် ထား

သော နယ်မြေဒေသတွင်မှတ်ပုံတင်ကတ်များကိုချိတ်ဆွဲသွားရမည်ဖြစ်ကြောင်း အဆိုပါအသင်း ပြန်ကြားရေး တာဝန်ရှိသူက ပြောကြားသည်။

“လာမယ့် ခရီးသွားရာသီကျရင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် လုပ်ကိုင်ခွင့် မှတ်ပုံတင်ကတ်ပြား ရတဲ့ သူရော၊ ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် ရတဲ့သူရော ခရီးသွားဝန်ဆောင်မှု လုပ်နေချိန် လိုင်စင် ကတ်ပြားကို ဆွဲထား

ဖို့ လိုတယ်။ လိုင်စင်မရှိဘဲ လုပ်ရင်ထိထိရောက်ရောက် အရေးယူနိုင်အောင် ဆောင်ရွက်မယ်” ဟု ၎င်းက ဆို
သည်။

ဒေသဆိုင်ရာ ဧည့်လမ်းညွှန် လုပ်သက် ၂ နှစ်ရှိပါက ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် စာမေးပွဲကို ဝင်ရောက်

 ဖြေဆိုနိုင်ကြောင်း ၎င်းထံမှ စုံစမ်း သိရှိရသည်။

ဒေသဆိုင်ရာ ဧည့်လမ်းညွှန် သင်တန်းများကို ဖွင့်လှစ်ခဲ့ရာ မန္တလေးတွင် ၁၀၃ ဦး၊ ပုဂံတွင် ၁၀၇ ဦး၊ တောင်

ကြီးတွင်၁၂၅ ဦးနှင့်စစ်တွေတွင်၆၄ ဦးရှိပြီဖြစ်ပြီးကျန်အရောင် သတ်မှတ်ထားသော ဒေသ များတွင်ပါ ဆက်
လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး တစ်ဦးက
ပြောကြားသည်။

ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက ၂၀၁၃ ခုနှစ် မေလအထိ ဧည့်လမ်းညွှန် လုပ်ငန်း လိုင်စင် ၃၅

၂၂ ခု ထုတ်ပေးထားပြီးဖြစ်သည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 27.6.2013

0 comments:

Post a Comment