Pages

Thursday, June 27, 2013

နောင်ချိုမြို့နယ်ရဲစခန်းမှ ဖမ်းဆီးသွားသော တောင်သူ(၄)ဦးပြန်လွှတ် ပေးရေး ဒေသခံတောင်သူများ စုပေါင်း တောင်းဆို

Photo: နောင်ချိုမြို့နယ်ရဲစခန်းမှ ဖမ်းဆီးသွားသော တောင်သူ(၄)ဦးပြန်လွှတ် ပေးရေး ဒေသခံတောင်သူများ စုပေါင်း တောင်းဆို
Thursday, June 27, 2013

နောင်ချိုမြို့နယ်ရဲစခန်းမှ ဖမ်းဆီးသွားသော တောင်သူ (၄)ဦး ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် ဒေသခံ တောင်သူများမှ နောင်ချိုရဲစခန်း ရှေ့တွင်  ယမန်နေ့ ဇွန်လ ၂၆ရက်နေ့ညက စုပေါင်းတောင်းဆိုမှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါရွာသား (၄)ဦးအား ခွင့်ပြုချက်မရဘဲ သိမ်းဆည်းထားသောလယ်ယာမြေပေါ်တွင် ၀င်ရောက်လုပ်ကိုင်သဖြင့် ခြေချုပ်ခံဝန်ဥပဒေ ပုဒ်မ ၅(၁) (စ) (ဆ)တို့ဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးမှ တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း၊ တောင်သူများဘက်မှ လယ်ယာမြေပြဿနာများအား လိုက်လံ ဖြေရှင်းပေးနေသည့် မမြနှင်းဆီ၏  ပြောကြားချက်အရ သိရသည်။

ကျွန်တော်တို့ ဒီလယ်ယာမြေဧက(သုံးထောင်)ကို ၂၀၀၇ ခုနှစ်မှာ ကော်ဖီစီမံကိန်းအတွက်ဆိုပြီး အစိုးရနဲ့ မိုးထက်ကုမ္ပဏီတို့က ပေါင်းပြီး သိမ်းသွားတာ၊ ပြီးတော့ ဒီနေ့အချိန်ထိ ဘာမှလည်း အကောင်ထည်မဖော်ဘူး၊ အဲဒီမြေတွေပေါ်မှာ ကြံ၊ သရက်၊ ပြောင်းတွေ စိုက်ထားပြီး တော့ ဖြစ်အောင်စိုက်တာလည်း မဟုတ်ဘူး၊ ကျွန်တော်တို့ တောင်သူတွေက ဒါကိုမကျေနပ်လို့ လယ်ယာမြေစုံစမ်းစစ်ဆေးရေးကို တင်ထား တာလည်း ဘာမှအကြောင်းမထူးဘူး။ တချို့ဆိုရင် မတတ်နိုင်တဲ့သူတွေက စားစရာမရှိတော့လို့ ၀င်ပြီး မိမိမူလပိုင်ဆိုင်ခဲ့တဲ့ လယ်တွေမှာ ၀င်လုပ်နေကြတာ၊ ဒါကိုလာပြီး ဖမ်းသွားတာ ဟုဒေသခံတောင်သူ ကိုသန်းဇော်မြင့်က ပြောကြားသည်။

ဖမ်းဆီးခံရသော တောင်သူ (၄)ဦးမှာ နောင်ချိုမြို့နယ်၊ ကံ့ကော်ကျေးရွာမှ ဦးညိုအေးနှင့် ဦးဖိုးချော၊ ရေပင် ကျေးရွာမှ ဦးကျော်ညွန့်၊ ငါးပင် ကျေးရွာမှ ဦးထွန်းအောင်တို့ ဖြစ်ကြောင်း သိရပြီး ဦးညိုအေး၊ ဦးဖိုးချောနှင့် ဦးကျော်ညွန့်တို့ (၃)ဦးအား အစည်းဝေးရှိသည် စခန်းသို့ လိုက်ခဲ့ ပါဟုဆိုပြီး ရဲစခန်းအတွင်း အချုပ်ထဲထည့် ထားပြီး၊ ငါးပင်ကျေးရွာမှ ဦးထွန်းအောင်ကိုမူ ယာတဲတွင်လာရောက်ခေါ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ကျမတို့ ယာတဲမှာလာပြီး ထွန်းအောင်ဆိုတာ နင်လားလို့မေးတယ်၊ ပြီးတော့ စခန်းလိုက်ခဲ့လို့ ပြောပြီး လက်ကိုလာဆွဲတာ ကျမက ဘာလို့ လဲမေးတော့ သေနတ်နဲ့ မိသားစုကို ချိန်ထားတာ၊ ကျမယောက်ျားကို လက်ထိပ်ခတ်မယ်လုပ်တော့ ငါလိုက်မယ် လက်ထိတ်မခတ်နဲ့ဆိုတော့ ကားပေါ်ကို အတင်းတင်သွားတာ၊ ရဲ(၆)ယောက် ပါတယ်။ မနက်ပိုင်း (၇း၁၅)မှာ လာခေါ်သွားတာဟု ဖမ်းဆီးခံရသော ငါးပင်ကျေးရွာမှ ဦးထွန်းအောင်၏ ဇနီးဖြစ်သူ ဒေါ်နော်လီက ပြောကြားသည်။

ထိုကဲ့သို့ တောင်သူများအား ဖမ်းဆီးမှုကြောင့် အနီးအနားကျေးရွာ (၃)အုပ်စု ရွာ(၆)ရွာမှ ဒေသခံများမှ မွန်းလွဲ ၂နာရီ ၃၀ မိနစ် အချိန်မှ စတင် စုဝေးပြီး ဖမ်းဆီးခံရသူများ ပြန်လွှတ်ပေးရေး တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ကျနော်က အုမ္မသီးကပါ၊ အခု ဦးထွန်းအောင်တို့ကို ဖမ်းထားတယ်။ သူတို့က ခေါင်းဆောင်ထင်ပြီး ဖမ်းထားတာထင်တယ်၊ တကယ်ဆို ခေါင်း ဆောင်မဟုတ်ဘူး။ တောင်သူအချင်းချင်းမို့ ၀ိုင်းဝန်းပြီး ကူညီလုပ်ပေးတာကို ဖမ်းသွားတာ၊ သူတို့ကို မလွှတ်မချင်း ကျွန်တော်တို့ မပြန်ဘူး ဟု အုမ္မသီးကျေးရွာမှ ဒေသခံ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်ရေးတောင်းဆိုနေစဉ် ည(၈း၃၀)အချိန်မှာ နောင်ချိုမြို့နယ် ရဲစခန်းမှ ကျေးရွာအုပ်စု (၃)စုမှ
ခေါင်းဆောင်များဖြစ်သော ဦးကျော်မင်း၊ ဦးလှခင်၊ ဦးမင်းမင်းတို့ (၃)ဦးအား ထပ်မံခေါ်ယူပြီး ဆွေးနွေးညှိနှိုင်းကြကြောင်း သိရသည်။

ယင်းနောက် ည (၁၀း၃၀)အချိန်တွင် အဆိုပါဆွေးနွေးညှိနှိုင်းသူ (၃)ဦးနှင့် မြို့မိမြို့ဖများ၊ သဖန်းကိုင်း ဘုန်းတော်ကြီးကျောင်း ဆရာတော်များ မှ တောင်းဆိုမှုပြုနေသော လူထုအား လူစုခွဲပေးပါရန်နှင့် မနက်ဖြန် (၂၇)ရက်နေ့၊ နံနက် (၉)နာရီအချိန်တွင် ထိမ်းသိမ်းထားသူများအား ပြန် လည်လွှတ်ပေးမည်ဟု ကတိပြုသဖြင့် ည ၁၀နာရီ ၄၅မနစ်တွင်အချိန်တွင် လူစုကွဲသွားကြောင်း သိရသည်။

စိုင်းကံသာ (လားရှိုး)
မြန်မာ့ခေတ်

Thursday, June 27, 2013

နောင်ချိုမြို့နယ်ရဲစခန်းမှ ဖမ်းဆီးသွားသော တောင်သူ (၄)ဦး ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် ဒေသ
ခံ တောင်သူများမှ နောင်ချိုရဲစခန်း ရှေ့တွင်ယမန်နေ့ ဇွန်လ၂၆ရက်နေ့ညက စုပေါင်းတောင်းဆိုမှု ပြုလုပ်ခဲ့
ကြကြောင်း သိရသည်။ အဆိုပါရွာသား (၄)ဦးအား ခွင့်ပြုချက်မရဘဲ သိမ်းဆည်းထားသောလယ်ယာမြေပေါ်တွင်ဝင်ရောက်လုပ်ကိုင်
သဖြင့် ခြေချုပ်ခံဝန်ဥပဒေပုဒ်မ၅(၁)(စ)(ဆ)တို့ဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးမှတရားစွဲဆိုထားခြင်း ဖြစ်ကြောင်း
၊ တောင်သူများဘက်မှလယ်ယာမြေပြဿနာများအားလိုက်လံ ဖြေရှင်းပေးနေသည့် မမြနှင်းဆီ၏ ပြောကြား
ချက်အရ သိရသည်။

ကျွန်တော်တို့ ဒီလယ်ယာမြေဧက(သုံးထောင်)ကို ၂၀၀၇ ခုနှစ်မှာ ကော်ဖီစီမံကိန်းအတွက်ဆိုပြီး အစိုးရနဲ့ မိုး
ထက်ကုမ္ပဏီတို့က ပေါင်းပြီး သိမ်းသွားတာ၊ ပြီးတော့ ဒီနေ့အချိန်ထိ ဘာမှလည်း အကောင်ထည်မဖော်ဘူး၊ အဲဒီမြေတွေပေါ်မှာ ကြံ၊ သရက်၊ ပြောင်းတွေ စိုက်ထားပြီး တော့ ဖြစ်အောင်စိုက်တာလည်း မဟုတ်ဘူး၊ 
 
ကျွန်တော်တို့ တောင်သူတွေက ဒါကိုမကျေနပ်လို့ လယ်ယာမြေစုံစမ်းစစ်ဆေးရေးကို တင်ထား တာလည်း ဘာမှအကြောင်းမထူးဘူး။ တချို့ဆိုရင် မတတ်နိုင်တဲ့သူတွေက စားစရာမရှိတော့လို့ ၀င်ပြီး မိမိမူလပိုင်ဆိုင်
ခဲ့တဲ့ လယ်တွေမှာ ၀င်လုပ်နေကြတာ၊ ဒါကိုလာပြီး ဖမ်းသွားတာ ဟုဒေသခံတောင်သူ ကိုသန်းဇော်မြင့်က
ပြောကြားသည်။

ဖမ်းဆီးခံရသော တောင်သူ (၄)ဦးမှာ နောင်ချိုမြို့နယ်၊ ကံ့ကော်ကျေးရွာမှ ဦးညိုအေးနှင့် ဦးဖိုးချော၊ ရေပင်
ကျေးရွာမှ ဦးကျော်ညွန့်၊ ငါးပင် ကျေးရွာမှ ဦးထွန်းအောင်တို့ ဖြစ်ကြောင်း သိရပြီး ဦးညိုအေး၊ ဦးဖိုးချောနှင့် ဦးကျော်ညွန့်တို့ (၃)ဦးအား အစည်းဝေးရှိသည် စခန်းသို့ လိုက်ခဲ့ ပါဟုဆိုပြီး ရဲစခန်းအတွင်း အချုပ်ထဲထည့် ထားပြီး၊ ငါးပင်ကျေးရွာမှ ဦးထွန်းအောင်ကိုမူ ယာတဲတွင်လာရောက်ခေါ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ကျမတို့ ယာတဲမှာလာပြီး ထွန်းအောင်ဆိုတာ နင်လားလို့မေးတယ်၊ ပြီးတော့ စခန်းလိုက်ခဲ့လို့ ပြောပြီး လက်
ကိုလာဆွဲတာကျမကဘာလိုလဲမေးတော့ သေနတ်နဲ့မိသားစုကို ချိန်ထားတာ၊ ကျမယောက်ျားကိုလက်ထိပ်
ခတ်မယ်လုပ်တော့ ငါလိုက်မယ် လက်ထိတ်မခတ်နဲ့ဆိုတော့ကားပေါ်ကိုအတင်းတင်သွားတာ၊ ရဲ(၆)ယောက်
ပါတယ်။ မနက်ပိုင်း (၇း၁၅)မှာ လာခေါ်သွားတာဟု ဖမ်းဆီးခံရသော ငါးပင်ကျေးရွာမှ ဦးထွန်းအောင်၏ ဇနီး
ဖြစ်သူ ဒေါ်နော်လီက ပြောကြားသည်။

ထိုကဲ့သို့ တောင်သူများအား ဖမ်းဆီးမှုကြောင့် အနီးအနားကျေးရွာ (၃)အုပ်စု ရွာ(၆)ရွာမှ ဒေသခံများမှ မွန်း
လွဲ ၂နာရီ ၃၀ မိနစ် အချိန်မှ စတင် စုဝေးပြီး ဖမ်းဆီးခံရသူများ ပြန်လွှတ်ပေးရေး တောင်းဆိုခဲ့ကြခြင်းဖြစ်
သည်။

ကျနော်က အုမ္မသီးကပါ၊ အခု ဦးထွန်းအောင်တို့ကို ဖမ်းထားတယ်။ သူတို့က ခေါင်းဆောင်ထင်ပြီး ဖမ်းထား
တာထင်တယ်၊ တကယ်ဆို ခေါင်း ဆောင်မဟုတ်ဘူး။ တောင်သူအချင်းချင်းမို့ ၀ိုင်းဝန်းပြီး ကူညီလုပ်ပေးတာ
ကို ဖမ်းသွားတာ၊ သူတို့ကို မလွှတ်မချင်းကျွန်တော်တို့ မပြန်ဘူးဟုအုမ္မသီးကျေးရွာမှ ဒေသခံတစ်ဦးက ပြော
ကြားသည်။

အဆိုပါ ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်ရေးတောင်းဆိုနေစဉ် ည(၈း၃၀)အချိန်မှာ နောင်ချိုမြို့နယ် ရဲစခန်းမှ ကျေးရွာအုပ်စု (၃)စုမှခေါင်းဆောင်များဖြစ်သော ဦးကျော်မင်း၊ ဦးလှခင်၊ ဦးမင်းမင်းတို့ (၃)ဦးအား
ထပ်မံခေါ်ယူပြီး ဆွေးနွေးညှိနှိုင်းကြကြောင်း သိရသည်။

ယင်းနောက် ည (၁၀း၃၀)အချိန်တွင် အဆိုပါဆွေးနွေးညှိနှိုင်းသူ (၃)ဦးနှင့် မြို့မိမြို့ဖများ၊ သဖန်းကိုင်း ဘုန်း
တော်ကြီးကျောင်း ဆရာတော်များ မှ တောင်းဆိုမှုပြုနေသော လူထုအား လူစုခွဲပေးပါရန်နှင့် မနက်ဖြန် (၂၇)
ရက်နေ့၊ နံနက် (၉)နာရီအချိန်တွင် ထိမ်းသိမ်းထားသူများအား ပြန် လည်လွှတ်ပေးမည်ဟု ကတိပြုသဖြင့် ည ၁၀နာရီ ၄၅မနစ်တွင်အချိန်တွင် လူစုကွဲသွားကြောင်း သိရသည်။

စိုင်းကံသာ (လားရှိုး)
မြန်မာ့ခေတ် , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၇.၆.၂၀၁၃

0 comments:

Post a Comment