Pages

Thursday, June 27, 2013

တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း စထုတ်သည့်နေ့ လူနှစ်သောင်းကျော် လာရောက် ထုတ်ယူ

Thursday, June 27, 2013

တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းစတင်ထုတ်ယူနိုင်သည့်ဇွန်လ၂၅ ရက်နေ့တွင်ရန်ကုန်နှင့် နေပြည်တော်

စာစစ်ဌာန နှစ်ခုပေါင်း၌ လူနှစ်သောင်းကျော် လာရောက်ထုတ်ယူခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က The Voice သို့ ပြောကြားသည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအတွက်အမှတ်စာရင်းရမှတ်များကိုဇူလိုင်လ ပထမပတ်တွင် ထုတ်
ပြန်မည်ဟု ကြေညာထားခဲ့ သော်လည်း လာရောက် မေးမြန်းသူ များပြားသောကြောင့် ယခုရက် ပိုင်းအတွင်း ထုတ်ပေးရခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အခုတော့ နေ့ချင်းပြီးနေတုန်းပဲ။ များလာရင်တော့ နောက်ရက် ချိန်းရမယ်” ဟု ညွန်ကြားရေးမှူးချုပ် ဦးမျိုး

ညွန့်က ပြောဆိုသည်။

လက်ရှိတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအတွက်သာ အမှတ်စာရင်း ထုတ်ပေးမည်ဖြစ်ပြီး ကျရှုံးသူ

များကို လာမည့် လများတွင် ထုတ်ပေးသွားရန်ရှိကြောင်း၊ အမှတ်စာရင်း ထုတ်ပေးမှုအပိုင်း ပြီးဆုံးပါက တက္က
သိုလ်ဝင်တန်း အောင်လက်မှတ်များထုတ်ပေးရန်လည်းစီစဉ်သွားမည်ဖြစ်ကြောင်း၎င်းကThe Voice သို့ ပြော
ဆိုသည်။

အမှတ်စာရင်းထုတ်ယူလိုသူများသည်လူကိုယ်တိုင်သော် လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့် လည်း ကောင်း

ရန်ကုန်နှင့် နေပြည်တော် မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာနတို့တွင် နံနက် ၉ နာရီမှ နေ့လယ် ၃ နာရီအထိ ရုံးဖွင့်ရက်ပိုင်းအတွင်း သွားရောက် ထုတ်ယူနိုင်သည်။

၂၀၁၃ ခုနှစ်မတ်လကစစ်ဆေးခဲ့သောအဆိုပါ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ဇွန်လ ၈ ရက်

နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 27.6.2013

0 comments:

Post a Comment