Pages

Thursday, June 27, 2013

တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရုံနှင့် ငြိမ်းချမ်းရေး ရပြီဟု မဆိုနိုင်ဘဲ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးရန် များစွာကျန်ရှိနေသေး

Thursday, June 27, 2013

တိုင်းရင်းသား လက်နက်ကိုင်များနှင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရုံနှင့် ငြိမ်းချမ်းရေး ရပြီဟု မဆိုနိုင်ဘဲ နိုင်ငံရေး

အရ ဆက်လက်ဆွေးနွေးရန် များစွာကျန်ရှိနေသေးဟု သမ္မတ ဦးသိန်းစိန်က ဇွန် ၂၅ ရက်က နေပြည်တော်
၌ ပြုလုပ်ခဲ့သည့် စီမံကိန်း ကော်မရှင်အစည်းအဝေးတွင်အစိုးရအဖွဲ့ ခေါင်းဆောင်များအား ပြောကြားသည်။
နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းအောင် တိုင်းရင်း
သားလက်နက်ကိုင်အဖွဲ့အားလုံးနီးပါးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးသဘောတူညီချက်များကိုလက်မှတ်ရေးထိုး
နိုင်ခဲ့ကြောင်း၊ပစ်ခတ်တိုက်ခိုက်မှုအားလုံးနီးပါးရပ်စဲသွားပြီဖြစ်၍ မကြာမီ ကာလအတွင်း လွှတ်တော်သို့ တင်
ပြပြီးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကိုလက်မှတ်ရေးထိုး နိုင်တော့မည် ဖြစ်သည်ဟု သမ္မတ
ဦးသိန်းစိန်က ပြောကြားသည်။

"ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရုံနှင့် ငြိမ်းချမ်းရေး ရပြီဟုပြော၍ မရသေးဘဲ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးစ

ရာများ များစွာကျန်နေ ဦးမည်ဖြစ်သည်" ဟု သမ္မတက ပြောကြားခဲ့ကြောင်း ဇွန် ၂၅ ရက်က နိုင်ငံတော်သမ္မ
တရုံး ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (WGEC- Working Group For Ethnic Co-ordin

ation)သည် နိုင်ငံရေး ဆွေးနွေးရေးမူဘောင်တစ်ခုကို ရေးဆွဲပြီးMyanmar Peace Center သို့ ပေးပို့ထားသည်
ဟု တိုင်းရင်းသား သတင်းဌာန သျှမ်းသံတော်ဆင့်တွင် ဇွန် ၂၀ ရက်က ဖော်ပြထားသည်။

တစ်နှစ်ခွဲ ကာလအ
တွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ငြိမ်းချမ်းရေး တွေ့ဆုံ

ဆွေးနွေးမှု စုစုပေါင်း (၇၄) ကြိမ် ပြုလုပ်ထားကြောင်းနှင့် လက်ရှိအချိန်တွင် အစိုးရအနေဖြင့် လက်နက်ကိုင် အဖွဲ့ကြီး ၁၄ ဖွဲ့ရှိသည့်အနက် လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထား
ပြီးဖြစ်ကြောင်း သိရသည်။ 

သို့ရာတွင် အစိုးရသစ် လက်ထက်၌ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပထမဆုံး ရယူထားသည့် ရှမ်း
ပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) အဖွဲ့နှင့် အစိုးရ တပ်မတော်အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ၇၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အစိုးရနှင့်အပစ်အ
ခတ်ရပ်စဲရေးမရသေးသည့်ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် သဘောတူညီမှု ရရှိရေး ဆောင်
ရွက်နေပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံးနှင့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်
စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုး နိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့
အနေဖြင့် စီစဉ်ဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံတွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အကြီးအငယ်စုစုပေါင်း၃၀ ကျော်ရှိပြီးလက်နက်ကိုင်တပ်ဖွဲ့

ဝင်အင်အား စုစုပေါင်း တစ်သိန်းကျော်ရှိသည်ဟု Myanmar Peace Center မှ အကြီးတန်းအကြံပေး အရာရှိ
ဦးလှမောင်ရွှေက ပြောကြားထားသည်။

EMG , RangonNewsDaily
kolatt(PBDN): 27.6.2013

0 comments:

Post a Comment