Pages

Thursday, June 27, 2013

လစ်လပ်နေသော လွှတ်တော်ကိုယ်စားလှယ် နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် အစီအစဉ် မရှိသေး

Photo: လစ်လပ်နေသော လွှတ်တော်ကိုယ်စားလှယ် နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် အစီအစဉ် မရှိသေး
Thursday, June 27, 2013

လွှတ်တော်ကိုယ်စားလှယ် လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်အတွက် ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်ရန် အစီအစဉ် မရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဇွန် ၂၆ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပုသိမ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် မြေပုံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းတို့၏ လစ်လပ်မဲဆန္ဒ နယ်မြေများအတွက် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ပတ်သက်ပြီး မေးမြန်းသော မေးခွန်းများအပေါ် ယခုလို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဦးဝင်းမြင့်က "လစ်လပ်လျက်ရှိတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်များရဲ့ မဲဆန္ဒနယ်များအတွက် ပြည်သူ့ကိုယ်စားလှယ်လည်း မရှိ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများလည်း ဆောင်ရွက်မည့်သူလည်း မရှိ၊ အုပ်ချုပ်ရေး လူမှုရေး စီးပွားရေးတို့နှင့် စပ်လျဉ်းပြီး ပြည်သူ့ဆန္ဒကို ဖော်ဆောင်ပေးမည့်သူလည်း မရှိ၊ အာဏာပိုင်တို့က အလေးထား တိုင်ပင်အပ်တဲ့ ပုဂ္ဂိုလ်လည်း မရှိဖြစ်ရပါတယ်" ဟု မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားသည်။

လက်ရှိတွင် ကိုယ်စားလှယ် လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်မြေများမှာ ပြည်သူ့လွှတ်တော်တွင် ခြောက်နေရာ၊ အမျိုးသား လွှတ်တော်တွင် ငါးနေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အစည်းအဝေးများတွင် ငါးနေရာ လစ်လပ်လျက် ရှိသော်လည်း ရာခိုင်နှုန်းအားဖြင့် နည်းပါးခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လစ်လပ်တိုင်း ကျင်းပမည် မဟုတ်ဘဲ သင့်လျော်သော လစ်လပ်မဲဆန္ဒနယ် အရေအတွက် အတိုင်းသာ အခါအားလျော်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဖြေကြားရာတွင် ထည့်သွင်းပြောကြားသည်။

ထို့အတူ မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း ၏ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေးအတွက် အချိန်ကာလ အကန့်အသတ်တစ်ခု သတ်မှတ်ပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သတ်မှတ်နိုင်ခြင်း မရှိပါကြောင်း ဦးတင်အေးက ဆက်လက်ဖြေကြားသည်။

ယင်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက "ရွေးကောက်ပွဲ ကော်မရှင်ကလည်း ဥပဒေ၊ နည်းဥပဒေတွေနဲ့ ဆွေးနွေးသွားတယ်။ ဆွေးနွေးသွားတဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနဲ့ ပတ်သက်ပြီး ပြန်လည်ပြင်ဆင်ဖြည့်စွက် ခြင်းများလည်း ပြုလုပ်နိုင်တယ်။ အဲဒါ မိမိတို့ လွှတ်တော်ရဲ့အဓိက တာဝန်ဖြစ်တယ်။ ပိုမိုကောင်းမွန်တဲ့ ဥပဒေ ဖြစ်ရေးအတွက် လွှတ်တော်ရော၊ ကိုယ်စားလှယ်ရောမှာ တာဝန်ရှိပါတယ်" ဟု ပြောကြားသည်။

EMG

၂၀၁၂ ခုနှစ် ဧပြီလတွင် ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိ၍ NLD ပါတီဝင်များ အောင်ပွဲခံစဉ်
၂၀၁၂ ခုနှစ် ဧပြီလတွင် ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိ၍ NLD ပါတီဝင်များ အောင်ပွဲခံစဉ်
Thursday, June 27, 2013

လွှတ်တော်ကိုယ်စားလှယ်လစ်လပ်လျက်ရှိသောမဲဆန္ဒနယ်အတွက် ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်ရန်
အစီအစဉ် မရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဇွန် ၂၆ ရက်တွင်
ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ပုသိမ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် မြေပုံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦး
ဖေသန်းတို့၏ လစ်လပ်မဲဆန္ဒ နယ်မြေများအတွက် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ပတ်သက်ပြီး မေးမြန်းသော မေးခွန်းများအပေါ် ယခုလို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဦးဝင်းမြင့်က"လစ်လပ်လျက်ရှိတဲ့ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော်၊ ပြည်
နယ်လွှတ်တော်များရဲ့ မဲဆန္ဒနယ်များအတွက် ပြည်သူ့ကိုယ်စားလှယ်လည်းမရှိ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ
လည်း ဆောင်ရွက်မည့်သူလည်းမရှိ၊အုပ်ချုပ်ရေးလူမှုရေး စီးပွားရေးတို့နှင့် စပ်လျဉ်းပြီး ပြည်သူ့ဆန္ဒကို ဖော်
ဆောင်ပေးမည့်သူလည်း မရှိ၊ အာဏာပိုင်တို့က အလေးထား တိုင်ပင်အပ်တဲ့ ပုဂ္ဂိုလ်လည်း မရှိဖြစ်ရပါတယ်" ဟု မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားသည်။

လက်ရှိတွင် ကိုယ်စားလှယ် လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်မြေများမှာ ပြည်သူ့လွှတ်တော်တွင် ခြောက်
နေရာ၊ အမျိုးသားလွှတ်တော်တွင်ငါးနေရာ၊တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အစည်းအဝေးများတွင်
ငါးနေရာလစ်လပ်လျက်ရှိသော်လည်း ရာခိုင်နှုန်းအားဖြင့် နည်းပါးခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရလစ်လပ်
တိုင်း ကျင်းပမည် မဟုတ်ဘဲသင့်လျော်သောလစ်လပ်မဲဆန္ဒနယ်အရေအတွက်အတိုင်းသာ အခါအားလျော်
စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဖြေကြားရာ
တွင် ထည့်သွင်းပြောကြားသည်။

ထို့အတူ မြေပုံမဲဆန္ဒနယ်မှဦးဖေသန်း၏ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေးအတွက်အချိန်ကာလအကန့်
အသတ်တစ်ခုသတ်မှတ်ပြဋ္ဌာန်းပေးရန်အစီအစဉ် ရှိ/မရှိ နှင့်ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သတ်
မှတ်နိုင်ခြင်း မရှိပါကြောင်း ဦးတင်အေးက ဆက်လက်ဖြေကြားသည်။

ယင်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက "ရွေးကောက်ပွဲ ကော်မရှင်ကလည်း ဥပဒေ၊
နည်းဥပဒေတွေနဲ့ ဆွေးနွေးသွားတယ်။ ဆွေးနွေးသွားတဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ၊နည်းဥပဒေနဲပတ်
သက်ပြီး ပြန်လည်ပြင်ဆင်ဖြည့်စွက် ခြင်းများလည်း ပြုလုပ်နိုင်တယ်။အဲဒါမိမိတို့လွှတ်တော်ရဲ့အဓိက တာဝန်
ဖြစ်တယ်။ပိုမိုကောင်းမွန်တဲ့ဥပဒေ ဖြစ်ရေးအတွက်လွှတ်တော်ရော၊ကိုယ်စားလှယ်ရောမှာတာဝန်ရှိပါတယ်" 
ဟု ပြောကြားသည်။

EMG , RangonNewsDaily
kolatt(PBDN): 27.6.2013


0 comments:

Post a Comment