Pages

Monday, December 2, 2013

မိကျောင်းကန် ထိုင်သပိတ်ဆင်နွှဲသူများ သရဏဂုံတင် ဆွမ်းကပ်မည်

Photo: မိကျောင်းကန် ထိုင်သပိတ်ဆင်နွှဲသူများ သရဏဂုံတင် ဆွမ်းကပ်မည်
Monday, December 2, 2013

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် ဝေဇယန္တာ လမ်းပေါ်ရှိ မိကျောင်းကန် အပိုင်း (၁၊ ၂၊ ၃) မြေကွက်များ ပြန်ရရေးအတွက် ထိုင်သပိတ် ဆင်နွှဲကာ ဆန္ဒထုတ်ဖော်နေသူများက ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီတွင် သံဃာတော်များကို ပင့်ဖိတ်၍ သရဏဂုံတင် ဆွမ်းကပ်မည် ဖြစ်ကြောင်း အဆိုပါ သပိတ်စခန်းထံမှ စုံစမ်းသိရှိရသည်။

ထိုင်သပိတ် ဆင်နွှဲနေသည်မှာ ခြောက်ရက်တိုင်ပြီ ဖြစ်သော်လည်း သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများ အနေဖြင့် တစ်စုံတစ်ရာလာရောက် ညှိနှိုင်းဖြေရှင်းမှု မရှိသဖြင့် အဆိုပါ နေရာတွင် အသက်အသေခံ သွားမည် ဖြစ်သဖြင့် ယင်းကဲ့သို့ သရဏဂုံ တင်ရခြင်း ဖြစ်ကြောင်း၊ ရွှေဝါရောင် သံဃာတော် ၁၁ ပါးကို ပင့်ဖိတ်ကာ ဆွမ်းကပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း သပိတ်ခေါင်းဆောင် ဦးဇော်ထွန်းက ပြောကြားသည်။
“အစိုးရနဲ့ ပြည်သူဆိုတာ မိသားစုလို ဖြစ်ရမယ်လေ။ အနည်းဆုံးတော့ ကျွန်တော်တို့ ဘာကြောင့် တောင်းဆိုရတယ် ဆိုတာတော့ လာမေးသင့်တာပေါ့၊ အခုအချိန်အထိ ဘယ်လိုဖြေရှင်းမှု၊ ညှိနှိုင်းမှုမှ မရှိသေးဘူး။ ကျွန်တော်တို့ကတေ့ ဒီနေရာမှာပဲ အသက်အသေခံသွားဖို့ ဆုံးဖြတ်ထားကြတယ်” ဟု ၎င်းကဆိုသည်။

မိကျောင်းကန် ပြဿနာနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မတီမှ ပြည်ထောင်စုလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် မေးမြန်းပြီး ဖြစ်သော်လည်း မည်ကဲ့သို့ ဖြေရှင်းပေးမည်ကို အစိုးရ တာဝန်ရှိသူများက လာရောက် ဖြေရှင်းခြင်း မရှိသေးကြောင်း သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က The Voice သို့ ပြောကြားသည်။

“အခုကိစ္စက လုံးဝ ပြန်မပေးဘူးလည်း မဟုတ်ဘူး၊ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ပြန်ပေးမယ်လို့လည်း အာမ မခံရဲဘူး၊ နိုင်ငံတော်မှာက ဒီလို ပြဿနာတွေ ဖြေရှင်းဖို့ ကျန်သေးတာ သောင်းချီ ရှိတယ်၊ အမြန်ဆုံး ဖြေရှင်းပေးနိုင်အောင် လုပ်ဆောင် သွားမယ်လို့ သမ္မတကြီးလည်း ပြောထားတာရှိတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကြာနေရတာပါ” ဟု ၎င်းကဆိုသည်။

မိကျောင်းကန်အရေး ဦးဆောင် လှုပ်ရှားသူများကို ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး ထောင်ချထားသူများ ပြန်လွှတ်ပေးရန်၊ ယင်းမြေပေါ်ရှိ အဆောက်အအုံများ ဖယ်ရှားပေးရန်၊ ၎င်းတို့ သပိတ်စခန်းချရာ မြစာရံအေး စေတီဘုရားကို ၂၄ နာရီ ဖူးမြော်ခွင့်ပေးရန်၊ သိမ်းယူထားသည့် မြေကွက်များနှင့် ပတ်သက်၍ အစိုးရ တာဝန်ရှိသူများ အနေနှင့် ဖြေရှင်းပေးရန် အပါအဝင် အချက်ခုနစ်ချက် တောင်းဆို ထားသည်။

ယင်းမြေကွက်များ ပြန်လည် ရရှိရေးအတွက် ကိုးကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုအဖြစ် နိုဝင်ဘာလ ၂၆ ရက်နေ့၊ နံနက် ၉ နာရီခန့်က သင်္ဃကျွန်းမြို့နယ်၊ လေးထောင့်ကန် လမ်းမပေါ် အထက (၁) စာသင်ကျောင်းရှေ့မှတင်၍ ဝေဇယန္တာလမ်းရှိ မိကျောင်းကန် အပိုင်း (၁) ရှိ မြစာရံအေးစေတီသို့ လူ ၃၀၀ ခန့် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မူလက လမ်းလျှောက် ဆန္ဒပြရန်သာ ခွင့်ပြုမိန့် တောင်းခံခဲ့သော်လည်း ဆန္ဒထုတ်ဖော် တောင်းဆိုနေစဉ်မှာပင် ဆန္ဒပြခေါင်းဆောင် နှစ်ဦးကို ဖမ်းဆီးပြီး ယခင်စွဲဆိုထားသည့် ပုဒ်မ ၁၈ ဖြင့် ယင်းနေ့တွင်ပင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့သည့်အတွက် ယခုကဲ့သို့ ထိုင်သပိတ်အဖြစ် ပြောင်းလဲ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: December . 2 .2013
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် ဝေဇယန္တာ လမ်းပေါ်ရှိ မိကျောင်းကန် အပိုင်း (၁၊ ၂၊ ၃) မြေကွက်များ ပြန်ရရေးအတွက်ထိုင်သပိတ် ဆင်နွှဲကာ ဆန္ဒထုတ်ဖော်နေသူများက ဒီဇင်ဘာလ ၂ ရက်
နေ့ နံနက် ၁၀ နာရီတွင် သံဃာတော်များကို ပင့်ဖိတ်၍ သရဏဂုံတင် ဆွမ်းကပ်မည် ဖြစ်ကြောင်း အဆိုပါ သပိတ်စခန်းထံမှ စုံစမ်းသိရှိရသည်။

ရွှေဂုံတိုင် ခုံးကျော်တံတား အသံထိန်းစနစ် Sound Barrier များ တပ်ဆင်မည်ဟုဆို

Photo: ရွှေဂုံတိုင် ခုံးကျော်တံတား အသံထိန်းစနစ် Sound Barrier များ တပ်ဆင်မည်ဟုဆို
Monday, December 2, 2013

ရန်ကုန်မြို့တွင် ယာဉ်ကြော ကျပ်တည်းမှု အဖြစ်များဆုံး နေရာဖြစ်သော ရွှေဂုံတိုင် ခုံးကျော်တံတားကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့် ပြုလိုက်သော်လည်း အသံထိန်းစနစ် တပ်ဆင်ရန်ကို ဂျပန်နိုင်ငံမှ မှာယူထားသော ပစ္စည်းများ ရောက်ရှိလာပါက တစ်ပတ်အတွင်း တပ်ဆင်သွားမည် ဖြစ်ကြောင်း ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်း စီမံကိန်း အင်ဂျင်နီယာ ဦးအုံးလှိုင်က ပြောကြားသည်။

ရွှေဂုံတိုင် ခုံးကျော်တံတားပေါ်တွင် ဖြတ်သန်းသွားသည့် ယာဉ်များကြောင့် ပတ်ဝန်းကျင် လူနေအိမ်များကို ထိခိုက်မှု မရှိစေရန် တပ်ဆင်ရမည့် အသံထိန်းစနစ် Sound Barrier များကို မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့် ပြုပြီးချိန်ထိ တပ်ဆင်နိုင်မှု မရှိသေးခြင်းနှင့် ပတ်သက်၍ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

အသံထိန်းစနစ် Sound Barrier များကို အဆိုပါ ခုံးကျော်တံတား ဒီဇိုင်းပုံစံ ထုတ်ပေးသော ဂျပန်နိုင်ငံရှိ JFE Engineering Corporation ထံ မှာယူထားကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။

ရွှေဂုံတိုင် ခုံးကျော်တံတားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် Capital Development Co.,Ltd. က တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး တံတား တည်ဆောက်ချိန် စုစုပေါင်း ၁၁ လခန့် ကြာ မြင့်ခဲ့ကြောင်း၊ တံတားမှာ သံကူကွန်ကရစ်တံတား အမျိုးအစား ဖြစ်ပြီး စုစုပေါင်းတံတား အရှည် ၂၀၅၉ ဒသမ ၅၅ ပေ ရှည်လျားပြီး အမြင့်ဆုံး ခံနိုင်ဝန် တန် ၆၀ ရှိကြောင်း အဆိုပါတံတား တည်ဆောက်မှု မှတ်တမ်းများအရ သိရသည်။

ရန်ကုန်မြို့တော်တွင် တစ်နေ့တခြား ပိုမိုများပြားလာသည် ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရန်အတွက် ယာဉ်ကြော ပိတ်ဆို့မှု အများဆုံး ဖြစ်ပေါ်သည့် လှည်းတန်းမီးပွိုင့်၊ ရွှေဂုံတိုင် မီးပွိုင့်နှင့် ဘုရင့်နောင်လမ်းဆုံ နေရာတို့တွင် ခုံးကျော် တံတားများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ၂၀၁၂ ခုနှစ် ကတည်းက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းရန်အတွက် ခုံးကျော်တံတား သုံးစင်းကို တည်ဆောက်ခဲ့ရာ ဘုရင့်နောင် ခုံးကျော်တံတားကို နိုဝင်ဘာ နောက်ဆုံးပတ်နှင့် လှည်းတန်း ခုံးကျော်တံတားကို ဧပြီလ အတွင်းတို့တွင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: December . 2 .2013
ရန်ကုန်မြို့တွင်ယာဉ်ကြောကျပ်တည်းမှု အဖြစ်များဆုံး နေရာဖြစ်သော ရွှေဂုံတိုင် ခုံးကျော်တံတားကို ၂၀၁၃
ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့် ပြုလိုက်သော်လည်း

မိတ္ထီလာမြို့ ပဋိပက္ခ ဒုက္ခသည်များကို မြေနေရာ ပြန်လည် ချထားပေးမည်ဟုဆို

Photo: ပဋိပက္ခ ဒုက္ခသည်များကို မြေနေရာ ပြန်လည် ချထားပေးမည်ဟုဆို
Monday, December 2, 2013

မိတ္ထီလာမြို့တွင် ယခုနှစ် မတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ အထိ ဖြစ်ပွားသော ပဋိပက္ခကြောင့် ချမ်းအေးသာယာ ရပ်ကွက်တွင် နေထိုင်ခဲ့သော မီးဘေးသင့် ဒုက္ခသည်များကို ဒီဇင်ဘာလအတွင်း မြေနေရာများ ပြန်လည် ချထားပေးသွားမည် ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီထံမှ စုံစမ်းသိရှိရသည်။

မိတ္ထီလာ မီးဘေးသင့် ဒုက္ခသည်များကို ပြန်လည် နေရာ ချထားရာ၌ မြေပိုင်ဆိုင်မှု အထောက်အထား ခိုင်မာပြီး အရှုပ်အရှင်းကင်းသည့် အိမ်ထောင်စု ၉၃ စုကို ပေ ၄၀-၃၀ မြေကွက်များကို ဦးစွာချပေးမည် ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်တစ်ဦးက ပြောကြားသည်။

မြေပေးအမိန့်၊ မြေပိုင်ဆိုင်မှု အထောက်အထား ရှိသော်လည်း အရှုပ်အရှင်းရှိသော အိမ်ထောင်စု ၇၇ စု ကို ဒုတိယအုပ်စုအဖြစ် စိစစ်နေရာ ချပေးမည် ဖြစ်ပြီး မြေပိုင်ဆိုင်မှု အထောက်အထား မရှိသော အိမ်ထောင်စု ၁၉၃ စုကို အိမ်ထောင်သည်လိုင်းများ တည်ဆောက်ကာ ဆက်လက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ပဋိပက္ခ ကာလအတွင်း မီးဘေးသင့်ခဲ့သော ချမ်းအေးသာယာ ရပ်ကွက်တွင် မူလက မြေကွက်ပေါင်း ၆၃၇ ကွက်ရှိရာတွင် မြေကွက် ၄၄၃ ကွက်မှာ အထောက်အထား စိစစ်ပြီး ဖြစ်ကြောင်း မိတ္ထီလာ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီထံမှ သိရသည်။
“မနေ့က ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ မြေနေရာ ပြန်လည် ချထားရေးကိစ္စအတွက် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ အစည်းအဝေး လုပ်တယ်လို့ သိရတယ်။ အဆောက်အအုံ လှူမယ့် ပြင်ပက ပုဂ္ဂလိက အလှူရှင်တွေလည်း ပါတယ်လို့ သိရတယ်။ ဒီဇင်ဘာလ ဒုတိယပတ်မှာ စမယ်လို့ သတင်း ထွက်နေတယ်။ မူလကရှိခဲ့တဲ့ ၅၀-၃၀ အတိုင်း ပြန်လိုချင်ပါတယ်” ဟု ရေအရင်းအမြစ် ဒုက္ခသည် စခန်းတွင် ရောက်ရှိနေသော မီးဘေးသင့် ဒုက္ခသည် ဦးမောင်မောင်က ဆိုသည်။

မိတ္ထီလာ ပဋိပက္ခ ဒုက္ခသည်များသည် ကယ်ဆယ်ရေးစခန်းတွင် နေထိုင် ခဲ့ရသည်မှာ အချိန် ရှစ်လကျော် ကြာပြီဖြစ်၍ စားနပ်ရိက္ခာနှင့် လူမှုရေး အခက်အခဲများ နေ့စဉ် ပိုမိုများပြားလာလျက် ရှိခြင်းကြောင့် ဒုက္ခသည်များသည် မြေနေရာ ပြန်လည်နေရာ ရရှိရေးကို မျှော်လင့်လျက် ရှိရာ မြေကွက်များ ပြန်လည် ချပေးတော့မည်ဟု သတင်းများ ကြားနေရကြောင်း သာသနာရက္ခိတ ကယ်ဆယ်ရေးစခန်းမှ ဒေါ်ဦးက ပြောကြားသည်။ 

မိတ္ထီလာမြို့ တွင် မတ်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ သုံးရက်ကြာ ဖြစ်ပွားခဲ့သော ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခကြောင့် လူပေါင်း ၄၃ ဦးသေဆုံးခဲ့ပြီး အိမ်ခြေပေါင်း ၁၅၄၉ လုံး မီးရှို့ဖျက်ဆီးခံ ခဲ့ရကြောင်း အစိုးရ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ မိတ္ထီလာမြို့တွင် ကယ်ဆယ်ရေးစခန်း ငါးခု ဖွင့်ထားဆဲ ဖြစ်ပြီး ဒုက္ခသည်ပေါင်း ၄၁၈၆ ဦးခန့် ကျန်ရှိနေရာ ဗုဒ္ဓဘာသာ ကယ်ဆယ်ရေး စခန်းနှစ်ခုဖြစ်သော သာသနာရက္ခိတ ကျောင်းတွင် ဒုက္ခသည် ၆၆၄ ဦး၊ အုတ်ဖို အလယ်ကျောင်းတွင် ဒုက္ခသည် ၁၉၀ ဦး၊ မွတ်ဆလင် ကယ် ဆယ်ရေးစခန်းများဖြစ်သော ဗဟိုပို့ဆောင် ဆက်သွယ်ရေးစခန်းတွင် ဒုက္ခသည် ၁၅၅၀ ဦး၊ မိတ္ထီလာခရိုင် အားကစားကွင်း စခန်းတွင် ၈၉၄ ဦး၊ ရေအရင်းအမြစ် စခန်းတွင် ဒုက္ခသည် ၈၆၈ ဦး ကျန်ရှိနေသေးကြောင်း ယင်းစခန်းများ၏ ထုတ်ပြန်ထားသော လူဦးရေ စာရင်းများအရ သိရသည်။

The Voice Weekly

RangonNewsDaily:: December . 2 .2013
မိတ္ထီလာမြို့တွင် ယခုနှစ် မတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ အထိ ဖြစ်ပွားသော ပဋိပက္ခကြောင့် ချမ်းအေး
သာယာ ရပ်ကွက်တွင် နေထိုင်ခဲ့သော မီးဘေးသင့် ဒုက္ခသည်များကို ဒီဇင်ဘာလအတွင်း မြေနေရာများ ပြန်
လည်ချထားပေးသွားမည် ဖြစ်ကြောင်းမိတ္ထီလာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီထံမှ စုံစမ်းသိရှိရသည်။

မိုဇန်ဘီလေကြောင်းလိုင်းပိုင်းလေယာဉ် ပျက်ကျ၊ လိုက်ပါသူအားလုံး သေဆုံး

Photo: မိုဇန်ဘီလေကြောင်းလိုင်းပိုင်းလေယာဉ် ပျက်ကျ၊ လိုက်ပါသူအားလုံး
သေဆုံး
Monday, December 2, 2013

မိုဇန်ဘိလေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီးသည် နမ်မီးဘီးယား အရှေ့မြောက်ပိုင်းရှိ အမျိုးသားဘေးမဲ့ ဥယျုာဉ် အတွင်းသို့ ပျက်ကျခဲ့သဖြင့်လိုက်ပါသူ ၃၄လုံး သေဆုံးခဲ့ကြောင်း နမ်မီဘီယား ရဲတပ်ဖွဲ့က ကြေညာသည်။ 

လေယာဉ်သည် မိုဇန်ဘီမှ အန်ဂိုလာသို့ထွက်ခွာလာစဉ် နမ်မီးဘီးယား နယ်စွန်နယ်ဖျားမ၊ှ ဘွာဘွာတာ အမျိုးသားဘေးမဲ့ ဥယျာဉ်အတွင်းသို့ ပျက်ခဲ့သည်။ အစပိုင်းတွင် လေယာဉ်သည် အဆက်အသွယ်အားလုံး 
ပြတ်တောက်ကာ ပျောက်ဆုံးနေ သည်ဟု သတင်းများ ထွက်ခဲ့သည်။ 

နိုဝင်ဘာ ၃၀ရက်က နမ်မီးဘီးယား နိုင်ငံ ကာဗန်ရိုဒေသမှ ရဲအရာရှိ ၀ီလီဘန့်ပ်တန်က သူတို့အဖွဲ့သည် အခင်းဖြစ်ရာ အရပ်တွင် လေယာဉ်
အပျက်အစီးများစွာ တွေ့ရကြောင်း၊ လေယာဉ်တစ်ခုလုံး မီးလောင်ပျက်စီခဲ့ပြီး အသက်ရှင် လွတ်မြောက်သူ တစ်ဦးတစ်ယောက်မှ မရှိကြောင်း ဆိုသည်။

နိုဝင်ဘာ ၂၉ရက်နေ့က မိုဇန်ဘီမြို့တော် မာပူတိုမှ ထွက်ခွာလာသည့် လေယာဉ်အမှတ် TM470 သည် 
အန်ဂိုလာမြိုကတော် လွန်ဒါမြို့သို့ အချိန်ဇယားအတိုင်း 
ဆိုက်ရောက်ခြင်း မရှိခဲ့ကြောင်း၊ လေကြောင်းလိုင်းက 
နမ်ဘီးယားမြောက်ပိုင်း ရန်ဒူတွင် ဆင်းသက်နေခြင်းဖြစ်သည်ဟု 
ကြေညာခဲ့သည်။ နောက်ပိုင်းတွင်မူ နမ်ဘီယား၊ တော့စ်ဝန်းနားနှင့် အန်ရိုလာမှ လေကြောင်းအာဏာပိုင်များက လေယာဉ်ပျောက်ဆုံး သွားကြောင်း ကြေညာခဲ့သည်။

လေယာဉ်ပေါ်တွင် ခရီးသည် ၂၈ဦးပါရှိရာ မိုဇန်ဘီနိုင်ငံသား ၁၀ဦး၊ 
ပေါ်တူဂီ ငါးဦး၊ အန်ဂိုလာနိုင်ငံသား ကိုးဦးနှင့် ပြင်သစ်၊ ဘရာဇီးနှင့် တရုတ် နိုင်ငံသာ တစ်ဦးစီ ပါဝင်ခဲ့သည်။ ကျန်ခြောက်ဦးမှာ လေယာဉ် အမှုထမ်းများဖြစ်သည်။ 

Ref: AFP
ွှThe Myanma Age

RangonNewsDaily:: December . 2 .2013
မိုဇန်ဘိလေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီးသည် နမ်မီးဘီးယား အရှေ့မြောက်ပိုင်းရှိ အမျိုးသားဘေးမဲ့ ဥယျုာဉ် အတွင်းသို့ ပျက်ကျခဲ့သဖြင့်လိုက်ပါသူ ၃၄လုံး သေဆုံးခဲ့ကြောင်း နမ်မီဘီယား ရဲတပ်ဖွဲ့က ကြေညာသည်။

ထိုင်းဆန္ဒပြ အင်အားစုနှစ်ခု အဓိကရုဏ်း ဖြစ်ပွားရာမှ နှစ်ဦးသေဆုံး ဘန်ကောက်တွင် စစ်တပ်များနေရာယူ

Photo: ထိုင်းဆန္ဒပြ အင်အားစုနှစ်ခု အဓိကရုဏ်း ဖြစ်ပွားရာမှ နှစ်ဦးသေဆုံး ဘန်ကောက်တွင် စစ်တပ်များနေရာယူ
Monday, December 2, 2013

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများနှင့် အစိုးရကို လိုလားသူ တန်ပြန် ဆန္ဒပြကြသည့် ရှပ်နီများ မြို့တော် ဘန်ကောက်တွင် ထိပ်တိုက် ရန်ပွဲဖြစ်ခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း အေဂျင်စီ သတင်းများက ဖော်ပြထားကြပြီး စစ်တပ်ကလည်း ဘန်ကောက်တွင် လာရောက် တပ်စွဲနေရာယူကြပြီ ဖြစ်သည်။

အစိုးရကို မလိုလားသည့် ဆန္ဒပြသူများက အစိုးရရုံးများကို ဝင်ရောက် စီးနင်း နေရာယူမှုများ ပြုလုပ်နေသဖြင့် ရဲတပ်ဖွဲ့က ကာကွယ်ရန် ကြိုးစားနေမှုကို ကူညီသည့် အနေဖြင့် စစ်တပ်က လာရောက် အားဖြည့်ခြင်း ဖြစ်သည်။

အစိုးရရုံးချုပ်ကို ဆန္ဒပြသူများက လာရောက်ကြပြီး အကာအကွယ် အတားအဆီးများကို ကျော်ရန် ကြိုးစားကြရာမှ ရဲက မျက်ရည်ယို ဗုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများက ယင်းလပ်အစိုးရသည် သက်ဆင်၏ ကြိုးကိုင်မှုအောက်တွင် လုပ်ဆောင်နေကြောင်း အခိုင်အမာ ပြောဆိုထားကြသည်။

ဆန္ဒပြသူများသည် ရုပ်သံလိုင်း ထုတ်လွှင့်ရုံများကိုလည်း ဝင်ရောက်ကြပြီး ရုပ်သံလွှင့်မှု အစီအစဉ်များကို ရယူရန် ဆွေးနွေးမှုများ ရှိလာပြီး Thai PBS ရုပ်သံလိုင်းကိုလည်း အုပ်စုတစ်စုက ထိန်းချုပ်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသားထားသည်။

BBC ၏ ဘန်ကောက်အခြေစိုက် သတင်းထောက် ဂျိုနာဖစ်ရှာက အစိုးရ ဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားသူများ၏ လုပ်ဆောင်မှုများသည် အာဏာသိမ်း သကဲ့သို့ ခံစားရကြောင်း ဝေဖန်ပြောဆိုခဲ့သည်။

အစိုးရအနေနှင့် ဆန္ဒပြသူများကို နှိမ်နင်းရာတွင် အကြမ်းဖက်ခြင်း နည်းလမ်းကို လုံးဝအသုံးပြုမည် မဟုတ်ကြောင်း ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ကတိကဝတ် ပြုခဲ့ဖူးသည်။

ယင်းလပ်အစိုးရ ပြုတ်ကျရေး ဆန္ဒပြသူများကို ကိုင်တွယ်ရာတွင် စစ်တပ်ကို အသုံးပြုပါရန် ရှပ်နီများက အားကစားကွင်း တစ်ကွင်းတွင် ဆန္ဒပြခဲ့ပြီးနောက် ၎င်းတို့၏ အရေးဆိုမှုကို အဆုံးသတ်လိုက်ပြီဟု ရှပ်နီ ခေါင်းဆောင်များက ကြေညာထားသည်။

အစိုးရကို လိုလားသူများ အားကစားကွင်းသို့ သွားသည့် ကားများကို ကျောင်းသားများက တိုက်ခိုက်ခဲ့ရာမှ အကြမ်းမဖက် ဆန္ဒပြပွဲများသည် အကြမ်းဖက် မြင်ကွင်းများအဖြစ် ပြောင်းသွား ခဲ့ပြီး သေဆုံးသူနှစ်ဦး ရှိခဲ့သည်။

လမ်းမပေါ် နိုင်ငံရေး ယဉ်ကျေးမှု အရှိန်ရနေပြီးဖြစ်သော ထိုင်းနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်ကလည်း သက်ဆင်ကို လိုလားသည့် ရှပ်နီများက ဘန်ကောက် မြို့တော်၏ အရေးကြီး နေရာများကို ထိန်းချုပ်ထားခဲ့ပြီး အလုံးအရင်း ဆန္ဒပြခဲ့ရာမှ လူ ၉၀ သေဆုံးခဲ့ဖူးသည်။

The Voice Weekly

RangonNewsDaily:: December . 2 .2013
အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများနှင့် အစိုးရကို လိုလားသူ တန်ပြန် ဆန္ဒပြကြသည့် ရှပ်နီများ မြို့တော် ဘန်ကောက်တွင် ထိပ်တိုက် ရန်ပွဲဖြစ်ခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း အေဂျင်စီ သတင်းများက ဖော်ပြထားကြပြီး စစ်တပ်ကလည်း ဘန်ကောက်တွင် လာရောက် တပ်စွဲနေရာယူကြပြီ ဖြစ်သည်။

ဘန်ကောက် ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပေါ်၊ မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွင်း

Photo: ဘန်ကောက် ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပေါ်၊ မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွင်း
Monday, December 2, 2013

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီနေ့မှာလည်း အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲနေရသလို ဆန္ဒပြခေါင်းဆောင် ဆူသက်က ၀န်ကြီးချုပ် ယင်းလပ်ကို ၂ ရက်အတွင်း ရာထူးကနေ ဆင်းပေးဖို့ ရာဇသံပေးထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်က ဆန္ဒပြသမားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေနဲ့ ရေပိုက်တွေသုံးပြီး လူစုခွဲခဲ့ပေမယ့် အစိုးရ အိမ်တော်အနီးနဲ့ ဘန်ကောက်မြို့တော် ရဲဌာနအနီးအပါအ၀င် နေရာအတော်များများမှာ ဆန္ဒပြပွဲတွေ ဒီနေ့ ပြန်စနေပါတယ်။

အစိုးရအိမ်တော်အနီးမှာ ဆန္ဒပြသမားတွေက ရဲတွေ ချထားတဲ့ အတားအဆီးကို ဖယ်ရှားဖို့ ကြိုးစားတဲ့အတွက် မျက်ရည်ယိုဗုံးတွေ သုံးခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဆန္ဒပြပွဲတွေကြောင့် ကျောင်းသားတွေရဲ့ လုံခြုံရေးအတွက်ဆိုပြီး ဘန်ကောက်မြို့ပေါ်က အထင်ကရတက္ကသိုလ်တွေကို ဒီနေ့ကစ ၂ ရက် ပိတ်ထားပါတယ်။

ဘန်ကောက်မြို့က လူတွေကိုလည်း ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ အိမ်အပြင် မထွက်ကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ မနက်ပိုင်းမှာ ဆန္ဒပြခေါင်းဆောင် ဆူသက်နဲ့ ၀န်ကြီးချုပ် ယင်းလပ်တို့ ထိုင်းတပ်မတော်စစ်ဦးစီးချုပ်ရဲ့ ကမကထပြုမှုနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တဲ့အခါမှာ ဆူသက်က တိုင်းပြည်အာဏာကို ၂ ရက်အတွင်း ပြည်သူလူထုလက်ထဲကို ပြန်အပ်ဖို့ တောင်းဆိုခဲ့တယ်လို့ တွေ့ဆုံပွဲအပြီးမှာ ဆူသက်က သတင်းထောက်တွေကို ပြောပါတယ်။

တွေ့ဆုံပွဲအတွင်း ၀န်ကြီးချုပ် ယင်းလပ်က ဘာမှ ပြောဆိုခဲ့ခြင်းမရှိဘူးလို့လည်း ဆန္ဒပြ ခေါင်းဆောင်ဆူသက်က ဆိုပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်နဲ့ အခုလို တွေ့ဆုံခဲ့တာဟာ ပထမဆုံးနဲ့ နောက်ဆုံးတွေ့ဆုံမှု ဖြစ်တယ်လို့ ဆူသက်က ပြောဆိုခဲ့ပါတယ်။

ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပရာယုကတော့ ထိုင်းတပ်မတော်ဟာ ပြည်သူတွေ သေကျေပြီး ထိခိုက်အနာတရရတာတွေ မမြင်ချင်သလို စစ်တပ်က တိုင်းပြည်နဲ့အတူ ရပ်တည်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဆန္ဒပြသမားတွေဟာ ပြီးခဲ့တဲ့ရက်တွေက အစိုးရ၀န်ကြီးဌာနတချို့ကို ၀ိုင်းခဲ့ပြီး ဒီဇင်ဘာ ၁ ရက်နေ့မှာ အစိုးရအိမ်တော်နဲ့ ၀န်ကြီးချုပ်ရုံးဘက်ကို ၀င်တဲ့လမ်းက အတားအဆီးကို ဖယ်ရှားတဲ့အခါမှာ လုံခြုံရေးအဖွဲ့တွေက မျက်ရည်ယိုဗုံးတွေနဲ့ မီးသတ်ပိုက်တွေကို သုံးပြီး လူစုခွဲခဲ့ရပါတယ်။

တချို့နေရာတွေမှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေနဲ့ ထောက်ခံသူတွေ ပဋိပက္ခ ဖြစ်ခဲ့ပြီး မနေ့ကအထိ အနည်းဆုံး ၄ ဦး သေဆုံးပြီး စုစုပေါင်းလူ ၄၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆေးရုံ မှတ်တမ်းတွေအရ သိရပါတယ်။

ထိုင်းဝန်ကြီးချုပ်ယင်းလပ်က ဘန်ကောက်က ရဲဌာနချုပ်မှာ အရေးပေါ်အစည်းအဝေး ဒီနေ့ ခေါ်ယူခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီး၊ ပညာရေးဒုဝန်ကြီးနဲ့ ၀န်ကြီးချုပ်ရုံးဝန်ကြီးတို့ တက်ရောက်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဆိုပါတယ်။

ဆန္ဒပြခေါင်းဆောင် ဆူသက်ကတော့ ဒီဇင်ဘာ ၃ ရက်နေ့ နောက်ဆုံးထားပြီး  ပြည်သူ့တွေရဲ့ အာဏာသိမ်းပွဲ အပြီးသတ် အောင်ပွဲခံရမယ်လို့ ကြွေးကြော်ထားပါတယ်။

DVB

RangonNewsDaily:: December . 2 .2013
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီနေ့မှာလည်း အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲနေရသလို ဆန္ဒပြခေါင်းဆောင် ဆူသက်က ၀န်ကြီးချုပ် ယင်းလပ်ကို ၂ ရက်အတွင်း ရာထူးကနေ ဆင်းပေးဖို့ ရာဇသံပေးထားတယ်လို့ ပြောပါတယ်။

ထိုင်းဆန္ဒပြ အတိုက်အခံခေါင်းဆောင် ၀န်ကြီးချုပ်နဲ့တွေ့ဆုံ

Photo: ထိုင်းဆန္ဒပြ အတိုက်အခံခေါင်းဆောင် ၀န်ကြီးချုပ်နဲ့တွေ့ဆုံ
Monday, December 2, 2013

ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင်က ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်နဲ့ သူတွေ့ဆုံခဲ့ကြောင်း၊ သူတို့ရဲ့ လှုပ်ရှားမှုကို ရုပ်သိမ်းပေးဖို့ ငြင်းဆိုခဲ့ပြီး ကြားဖြတ်အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းရေးနဲ့ လက်ရှိအစိုးရအဖွဲ့ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။

Suthep Thaugsuban က ဆန္ဒပြသူတွေစုဝေး စခန်းချရာ ဘန်ကောက်မြို့လယ်မှာ သူ့ကိုထောက်ခံသူတွေကို တနင်္ဂနွေနေ့က ပြောဆိုလိုက်တာပါ။ ဒီပဋိပက္ခမှာ ဘက်မလိုက်ဘဲ ကြားနေတယ်လို့ဆိုတဲ့ ထိုင်းစစ်တပ်က အစိုးရ ဆန့်ကျင်ရေးဆန္ဒပြသူတွေရဲ့ အစည်းအဝေးကို လုံခြုံရေး စောင့်ကြည့် ပေးခဲ့ပါတယ်။

တနင်္ဂနွေနေ့မနက်ပိုင်းက ဆန္ဒပြသူတွေဟာ ၀န်ကြီးချုပ်ရုံးစိုက်ရာ အစိုးရ ရုံးဝင်းကို ခဲတွေနဲ့ပေါက်ခဲ့လို့ ထိုင်းရဲတွေက မျက်ရည်ယိုဗုံးနဲ့ လူစုခွဲခဲ့ရပါတယ်။ လွန်ခဲ့တဲ့အပတ်ကစခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ဒီတခါ ပထမဆုံးအကြိမ် မျက်ရည်ယိုဗုံး အသုံးပြုခဲ့ရတာဖြစ်ပါတယ်။ အစိုးရကတော့ ဘန်ကောက်မြို့ခံတွေကို လုံခြုံမှုအတွက် ညဘက် အိမ်ပြင်မထွက်ကြဖို့ တိုက်တွန်းထားပါတယ်။

အတိုက်အခံခေါင်းဆောင် ဒု-ဝန်ကြီးချုပ်ဟောင်း Suthep Thaugsuban (ဒီဇင်ဘာ ၁၊ ၂၀၁၃)

VOA
အတိုက်အခံခေါင်းဆောင် ဒု-ဝန်ကြီးချုပ်ဟောင်း Suthep Thaugsuban (ဒီဇင်ဘာ ၁၊ ၂၀၁၃)
RangonNewsDaily:: December . 2 .2013
ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင်က ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်နဲ့ သူတွေ့ဆုံခဲ့ကြောင်း၊ သူတို့ရဲ့ လှုပ်ရှားမှုကို ရုပ်သိမ်းပေးဖို့ ငြင်းဆိုခဲ့ပြီး ကြားဖြတ်အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းရေးနဲ့ လက်ရှိအစိုးရအဖွဲ့ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်နေ

Photo: ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်နေပြန်ပါပြီ။
Monday, December 2, 2013

Weather News Update
2-12-2013
10:49 am

(၁) (၂-၁၂-၂၀၁၃)ရက် နံနက်(၉)နာရိခွဲအချိန် EUMETSAT တိုင်းတာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါတယ်။

(၂) ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ လက်ရှိဖြစ်နေ တဲ့ လေဖိအားနည်းရပ်ဝန်းဟာမုန်တိုင်းတစ်လုံး ဖြစ်လာဖို့အလားအလာတွေရှိနေ ပါတယ်။ ဖြစ်ဖို့အလားအလာကတော့ ၁၅% လောက်ရှိပါတယ်။ ပုံမှန်အရလည်း ဖြစ်တတ်ပါတယ်။ အရေးကြီးတာကတော့ ဒီမုန်တိုင်းဖြစ်လာခဲ့ရင်လည်း မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်နှိုင်မှု နည်းပါတယ်။
ဒါတွေကြောင့်လည်း အောက်ပိုင်းဒေသတွေ အအေးပေါ့နေရတာဖြစ်ပါတယ်။

ဒေါက်တာထွန်းလွင်
Popular Myanmar News Journal

RangonNewsDaily:: December . 2 .2013
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်နေပြန်ပါပြီ။ (၁) (၂-၁၂
-၂၀၁၃)ရက် နံနက်(၉)နာရိခွဲအချိန် EUMETSAT တိုင်းတာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်
တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါတယ်။

အွန်လိုင်းတွင် ပျံ့နှံ့နေသည့် မူးယစ်ဆေးသုံးစွဲအနုပညာရှင်များစာရင်း လူမင်း စုံစမ်းဖော်ထုတ်မည်

Photo: အွန်လိုင်းတွင် ပျံ့နှံ့နေသည့် မူးယစ်ဆေးသုံးစွဲအနုပညာရှင်များစာရင်း လူမင်း စုံစမ်းဖော်ထုတ်မည်
Monday, December 2, 2013

ဖေ့စ်ဘွတ်စာမျက်နှာတွင် နိုဝင်ဘာ ၃၀ ရက်မှစတင်၍ ပျံ့နှံ့လျက်ရှိသည့် မူးယစ်ဆေးဝါးအသုံးပြုသည့် အနုပညာရှင်များ၏အမည်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လူမင်းကသူ၏အမည်ပါဝင်နေ ခြင်းနှင့်ပတ်သက်၍ ငြင်းဆိုခဲ့သည့်အပြင် ၎င်းကိစ္စအား စုံစမ်းဖော်ထုတ်သွားမည်ဖြစ်သည်ဟု မဇ္ဈိမ သတင်းစာသို့ ဒီဇင်ဘာ ၁ ရက်က ပြောကြားလိုက်သည်။

ယခုပျံ့နှံ့လျက်ရှိသည့် အနုပညာရှင်များ မူးယစ်ဆေးဝါးအသုံးပြုသောအကြောင်းအရာမှာ ၂၀၀၈ ခုနှစ် က အနုပညာရှင်နှစ်ဦးအား ခေါ်ယူစစ်ဆေးသည့် မှုခင်းမှတ်တမ်းထွက်ဆိုချက်အနေဖြင့် ထွက်ရှိလာ ခဲ့ခြင်းဖြစ်သည်။

“စာတွေထဲမှာပါတဲ့အကြောင်းအရာတွေက တကယ် ဟုတ်၊ မဟုတ်ဆိုတာကို စုံစမ်းနေပါတယ်။ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ အကြမ်းဖျင်းအားဖြင့်တော့ ပြောရမယ်ဆိုရင်တော့ စဉ်းစားကြည့်မယ်ဆိုရင် ဒီကိစ္စ ဟာ တကယ်အစစ်အမှန် ဟုတ်လား၊ မဟုတ်လားဆိုတာကို ပြောရမှာပါ။ ဟုတ်နေတယ်၊ တကယ်အစစ် အမှန်ဆိုရင်တော့ သက်ဆိုင်ရာက တာဝန်ယူရပါလိမ့်မယ်။ အစစ်အမှန်မဟုတ်ရင်တော့လည်း မဟုတ် တဲ့အတွက် ဆက်လက်ဆောင်ရွက်သွားမှာပါ။ အခု ဒီစာထဲမှာလည်း ကျွန်တော်လည်း ပါတယ်။ ကျွန် တော့်နာမည်ပါလို့ ဘာမှထွေထွေ ထူးထူးမခံစားရပါဘူး။ မူးယစ်ဆေးဝါးကို ငယ်ငယ်လေးကတည်းက စမ်းတောင်မစမ်းဖူးပါဘူး။ ဒါဟာ သုံးဖို့မပြောပါနဲ့။ အစ်ကို ကင်းရှင်းတယ်ဆိုတာ အနုပညာ လောကထဲ ကသူတိုင်း အားလုံးသိကြပါတယ်”ဟု လူမင်းက ပြောဆိုလိုက်သည်။

လူမင်းသည် လက်ရှိတွင် မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်သည့်အသင်းတွင် ချစ်ကြည်ရေးသံတမန် အဖြစ် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဥက္ကဋ္ဌတစ်ယောက်အနေဖြင့် အနုပညာရှင်များနှင့် မူးယစ်ဆေးဝါး ပြဿနာကို ဖော်ထုတ်သွားမည် ဖြစ်သည်။ ယင်းသို့ဖော်ထုတ်ရာတွင် ခိုင်မာမှုရှိပါက တရားဝင်ထုတ် ဖော်ပြောဆိုသွားမည်ဟုလည်း ထပ်မံပြောဆိုလိုက်သည်။

ယင်းသို့မှုခင်းစစ်ချက်ကို ထွက်ဆိုထားသူနှစ်ဦးမှာ မင်းသမီးနှစ်ဦးဟု ဖေ့စ်ဘွတ်တွင် ဖော်ပြထားပြီး ၎င်းတို့အား ဆက်သွယ်မေးမြန်းရာတွင်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

အဆိုပါစာရင်းတွင် ဖော်ပြခြင်းခံရသူ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)က “ဒီကိစ္စက ဘယ်သူတွေ တင်တာလဲ၊ ဘယ်သူတွေ လုပ်တာလဲဆိုတာကို သိဖို့လိုပါတယ်။ ဒီကိစ္စကို ကျွန်တော်ကန့်ကွက်ပါ တယ်။ ရုပ်ရှင်အစည်းအရုံးအနေနဲ့ စုံစမ်းသင့်ပါတယ်၊ ကန့်ကွက်သင့်ပါတယ်။ တရားဝင်ဖြစ်လား မဖြစ် လား၊ ဟုတ်လား မဟုတ်လားဆိုတာကိုတော့ သိရမှပါ။မစိုးကြီးကတော့ မဟုတ်ဘူးလို့ပြောတယ်။ ဒီကိစ္စ ဟာ လျှို့ဝှက်ချက်ဖြစ်ရမှာဆိုတော့အပြင်ကို မထွက်သင့်ပါဘူး။ သက်ဆိုင်ရာက တာဝန်ရှိပါတယ်။ အဲဒါ ကို သေချာလုပ်သင့်တယ်လို့ ထင်ပါတယ်”ဟု ယင်းက ပြောသည်။

ဆေးဝါးသုံးစွဲသည်ဟု ဆက်စပ်ဖော်ထုတ်ခြင်းခံရသည့် အနုပညာရှင်များ စာရင်းတွင် ကွယ်လွန်သူ မင်းသားလည်း ပါဝင်လျက်ရှိသည်ဟု ဖော်ပြထားပြီး ကွယ်လွန်ချိန်အထိ ဖောက်သည်တစ်ဦး အနေဖြင့် ရှိခဲ့သည်ဟုလည်း ပါရှိသည်။ ဒါ့အပြင် ဂီတလောကမှ ထင်ပေါ်ကျော်ကြားသူများ၊ စီးပွားရေးအသိုင်း အ၀ိုင်းနှင့် စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီးအမည်များလည်း အဆိုပါစစ်ချက်၏ ပြောကြားချက်တွင် ပါဝင်လျက်ရှိပြီး အချို့မှာ မူးယစ်ဆေးဝါးအမှုဖြင့် ထိန်းသိမ်းခြင်းခံခဲ့ရသူ ထိပ်တန်းစီးပွားရေးသမားနှင့် ပြန်လည်လွတ်မြောက်လာသည့် ဒါရိုက်တာတစ်ဦး၏အမည်လည်း ပါဝင်လျက်ရှိသည်။

Mizzima - News in Burmese

RangonNewsDaily:: December . 2 .2013
ဖေ့စ်ဘွတ်စာမျက်နှာတွင် နိုဝင်ဘာ၃၀ရက်မှစတင်၍ပျံ့နှံ့လျက်ရှိသည့်မူးယစ်ဆေးဝါးအသုံးပြုသည့်အနုပညာ
ရှင်များ၏အမည်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လူမင်)