Pages

Monday, December 2, 2013

“ကြယ်စင်မော်ကွန်း”ရုပ်ရှင်တွင် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကို ထည့်သွင်းအသုံးပြု

RangonNewsDaily:: December . 2 .2013
မြန်မာ့တပ်မတော်သမိုင်းအား ရိုက်ကူးထားသည့် “ကြယ်စင်မော်ကွန်း” ရုပ်ရှင်တွင် ဗိုလ်ချုပ်အောင် ဆန်း၏

မိန့်ခွန်းကို ထည့်သွင်းကာရိုက်ကူးထားပြီး ဗိုလ်ချုပ်ဇာတ်ရုပ်နေရာတွင်မျက်နှာသစ်သရုပ်ဆောင် တစ်ဦးက ပါ
ဝင်သရုပ်ဆောင်ခဲ့သည်။ အဆိုပါဇာတ်ကားကို ၂၀၀၉ ခုနှစ်မှစတင်ကာ ရိုက်ကူးခဲ့ခြင်းဖြစ် ပြီး အင်္ဂလန်နိုင်ငံ
တွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် ရုပ်ပုံနှင့်အသံကိုလည်း ထည့်သွင်းအသုံး ပြုခဲ့သည်။
“မြန်မာ့တပ်မတော်သမိုင်းဇာတ်ကားလည်းဖြစ်တဲ့အတွက် ရရှိတဲ့ ဗိုလ်ချုပ်ပုံတွေ၊ အသံတွေကို ကွန်ပျူ တာနဲ့
 ပြန်ပြုပြင်ပြီး အသုံးပြုထားပါတယ်။ ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်မည့်သူကိုလည်း ရှာဖွေပြီး သုံးလနီးပါး အိမ်မှာ အသေအချာလေ့ကျင့်ပြီး ရိုက်ကူးထားတာပါ”ဟု ဒါရိုက်တာပန်းချီစိုးမိုးက ဆိုသည်။

၎င်းဗိုလ်ချုပ်အသံနှင့် ရုပ်ပုံများကို မြန်မာ့အသံ၊ ဗဟိုရုပ်ရှင်တို့မှရယူခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ဇာတ်ရုပ်နေရာ

တွင်လည်း ဗိုလ်ချုပ်ရုပ်ပုံနှင့်တူညီသည့် တပ်မတော်မှအရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီးပြည့်ဖြိုးအောင်အား ခေါ်
ယူကာ သုံးလကြာသရုပ်ဆောင်ရမည့် ဇာတ်ရုပ်ပုံစံကို ပို့ချကာ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ဒါ့အပြင်၎င်းဇာတ်ကားတွင်လက်နက်အစစ်များကို ထည့်သွင်းကာ ရိုက်ကူးထားပြီး စုစုပေါင်းကုန်ကျငွေ ကျပ်

သိန်း ၂၀၀၀ ကျော်ရှိခဲ့သည်။

“ဒီဇာတ်ကားကို နိုင်ငံတော်အပိုင်းကလည်း ပံ့ပိုးပေးထားပါတယ်။ ခေတ် သုံးခေတ်ကို ပုံဖော်အောင် အတ

တ်နိုင်ဆုံးရိုက်ကူးထားပါတယ်”ဟု ဒါရိုက်တာက ဆက်လက်ပြောဆိုခဲ့သည်။အပိုင်းသုံးပိုင်းခွဲကာ ဖော်ပြထား
သည့်ဇာတ်ကားတွင် ပထမအပိုင်းတွင် အင်္ဂလိပ်လက်အောက် မြန်မာတို့ ကျွန်ဘ၀သို့ရောက် ရှိစဉ်က
 တော်လှန်ကြပုံများ၊ ဂျပန်တို့၏အကူအညီကိုယူကာ နယ်ချဲ့အားတိုက်ထုတ်ခဲ့ပုံများ၊ 

အင်္ဂလိပ် စစ်ကြောင်း ဆုတ်ခွာပုံများ၊ မြန်မာများ အင်္ဂလိပ်လက်အောက်တွင် နေထိုင်ကြရသည့်ဖြတ်သန်းမှု
များ အပါအ၀င် ဂျပန်တို့၏ ညှင်းပန်းနှိပ်စက်ခြင်းတို့ကိုလည်း အသေးစိတ်ပုံဖော်ရိုက်ကူးထားခြင်းဖြစ်သည်။ ဒုတိယအပိုင်းတွင်လွတ်လပ်ရေးရပြီးခေတ်ကို ပုံဖော်ထားကာ တတိယအပိုင်းတွင် ၁၉၈၈ ခုနှစ် နှောင်း ပိုင်း
အကြောင်းအရာအချို့ကို ထည့်သွင်းကာရိုက်ကူးထားသည်။

ယင်းဇာတ်ကားကို Zillion Enter-tainment မှ ထုတ်လုပ်ခြင်းဖြစ်ပြီး ဇာတ်လမ်းတင်အောင်စိုး (ပန်းမြို့ တော်)၊ ဇာတ်ညွှန်းငြိမ်းမင်း၊ တွဲဖက်ဒါရိုက်တာဟိန်းစိုး၊ တင်ညီညီထွန်းတို့ဖြင့် ဒါရိုက်တာပန်းချီစိုးမိုးက ရိုက်ကူးထား

ခြင်းဖြစ်သည်။ ယင်း ဇာတ်ကားတွင် လူမင်း၊ ဝေဠုကျော်၊ နေတိုး၊ ထွန်းထွန်း၊ စိုးရန်အောင်၊ ဇင်ဝိုင်း၊ ၀ီရ၊
အောင်ခိုင်၊ စိုးမြတ်သူဇာ၊ ပန်းဖြူ၊ တင့်တင့်ထွန်း၊ အိန္ဒြာကျော်ဇင်နှင့် သက်မွန်မြင့်တို့က အဓိကပါဝင်သရုပ်
ဆောင်ထားသည်။

ယင်းဇာတ်ကားကို ဒီဇင်ဘာ ၂၇ ရက် မှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၉ ရက်အထိ ရန်ကုန်၊ မန္တလေးနှင့် နေ ပြည်

တော်ရှိ အချို့ရုပ်ရှင်ရုံများတွင် စတင်ရုံတင်ပြသမည်ဖြစ်သည်။

ဘုန်းနေလ(ဒဂုံတက္ကသိုလ်)
Mizzima - News, kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment