Pages

Monday, December 2, 2013

Paul Walker သေဆုံးမှုကြောင့် စိတ်နောက် ကျန်ရစ်ခဲ့သူများစွာရှိ

Photo: Paul Walker သေဆုံးမှုကြောင့် စိတ်နောက် ကျန်ရစ်ခဲ့သူများစွာရှိ
Monday, December 2, 2013

Paul Walker သေဆုံးမှုကို ကြားရပြီး စိတ်နောက် ကျန်ရစ်ခဲ့သူများစွာရှိပါတယ်။ “Fast & Furious 7” အတွက် Paul Walker နဲ့တွဲရိုက်ကူးနေကြတဲ့ သရုပ်ဆောင်ဖက်တွေဟာ ရိုက်ကူးရေးလုပ်ငန်းခွင်ကို ပြန်ဝင်ဖို့ စိတ်နောက်နေကြပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကမှ ရိုက်ကူးရေးလုပ်ငန်းခွင်မှာ သက်ရှိထင်ရှား သရုပ်ဆောင် ရိုက်ကူနေခဲ့တဲ့ မင်းသား Paul Walker အတွက် စိတ်မကောင်းဖြစ်၊ တုန်လှုပ်ခြောက်ခြားနေကြပါတယ်။

“ရုပ်ရှင်အကြောင်းတောင် ပြန်တွေးချင်တဲ့သူ မရှိဘူး။” လို့ အမည်မဖော်လိုသူတစ်ဦးက ပြောခဲ့ပါတယ်။ Paul Walker ဟာ “Fast & Furious 7” အတွက် အဓိကဇာတ်ဝင်ခန်းတွေကို ဂျော်ဂျီယာပြည်နယ်၊ အက်တလန်တာမြို့မှာ ရိုက်ကူးဖို့ စီစဉ်ထားပြီးသားဖြစ်တယ်လို့လည်း ပြောခဲ့သူတွေရှိပါတယ်။

Paul Walker မှာ ၂၃နှစ်အရွယ်၊ ကျောင်းသူ Jasmine Pilchard-Gosnell အမည်ရှိတဲ့ ရည်းစားရှိပါတယ်။ Jasmine ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာ ဘာဘာရာ မြို့မှာ နေထိုင်တာ ၇နှစ်ကျော်ရှိပါပြီ။ Paul Walker ရဲ့ ရုတ်တရက်သေဆုံးမှု သတင်းကို ကြားပြီးရတဲ့နောက် Jasmine ဟာ အကြီးအကျယ် စိတ်ထိခိုက်ခဲ့ပါတယ်။ သူမရဲ့အမေ Julie က ဒီထိန့်လန့်တုန်လှုပ်စရာ သတင်းကို နိုင်နိုင်နင်းနင်းကိုင်တွယ် ဖြေရှင်းပြနိုင်ခဲ့တဲ့အတွက်ကြောင့်သာ Jasmineဟာ သက်သာရာရခဲ့တာပါ။

“Paulဟာ တကယ့်ကို လူကောင်းတစ်ယောက်ပါ။ Paul ရုတ်တရက်သေဆုံးသွားတော့ Jasmine လဲ ဗုန်းဗုန်းလဲနေပြီ။ Paul နဲ့အတူ ကျေးဇူးတော်နေ့ကို ဆင်နွှဲချင်ခဲ့တာ၊  ဂေါ့ဖ်ရိုက်ချင်ခဲ့တာ။ သူတို့နှစ်ယောက်က အတူရှိနေခဲ့ပြီး သာယာဖြောင့်ဖြူးတဲ့ အနာဂတ်ကို လျှောက်လှမ်းကြမယ်လို့ မျှော်မှန်းထားတာ။ ဒီသတင်းကြီးက ကြောက်ရွံ့ထိတ်လန့်စရာကောင်းပါတယ်။ မမျှော်လင့်ထားခဲ့ဘူး။ Julieက သူ့သမီး Jasmine နဲ့အတူရှိနေပြီး နှစ်သိမ့်ပေးနေပါတယ်။” လို့ Jasmine ရဲ့ ဦးလေးဖြစ်သူ Barton Brunerကပြောခဲ့ပါတယ်။

Paul Walker သေဆုံးမှုနဲ့ပတ်သက်ပြီး ၀မ်းနည်းစကား ပြောဆိုသူများစွာရှိသလို၊ ပရိသတ်ချစ် နာမည်ကျော်မင်းသားတစ်ဦးအတွက် ၀မ်းနည်းပူဆွေးသူ များစွာလည်းရှိပါတယ်။  

Paul Walkerဟာ အသက်၄၀ရှိပြီဖြစ်ပြီး “Fast & Furious” ရုပ်ရှင်ဇာတ်ကားနဲ့ နာမည်ကျော်ကြားလာတဲ့ ပရိတ်သတ်ချစ် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်။ ၂၀၀၅ခုနှစ်ထုတ် Porsche Carrera GT ပြိုင်ကားပေါ်မှာ ယာဉ်မောင်းတစ်ဦးက မောင်းလာခဲ့ပြီး Paul Walkerကဘေးကထိုင်လိုက်လာတုန်း ဓာတ်တိုင်ကို ၀င်ဆောင့်ခဲ့ပြီး ကားမီးလောင်မှုဖြစ်ခဲ့ပါတယ်။ နေရာကတော့ ဟောလီးဝုဒ် မြောက်ဘက် မိုင်၃၀ အကွာ၊ ဗလန်စီရာ ကော်မြူနတီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ရုံးအဆောက်အဦးတွေများရာနေရာမှာပါ။ Paul Walkerရဲ့သေဆုံးမှုကို သူ့ရဲ့ ပြန်ကြားရေးဖြစ်သူ Ame van Idenက နိုဝင်ဘာ ၃၀ရက်နေ့မှာ အတည်ပြုပေးခဲ့ပါတယ်။ Paul Walker နဲ့အတူ ကားမောင်းလာသူကတော့ Roger Rodus ပါလို့ CNN သတင်းထောက် ရဲ့အတည်ပြုချက်အရ သိရပါတယ်။   

Trend Myanmar

RangonNewsDaily:: December . 2 .2013
Paul Walker သေဆုံးမှုကို ကြားရပြီး စိတ်နောက် ကျန်ရစ်ခဲ့သူများစွာရှိပါတယ်။ “Fast & Furious 7” အတွက် Paul Walker နဲ့တွဲရိုက်ကူးနေကြတဲ့ သရုပ်ဆောင်ဖက်တွေဟာ ရိုက်ကူးရေးလုပ်ငန်းခွင်ကို ပြန်ဝင်ဖို့ စိတ်နောက်နေကြပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကမှ ရိုက်ကူးရေးလုပ်ငန်းခွင်မှာ သက်ရှိထင်ရှား သရုပ်ဆောင် ရိုက်ကူနေခဲ့တဲ့ မင်းသား Paul Walker အတွက် စိတ်မကောင်းဖြစ်၊ တုန်လှုပ်ခြောက်ခြားနေကြပါတယ်။

“ရုပ်ရှင်အကြောင်းတောင် ပြန်တွေးချင်တဲ့သူ မရှိဘူး။” လို့ အမည်မဖော်လိုသူတစ်ဦးက ပြောခဲ့ပါတယ်။ Paul Walker ဟာ “Fast & Furious 7” အတွက် အဓိကဇာတ်ဝင်ခန်းတွေကို ဂျော်ဂျီယာပြည်နယ်၊ အက်တလန်တာမြို့မှာ ရိုက်ကူးဖို့ စီစဉ်ထားပြီးသားဖြစ်တယ်လို့လည်း ပြောခဲ့သူတွေရှိပါတယ်။

Paul Walker မှာ ၂၃နှစ်အရွယ်၊ ကျောင်းသူ Jasmine Pilchard-Gosnell အမည်ရှိတဲ့ ရည်းစားရှိပါတယ်။ Jasmine ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာ ဘာဘာရာ မြို့မှာ နေထိုင်တာ ၇နှစ်ကျော်ရှိပါပြီ။ Paul Walker ရဲ့ ရုတ်တရက်သေဆုံးမှု သတင်းကို ကြားပြီးရတဲ့နောက် Jasmine ဟာ အကြီးအကျယ် စိတ်ထိခိုက်ခဲ့ပါတယ်။ သူမရဲ့အမေ Julie က ဒီထိန့်လန့်တုန်လှုပ်စရာ သတင်းကို နိုင်နိုင်နင်းနင်းကိုင်တွယ် ဖြေရှင်းပြနိုင်ခဲ့တဲ့အတွက်ကြောင့်သာ Jasmineဟာ သက်သာရာရခဲ့တာပါ။

“Paulဟာ တကယ့်ကို လူကောင်းတစ်ယောက်ပါ။ Paul ရုတ်တရက်သေဆုံးသွားတော့ Jasmine လဲ ဗုန်းဗုန်းလဲနေပြီ။ Paul နဲ့အတူ ကျေးဇူးတော်နေ့ကို ဆင်နွှဲချင်ခဲ့တာ၊ ဂေါ့ဖ်ရိုက်ချင်ခဲ့တာ။ သူတို့နှစ်ယောက်က အတူရှိနေခဲ့ပြီး သာယာဖြောင့်ဖြူးတဲ့ အနာဂတ်ကို လျှောက်လှမ်းကြမယ်လို့ မျှော်မှန်းထားတာ။ ဒီသတင်းကြီးက ကြောက်ရွံ့ထိတ်လန့်စရာကောင်းပါတယ်။ မမျှော်လင့်ထားခဲ့ဘူး။ Julieက သူ့သမီး Jasmine နဲ့အတူရှိနေပြီး နှစ်သိမ့်ပေးနေပါတယ်။” လို့ Jasmine ရဲ့ ဦးလေးဖြစ်သူ Barton Brunerကပြောခဲ့ပါတယ်။

Paul Walker သေဆုံးမှုနဲ့ပတ်သက်ပြီး ၀မ်းနည်းစကား ပြောဆိုသူများစွာရှိသလို၊ ပရိသတ်ချစ် နာမည်ကျော်မင်းသားတစ်ဦးအတွက် ၀မ်းနည်းပူဆွေးသူ များစွာလည်းရှိပါတယ်။

Paul Walkerဟာ အသက်၄၀ရှိပြီဖြစ်ပြီး “Fast & Furious” ရုပ်ရှင်ဇာတ်ကားနဲ့ နာမည်ကျော်ကြားလာတဲ့ ပရိတ်သတ်ချစ် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်။ 
 
၂၀၀၅ခုနှစ်ထုတ် Porsche Carrera GT ပြိုင်ကားပေါ်မှာ ယာဉ်မောင်းတစ်ဦးက မောင်းလာခဲ့ပြီး Paul Walkerကဘေးကထိုင်လိုက်လာတုန်း ဓာတ်တိုင်ကို ၀င်ဆောင့်ခဲ့ပြီး ကားမီးလောင်မှုဖြစ်ခဲ့ပါတယ်။
 
 နေရာကတော့ ဟောလီးဝုဒ် မြောက်ဘက် မိုင်၃၀ အကွာ၊ ဗလန်စီရာ ကော်မြူနတီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ရုံးအဆောက်အဦးတွေများရာနေရာမှာပါ။ Paul Walkerရဲ့သေဆုံးမှုကို သူ့ရဲ့ ပြန်ကြားရေးဖြစ်သူ Ame van Idenက နိုဝင်ဘာ ၃၀ရက်နေ့မှာ အတည်ပြုပေးခဲ့ပါတယ်။ 
 
Paul Walker နဲ့အတူ ကားမောင်းလာသူကတော့ Roger Rodus ပါလို့ CNN သတင်းထောက် ရဲ့အတည်ပြုချက်အရ သိရပါတယ်။

Trend Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment