Pages

Monday, December 2, 2013

အိန္ဒိယ-မြန်မာ နယ်စပ်လုံခြုံရေး ပြဿနာ ၂၀၁၈ ခုနှစ်အတွင်း အပြီးသတ်ဖြေရှင်းမည်

Photo: အိန္ဒိယ-မြန်မာ နယ်စပ်လုံခြုံရေး ပြဿနာ ၂၀၁၈ ခုနှစ်အတွင်း အပြီးသတ်ဖြေရှင်းမည်
Monday, December 2, 2013

အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ၁၉၆၄ ခုနှစ် ကတည်းက ခြေကုပ် ယူနေသော လက်နက်ကိုင် သောင်းကျန်းသူ များကြောင့် ရင်ဆိုင်နေရသော နယ်စပ်လုံခြုံရေး ပြဿနာကို ၂၀၁၈ ခုနှစ်အတွင်း အပြီးသတ် ဖြေရှင်းသွားမည် ဖြစ်ကြောင်း အိန္ဒိယ နယ်စပ်လုံခြုံရေး တပ်ဖွဲ့က နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

နှစ်နိုင်ငံ နယ်စပ် တစ်လျှောက်တွင် ဖြစ်ပွားနေသော လက်နက်ကိုင် သောင်းကျန်းသူများ၏ ပြဿနာများ၊ နယ်စပ်ဒေသ မှုခင်းများဖြစ်သည့် လက်နက်နှင့် မူးယစ်ဆေးဝါး မှောင်ခို လုပ်ငန်းများကို နှိမ်နင်းမှု အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။ 

အဆိုပါ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး ပြဿနာကို အဖြေရှာရန်အတွက် အိန္ဒိယ အစိုးရအဖွဲ့က နိုဝင်ဘာလ အကုန်ပိုင်းက အမိန့်ထုတ်ပြန်ခဲ့ခြင်းအပေါ် အိန္ဒိယ နယ်စပ် လုံခြုံရေးတပ်ဖွဲ့က ယင်းသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယခင်က အိန္ဒိယ တပ်မတော် လက်အောက်ရှိ တပ်ရင်း ၃၀ ပါဝင်သည့် Assam Rifles တပ်ဖွဲ့ကို ၂၀၀၂ နှစ်က နှစ်နိုင်ငံနယ်စပ် ကီလိုမီတာ ၇၀ နှင့် ၈၀ အကြားတွင် တာဝန် ချထားသော်လည်း လုံခြုံရေးအတွက် ထိရောက်မှု မရှိခဲ့ကြောင်း အိန္ဒိယ အစိုးရက ထုတ်ပြန်ထားသည်။

ယင်း Assam Rifles တပ်ဖွဲ့ကို အစားထိုး၍ လုံခြုံရေး တာဝန် ထမ်းဆောင်ရန်အတွက် နယ်စပ်လုံခြုံရေး တပ်ဖွဲ့ထံ အိန္ဒိယအစိုးရက တာဝန်လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း အိန္ဒိယ သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

အိန္ဒိယ နယ်စပ်လုံခြုံရေး တပ်ဖွဲ့သည် နယ်စပ်လုံခြုံရေးအတွက် တပ်ရင်း ၄၁ ခု ပါဝင်သော တပ်သား လေးသောင်းကျော်ကို နယ်စပ်လုံခြုံရေး တာဝန်ချထားရေးအတွက် အစီအစဉ်များ ပြုလုပ်နေကြောင်း အိန္ဒိယ နယ်စပ်လုံခြုံရေးက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် မြေမျက်နှာသွင်ပြင် အနေအထားအရ ကီလိုမီတာ ၁၆၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေသော အိန္ဒိယ-မြန်မာ နယ်စပ်ဒေသ တစ်လျှောက်တွင် ဖွံ့ဖြိုးရေး လုပ်ငန်များ ဆောင်ရွက်ရန် အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ( ရူပီ ကုဋေ ၅၀၀၀) သုံးစွဲမည် ဖြစ်ကြောင်း အိန္ဒိယအစိုးရက နိုဝင်ဘာ ၂၄ တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဖွံ့ဖြိုးရေး လုပ်ငန်းအတွက် သုံးစွဲရန် သတ်မှတ်ထားသည့် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကို ၅ နှစ် စီမံကိန်းဖြင့် နယ်စပ်တစ်လျှောက် အခြေခံ အဆောက်အဦများ ဖန်တီးပေးရန်အတွက် အသုံးချရန်ဖြစ် ကြောင်း အစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယ-မြန်မာနယ်စပ် တစ်လျှောက်ရှိ ၁၉၆၄ ခုနှစ်မှ စတင်၍ ခြေကုပ်ယူထားသော အိန္ဒိယအစိုးရ ဆန့်ကျင် သောင်းကျန်းသူများကို မြန်မာနိုင်ငံတွင် လက်မခံရန်နှင့် နယ်စပ်ဒေသ လုံခြုံရေး တိုးမြှင့်ရန်အတွက် ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး မစ္စတာအေကေ အန်တိုနီ၊ အိန္ဒိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) တို့က မြန်မာနိုင်ငံသို့ ရောက်ရှိ လာခဲ့ပြီး မြန်မာအစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

The Voice Weekly

RangonNewsDaily:: December . 2 .2013
အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ၁၉၆၄ ခုနှစ် ကတည်းက ခြေကုပ် ယူနေသော လက်နက်ကိုင် သောင်းကျန်းသူ များကြောင့် ရင်ဆိုင်နေရသော နယ်စပ်လုံခြုံရေး ပြဿနာကို ၂၀၁၈ ခုနှစ်အတွင်း အပြီးသတ် ဖြေရှင်းသွားမည် ဖြစ်ကြောင်း အိန္ဒိယ နယ်စပ်လုံခြုံရေး တပ်ဖွဲ့က နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။ နှစ်နိုင်ငံ နယ်စပ် တစ်လျှောက်တွင် ဖြစ်ပွားနေသော လက်နက်ကိုင် သောင်းကျန်းသူများ၏ ပြဿနာများ၊ နယ်စပ်ဒေသ မှုခင်းများဖြစ်သည့် လက်နက်နှင့် မူးယစ်ဆေးဝါး မှောင်ခို လုပ်ငန်းများကို နှိမ်နင်းမှု အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး ပြဿနာကို အဖြေရှာရန်အတွက် အိန္ဒိယ အစိုးရအဖွဲ့က နိုဝင်ဘာလ အကုန်ပိုင်းက အမိန့်ထုတ်ပြန်ခဲ့ခြင်းအပေါ် အိန္ဒိယ နယ်စပ် လုံခြုံရေးတပ်ဖွဲ့က ယင်းသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယခင်က အိန္ဒိယ တပ်မတော် လက်အောက်ရှိ တပ်ရင်း ၃၀ ပါဝင်သည့် Assam Rifles တပ်ဖွဲ့ကို ၂၀၀၂ နှစ်က နှစ်နိုင်ငံနယ်စပ် ကီလိုမီတာ ၇၀ နှင့် ၈၀ အကြားတွင် တာဝန် ချထားသော်လည်း လုံခြုံရေးအတွက် ထိရောက်မှု မရှိခဲ့ကြောင်း အိန္ဒိယ အစိုးရက ထုတ်ပြန်ထားသည်။

ယင်း Assam Rifles တပ်ဖွဲ့ကို အစားထိုး၍ လုံခြုံရေး တာဝန် ထမ်းဆောင်ရန်အတွက် နယ်စပ်လုံခြုံရေး တပ်ဖွဲ့ထံ အိန္ဒိယအစိုးရက တာဝန်လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း အိန္ဒိယ သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

အိန္ဒိယ နယ်စပ်လုံခြုံရေး တပ်ဖွဲ့သည် နယ်စပ်လုံခြုံရေးအတွက် တပ်ရင်း ၄၁ ခု ပါဝင်သော တပ်သား လေးသောင်းကျော်ကို နယ်စပ်လုံခြုံရေး တာဝန်ချထားရေးအတွက် အစီအစဉ်များ ပြုလုပ်နေကြောင်း အိန္ဒိယ နယ်စပ်လုံခြုံရေးက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် မြေမျက်နှာသွင်ပြင် အနေအထားအရ ကီလိုမီတာ ၁၆၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေသော အိန္ဒိယ-မြန်မာ နယ်စပ်ဒေသ တစ်လျှောက်တွင် ဖွံ့ဖြိုးရေး လုပ်ငန်များ ဆောင်ရွက်ရန် အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ( ရူပီ ကုဋေ ၅၀၀၀) သုံးစွဲမည် ဖြစ်ကြောင်း အိန္ဒိယအစိုးရက နိုဝင်ဘာ ၂၄ တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဖွံ့ဖြိုးရေး လုပ်ငန်းအတွက် သုံးစွဲရန် သတ်မှတ်ထားသည့် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကို ၅ နှစ် စီမံကိန်းဖြင့် နယ်စပ်တစ်လျှောက် အခြေခံ အဆောက်အဦများ ဖန်တီးပေးရန်အတွက် အသုံးချရန်ဖြစ် ကြောင်း အစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယ-မြန်မာနယ်စပ် တစ်လျှောက်ရှိ ၁၉၆၄ ခုနှစ်မှ စတင်၍ ခြေကုပ်ယူထားသော အိန္ဒိယအစိုးရ ဆန့်ကျင် သောင်းကျန်းသူများကို မြန်မာနိုင်ငံတွင် လက်မခံရန်နှင့် နယ်စပ်ဒေသ လုံခြုံရေး တိုးမြှင့်ရန်အတွက် ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး မစ္စတာအေကေ အန်တိုနီ၊ အိန္ဒိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) တို့က မြန်မာနိုင်ငံသို့ ရောက်ရှိ လာခဲ့ပြီး မြန်မာအစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

The Voice  ,,kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment