Pages

Friday, January 3, 2014

ကမာရွတ်မြို့နယ် နာနတ်တောလမ်းတွင် အငှားယာဉ်ပေါ် ဓားထောက်လုယက်သူကို ဖမ်းမိ

RangonNewsDaily:: January . 3 .2014
ကမာရွတ်မြို့နယ် နာနတ်တောလမ်းရှိ ရွှေကိန္နရီ အိမ်ရာအနီးတွင် ဇန်နဝါရီလ ၂ ရက် နံနက် ၁ နာရီခန့်က ကရီနာ အမျိုးအစား အငှားယာဉ်ပေါ် လိုက်ပါလာသူ အမျိုးသားသုံးဦးက ယာဉ်မောင်း၏ ခါးကို ဓားထောက်
ကာ ငွေလုယက်ခဲ့သူများဟုတိုင်ကြားခံရသူများအနက်တစ်ဦးကိုလှည့်ကင်း တပ်ဖွဲ့ဝင်များကဖမ်းမိခဲ့ကြောင်း
 ကမာရွတ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းလပ် ဆန့်ကျင်သူများ၏ မြို့တော် ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြရန် အစီအစဉ်ကို တန်ပြန်သွားမည်ဟု ထိုင်းရှပ်နီ ခေါင်းဆောင် ပြောကြား

Photo: ယင်းလပ် ဆန့်ကျင်သူများ၏ မြို့တော် ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြရန် အစီအစဉ်ကို တန်ပြန်သွားမည်ဟု ထိုင်းရှပ်နီ ခေါင်းဆောင် ပြောကြား
Friday, January 03, 2014

အစိုးရ ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားနေသော ထိုင်းနိုင်ငံတွင် ယင်းလပ် အစိုးရကို ဆန့်ကျင်သော အတိုက်အခံ ဆန္ဒပြသူများက ဇန်နဝါရီလ ၁၃ ရက်မှ စတင်၍ မြို့တော် ဘန်ကောက်မြို့၏ လုပ်ငန်း ဆောင်တာများ ရပ်ဆိုင်းသွားသည်အထိ ဆန္ဒပြမည်ဟု ပြောကြားခဲ့ပြီးနောက် ယင်းလပ်အစိုးရကို ထောက်ခံသော ရှပ်နီ ဆန္ဒပြသူများကလည်း ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြမှုများကို တန်ပြန်သွားမည်ဟု ပြောကြားလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းတွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင်၍ မြို့တော် ဘန်ကောက်၏ လုပ်ငန်း ဆောင်တာများ ရပ်ဆိုင်းသွားရန် ဆန္ဒပြမည့် အစီအစဉ်များကို အစိုးရ အတိုက်အခံ ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ (People's Democratic Reform committee) (PDRC) ခေါင်းဆာင် ဆူသက်သောင် ဆူဘန်က ဗုဒ္ဓဟူးနေ့ညက ကြေညာခဲ့သည်။

မြို့တော် ဘန်ကောက် ရပ်ဆိုင်းပစ်ရေး ဆန္ဒပြမှုသည် အချိန်တစ်လ သို့မဟုတ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာနိုင်သည့် ယင်းလပ်၏ အိမ်စောင့်အစိုးရ ပြုတ်သွားသည့် ကာလထိတိုင် ကြာမြင့်နိုင်ကြောင်း ယင်းလပ်အစိုးရ ဆန့်ကျင်သော အတိုက်အခံ ဆန္ဒပြ ခေါင်းဆောင် ဆူသက် သောင်ဆူဘန်က ပြောကြားသည်။

ယင်းလပ်အစိုးရကို ဆန့်ကျင်သူများက ယခုကဲ့သို့ မြို့တော် ဘန်ကောက် ရပ်ဆိုင်းပစ်ရေး ဆန္ဒပြရန် စီစဉ်လျက်ရှိစဉ် ယင်းလပ်ကို ထောက်ခံသော ရှပ်နီ ဆန္ဒပြသူများကလည်း မြို့တော် ဘန်ကောက် ရပ်ဆိုင်းမည့် အစီအစဉ်များကို တန်ပြန်သွားရန် ရှပ်နီ ဆန္ဒပြ ခေါင်းဆောင် ဂျတူပေါင်ပရောင်ဖန် (JatupornPromphan) က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

ရွေးကောက်ခံ အစိုးရတစ်ရပ်ကို ဖြုတ်ချရေး စီစဉ်နေသော အီလစ်အုပ်စု၏ လုပ်ရပ်များကို တန်ပြန်သွားရန် ပြည်သူတွေအတွက် အချိန်ကျပြီ ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ရှပ်နီခေါင်းဆောင် ဂျတူပေါင် ပရောင်ဖန်က ပြောကြားသည်။

ထို့ပြင် ယင်းလပ်အစိုးရ ဆန့်ကျင်သူများက ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြမည့် ရက်ဖြစ်သော ဇန်နဝါရီလ ၁၃ ရက်နေ့ မတိုင်မီ ပဏာမ ဆန္ဒပြရက်အဖြစ် သတ်မှတ်ထားသော ဇန်နဝါရီလ ၅ ရက်နေ့တွင် ယင်းလပ် ထောက်ခံသော ရှပ်နီ ဆန္ဒပြသူများ ပဏာမ ဆန္ဒပြမှုများ ပြုလုပ်ကြရန် ၎င်းက တိုက်တွန်းလိုက်သည်။
ထိုင်းနိုင်ငံတွင် လက်ရှိ ဖြစ်ပွားလျက်ရှိသော ယင်းလပ်အစိုးရ ဆန့်ကျင်သော ဆန္ဒပြသူများမှာ ယင်းလပ်၏ အစ်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဆန့်ကျင်သူများ ဖြစ်ပြီး၊ ထိုင်းဘုရင်မင်းမြတ်ကို ထောက်ခံသူများ ဖြစ်သည်။
သက်ဆင်ကို ဆန့်ကျင်သော အင်အားစုများမှာ ထိုင်း တောင်ပိုင်းပြည်နယ်များနှင့် ဘန်ကောက်မြို့နေ လူလတ်တန်းစားနှင့် အီလစ်များ ဖြစ်ကြသည်။

သက်ဆင်ကို ထောက်ခံသော ရှပ်နီ အင်အားစုများမှာ ထိုင်း မြောက်ပိုင်းပြည်နယ်များမှ ဖြစ်ပြီး၊ အများစုမှာ ကျေးလက်နေ ဆင်းရဲသား လူတန်းစားများ ဖြစ်သည်။

ထိုင်းတွင် ယခုဖြစ်ပွားနေသော နိုင်ငံရေး ပဋိပက္ခများမှာ နှစ်ကာလ အတန်ကြာမြင့်လာပြီ ဖြစ်သော ဘန်ကောက်မြို့တော်နေ လူလတ်တန်းစားများ၊ ဘုရင်စနစ်ကို ထောက်ခံသူများနှင့် သက်ဆင် - ယင်းလပ်ကို ထောက်ခံသော အများစုမှာ ဆင်းရဲနွမ်းပါးသော ကျေးလက် နေသူများအကြား ဖြစ်ပွားသော နောက်ဆုံး ပဋိပက္ခ ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

RangonNewsDaily:: January . 3 .2014
အစိုးရ ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားနေသော ထိုင်းနိုင်ငံတွင် ယင်းလပ် အစိုးရကို ဆန့်ကျင်သော အတိုက်အ
ခံဆန္ဒပြသူများက ဇန်နဝါရီလ ၁၃ ရက်မှ စတင်၍ မြို့တော် ဘန်ကောက်မြို့၏ လုပ်ငန်း ဆောင်တာများ ရပ်
ဆိုင်းသွားသည်အထိ ဆန္ဒပြမည်ဟု ပြောကြားခဲ့ပြီးနောက် ယင်းလပ်အစိုးရကို ထောက်ခံသော ရှပ်နီ ဆန္ဒပြ
သူများကလည်း ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြမှုများကို တန်ပြန်သွားမည်ဟု ပြောကြားလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းတွင် ဖော်ပြထားသည်။

မြိတ်မြို့နယ် လူမနေ ကျွန်းပေါ်က ထူးခြားသည့် ကျောက်ခေါင်းအုံး

Photo: မြိတ်မြို့နယ် လူမနေ ကျွန်းပေါ်က ထူးခြားသည့် ကျောက်ခေါင်းအုံး
Friday, January 03, 2014

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ကျွန်းစု(ခေါ်) ကျွန်းစုမြို့နယ် အတွင်း ကမ္ဘာ့ ရေလမ်းကြောင်းနှင့် မီးစိမ်းကျွန်းအနီး၌ ရေချို၊ ရေငန် ဆက်စပ် လျက်ရှိပြီး လူသူတစ်ဦး တစ်ယောက်မျှ နေထိုင်ခြင်းမရှိသော ဒန်းကျွန်းပေါ်တွင်တံငါရေ လုပ်သားတစ်ဦး တွေ့ရှိခဲ့သော ထူးဆန်း သည့် ကျောက်ခေါင်းအုံး တစ်ခုအား မြိတ်မြို့ သိမ်တော်ကြီး စေတီ ဗုဒ္ဓယဉ် ကျေးမှု ပြတိုက်တွင် အများပြည်သူ ကြည့်ရှု လေ့ လာ နိုင်စေရန် ပြသ ထားကြောင်း သိရသည်။

အဆိုပါ ထူးဆန်းသော ကျောက်ခေါင်းအုံးအား တွေ့ရှိခဲ့သူ ကျွန်းစုမြို့နယ်နေ ရေလုပ်သား ကိုမောင်ဝင်းအား သိလိုသည်များ မေးမြန်း ခဲ့မှုအပေါ် ၎င်းက ''လွန်ခဲ့တဲ့ ၂ဝဝ၂ ခုနှစ် ၉လပိုင်း လောက်က ဒန်းကျွန်း လို့ခေါ်တဲ့ ကျွန်းတစ်ကျွန်းကို ရောက်ခဲ့ပါတယ်။
ဒီကျွန်းမှာက လူသူတစ် ဦးတစ်ယောက်မျှ မနေပါဘူး။ ဒီကျွန်းက ရေချို၊ ရေငန် စပ်တာဆိုတော့ ကျွန်တော်တို့ ငါးဖမ်း ရေလုပ်သားတွေ ရေချိုးရင်း အနားယူတာ မျိုးတွေ လုပ်ကြပါ တယ်။
အဲ့ဒီအချိန်မှာ ကျွန်တော် ရေချိုးဖို့ကျွန်း ပေါ်ကို တက်လာတဲ့ အခါ သောင်ပြင်မှာ သာမန် ခေါင်းအုံး တစ်လုံးနဲ့ အရွယ်အစားချင်း တူညီတဲ့ ကျောက်ခေါင်းအုံး တစ်ခုကို တွေ့ခဲ့ပါတယ်။
ကျွန်တော် လည်း လှေပေါ်မှာ ခေါင်းအုံး လုပ်ဖို့ ထမ်းယူ လာခဲ့ပါတယ်''ဟု ပြောကြားသည်။

ဆက်လက်၍ ''ကျွန်တော့်အိမ်ရောက်တော့ ဒီခေါင်းအုံးနဲ့ အိပ်လိုက်တဲ့အခါမှာ ညသန်းခေါင်ကျော် အချိန်ရောက်ပြီဆို
တာနဲ့ ခေါင်းထဲမှာ တဖျစ်ဖျစ်မြည် လာပြီးတဲ့ နောက် ဦးခေါင်းတွေ၊ ခြေဖျား၊ လက်ဖျားတွေ အထိ တဖျစ်ဖျစ် အသံတွေ မြည်သွားပါတယ်။
ကျွန်တော်လည်း အံ့အားသင့်သွားပြီး နောက်နေ့ နံနက်လင်းတဲ့ အချိန်မှာ တစ်ကိုယ်လုံး လန်းဆန်းပေါ့ပါးနေပြီး နေလို့ထိုင်လို့ အရမ်းကောင်းတဲ့ အနေအထားမျိုးတွေ ဖြစ်ပေါ်နေ တာကို တွေ့ရပါတယ်။
ကျွန်တော်လည်း အံ့သြ တကြီးနဲ့ ပဲ ဒီအတိုင်း နေခဲ့ပါတယ်။ ကျွန်တော်တို့ တံငါရေလုပ်သား တွေဟာ အသောက်အစား မကင်းပါဘူး။ တစ်ခါတစ်ရံ သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ပြီး သောက် စားကြ တာမျိုးတွေလည်း ရှိပါတယ်။
အဲဒီလို အခါမျိုးမှာ အိမ်ပြန်ရောက်လို့ ကျောက်ခေါင်းအုံးပေါ်မှာ အိပ်လိုက်တယ် ဆိုရင်ပဲ ဦးခေါင်း တစ်ခုလုံးဟာ မီးနဲ့ မြှိုက်ထားသလို ပူလောင်လာပါတယ်။
ကျွန်တော်လည်း အရမ်းကို အံ့သြမိပြီး ဒီကျောက်တုံးဟာ သာမန်ရိုးရိုးတော့ မဟုတ်ဘူးလို့ သင်္ကာမကင်း ဖြစ်တာနဲ့ အရက်သောက်လာရင် မအိပ်ရဲ တော့ပါဘူး။
ဒါ့ကြောင့် ကျွန်တော့်ဆီ ရောက်ပြီး ရှစ်လခန့်အကြာမှာ မြိတ်မြို့ သိမ်တော်ကြီးဘုရားမှာ သွားရောက် လှူဒါန်းခဲ့တာပါ''ဟု ထူးခြားသည့် ကျောက် ခေါင်းအုံး အကြောင်းကို ပြောပြ၍ သိရသည်။ ။

မောင်မျိုး(ဧရာဝတီ)
မြ၀တီ

RangonNewsDaily:: January . 3 .2014
တနင်္သာရီတိုင်း ဒေသကြီး မြိတ်ကျွန်းစု(ခေါ်) ကျွန်းစုမြို့နယ် အတွင်း ကမ္ဘာ့ ရေလမ်းကြောင်းနှင့် မီးစိမ်းကျွန်းအနီး၌ ရေချို၊ ရေငန် ဆက်စပ် လျက်ရှိပြီး လူသူတစ်ဦး တစ်ယောက်မျှ နေထိုင်ခြင်းမရှိသော ဒန်းကျွန်းပေါ်တွင်တံငါရေ လုပ်သားတစ်ဦး တွေ့ရှိခဲ့သော ထူးဆန်း သည့် ကျောက်ခေါင်းအုံး တစ်ခုအား မြိတ်မြို့ သိမ်တော်ကြီး စေတီ ဗုဒ္ဓယဉ် ကျေးမှု ပြတိုက်တွင် အများပြည်သူ ကြည့်ရှု လေ့ လာ နိုင်စေရန် ပြသ ထားကြောင်း သိရသည်။

အင်ဒိုနီးရှားကူးတို့သင်္ဘောနစ်မြုပ်မှု ခရီးသည်အများအပြား ပျောက်ဆုံးလျက်ရှိ

Photo: အင်ဒိုနီးရှားကူးတို့သင်္ဘောနစ်မြုပ်မှု ခရီးသည်အများအပြား ပျောက်ဆုံးလျက်ရှိ
Friday, January 03, 2014

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူတစ်ဦးက ပြောကြားချက်အရ အနည်းဆုံး သေဆုံးသူအလောင်း ၃ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အခြား ၄၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းရှိ ကျွန်းနှစ်ကျွန်းကြား ခုတ်မောင်းသွားလာသည့် ကူးတိုကသင်္ဘောတစ်စီး သောကြောနေ့ အစောပိုင်းက နစ်မြုပ်ခဲ့ရာ လိုက်ပါလာသူ အများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူတစ်ဦးက ပြောကြားချက်အရ အနည်းဆုံး သေဆုံးသူအလောင်း ၃ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အခြား ၄၆  ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ မွန်နဝါအမည်ရှိ ကူးတို့သင်္ဘောသည် သောကြာနေ့ နံနက် ၂း၀၀ ဝန်းကျင်တွင် လွမ်ဘွတ်ခ်ကျွန်းသို့ ခုတ်မောင်းသွားစဉ် လမ်းခရီးတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

ကူးတို့သင်္ဘောနစ်မြုပ်မှုအတွင်း ခရီးသည် မည်မျှ ပျောက်ဆုံးနေကြောင်းနှင့် သင်္ဘောပေါ်တွင် လိုက်ပါလာသူ မည်မျှပါရှိသည်ကို လတ်တလော တိကျစွာ မသိရှိနိုင်သေးချေ။ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများကြား ပျောက်ဆုံးသူအရေအတွက်မှာ ကွဲပြားလျက်ရှိသည်။ တာဝန်ရှိသူများက ၁၁ ဦးဟု ဖော်ပြကာ သတင်းမီဒီယာများက လူ ၄၀ ခန့် ပျောက်ဆုံးနေကြောင်းဆိုသည်။ အစိုးရပိုင်းသတင်းဌာန အန်တာရာက ကူးတို့သင်္ဘောပေါ်၌ လိုက်ပါလာသူ ၁၅၀ ဝန်းကျင်ရှိကြောင်း ဖော်ပြသည်။ ကူးတို့သင်္ဘောနစ်မြုပ်ရသည့် အကြောင်းရင်းကို မသိရှိရသေးသော်လည်း ဒေသခံသတင်းဌာနများကမူ သင်္ဘောဝမ်းဗိုက်ပေါက်သွားသဖြင့် နစ်မြုပ်ခဲ့ခြင်းဟုဆိုသည်။

ကူးတို့သင်္ဘောသည် ဘယ်ဘက်သို့ တိမ်းစောင်းသွားပြီးနောက် အင်ဂျင်စက်ရပ်သွားခဲ့ကာ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သင်္ဘောပေါ်တွင် လိုက်ပါလာသူတစ်ဦးက ပြောကြားသည်။ အင်ဒိုနီးရှားတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် သင်္ဘောများကို အသုံးပြုလေ့ရှိပြီး အဓိကအားဖြင့် အရှေ့ပိုင်းဒေသ ကျွန်းစုများတွင် အသုံးပြုကြကြောင်း သိရသည်။ ထို့အပြင် အချို့ဒေသများတွင် ကုန်လမ်းခရီး ဆိုးရွားမှုကြောင့် ကူးတို့သင်္ဘောများကို အသုံးပြုလေ့ရှိသည်။ ကူးတိုသင်္ဘောနစ်မြုပ်မှုများမှာ ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ရှိပြီး လူဦးရေ သန်း ၂၄၀ နေထိုင်သည့် အင်ဒိုနီးရှားတွင် မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

Planet Myanmar Network

RangonNewsDaily:: January . 3 .2014
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူတစ်ဦးက ပြောကြားချက်အရ အနည်းဆုံး သေဆုံးသူအလောင်း ၃ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အခြား ၄၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်

ဒေါ်အောင်ဆန်းစုကြည် ကရင်နဲ့ ရှမ်းပြည်နယ်တွေကိုပါ သွားရောက်မည်

Photo: ဒေါ်အောင်ဆန်းစုကြည် ကရင်နဲ့ ရှမ်းပြည်နယ်တွေကိုပါ သွားရောက်မည်
Friday, January 03, 2014

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဇန်န၀ါရီလ တတိယအပတ်နဲ့ နောက်ဆုံးအပတ်အတွင်း ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေကို သွားရောက်ပြီး ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

ဒီခရီးစဉ်တွေအတွင်း ဟောပြောပွဲတွေလုပ်မှာဖြစ်ပေမယ့် အကြောင်းအရာကတော့ အတိအကျမသိသေးကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကတော့ ပြောပြီးသွားပြီ၊ ဒါပေမယ့် ကျေးရွာကလူတွေလည်း ထပ်ပြီးသိချင်လို့ သူပြောတဲ့အထဲမှာ ပါချင်လည်းပါဦးမှာပေါ့နော်၊ အခုအချိန်မှာတော့ ၂ဝဝ၈ အခြေခံဥပဒေ ပြောင်းလဲရေးအတွက်လည်း ပြည်သူတွေရဲ့အင်အား၊ သဘောထားတွေကို လုပ်ပြီးသွားပေမယ့် ထပ်ပြီးတော့ ဒီဘက်မှာလိုချင်လို့ဖြစ်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူကဆွေးနွေးခန်းထည့်ထားတာ”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်န၀ါရီလ ၁၈ရက်နဲ့ ၁၉ရက်နေ့တွေမှာ ကရင်ပြည်နယ်၊ဘားအံမြို့မှာ လူထုတွေ့ဆုံပွဲလုပ်မှာဖြစ်ပြီး ဇန်န၀ါရီလ ၂၅ရက်နေ့မှာတော့ ရှမ်းပြည်နယ် နမ့်စမ်၊ မိုးနဲနဲ့ လင်းခေးမြို့တွေကို ရောက်ရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇန်န၀ါရီလ ၆ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ချင်းပြည်နယ်မှာကျင်းပမယ့် လူထုဆန္ဒကောက်ခံပွဲမှာ တက်ရောက်ဟောပြောဖို့ရှိတယ်လို့လည်း သိရပါတယ်။

RFA

RangonNewsDaily:: January . 3 .2014
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဇန်န၀ါရီလ တတိယအပတ်နဲ့ နောက်ဆုံးအပတ်အတွင်း ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေကို သွားရောက်ပြီး ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

မိခင်ကို ဓားဖြင့်လိုက်ခုတ်သူ ပထွေးအား သားဖြစ်သူက ဓားဖြင့်ခုတ်သတ်

RangonNewsDaily:: January . 3 .2014
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာအုပ်စု ဂုံမင်းလျှို ကျေးရွာအပိုင် သစ်နီပင်တော စခန်းအနီးတွင် ဒီဇင်ဘာလ ၃၀ ရက် ည ၈ နာရီခန့်က အရက်မူးနေသော ပထွေးက မိခင်ဖြစ်သူကို ဓားဖြင့် လိုက်ခုတ်သဖြင့် သားဖြစ်သူက ပထွေးကို ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း ဖောင်ကြီး နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖုန်းဈေးကွက် အလဲအထပ် ရောင်းဝယ်မှု စနစ်ဖြင့်သာသွက်နေ

RangonNewsDaily:: January . 3 .2014
မိုဘိုင်းဖုန်းပြင်ပဈေးကွက် ဝယ်ရောင်းစနစ် ထက် အလဲအလှယ် လုပ်သည့်စနစ် ပိုသွက်နေ သည်ဟု ဖုန်းအကျိုးဆောင်များမှ သိရသည်။ အဆိုပါ အခြေအနေဖြစ်ပေါ်မှုသည် ကျပ်တစ်ထောင့်ငါးရာတန် CDMA 800 MHz ဖုန်းများ ချထားပေးခြင်းမရှိသည့် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလဆန်းမှ စ၍ ဖြစ်ပေါ် ခဲ့ခြင်းဖြစ်ပြီး ကျပ်ငါးသိန်း 800 MHz ဖုန်းနှင့် ထောင့်ငါးရာ တန် ဂျီဖုန်းများသာအလဲအလှယ်လုပ်မှု အများ ဆုံးဖြစ်ကြောင်း ဈေးကွက်မှ သိရသည်။

ရန်ကုန်တွင် တစ်ရက်အတွင်း သေမှုသေခင်း ခုနစ်မှုဖြစ်

RangonNewsDaily:: January . 3 .2014
ရန်ကုန်တိုင်းတွင် ဒီဇင်ဘာ ၃၁ ရက်အတွင်း သေမှုသေခင်းပေါင်း ခုနစ်ခုထိ အမှုဖွင့်စစ်ဆေးနေရပြီး မိမိကိုယ်ကို ဆွဲကြိုးချ၍ သတ်သေခဲ့မှု သုံးမှုထိပါဝင်နေသည်ကို တိုင်းရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများ တွင် တွေ့ရှိရသည်။ ပထမဆုံး ဆွဲကြိုးချသေဆုံးမှုဖြစ်စဉ်တစ်ခုမှာ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ (၁)ရပ်ကွက်၊ ပန်းခြံ (၂)လမ်းတွင် ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီ ၅၀ မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ မှာ

စက်ပစ္စည်းများ တပ်ဆင်နေခြင်းကြောင့် ရန်ကုန်တွင် ဖုန်းခေါ်ဆိုမှု အခက်အခဲ နှစ်ပတ်ခန့်ကြာဦးမည်ဟုဆို

RangonNewsDaily:: January . 3 .2014
ရန်ကုန်တိုင်းဒေသကြီးအတွင်း တပ်ဆင်ထားသော ရေဒီယိုစခန်းများရှိ စက်ပစ္စည်းများ လဲလှယ်တပ်ဆင် စမ်းသပ်လည်ပတ်နေခြင်းများကြောင့် ဖုန်းခေါ်ဆိုမှုခက်ခဲခြင်းများ ဖြစ်ပေါ်နေသည်မှာ ဇန်န၀ါရီ ဒုတိယ အပတ်လောက်အထိ ဖြစ်နိုင်ဖွယ်ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနမှ အင်ဂျင်နီယာ တစ်ဦးက ဇန်န၀ါရီ ၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဘုရားသုံးဆူသွားလမ်း ကြိမ်ချောင်းရေပေါ်တံတား DKBA မှ တာဝန်ယူ တည်ဆောက်

RangonNewsDaily:: January . 3 .2014
ကရင်ပြည်နယ်အတွင်းရှိ ဘုရားသုံးဆူမြို့သို့ ကြိမ်ချောင်းကျေးရွာ တစ်ဘက်ကမ်းရွာများမှသွားလျှင် ယ ခင်က နှစ်ညအိပ်ကြာသော်လည်း ယခုအခါ ချောင်းဆုံချောင်းဖြတ်ကူးနိုင်မည့် ဖောင်ဆိပ်ရေပေါ်တံတား ကို ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) ကလို့ထူးဘောစစ်ဌာနချုပ်အခြေစိုက် ဘု ရားသုံးဆူမြို့ ဗျူဟာအထူးစစ်ကြောင်းက တာဝန်ယူဆောက်လုပ်ပြီး ဒီဇင်ဘာ ၃၁ ရက်မှစတင်ကာ ဖြတ် သန်းခွင့်ပြုလိုက်ရာ အဆိုပါခရီးကို ၃ နာရီဖြင့် အရောက်သွားနိုင်ပြီဖြစ်ကြောင်း စစ်ကြောင်းမှူး ဗိုလ်မှူး စောအေ၀မ်းက ပြောသည်။

ကျောက်ဖြူမြို့တွင် လုပ်သေနတ်နှင့်ကျည်ဆန်ခွံများသိမ်းဆည်းရမိ

RangonNewsDaily:: January . 3 .2014
ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် သဲတန်းကျေးရွာအုပ်စု ကြတ္တိန်ကျွန်းပိုက်ဆိပ်ရှိ ရေလုပ် သားတစ်ဦး၏နေ

အိမ်အား သတင်း အရဝင်ရောက်ရှာဖွေရာမှ သံထည် ဖြင့်ပြုလုပ်ထားသည့် အရှည် ၃ ပေ ၅လက်မခန့် တစ်
လုံးထိုး တူ မီးသေနတ်တစ်လက်၊ သံဖြင့် ပြု လုပ်ထားသော ယမ်းတောင့် ကျည် ခွံသုံးခု၊ ရောစပ်ပြီးယမ်းမှုန့် ၅ ကျပ်သားခန့်ကို သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

ကရင်တိုင်းရင်းသား လက်နက်ကိုင်များနှင့် ကရင်လူထု ၁၀၀၀၀ ကျော် ဆင်နွှဲခဲ့သည့် ကရင်နှစ်သစ်ကူး ပွဲတော်ကို မြ၀တီမြို့နယ် ရွှေကုက္ကိုကျေးရွာ၌ ကျင်းပ

Photo: ကရင်တိုင်းရင်းသား လက်နက်ကိုင်များနှင့် ကရင်လူထု ၁၀၀၀၀ ကျော် ဆင်နွှဲခဲ့သည့် ကရင်နှစ်သစ်ကူး ပွဲတော်ကို မြ၀တီမြို့နယ် ရွှေကုက္ကိုကျေးရွာ၌ ကျင်းပ
Thursday, January 2, 2014

ကရင်ပြည်နယ် မြ၀တီမြို့နယ် ရွှေကုက္ကို ကျေးရွာ၌ ကရင်အမျိုးသားတို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ကရင်နှစ်သစ်ကူး ပွဲတော်နှင့် ကောက်သစ်စား ပွဲတော်ကို ပထမဆုံး အကြိမ်အဖြစ် မြို့နယ်ငါးမြို့နယ်မှ ကရင်တိုင်းရင်းသားများနှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်များ ပူးပေါင်းပြီး ကရင်သက္ကရာဇ် ၂၇၅၃ သလေးတိုင်ခုတ်ဖို၊ ပြာသိုလဆန်း ၁ ရက် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက် နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ အပါအ၀င် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ကရင်တိုင်းရင်းသားများစွာ တက်ရောက်ခဲ့ကြောင်း၊ နံနက် ၆ နာရီခွဲ အချိန်တွင် ကရင်အမျိုးသား အလံတော် လွှင့်တင်ကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြန်မာဘာသာ၊ ကရင်ဘာသာ စကားတို့ဖြင့် အမှာစကား ပြောကြားကြပြီးနောက် ကရင်ရိုးရာ ကောက်သစ်စားခြင်း မင်္ဂလာကို ဆက်လက် ဆင်နွှဲခဲ့ကြသည်။

အခမ်းအနားတွင် သဘာပတိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက အဖွင့်အမှာစကား ပြောကြားရာတွင် စစ်မှန်သော ငြိမ်းချမ်းရေးကို ရရှိဖို့အတွက် အဓိက ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့  ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့သုံးဖွဲ့သာ တက်ရောက်ခဲ့သော်လည်း လက်နက်မပါ စုံညီဝတ်စုံဖြင့် အင်အား ၇၀၀ ကျော် တက်ရောက် အလေးပြုခဲ့ကြပြီး တိုင်းရင်းသား တစ်သောင်းကျော် တက်ရောက်ခဲ့ကြသည်။

“ယခုနှစ် နှစ်သစ်ကူးပွဲတော်က ထူးခြားပါတယ်။ ခရာဇ်နှစ်နဲ့လည်း ကိုက်ညီနေတယ်။ ကရင်လက်နက်ကိုင် အချင်းချင်း ညီညွတ်ရေးအတွက် လက်နက်မပါတဲ့ ချီတက်အလေးပြုမှုတွေ၊ ကရင်ပြည်နယ်မြို့နယ် ငါးမြို့နယ်မှ တိုင်းရင်းသားတွေ စုပေါင်းကျင်းပ ခဲ့တာရယ်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးခင်ရီတို့လည်း တက်ရောက် ခဲ့ကြပါတယ်” ဟု နှစ်သစ်ကူးပွဲတော်ကာလ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ မန်းမျိုးမြင့်က ပြောကြားသည်။

ကရင်နှစ်သစ်ကူး ပွဲတော်သည် တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသသို့ ရောက်ရှိနေထိုင်ကြသော ကရင်မိသားစု ဘိုးဘွားများက ရှေးအခါမှစ၍ စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးလာ ခဲ့ကြရာ နှစ်စဉ်ကောက်ပဲ သီးနှံများကို ရိတ်သိမ်းသည့် နွေဦးကာလတွင် မိသားစုအလိုက် စုပေါင်း၍ ကောက်သစ်၊ ကောက်ဦးစားပွဲတော်ကို တပျော်တပါး ကျင်းပလာခဲ့ရာမှ ကရင်နှစ်သစ်ကူး ပွဲတော်အဖြစ် အစဉ်အလာတစ်ရပ် ဖြစ်လာခဲ့ကြောင်း သိရသည်။

အစီအစဉ်အရ မွန်းလွဲပိုင်းတွင် နှစ်နိုင်ငံ ချစ်ကြည်ရေး လက်ဝှေ့ပွဲများ၊ အပါအ၀င် ကရင်နှစ်သစ်ကူး ပွဲတော်၌ ကရင်ရိုးရာဒုံးအက ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ ကရင်ဇာတ်ပွဲနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ တင်ဆက်မှုများ၊ ကရင်-မြန်မာ ခေတ်ပေါ်တေးဂီတအပြင် ရန်ကုန်မှ နာမည်ကြီး အဆိုတော်များ ဖျော်ဖြေသည့် ပျော်ပွဲရွှင်ပွဲများ ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group 

(ဇန်န၀ါရီ ၁ ရက်က မြ၀တီမြို့နယ် ရွှေကုက္ကိုကျေးရွာ၌ ကျင်းပခဲ့သည့် ကရင်နှစ်သစ်ကူးပွဲတော်)
(ဇန်န၀ါရီ ၁ ရက်က မြ၀တီမြို့နယ် ရွှေကုက္ကိုကျေးရွာ၌ ကျင်းပခဲ့သည့် ကရင်နှစ်သစ်ကူးပွဲတော်)
RangonNewsDaily:: January . 3 .2014
ကရင်ပြည်နယ် မြ၀တီမြို့နယ် ရွှေကုက္ကို ကျေးရွာ၌ ကရင်အမျိုးသားတို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ကရင်နှစ်
သစ်ကူး ပွဲတော်နှင့် ကောက်သစ်စား ပွဲတော်ကို ပထမဆုံး အကြိမ်အဖြစ် မြို့နယ်ငါးမြို့နယ်မှ ကရင်တိုင်း
ရင်းသားများနှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်များ ပူးပေါင်းပြီး ကရင်သက္ကရာဇ် ၂၇၅၃ သလေးတိုင်
ခုတ်ဖို၊ ပြာသိုလဆန်း ၁ ရက် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက် နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။

၈၈ မျိုးဆက် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်ဇော ကွယ်လွန်

RangonNewsDaily:: January . 3 .2014
၂၀၁၃ခုနှစ်ဒီဇင်ဘာ၂၈ရက်ကကွယ်လွန်သည့်၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)သတင်း

နှင့်ပြန်ကြားရေးဌာန၏တာဝန်ကိုထမ်းဆောင်ခဲ့သည့်ကိုကျော်ဇော၏ဈာပနအခမ်းအနားကို ဇန် န၀ါရီ ၁ ရက်
တွင် ရေးဝေးသုသာန်တွင် ပြုလုပ်ခဲ့သည်။

နိုင်ကျဉ်း ၃၅ ဦးကျော် ရာဇ၀တ်မှုစွဲချက်များကြောင့် ထောင်မှမလွတ်သေး ဟုဆို

RangonNewsDaily:: January . 3 .2014
နှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသား မရှိစေရဟု ၂၀၁၃ ခုနှစ်အတွင်းသမ္မတကတိပြုခဲ့သည့်အတိုင်းဧပြီ လမှ

ဒီဇင်ဘာလအထိလက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီ၏စိစစ်မှုဖြင့် ၃၅၄ ဦးကို လွတ်ငြိမ်းချမ်း
သာခွင့်ပေးခြင်း၊ ပုဒ်မခုနစ်ခုနှင့်သက်ဆိုင်သည့် ပြစ်ဒဏ်များကို ပယ်ဖျက်ခြင်းတို့ ဆောင် ရွက်ပြီးဖြစ်သော်
လည်း ရာဇ၀တ်မှုစွဲချက်များဖြင့်တွဲဖက်၍ ပြစ်ဒဏ်ကျခံနေရသူ ၃၅ ဦးကျော် အကျဉ်း ထောင်များအတွင်း ကျန်
ရှိနေသေးသည်ဟု နိုင်/ကျဉ်းကော်မတီဝင် ဦးရဲအောင်က ဇန်န၀ါရီ ၁ ရက်တွင် အတည်ပြု ပြောဆိုသည်။

ငြိမ်းချမ်းရေးအတွက် နောက်ကြောင်း ပြန်မလှည့်ဟု ဖဒိုမန်းငြိမ်းမောင် ကတိပြု