Pages

Friday, January 3, 2014

အင်ဒိုနီးရှားကူးတို့သင်္ဘောနစ်မြုပ်မှု ခရီးသည်အများအပြား ပျောက်ဆုံးလျက်ရှိ

Photo: အင်ဒိုနီးရှားကူးတို့သင်္ဘောနစ်မြုပ်မှု ခရီးသည်အများအပြား ပျောက်ဆုံးလျက်ရှိ
Friday, January 03, 2014

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူတစ်ဦးက ပြောကြားချက်အရ အနည်းဆုံး သေဆုံးသူအလောင်း ၃ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အခြား ၄၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းရှိ ကျွန်းနှစ်ကျွန်းကြား ခုတ်မောင်းသွားလာသည့် ကူးတိုကသင်္ဘောတစ်စီး သောကြောနေ့ အစောပိုင်းက နစ်မြုပ်ခဲ့ရာ လိုက်ပါလာသူ အများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူတစ်ဦးက ပြောကြားချက်အရ အနည်းဆုံး သေဆုံးသူအလောင်း ၃ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အခြား ၄၆  ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ မွန်နဝါအမည်ရှိ ကူးတို့သင်္ဘောသည် သောကြာနေ့ နံနက် ၂း၀၀ ဝန်းကျင်တွင် လွမ်ဘွတ်ခ်ကျွန်းသို့ ခုတ်မောင်းသွားစဉ် လမ်းခရီးတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

ကူးတို့သင်္ဘောနစ်မြုပ်မှုအတွင်း ခရီးသည် မည်မျှ ပျောက်ဆုံးနေကြောင်းနှင့် သင်္ဘောပေါ်တွင် လိုက်ပါလာသူ မည်မျှပါရှိသည်ကို လတ်တလော တိကျစွာ မသိရှိနိုင်သေးချေ။ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများကြား ပျောက်ဆုံးသူအရေအတွက်မှာ ကွဲပြားလျက်ရှိသည်။ တာဝန်ရှိသူများက ၁၁ ဦးဟု ဖော်ပြကာ သတင်းမီဒီယာများက လူ ၄၀ ခန့် ပျောက်ဆုံးနေကြောင်းဆိုသည်။ အစိုးရပိုင်းသတင်းဌာန အန်တာရာက ကူးတို့သင်္ဘောပေါ်၌ လိုက်ပါလာသူ ၁၅၀ ဝန်းကျင်ရှိကြောင်း ဖော်ပြသည်။ ကူးတို့သင်္ဘောနစ်မြုပ်ရသည့် အကြောင်းရင်းကို မသိရှိရသေးသော်လည်း ဒေသခံသတင်းဌာနများကမူ သင်္ဘောဝမ်းဗိုက်ပေါက်သွားသဖြင့် နစ်မြုပ်ခဲ့ခြင်းဟုဆိုသည်။

ကူးတို့သင်္ဘောသည် ဘယ်ဘက်သို့ တိမ်းစောင်းသွားပြီးနောက် အင်ဂျင်စက်ရပ်သွားခဲ့ကာ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သင်္ဘောပေါ်တွင် လိုက်ပါလာသူတစ်ဦးက ပြောကြားသည်။ အင်ဒိုနီးရှားတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် သင်္ဘောများကို အသုံးပြုလေ့ရှိပြီး အဓိကအားဖြင့် အရှေ့ပိုင်းဒေသ ကျွန်းစုများတွင် အသုံးပြုကြကြောင်း သိရသည်။ ထို့အပြင် အချို့ဒေသများတွင် ကုန်လမ်းခရီး ဆိုးရွားမှုကြောင့် ကူးတို့သင်္ဘောများကို အသုံးပြုလေ့ရှိသည်။ ကူးတိုသင်္ဘောနစ်မြုပ်မှုများမှာ ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ရှိပြီး လူဦးရေ သန်း ၂၄၀ နေထိုင်သည့် အင်ဒိုနီးရှားတွင် မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

Planet Myanmar Network

RangonNewsDaily:: January . 3 .2014
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူတစ်ဦးက ပြောကြားချက်အရ အနည်းဆုံး သေဆုံးသူအလောင်း ၃ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အခြား ၄၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည် အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းရှိ ကျွန်းနှစ်ကျွန်းကြား ခုတ်မောင်းသွားလာသည့် ကူးတိုကသင်္ဘောတစ်စီး သောကြောနေ့ အစောပိုင်းက နစ်မြုပ်ခဲ့ရာ လိုက်ပါလာသူ အများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူတစ်ဦးက ပြောကြားချက်အရ အနည်းဆုံး သေဆုံးသူအလောင်း ၃ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အခြား ၄၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ မွန်နဝါအမည်ရှိ ကူးတို့သင်္ဘောသည် သောကြာနေ့ နံနက် ၂း၀၀ ဝန်းကျင်တွင် လွမ်ဘွတ်ခ်ကျွန်းသို့ ခုတ်မောင်းသွားစဉ် လမ်းခရီးတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

ကူးတို့သင်္ဘောနစ်မြုပ်မှုအတွင်း ခရီးသည် မည်မျှ ပျောက်ဆုံးနေကြောင်းနှင့် သင်္ဘောပေါ်တွင် လိုက်ပါလာသူ မည်မျှပါရှိသည်ကို လတ်တလော တိကျစွာ မသိရှိနိုင်သေးချေ။ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများကြား ပျောက်ဆုံးသူအရေအတွက်မှာ ကွဲပြားလျက်ရှိသည်။ တာဝန်ရှိသူများက ၁၁ ဦးဟု ဖော်ပြကာ သတင်းမီဒီယာများက လူ ၄၀ ခန့် ပျောက်ဆုံးနေကြောင်းဆိုသည်။ အစိုးရပိုင်းသတင်းဌာန အန်တာရာက ကူးတို့သင်္ဘောပေါ်၌ လိုက်ပါလာသူ ၁၅၀ ဝန်းကျင်ရှိကြောင်း ဖော်ပြသည်။ ကူးတို့သင်္ဘောနစ်မြုပ်ရသည့် အကြောင်းရင်းကို မသိရှိရသေးသော်လည်း ဒေသခံသတင်းဌာနများကမူ သင်္ဘောဝမ်းဗိုက်ပေါက်သွားသဖြင့် နစ်မြုပ်ခဲ့ခြင်းဟုဆိုသည်။

ကူးတို့သင်္ဘောသည် ဘယ်ဘက်သို့ တိမ်းစောင်းသွားပြီးနောက် အင်ဂျင်စက်ရပ်သွားခဲ့ကာနစ်မြုပ်ခဲ့ခြင်းဖြစ်
ကြောင်း သင်္ဘောပေါ်တွင် လိုက်ပါလာသူတစ်ဦးက ပြောကြားသည်။ အင်ဒိုနီးရှားတွင် အများပြည်သူ သယ်
ယူပို့ဆောင်ရေးကဏ္ဍတွင် သင်္ဘောများကို အသုံးပြုလေ့ရှိပြီး အဓိကအားဖြင့် အရှေ့ပိုင်းဒေသ ကျွန်းစုများ
တွင် အသုံးပြုကြကြောင်း သိရသည်။ 
 
ထို့အပြင် အချို့ဒေသများတွင် ကုန်လမ်းခရီး ဆိုးရွားမှုကြောင့် ကူးတို့သင်္ဘောများကို အသုံးပြုလေ့ရှိသည်။ ကူးတိုသင်္ဘောနစ်မြုပ်မှုများမှာ ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ရှိပြီး လူဦးရေ သန်း ၂၄၀ နေထိုင်သည့် အင်ဒို
နီးရှားတွင် မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment