Pages

Friday, January 3, 2014

စက်ပစ္စည်းများ တပ်ဆင်နေခြင်းကြောင့် ရန်ကုန်တွင် ဖုန်းခေါ်ဆိုမှု အခက်အခဲ နှစ်ပတ်ခန့်ကြာဦးမည်ဟုဆို

RangonNewsDaily:: January . 3 .2014
ရန်ကုန်တိုင်းဒေသကြီးအတွင်း တပ်ဆင်ထားသော ရေဒီယိုစခန်းများရှိ စက်ပစ္စည်းများ လဲလှယ်တပ်ဆင် စမ်းသပ်လည်ပတ်နေခြင်းများကြောင့် ဖုန်းခေါ်ဆိုမှုခက်ခဲခြင်းများ ဖြစ်ပေါ်နေသည်မှာ ဇန်န၀ါရီ ဒုတိယ အပတ်လောက်အထိ ဖြစ်နိုင်ဖွယ်ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနမှ အင်ဂျင်နီယာ တစ်ဦးက ဇန်န၀ါရီ ၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

ယင်းကဲ့သို့ဖုန်းခေါ်ဆိုရာတွင် အခက်အခဲများဖြစ်ပေါ်နေရခြင်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း တပ် ဆင်ထားသောရေဒီယိုစခန်းများအနက် စခန်း ၁၅၉ ခုရှိ စက်ပစ္စည်းများကို ပြောင်းလဲတပ်ဆင်နေရ၍ ဖြစ်ပြီး စက်အလုံးပေါင်း ၂၀၀ ကျော်အား ပြောင်းလဲတပ်ဆင်နေရာတွင် စက်ပေါင်း ၁၈၀ ခန့် တပ်ဆင် ပြီးစီးပြီဖြစ်ပြီး ကျန်စက်အလုံးပေါင်း ၂၀ ကျော်အတွက် ၁၅ ရက်ခန့်ကြာဦးမည်ဖြစ်သည်ဟု ဆိုခြင်းဖြစ် သည်။

အဆိုပါအင်ဂျင်နီယာက “စက်အပြောင်းအလဲကာလလေးမှာ လိုင်းကနည်းနည်း အဆင်မပြေဖြစ်သွား တာပါ။ ဆီးဂိမ်းမတိုင်ခင်ကတည်းက စက်တွေကို ပြောင်းတပ်နေတာပါ။ ဆီးဂိမ်းကာလကတော့ မြို့ပြင် တွေမှာပဲ စက်တွေကို ပြောင်းတပ်နေတာပါ။ အခု ဆီးဂိမ်းပြီးတော့မှ ရန်ကုန်မြို့တွင်းမှာ တပ်ဆင်တာပါ။ ပြောင်းလဲတပ်ဆင်ချိန်အတွင်း ဖုန်းခေါ်ဆိုရာမှာ အခက်အခဲအနည်းငယ်ရှိနိုင်ပါတယ်”ဟု ဆိုသည်။

ယင်းသို့စက်ပစ္စည်းများ လဲလှယ်တပ်ဆင်နေသည်မှာ ဒီဇင်ဘာ ၂၃ ရက်မှစတင်ခြင်းဖြစ်ပြီး ၂၉ ရက် အထိ တပ်ဆင်ခြင်း ပြုလုပ်နေသောကြောင့် ယာယီဆက်သွယ်မှုပြတ်တောက်ခြင်း၊ ခေါ်ဆိုရခက်ခဲခြင်း များ ဖြစ်ပေါ်နေမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြေညာထားသော်လည်း လက်ရှိအချိန်ထိ ခေါ်ဆိုရခက်ခဲခြင်းများဖြစ်နေပြီး နောက်ထပ်နှစ်ပတ်ခန့်ကြာနိုင်သေးသည်ဟု ဆိုခြင်းဖြစ်သည်။

စက်ပစ္စည်းများ ပြောင်းလဲတပ်ဆင်ခြင်းမှာ ယခင်တပ်ဆင်ထားသည့် ZTE စက်များနေရာတွင် Hauwei အမှတ်တံဆိပ်စက်များ ပြောင်းလဲ တပ်ဆင်ခြင်းဖြစ် သည်ဟုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှသိရ သည်။

ယင်းသို့ ဖုန်းလိုင်းပြတ်တောက်ခြင်း၊ ဖုန်းခေါ်ဆိုရခက်ခဲခြင်းများနှင့်ပတ်သက်ပြီး အိုင်တီပညာရှင်တစ်ဦး ဖြစ်သူ ကိုဇော်ဇော်မျိုးလွင်က “ဖုန်းလိုင်းတွေပျက်နေတာ ရက်အတော်လေးကြာနေပါပြီ။ အဲဒီတော့ တစ် ခေါက်နဲ့ပြီးရမယ့်ကိစ္စကို သုံးလေးခါခေါ်နေရတော့ ဖုန်းဘီလ်ပိုကုန်တာပေါ့။ အခုဆိုရင် ကုန်နေကျ ဖုန်း ဘီလ်ထက် နှစ်ဆလောက် ပိုကုန်နေပါတယ်။ မြန်မြန်ပြန်ကောင်းဖို့ကိုလည်း မျှော်လင့်ပါတယ်”ဟု ပြော သည်။

အဆိုပါဖုန်းခေါ်ဆိုမှုအခက်အခဲများနှင့်ပတ်သက်၍ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်၊ နည်း ပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဒီဇင်ဘာ ၂၁ ရက် ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သေးသည်။ အဆိုပါကြေညာချက်တွင် ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ ရေဒီယိုစခန်း ၁၅၉ ခုတွင် စက်ပစ္စည်းများ ပြောင်းလဲတပ်ဆင်ခြင်း၊ စက်ချိန်ညှိခြင်းနှင့် စမ်းသပ်လည်ပတ်မည်ဖြစ်၍ အဆိုပါ ကိစ္စများဆောင်ရွက်နေစဉ်ကာလ အတွင်း ဖုန်းဆက်သွယ်မှုခက်ခဲခြင်းနှင့် ဖုန်းခေါ်ဆိုမှုပြတ်တောက်ခြင်း များ ဖြစ်ပေါ်နိုင်သည်ဟု ကြိုတင်သတိပေးထားသည်။

တန်ဖိုးနည်းမိုဘိုင်းဖုန်းများ ချထားပေးပြီး လစဉ်နှင့်အမျှ တိုးတက်များပြားလာသော မိုဘိုင်းဖုန်းသုံးစွဲသူ များ အဆင်ပြေစေရန်အတွက် စက်ပစ္စည်းလဲလှယ်တပ်ဆင်ခြင်း၊ တိုးချဲ့တပ်ဆင်ခြင်း၊ အသစ်တပ်ဆင် ခြင်းများကို ပြုလုပ်ခြင်းဖြစ် သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment