Pages

Thursday, December 5, 2013

အနုပညာရှင်များ မူးယစ်ဆေးသုံးစွဲမှု စွပ်စွဲဖော်ပြခဲ့သည့် ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် မိုးဇေငြိမ်းကို ဖော်ထုတ်မည်

RangonNewsDaily:: December . 5 .2013
နာမည်ကျော် အနုပညာရှင်များဖြစ်သော စိုးမြတ်သူဇာ၊ န၀ရတ်တို့၏ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်ခဲ့ သည်ဟုဆိုသော ရဲစစ်ချက်မှတ်တမ်းများဟု ယူဆရသော အချက်အလက်များကို လူမှုကွန်ရက်စာမျက် နှာ ဖေ့စ်ဘွတ်တွင် ဖော်ထုတ်ခဲ့သော Moe Zay Nyein (မိုးဇေငြိမ်း) အကောင့်ပိုင်ရှင်ကို စုံစမ်းစစ်ဆေး ဖော်ထုတ်သွားမည်ဟု ရန်ကုန်အနောက်ပိုင်းခရိုင် မူးယစ်အထူးအဖွဲ့မှ ဒု-ရဲမှူး ခင်မောင်သိန်းက ဒီဇင် ဘာ ၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

အသတ်ခံရသူ အမျိုးသမီးက အိပ်မက်ပေး အလောင်းနေရာ ပြခဲ့သည့် လူသတ်မှု အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေး

RangonNewsDaily:: December . 5 .2013
လှည်းကူးမြို့နယ် ငါးဆူတောင် ကျေးရွာအုပ်စုတွင် သေဆုံးသူ အမျိုးသမီးက အိပ်မက်ပေးကာ ရှာဖွေခိုင်းသော ၎င်း၏ ရုပ်အလောင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသမီး ပျောက်ဆုံးသည့် ရက်မှစ၍ ရက်ပေါင်း ၄၀ ကျော်အကြာ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အဓမ္မကျင့် လူသတ်ကာ အလောင်းဖျောက်သည်ဟု ယူဆရသူ အမျိုးသား သုံးဦးကို ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း ငါးဆူတောင် နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

December 7ရက်နေ့ Junction Squareမှာ"က"မယ့် လူရွှင်တော်များ ပျက်လုံးတိုက်နေပါပြီ

Photo: December 7ရက်နေ့ Junction Squareမှာ"က"မယ့် လူရွှင်တော်များ ပျက်လုံးတိုက်နေပါပြီ
Thursday, December 5, 2013

December 7ရက်နေ့ Junction Squareမှာ"က"မယ့် လူရွှင်တော်များ ပျက်လုံးတိုက်နေပါပြီ
လာအားပေးကြပါအုံးနော်
ည၇:၀၀နာရီပါ။free showပါ။
မလာနိုင်တဲ့ ပရိတ်သတ်များ 5Plus Channelက တိုက်ရိုက်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
သက်မွန်မြင့်
ဓာတ်ပုံ- သက်မွန်မြင့် ဖေ့ဘုတ်မှ

Popular Journal

RangonNewsDaily:: December . 5 .2013
December 7ရက်နေ့ Junction Squareမှာ"က"မယ့် လူရွှင်တော်များ ပျက်လုံးတိုက်နေပါပြီ လာအားပေးကြပါ
အုံးနော် ည၇:၀၀နာရီပါ။free showပါ။

မြန်မာနိုင်ငံသို့ ကမ္ဘာ့ဖလား ဆိုက်ရောက်ရာတွင် ထူးခြားသော အစီအစဉ် များဖြင့် တင်ဆက်သွားရန် စီစဉ်ထား

Photo: မြန်မာနိုင်ငံသို့ ကမ္ဘာ့ဖလား ဆိုက်ရောက်ရာတွင် ထူးခြားသော အစီအစဉ် များဖြင့် တင်ဆက်သွားရန် စီစဉ်ထား
Thursday, December 5, 2013

ရန်ကုန် ။ ။ Coca-Cola က သယ်ဆောင် မည့် ၂၀၁၄ ဖီဖာကမ္ဘာ့ဖလား ဆုဖလားကြီးမှာ မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၂၅ ရက်တွင် ရောက်ရှိမည်ဖြစ်ပြီး မြန်မာ ပရိသတ်များ အတွက် အံ့ဩမှင်တက် ဖွယ် ဖျော်ဖြေတင်ဆက်မှုများကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဖီဖာကမ္ဘာ့ဖလားကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ၏ ပူးပေါင်းဆောင် ရွက်မှုနှင့် အတူ မိုင် ပေါင်း ၉၂၀၀ဝကျော် ခရီးစဉ်၏အစိတ် အပိုင်းတစ်ရပ်အဖြစ် ကမ္ဘာ့ ဖလား သီး သန့်လေ ယာဉ်ဖြင့် မြန်မာနိုင်ငံသို့ သယ် ဆောင် လာမည်ဖြစ် သည်။

ထို့အတူ Coca-Cola နှင့် ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် ဖီဖာ(MFF) တို့ သည် အချိန်ကိုးလကျော် အကြာ အကြီး ဆုံးနှင့် အရှည်လျားဆုံးခရီးစဉ်အဖြစ် နာမည်ကျော် ဖီဖာကမ္ဘာ့ဖလားကို ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံပေါင်း ၉ဝသို့ သယ်ဆောင်ပြသလျက်ရှိသည်။

Coca-Cola Myanmar ၏ ဈေး ကွက်ဆိုင်ရာဒါရိုက်တာ Rommel Fuentebella က''ဖီဖာ ကမ္ဘာ့ဖလား ဒိုင်းဆုကြီး ခရီးစဉ်ဟာ မြန်မာနိုင်ငံ မှာ ဖြစ်ပေါ်လျက်ရှိတဲ့ ကောင်းမွန် တဲ့ ပြုပြင်ပြောင်းလဲ မှုတွေရဲ့ သိသာထင် ရှားတဲ့ အမှတ် လက္ခဏာ တစ်ခုဖြစ်ပါ တယ်။ ဒါဟာ မြန်မာနိုင်ငံက လူထုကို ဘောလုံးသမိုင်းကြောင်းရဲ့ ခမ်းနား တဲ့အစိတ်ပိုင်း တစ်ရပ်နဲ့ ထိတွေ့ဆက် သွယ်ခွင့်ရစေဖို့ Coca-Cola အတွက် ထူးကဲတဲ့အခွင့် အလမ်းတစ် ရပ်ဖြစ်ပြီး မြန်မာ နိုင်ငံကပရိသတ်တွေရဲ့ ဘော လုံးအားကစား အပေါ် မြတ်နိုး ခုံမင်စိတ် ကိုလဲ တစ်ကမ္ဘာလုံးနဲ့အတူ မျှဝေခံစား ခွင့်ရစေရန်ဖြစ် ပါတယ်''ဟု ပြောသည်။

ဖီဖာကမ္ဘာ့ဖလား ဒိုင်းဆုကြီးမှာ မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၂၅ရက်တွင် ရောက်ရှိမည်ဖြစ်ပြီး ဖီဖာကမ္ဘာ့ဖလား ဒိုင်းဆုကြီး အစီအစဉ်၏ ပရိသတ် များနေ့ကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီမှ ည ၁ဝနာရီအထိ သုဝဏ္ဏ မိုးလုံလေလုံအမျိုးသား အားကစား ကွင်း၌ ကျင်းပမည်ဖြစ်သည်။

ဖီဖာကမ္ဘာ့ဖလားဒိုင်းဆုကြီး အစီစဉ်၏ ပရိသတ်များနေ့၌ ပါဝင် ဆင်နွှဲကြမည့်သူများအနေဖြင့် တစ်ခု တည်းသော ဖီဖာကမ္ဘာ့ဖလားအစစ်ကို အနီးကပ်ရှုမြင်ခံစားရမည်ဖြစ်ပြီး ကိုယ် ပိုင်သီးသန့် ဓာတ်ပုံများရရှိမည်ဖြစ် ကာ အံ့ဩမှင် တက်လောက်စေ မည့် 3D ဟော်လို ဂရမ်တင် ဆက်မှုများကို တွေ့ကြုံခံစားရမည်ဖြစ်သည်။

ယင်းအပြင် ပရိသတ်များအနေ ဖြင့် မိမိတို့ကြိုက်နှစ်သက် သည့် မြန်မာ အမျိုးသား လက်ရွေးစင်ဘောလုံးအ သင်းနှင့် အမျိုးသမီးလက်ရွေးစင်ဘော လုံးအသင်းတို့မှ ဘောလုံး အကျော် အမော်တချို့နှင့် လည်း တွေ့ဆုံခွင့်ရရှိ မည်ဟု သိရသည်။

Yangon Media Group

RangonNewsDaily:: December . 5 .2013
ရန်ကုန် ။ ။ Coca-Cola က သယ်ဆောင် မည့် ၂၀၁၄ ဖီဖာကမ္ဘာ့ဖလား ဆုဖလားကြီးမှာ မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၂၅ ရက်တွင် ရောက်ရှိမည်ဖြစ်ပြီး မြန်မာ ပရိသတ်များ အတွက် အံ့ဩမှင်တက် ဖွယ် ဖျော်ဖြေတင်ဆက်မှုများကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်မြင်မှု ပန်းတိုင် ရောက်ဖို့ ကြိုးစားနေသူ ခင်ရူပ

Photo: အောင်မြင်မှု ပန်းတိုင် ရောက်ဖို့ ကြိုးစားနေသူ ခင်ရူပ 
Thursday, December 5, 2013

အနုပညာ ခံယူချက်တွေ ပြည့်ဝဖို့ ရှေ့ဆက် အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ မော်ဒယ် ခင်ရူပ နဲ့ တွေ့ဆုံခိုက် မှာ ခန္ဓာကိုယ် ထိန်းသိမ်းမှု နဲ့ ပတ်သက်ပြီး သူ့ရဲ့ လျှို့ဝှက်ချက် ကို မေးကြည့်တော့..

“ခင်ရူပက အစားအသောက် နဲ့ပဲ ထိန်းတာ များတယ်။ အဆီ အစိမ့်တွေ အစား အသီးအရွက်ကို ပိုစားတယ်။ ကိုယ် လက် လှုပ်ရှားမှု ကို အချိန်ပြည့် မလုပ်နိုင်တဲ့ အ တွက်ကြောင့် ဒီအစား အသောက် နဲ့ပဲ ထိန်းတယ်။ တခြား လျှို့ဝှက်ချက်တွေ မရှိပါဘူး” လို့ ပြောပြခဲ့ပါတယ်။ ခင်ရူပ အနေ နဲ့ ဒီမော်ဒယ်လောက တစ်ခု ကိုပဲ ရွေးချယ် လုပ်ဖြစ်သွား မှာလားလို့ မေးကြည့်တော့ “သူများနိုင်ငံမှာ ဆို မော်ဒယ်လိုင်း တစ်လိုင်းတည်း နဲ့ ရပ်တည်လို့ ရတဲ့ အနေအထား ရှိတယ်။ ဒီမှာလည်း အဲဒီလို ရှိစေ ချင်တယ်။ ဒီမှာ မော်ဒယ် ကိုပဲ ဝါသနာ ပါတဲ့ လူရှိတယ်။ 

အဲဒီလို သီးသန့် မော်ဒယ်လိုင်း နဲ့ သက်မွေး ဝမ်းကျောင်းလို့ ရရင်တော့ ကောင်းတယ်လို့ ပြောပြ ခဲ့ပါတယ်။ ခင်ရူပ အခု မော်ဒယ်လောက မှာ စူပါမော်ဒယ် ဆိုတဲ့ ခေါင်းစီးအောက် ရပ်နေပြီ လားလို့ မေးကြည့်တော့ “လူဆိုတာ ဝါသနာ ပါရာကိုပဲ ရွေးချယ် လုပ်ဆောင် တတ်ကြ တယ်။ ညီမရောပဲ။ ကိုယ့်ကိုယ် ကိုယ် အောင်မြင်လား မေးရင် မပြောတတ်ဘူး။ 

ဒါက ပရိသတ်တွေ သတ်မှတ်ပေး မှရတာပါ။ ပရိသတ် ကို မေးကြည့်ရင်တော့ ပိုပြီး အဖြေ မှန်လိမ့်မယ်” လို့ ပြောပြခဲ့ပါတယ်။ မော်ဒယ် တစ်ယောက် အတွက် အဝတ်အစား၊ ဖက်ရှင်၊ ဒီဇိုင်းက သိပ် အရေးကြီးတယ်။ လက်ရှိ နိုင်ငံခြားက model တွေနဲ့ တို့နိုင်ငံ က မော်ဒယ် ကွာခြားမှုက အဲဒီ ဖက်ရှင် အပိုင်းလို့ ပြောရင်တောင် ရတယ်လို့ ပြောပြခဲ့ပါတယ်။ အောင်မြင်မှု ပန်းတိုင်ရောက်ဖို့ ကြိုးစားနေတဲ့ ညီမရဲ့ ဘဝနဲ့ ချစ်ရေး ချစ်ရာကော ထူးခြားမှု ရှိလာပြီလားလို့ မေးကြည့်တော့..

“ခင်ရူပရဲ့ အချစ်ရေးကတော့ အေးဆေးပါပဲ”လို့ ပြောပြခဲ့ပါတယ်။

ထူးထူး
Popular Journal

RangonNewsDaily:: December . 5 .2013
အနုပညာ ခံယူချက်တွေ ပြည့်ဝဖို့ ရှေ့ဆက် အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ မော်ဒယ် ခင်ရူပ နဲ့ တွေ့ဆုံခိုက် မှာ ခန္ဓာကိုယ် ထိန်းသိမ်းမှု နဲ့ ပတ်သက်ပြီး သူ့ရဲ့ လျှို့ဝှက်ချက် ကို မေးကြည့်တော့..

အိပ်ဖန်စောင့် သီးခြားခန့်အပ်ထားသည့် ဂျက်စတင်ဘီဘာ

Photo: အိပ်ဖန်စောင့် သီးခြားခန့်အပ်ထားသည့် ဂျက်စတင်ဘီဘာ
Thursday, December 5, 2013

ကနေဒါ Popဂီတစတား ကြယ်ပွင့်သည် တစ်စထက်တစ်စ နာမည်ကျော်လာသည်နှင့်အမျှ အရာရာအပေါ် ယုံကြည်မှု လျော့နည်းလာနေကြောင်း မိတ်ဆွေများက ဆိုသည်

အိပ်ဖန်စောင့် သီးခြားခန့်အပ်ထားသည့် ဂျက်စတင်ဘီဘာ
ဂျက်စတင်ဘီဘာသည် ညအိပ်ချိန်တွင် ၎င်းအတွက် တသီးတခြား စောင့်ကြည့်ရမည့် အိပ်ဖန်စောင့်မျိုး ခန့်အပ်ထားကြောင်း သိရှိရသည်။ ကနေဒါ Popဂီတစတား ကြယ်ပွင့်သည် တစ်စထက်တစ်စ နာမည်ကျော်လာသည်နှင့်အမျှ အရာရာအပေါ် ယုံကြည်မှု လျော့နည်းလာနေကြောင်း မိတ်ဆွေများက ဆိုသည်။ အထူးသဖြင့် ပရိသတ်များက ၎င်းအိပ်ပျော်နေချိန်တွင် အိပ်ခန်းအတွင်း ကျူးကျော်ဝင်ရောက်လာမည်ကို စိုးရိမ်သော စိတ်မျိုး ဂျက်စတင်တွင် စွဲကပ်လာကြောင်း ရင်းနှီးသူများက ပြောကြားခဲ့သည်။ ထို့ကြောင့် အသက်(၁၉)နှစ်ရှိ ဂျက်စတင်က ၎င်းအိပ်စက်ချိန်တွင် နိုးကြားစွာ စောင့်ကြပ်မည့် ဧရာမ လူထွားကြီးများကို သီးခြား ငှားရမ်းထားခြင်းဟု ဆိုသည်။

ဂျက်စတင်တွင် သက်တော်စောင့်များ ရှိနေသည့်အပြင် အပိုဆောင်း နှစ်ဦးက ၎င်းအိပ်စက်ချိန်တွင် နိုးနိုးကြားကြား အလှည့်ကျစောင့်မည့် တာဝန်ကို သီးခြားယူထားရကြောင်း သိရှိရသည်။ ဂျက်စတင်နှင့် နီးစပ်သူ တစ်ဦးက "သူဟာ ပရိသတ်တွေ အခန်းထဲ ဖောက်ဝင်လာမှာမျိုးကို တော်တော်စိုးရိမ်ပါတယ်။ ဂျက်စတင်က အရာရာကို ယုံမှားသံသယ များနေသလိုပါပဲ။ သူ့စိတ်ထဲမှာ ညဆိုရင် အသံဗလံတွေ ကြားနေသလိုလို ထင်မှားနေပါတယ်။ ဒါကြောင့် သူ့အခန်းထဲမှာ တစ်ယောက် အခန်းပြင်မှာတစ်ယောက် လုံခြုံရေးတွေ ထပ်ချထားပါတယ်။ သူတို့က ဂျက်စတင် အိပ်နေချိန်မှာ တောက်လျှောက် စောင့်ကြပ်ပေးရတာပါ"ဟု ပြောကြားသွားသည်။ ထိုသူကပင် ဆက်လက်၍ "အဲဒီလို အစောင့်တွေ အားလုံးဟာ တုတ်တုတ်ခိုင်ခိုင် ဧရာမကြီးတွေပါ။ အရပ်(၆)ပေ၊ (၅)လက်မလောက် အနည်းဆုံးမြင့်တယ်။ ကိုယ်အလေးချိန် ပေါင်(၂၅၀) ဝန်းကျင်လောက် ရှိတယ်။ ဘီဘာက သူ့ကို ကာကွယ်ဖို့ ဘီလူးစစ်တပ်ကြီးတစ်ခု အစောင့်ချထားချင်တာပါ"ဟုလည်း မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

RangonNewsDaily:: December . 5 .2013
အိပ်ဖန်စောင့် သီးခြားခန့်အပ်ထားသည့် ဂျက်စတင်ဘီဘာ
ဂျက်စတင်ဘီဘာသည် ညအိပ်ချိန်တွင် ၎င်းအတွက် တသီးတခြား စောင့်ကြည့်ရမည့် အိပ်ဖန်စောင့်မျိုး ခန့်အပ်ထားကြောင်း သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် အမျိုးသမီးငယ်တစ်ဦး စိတ်ကောက်ပြီး အဆိပ်သောက်သေမှုဖြစ်ပွား

RangonNewsDaily:: December . 5 .2013
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်အိမ်မဲမြို့နယ် သရက်ကုန်းနယ်မြေရဲစခန်းပိုင်တွင် လင်ယောက်ျား နှင့် ရန်ဖြစ်စိတ်ကောက်ပြီး အမျိုးသမီးတစ်ဦး အဆိပ်သောက်သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိ ရသည်။ ဖြစ်စဉ်မှာ ယခုလ ၁ ရက်က အိမ်မဲမြို့နယ် သရက်ကုန်းနယ်မြေရဲစခန်းပိုင် သပေါင်းကျေးရွာအုပ်စု ကွင်းကြီးကွင်း၌ လယ်လုပ်နေထိုင်သူ

ကိုယ်ပိုင်ပြတိုက်တစ်ခု ဖွင့်လှစ်ရန် စီစဉ်နေသည့် ရော်နယ်လ်ဒို

Photo: ကိုယ်ပိုင်ပြတိုက်တစ်ခု ဖွင့်လှစ်ရန် စီစဉ်နေသည့် ရော်နယ်လ်ဒို
Thursday, December 5, 2013

ရီးယဲလ်မက်ဒရစ် အသင်း၏ တိုက်စစ်ကြယ်ပွင့်သည် မာဒီရာကျွန်းပေါ်တွင် ၎င်းနှင့် ဆက်နွယ်သည့် ပြတိုက်ကို တည်ဆောက်ရန် နောက်ဆုံးအဆင့် အပြီးသတ်နေပြီ ဖြစ်သည်

ခရစ္စတီယာနို ရော်နယ်လ်ဒိုသည် ကိုယ်ပိုင် ပြတိုက်တစ်ခုကို တည်ဆောက်သွားရန် စီစဉ်နေကြောင်း သိရှိရသည်။ ရီးယဲလ်မက်ဒရစ် အသင်း၏ တိုက်စစ်ကြယ်ပွင့်သည် မာဒီရာကျွန်းပေါ်တွင် ၎င်းနှင့် ဆက်နွယ်သည့် ပြတိုက်ကို တည်ဆောက်ရန် နောက်ဆုံးအဆင့် အပြီးသတ်နေပြီ ဖြစ်သည်။ အဆိုပါကျွန်း၏ မြို့တော် ဖန်ချယ်လ်တွင် ဒီဇင်ဘာလ (၁၅)ရက်နေ့၌ ပေါ်တူဂီ လက်ရွေးစင် ရော်နယ်လ်ဒိုက ယင်းပြတိုက်ကို ဖွင့်လှစ်မည်ဟု သတင်းများက ဖော်ပြခဲ့သည်။ အသက်(၂၈)နှစ်ရှိ ကစားသမားသည် အိုလံပစ်ဒီ ဇာတီဗာ အသင်းနှင့် ကိုပါဒယ်လ်ရေး ပွဲစဉ်တွင် ကစားခွင့် မရှိဘဲ ပွဲပယ်ခံထားရသည်။

ထို့ကြောင့် ရီးယဲလ်နည်းပြ ကာလိုအန်ဆလော့တီက ၎င်းကို ဆောင်းရာသီနားရက် မတိုင်ခင် ရက်အနည်းငယ် ကြိုတင် အနားပေးထားရာ မွေးရပ်မြေရှိ ပြတိုက်ဖွင့်လှစ်မည့် ကိစ္စအတွက် ပိုမိုအချိန်ပေးနိုင်မည် ဖြစ်သည်။ ရော်နယ်လ်ဒိုသည် ပေါင်ဒဏ်ရာ ရရှိထားသော်လည်း လတ်တလောတွင် တစ်စထက်စတစ်စ သက်သာပျောက်ကင်းလာခဲ့သည်။ မကြာသေးမီက စပိန်လာလီဂါ၏ တန်ဖိုးအရှိဆုံး ကစားသမားဆုကို ရရှိထားသည့် ရော်နယ်လ်ဒိုသည် မာဒီရာသို့ပြန်ကာ နာလန်ထ အစီအစဉ်များဖြင့် အနားယူနေသည်။

ရော်နယ်လ်ဒိုသည် ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် အိုစာဆူနာနှင့် ကစားမည့် လာလီဂါ ပွဲစဉ်၌ ပါဝင်ရန် စီစဉ်ထားပြီး ထိုပွဲပြီးသည်နှင့် ဖန်ချယ်လ်သို့ အလျင်အမြန် သွားရောက်မည် ဖြစ်သည်။ အဆိုပါ ပြတိုက်တွင် ၎င်းရရှိခဲ့သည့် အောင်မြင်မှုများနှင့် တစ်ဦးချင်း ဆုတံဆိပ်များကို ထားရှိမည်ဟု သိရသည်။ အဆိုပါ ဆုများတွင် (၂၀၀၈)ခုနှစ်က မန်ချက်စတာ ယူနိုက်တက်တွင် ကစားနေစဉ် ရရှိခဲ့သည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ထည့်သွင်းပြသထားမည်ဟု သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

RangonNewsDaily:: December . 5 .2013
ခရစ္စတီယာနို ရော်နယ်လ်ဒိုသည် ကိုယ်ပိုင် ပြတိုက်တစ်ခုကို တည်ဆောက်သွားရန် စီစဉ်နေကြောင်း သိရှိရ
သည်။

အလှခတ်ခြင်းလုံးပြိုင်ပွဲ(အမျိုးသား )တွင် ထိုင်းအသင်း ရွှေရ

RangonNewsDaily:: December . 5 .2013
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ခြင်းလုံးအားကစားနည်းတစ်မျိုးထဲမှအမျိုးသားအလှခတ်ခြင်းလုံးပြိုင်ပွဲ

ကို ယနေ့နေပြည်တော်တွင်ယှဉ်ပြိုင်ကစားခဲ့ကြရာထိုင်းအမျိုးသားအသင်းက (၂၅၆) မှတ်ဖြင့် ရွှေတံဆိပ်နှင့် ကမ္ဘောဒီယားအသင်းအသင်းက( ၂၃၆ )မှတ်ဖြင့်ငွေတံဆိပ်ကိုအသီးသီးဆွတ်ခူးသွားကြကြောင်းသိရသည်။

မုဒုံမြို့နယ်အတွင်း၌ ဘုန်းကြီးပျံအကြောင်းပြ၍ လောင်းကစားဝိုင်းများ ဟီးထနေ

RangonNewsDaily:: December . 5 .2013
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် ဘုန်းကြီးပျံလွန်တော်မှုသည်ကို အကြောင်းပြု၍ ဘုန်း

ဘုန်းဈာပနအတွက် ကုန်ကျစရိတ်များကာမိစေရေးဟုဆိုကာ အနီထောင်ထိုးခြင်း၊ ခြောက်ကောင်ဂျင်ဝိုင်းက
စားနည်းအစရှိသည့် လောင်းကစား နည်းများကို ဘုန်းကြီးပျံ၌ ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့အစည်းတစ်
ခုမှဟု ယူဆရသူများမှ လောင်းကစားဝိုင်းများဦးဆောင် ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရှိရသည်။

ထိုင်းနိုင်ငံသားအားလုံး ညီညွတ်မှုဖြင့် ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန် ဘုရင်မင်းမြတ် တိုက်တွန်း

Photo: ထိုင်းနိုင်ငံသားအားလုံး ညီညွတ်မှုဖြင့် ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန် ဘုရင်မင်းမြတ် တိုက်တွန်း
Thursday, December 5, 2013

ထိုင်းတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ အားကောင်း ပြင်းထန်နေခဲ့သော်လည်း ထိုင်းပြည်သူများ ချစ်ခင်လေးစားသည့် ဘုရင်မင်းမြတ်၏ မွေးနေ့ နီးကပ်လာချိန်တွင် အရှိန်လျော့ကျသွား

ထိုင်းဘုရင်မင်းမြတ်က ၎င်း၏ မွေးနေ့ အထိမ်းအမှတ် မိန့်ခွန်းတွင် နိုင်ငံသားအားလုံး စည်းလုံးညီညွတ်ကြပါရန် တိုက်တွန်းပြောကြားသွားခဲ့သည်။ ထိုင်းတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ အားကောင်း ပြင်းထန်နေခဲ့သော်လည်း ထိုင်းပြည်သူများ ချစ်ခင်လေးစားသည့် ဘုရင်မင်းမြတ်၏ မွေးနေ့ နီးကပ်လာချိန်တွင် အရှိန်လျော့ကျသွားသည်။ ကြာသပတေးနေ့တွင်မူ ဘုရင်မင်းမြတ် ဘူမီဘိုလ် အဒူလိုင်ယာဒက်ဂ်ျက မွေးနေ့မိန့်ခွန်းအဖြစ် နိုင်ငံသူ၊ နိုင်ငံသားအားလုံး သွေးစည်းညီညွတ်ကြပါရန် တိုက်တွန်း ဆော်ဩခဲ့သည်။ "ကျွန်ုပ်တို့ရဲ့ နိုင်ငံဟာ နှစ်ပေါင်းများစွာ ငြိမ်းချမ်းခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ နိုင်ငံသားအားလုံး တစ်စိတ်တစ်ဝှမ်းတည်း စည်းလုံးခဲ့လို့ပဲ"ဟု ဘုရင်မင်းမြတ်က ဆိုသည်။

၎င်းက "ကျွန်ုပ်တို့ နိုင်ငံသား အားလုံးဟာ ကိုယ့်တာဝန်ကိုယ် သဟဇာတဖြစ်အောင် သင့်သင့်မြတ်မြတ် ထမ်းဆောင်ရပါမယ်။ ထိုင်းနိုင်ငံသားအားလုံး ဒါကို သတိပြုဖို့ လိုပါတယ်။ ကိုယ့်တာဝန်ကိုယ် အသီးသီး ကျေပြွန်ခြင်းဟာ ထိုင်းပြည်သူ တစ်ရပ်လုံးကို အကျိုးကျေးဇူး ဖြစ်ထွန်းစေပါလိမ့်မယ်"ဟု ပြောကြားသွားသည်။ ဘုရင်မင်းမြတ်၏ မွေးနေ့ပွဲ အခမ်းအနားသို့ လတ်တလောတွင် ဖိအားများစွာ ကြုံတွေ့နေရသည့် ဝန်ကြီးချုပ် ယင်လက်ခ် ရှီနာဝါထရာလည်း တက်ရောက်ခဲ့သည်။

ဘန်ကောက်မြို့တော်တွင် ရက်အတန်ကြာအောင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ယင်လက်ခ် နုတ်ထွက်ပေးရန် တောင်းဆိုမှုများ ပြင်းထန်ခဲ့သော်လည်း ယခုသီတင်းပတ်တွင်မူ ဘုရင်မင်းမြတ်၏ မွေးနေ့ကို လေးစားသည့် အနေဖြင့် ဆန္ဒပြမှုများ ရပ်ဆိုင်းထားသည်။ ထိုင်းဘုရင်မင်းမြတ်သည် သက်တော်(၈၆)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး လက်ရှိ ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံး စိုးစံသည့် ထီးဆောင်းမင်းတရားအဖြစ် စံချိန်တင်ထားခဲ့သည်။

Planet Myanmar Network

RangonNewsDaily:: December . 5 .2013
ထိုင်းဘုရင်မင်းမြတ်က ၎င်း၏ မွေးနေ့ အထိမ်းအမှတ် မိန့်ခွန်းတွင် နိုင်ငံသားအားလုံး စည်းလုံးညီညွတ်ကြ
ပါရန် တိုက်တွန်းပြောကြားသွားခဲ့သည်။

"ကယန်းလူမျိုး များအား 'အောင်းပဒင်၊ အင်ပဒေါင်း' ဗီဒီယို ဇာတ်ကား အတွက် နေတိုး တောင်းပန် "

Photo: "ကယန်းလူမျိုး များအား 'အောင်းပဒင်၊ အင်ပဒေါင်း' ဗီဒီယို ဇာတ်ကား အတွက် နေတိုး တောင်းပန် "
Thursday, December 5, 2013

'အောင်းပဒင်၊ အင်ပဒေါင်း' ဇာတ်ကား သည် ကယန်း လူမျိုးများ ၏ ယဉ်ကျေးမှု ကို လှောင်ပြောင်သည့် ပုံစံမျိုး ဖြစ်ခဲ့ပါက အနူး အညွတ် တောင်း ပန် ပါကြောင်း ပါဝင် သရုပ် ဆောင်ခဲ့သော မင်းသား နေတိုး က ပြောဆို လိုက်သည်။

''ဒီဇာတ်ကား အပေါ် ကယန်း လူမျိုး တွေအနေနဲ့ ပြန်ကြည့်တော့ စိတ် အနှောင့် အယှက် ဖြစ်စရာ၊ ယဉ်ကျေးမှုကို လှောင်ပြောင် တဲ့ပုံစံမျိုး ဖြစ်ခဲ့ရင် ဇာတ်ကားမှာ ပါဝင် တဲ့ မင်းသား တစ်ယောက် အနေနဲ့ အနူး အညွတ် တောင်းပန်ပါတယ်'' ဟု နေတိုးက ပြောခဲ့ခြင်း ဖြစ်သည်။

ယင်း ဇာတ်ကားသည် လွန်ခဲ့သော နှစ်နှစ်ခွဲခန့် က ထုတ်လုပ်ဖြန့်ချိ ခဲ့ခြင်းဖြစ် ပြီး အဆိုပါ ဇာတ်ကားနှင့် ပတ်သက်၍ Lavender ထုတ်လုပ်ရေးမှ ကယန်း လူမျိုး များအား တောင်းပန်ရန် ရုပ်ရှင် အစည်းအရုံး သို့ ကယန်း အမျိုးသား ပါတီမှ စာပို့ တောင်းဆို ထားခဲ့ခြင်း ဖြစ်သည်။

''ထုတ်လုပ်သူ၊ ဒါရိုက်တာ ဇာတ်ညွှန်း ဆရာတွေကလည်း တောင်းပန်ချင် ပါတယ်။ ကယန်း အမျိုးသားပါတီက ဒီကိစ္စနဲ့ ပတ်သက် ပြီး စာထုတ်ပြန် ထားတယ် ဆိုတော့ အစည်း အရုံးမှာ တွေ့ရမယ် ထင်တာ။ ဒါရိုက်တာ၊ ထုတ်လုပ်သူနဲ့ ကျွန်တော် တို့သွားတော့ လူ ကိုယ်တိုင် တွေ့ရမယ် ထင်တာ။ ဒါပေမဲ့ မတွေ့ခဲ့ရပါ ဘူး။ တောင်းပန် ဖို့လည်း လိုအပ် တယ်လို့ထင်တဲ့ အတွက် တောင်းပန်ချင် ပါတယ်။ ဒီလို ဖြစ်စေချင်တဲ့ စိတ်နဲ့ ဖန်တီးခဲ့တာလည်း မဟုတ်ပါဘူး''ဟု နေတိုး က ထပ်လောင်းဆိုခဲ့ သည်။

၎င်းတို့ အနေဖြင့် ထိုအချိန်က ဟာသ ကားများ ခေတ်စားနေချိန် ဖြစ်၍ အကောင်းဆုံး ဖြစ်အောင် သာ လုပ်ခဲ့ကြပြီး ယင်းဇာတ်ကားမှာ ဝတ္ထု အနေဖြင့် ထွက်ရှိပြီး သားဖြစ် သည့်အပြင် စာပေ စိစစ်ရေးမှ ခွင့်ပြုခဲ့၍ ယင်းခေါင်းစဉ် အ တိုင်း သာဖြစ်ကြောင်း နေတိုး က ရိုက်ကူးဖြစ်ခဲ့ ပုံကို ရှင်းပြသည်။

''ဒီကားနဲ့ ပတ်သက်ပြီး ကယန်း အမျိုးသား ပါတီက ယဉ်ကျေးမှု အမွေ အနှစ်ကို ထိခိုက် ပျက်ပြားစေတဲ့ အပြောအဆိုတွေ ပါတဲ့ အတွက် တောင်း ပန်စေချင် တယ်။ လှောင်ပြောင် ထား တာတွေအပေါ် စိတ်မကောင်းဖြစ် တယ် ဆိုတာကို ဖတ်ရတယ်။ ကျွန်တော်တို့ ရိုက်ခဲ့တုန်းက ဒါရိုက်တာရော၊ ကျွန်တော်တို့ သရုပ်ဆောင်တွေ ပါ ထိခိုက်စေချင်တဲ့ စိတ် တစ်ခုမှ မရှိခဲ့ကြဘူး'' ဟု နေတိုးက ပြောသည်။

အဆိုပါ ဇာတ်ကားကို Lavender ထုတ်လုပ်ရေး မှဖြန့်ချိခဲ့ပြီး ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးကာ သရုပ်ဆောင် နေတိုး၊ သက်မွန်မြင့် တို့က ပါဝင်သရုပ်ဆောင် ခဲ့ခြင်းဖြစ်သည်။

မေမွန်မောင်
Popular Journal

RangonNewsDaily:: December . 5 .2013
'အောင်းပဒင်၊ အင်ပဒေါင်း' ဇာတ်ကား သည် ကယန်း လူမျိုးများ ၏ ယဉ်ကျေးမှု ကို လှောင်ပြောင်သည့် ပုံစံ
မျိုး ဖြစ်ခဲ့ပါက အနူး အညွတ် တောင်း ပန် ပါကြောင်း ပါဝင် သရုပ် ဆောင်ခဲ့သော မင်းသား နေတိုး က ပြော
ဆို လိုက်သည်။

သတိရှိပါမတော်တဆမှုတွင် ပရုတ်ဆီလိမ်းရုံဖြင့် သင့်အသက် ပြန်မရပါ

RangonNewsDaily:: December . 5 .2013
အင်းစိန်မြို့နယ်ရှိရပ်ကွက်တစ်ခု၏ လမ်းထဲတွင် ရုတ်တရက် လူများစုပြုံ ရောက်လာသည်။ ”ဟာ .. ဖြစ်မှဖြစ်
ရလေ”၊  ”ဘယ် လိုဖြစ်တာလဲ”၊ ”မြန်မြန်ဆွဲထုတ်မှ ဖြစ် မယ်”၊ ”ငယ်ငယ်လေးပဲရှိသေးတယ်”ဆို သော အာ
မေဋိတ်နှင့် မေးခွန်းတွေက လူ အယောက် ၂ဝ ခန့် ရှိသော နေရာမှပေါ် ထွက်လာခြင်းဖြစ်သည်။

တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီ မြန်မာဝန်ထမ်း ၁၀၀၀ ခန့်မည်

Photo: တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီ မြန်မာဝန်ထမ်း ၁၀၀၀ ခန့်မည်
Thursday, December 5, 2013

မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်း ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း တင်ဒါအောင်ထားတဲ့ နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော Telenor ကုမ္ပဏီက လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံသား ၀န်ထမ်းအရေအတွက် တစ်ထောင် တိုက်ရိုက်ခန့်သွားဖို့ရှိတယ်လို့ ဒီနေ့ ပြောလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ဆရာစံလမ်းက သမ၀ါယမ အဆောက်အဦးမှာကျင်းပတဲ့ အလုပ်လျှောက်လွှာလက်ခံပွဲမှာ တယ်လီနောကုမ္ပဏီရဲ့ မြန်မာနိုင်ငံဝန်ထမ်းဆိုင်ရာ အမှုဆောင်အရာရှိ Ms.Tipayarat Kaewsringarm က စကားပြန်ကနေတဆင့် ပြောပါတယ်။

“တယ်လီနော မြန်မာအနေနဲ့ ၂ဝ၁၄ အတွင်းမှာ လူတစ်ထောင် တိုက်ရိုက်ခန့်သွားဖို့၊ တယ်လီနောနဲ့ ဆက်စပ်တဲ့ လုပ်ငန်းစဉ်တွေကနေပြီးတော့တဆင့် လူနှစ်ထောင်လောက် ခန့်သွားဖို့ရှိတယ်၊ သြဂုတ်လကနေစခဲ့တာဆိုတော့ အဲဒီ ၄ လအတွင်းမှာ လုပ်ငန်းစဉ်အလိုက် ဦးဆောင်ပြီးတော့ စီမံကိန်းတွေချပြီး လက်တွေ့ဆောင်ရွက်မယ်ဆိုတဲ့ အကြီးပိုင်းတွေ လူ ၂၅ဝ နီးပါးလောက်တော့ အဓိကထားပြီးတော့ ခေါ်သွားပါပြီလို့၊ ဒေသခံဆက်သွယ်ရေး အရာရှိအနေနဲ့ ကချင်ပြည်နယ်တို့၊ ရှမ်းပြည်နယ်တို့မှာလည်း ခန့်ထားဖို့အတွက် စပြီးတော့ခေါ်နေပါပြီ”

ဒီနေ့ပြုလုပ်တဲ့ အလုပ်လျှောက်လွှာလက်ခံတဲ့အစီအစဉ်ကို ရန်ကုန်ဒေသခံတွေသာမက နယ်ဒေသကသူတွေလည်း ထောင်နဲ့ချီပြီး လာရောက်လျှောက်ထားကြပါတယ်။

ဆက်သွယ်ရေးတင်ဒါအောင်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေအလုပ်ခေါ်တဲ့အခါ ပထမနှစ်မှာ မြန်မာနိုင်ငံသား (၂၅) ရာခိုင်နှုန်း၊ ဒုတိယနှစ်မှာ (၅၀) ရာခိုင်နှုန်းနဲ့ တတိယနှစ်မှာ (၇၅) ရာခိုင်နှုန်းအထိ ခန့်ထားပေးသွားရမယ်လို့ အစိုးရကသတ်မှတ်ထားပါတယ်။

RFA

RangonNewsDaily:: December . 5 .2013
မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်းဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းတင်ဒါအောင်ထားတဲ့ နော်ဝေနိုင်ငံအခြေ
စိုက် တယ်လီနော Telenor ကုမ္ပဏီက လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံသား ၀န်ထမ်းအရေအတွက် တစ်ထောင် တိုက်ရိုက်ခန့်သွားဖို့ရှိတယ်လို့ ဒီနေ့ ပြောလိုက်ပါတယ်။

ဒီဇင်ဘာ ၄ ရက်ညက ပုဇွန်တောင်မြို့နယ် ရေကျော်၊ သဇင်လမ်းတွင် လူသတ်မှုဖြစ်ပွား

RangonNewsDaily:: December . 5 .2013
ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်၊ ရေကျော် သဇင်လမ်း၊ တိုက်အမှတ် ၉၊ ၅လွှာ (B)တွင် ဒီဇင်ဘာ ၄ ရက် ည ၈နာရီဝန်းကျင်က လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ "အဲဒီတိုက်ခန်းပေါ်မှာ ၀ုန်းဝုန်းဒိုင်း

ဒိုင်းသံကြားတော့ ရန်ဖြစ်နေကြပြီဆိုပြီး ဘေးခန်းက လှမ်းအော်ပါတယ်။ လူသတ်တယ်လို့လည်း ကြားလိုက်
ရတော့ ပတ်ဝန်းကျင်က အတက်အဆင်းလုပ်တဲ့ လှေကားတံခါးကို ပိတ်လိုက်ပါတယ်။ ရဲတွေရောက်လာကြ
ပြီး တက်ကြည့်တဲ့အခါမှာ လူသုံးယောက်ရှိတယ်၊ လူတစ်ဦးက သေနေပြီး နောက်တစ်ဦးက ဒဏ်ရာရသွား
ပါတယ်။
<