Pages

Thursday, December 5, 2013

ထိုင်းနိုင်ငံသားအားလုံး ညီညွတ်မှုဖြင့် ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန် ဘုရင်မင်းမြတ် တိုက်တွန်း

Photo: ထိုင်းနိုင်ငံသားအားလုံး ညီညွတ်မှုဖြင့် ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန် ဘုရင်မင်းမြတ် တိုက်တွန်း
Thursday, December 5, 2013

ထိုင်းတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ အားကောင်း ပြင်းထန်နေခဲ့သော်လည်း ထိုင်းပြည်သူများ ချစ်ခင်လေးစားသည့် ဘုရင်မင်းမြတ်၏ မွေးနေ့ နီးကပ်လာချိန်တွင် အရှိန်လျော့ကျသွား

ထိုင်းဘုရင်မင်းမြတ်က ၎င်း၏ မွေးနေ့ အထိမ်းအမှတ် မိန့်ခွန်းတွင် နိုင်ငံသားအားလုံး စည်းလုံးညီညွတ်ကြပါရန် တိုက်တွန်းပြောကြားသွားခဲ့သည်။ ထိုင်းတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ အားကောင်း ပြင်းထန်နေခဲ့သော်လည်း ထိုင်းပြည်သူများ ချစ်ခင်လေးစားသည့် ဘုရင်မင်းမြတ်၏ မွေးနေ့ နီးကပ်လာချိန်တွင် အရှိန်လျော့ကျသွားသည်။ ကြာသပတေးနေ့တွင်မူ ဘုရင်မင်းမြတ် ဘူမီဘိုလ် အဒူလိုင်ယာဒက်ဂ်ျက မွေးနေ့မိန့်ခွန်းအဖြစ် နိုင်ငံသူ၊ နိုင်ငံသားအားလုံး သွေးစည်းညီညွတ်ကြပါရန် တိုက်တွန်း ဆော်ဩခဲ့သည်။ "ကျွန်ုပ်တို့ရဲ့ နိုင်ငံဟာ နှစ်ပေါင်းများစွာ ငြိမ်းချမ်းခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ နိုင်ငံသားအားလုံး တစ်စိတ်တစ်ဝှမ်းတည်း စည်းလုံးခဲ့လို့ပဲ"ဟု ဘုရင်မင်းမြတ်က ဆိုသည်။

၎င်းက "ကျွန်ုပ်တို့ နိုင်ငံသား အားလုံးဟာ ကိုယ့်တာဝန်ကိုယ် သဟဇာတဖြစ်အောင် သင့်သင့်မြတ်မြတ် ထမ်းဆောင်ရပါမယ်။ ထိုင်းနိုင်ငံသားအားလုံး ဒါကို သတိပြုဖို့ လိုပါတယ်။ ကိုယ့်တာဝန်ကိုယ် အသီးသီး ကျေပြွန်ခြင်းဟာ ထိုင်းပြည်သူ တစ်ရပ်လုံးကို အကျိုးကျေးဇူး ဖြစ်ထွန်းစေပါလိမ့်မယ်"ဟု ပြောကြားသွားသည်။ ဘုရင်မင်းမြတ်၏ မွေးနေ့ပွဲ အခမ်းအနားသို့ လတ်တလောတွင် ဖိအားများစွာ ကြုံတွေ့နေရသည့် ဝန်ကြီးချုပ် ယင်လက်ခ် ရှီနာဝါထရာလည်း တက်ရောက်ခဲ့သည်။

ဘန်ကောက်မြို့တော်တွင် ရက်အတန်ကြာအောင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ယင်လက်ခ် နုတ်ထွက်ပေးရန် တောင်းဆိုမှုများ ပြင်းထန်ခဲ့သော်လည်း ယခုသီတင်းပတ်တွင်မူ ဘုရင်မင်းမြတ်၏ မွေးနေ့ကို လေးစားသည့် အနေဖြင့် ဆန္ဒပြမှုများ ရပ်ဆိုင်းထားသည်။ ထိုင်းဘုရင်မင်းမြတ်သည် သက်တော်(၈၆)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး လက်ရှိ ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံး စိုးစံသည့် ထီးဆောင်းမင်းတရားအဖြစ် စံချိန်တင်ထားခဲ့သည်။

Planet Myanmar Network

RangonNewsDaily:: December . 5 .2013
ထိုင်းဘုရင်မင်းမြတ်က ၎င်း၏ မွေးနေ့ အထိမ်းအမှတ် မိန့်ခွန်းတွင် နိုင်ငံသားအားလုံး စည်းလုံးညီညွတ်ကြ
ပါရန် တိုက်တွန်းပြောကြားသွားခဲ့သည်။ ထိုင်းတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ အားကောင်း ပြင်းထန်နေခဲ့သော်လည်း ထိုင်းပြည်သူများ ချစ်ခင်
လေးစားသည့် ဘုရင်မင်းမြတ်၏ မွေးနေ့ နီးကပ်လာချိန်တွင် အရှိန်လျော့ကျသွားသည်။ 
 
ကြာသပတေးနေ့တွင်မူ ဘုရင်မင်းမြတ် ဘူမီဘိုလ် အဒူလိုင်ယာဒက်ဂ်ျက မွေးနေ့မိန့်ခွန်းအဖြစ် နိုင်ငံသူ၊ နိုင်
ငံသားအားလုံး သွေးစည်းညီညွတ်ကြပါရန်တိုက်တွန်း ဆော်ဩခဲ့သည်။"ကျွန်ုပ်တို့ရဲ့ နိုင်ငံဟာ နှစ်ပေါင်းများ
စွာ ငြိမ်းချမ်းခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ နိုင်ငံသားအားလုံး တစ်စိတ်တစ်ဝှမ်းတည်း စည်းလုံး
ခဲ့လို့ပဲ"ဟု ဘုရင်မင်းမြတ်က ဆိုသည်။

၎င်းက"ကျွန်ုပ်တို့ နိုင်ငံသား အားလုံးဟာ ကိုယ့်တာဝန်ကိုယ် သဟဇာတဖြစ်အောင် သင့်သင့်မြတ်မြတ် ထမ်း
ဆောင်ရပါမယ်။ ထိုင်းနိုင်ငံသားအားလုံး ဒါကို သတိပြုဖို့ လိုပါတယ်။ ကိုယ့်တာဝန်ကိုယ် အသီးသီး ကျေပြွန်
ခြင်းဟာ ထိုင်းပြည်သူ တစ်ရပ်လုံးကို အကျိုးကျေးဇူး ဖြစ်ထွန်းစေပါလိမ့်မယ်"ဟု ပြောကြားသွားသည်။ 
 
ဘုရင်မင်းမြတ်၏ မွေးနေ့ပွဲ အခမ်းအနားသို့ လတ်တလောတွင် ဖိအားများစွာ ကြုံတွေ့နေရသည့် ဝန်ကြီးချုပ် ယင်လက်ခ် ရှီနာဝါထရာလည်း တက်ရောက်ခဲ့သည်။

ဘန်ကောက်မြို့တော်တွင် ရက်အတန်ကြာအောင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ယင်လက်ခ် နုတ်ထွက်ပေးရန်
တောင်းဆိုမှုများ ပြင်းထန်ခဲ့သော်လည်း ယခုသီတင်းပတ်တွင်မူ ဘုရင်မင်းမြတ်၏ မွေးနေ့ကို လေးစားသည့် အနေဖြင့် ဆန္ဒပြမှုများ ရပ်ဆိုင်းထားသည်။ 
 
ထိုင်းဘုရင်မင်းမြတ်သည် သက်တော်(၈၆)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး လက်ရှိ ကမ္ဘာပေါ်တွင် သက်တမ်းအ
ရှည်ဆုံး စိုးစံသည့် ထီးဆောင်းမင်းတရားအဖြစ် စံချိန်တင်ထားခဲ့သည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment