Pages

Thursday, December 5, 2013

ကိုယ်ပိုင်ပြတိုက်တစ်ခု ဖွင့်လှစ်ရန် စီစဉ်နေသည့် ရော်နယ်လ်ဒို

Photo: ကိုယ်ပိုင်ပြတိုက်တစ်ခု ဖွင့်လှစ်ရန် စီစဉ်နေသည့် ရော်နယ်လ်ဒို
Thursday, December 5, 2013

ရီးယဲလ်မက်ဒရစ် အသင်း၏ တိုက်စစ်ကြယ်ပွင့်သည် မာဒီရာကျွန်းပေါ်တွင် ၎င်းနှင့် ဆက်နွယ်သည့် ပြတိုက်ကို တည်ဆောက်ရန် နောက်ဆုံးအဆင့် အပြီးသတ်နေပြီ ဖြစ်သည်

ခရစ္စတီယာနို ရော်နယ်လ်ဒိုသည် ကိုယ်ပိုင် ပြတိုက်တစ်ခုကို တည်ဆောက်သွားရန် စီစဉ်နေကြောင်း သိရှိရသည်။ ရီးယဲလ်မက်ဒရစ် အသင်း၏ တိုက်စစ်ကြယ်ပွင့်သည် မာဒီရာကျွန်းပေါ်တွင် ၎င်းနှင့် ဆက်နွယ်သည့် ပြတိုက်ကို တည်ဆောက်ရန် နောက်ဆုံးအဆင့် အပြီးသတ်နေပြီ ဖြစ်သည်။ အဆိုပါကျွန်း၏ မြို့တော် ဖန်ချယ်လ်တွင် ဒီဇင်ဘာလ (၁၅)ရက်နေ့၌ ပေါ်တူဂီ လက်ရွေးစင် ရော်နယ်လ်ဒိုက ယင်းပြတိုက်ကို ဖွင့်လှစ်မည်ဟု သတင်းများက ဖော်ပြခဲ့သည်။ အသက်(၂၈)နှစ်ရှိ ကစားသမားသည် အိုလံပစ်ဒီ ဇာတီဗာ အသင်းနှင့် ကိုပါဒယ်လ်ရေး ပွဲစဉ်တွင် ကစားခွင့် မရှိဘဲ ပွဲပယ်ခံထားရသည်။

ထို့ကြောင့် ရီးယဲလ်နည်းပြ ကာလိုအန်ဆလော့တီက ၎င်းကို ဆောင်းရာသီနားရက် မတိုင်ခင် ရက်အနည်းငယ် ကြိုတင် အနားပေးထားရာ မွေးရပ်မြေရှိ ပြတိုက်ဖွင့်လှစ်မည့် ကိစ္စအတွက် ပိုမိုအချိန်ပေးနိုင်မည် ဖြစ်သည်။ ရော်နယ်လ်ဒိုသည် ပေါင်ဒဏ်ရာ ရရှိထားသော်လည်း လတ်တလောတွင် တစ်စထက်စတစ်စ သက်သာပျောက်ကင်းလာခဲ့သည်။ မကြာသေးမီက စပိန်လာလီဂါ၏ တန်ဖိုးအရှိဆုံး ကစားသမားဆုကို ရရှိထားသည့် ရော်နယ်လ်ဒိုသည် မာဒီရာသို့ပြန်ကာ နာလန်ထ အစီအစဉ်များဖြင့် အနားယူနေသည်။

ရော်နယ်လ်ဒိုသည် ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် အိုစာဆူနာနှင့် ကစားမည့် လာလီဂါ ပွဲစဉ်၌ ပါဝင်ရန် စီစဉ်ထားပြီး ထိုပွဲပြီးသည်နှင့် ဖန်ချယ်လ်သို့ အလျင်အမြန် သွားရောက်မည် ဖြစ်သည်။ အဆိုပါ ပြတိုက်တွင် ၎င်းရရှိခဲ့သည့် အောင်မြင်မှုများနှင့် တစ်ဦးချင်း ဆုတံဆိပ်များကို ထားရှိမည်ဟု သိရသည်။ အဆိုပါ ဆုများတွင် (၂၀၀၈)ခုနှစ်က မန်ချက်စတာ ယူနိုက်တက်တွင် ကစားနေစဉ် ရရှိခဲ့သည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ထည့်သွင်းပြသထားမည်ဟု သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

RangonNewsDaily:: December . 5 .2013
ခရစ္စတီယာနို ရော်နယ်လ်ဒိုသည် ကိုယ်ပိုင် ပြတိုက်တစ်ခုကို တည်ဆောက်သွားရန် စီစဉ်နေကြောင်း သိရှိရ
သည်။ ရီးယဲလ်မက်ဒရစ် အသင်း၏ တိုက်စစ်ကြယ်ပွင့်သည် မာဒီရာကျွန်းပေါ်တွင် ၎င်းနှင့် ဆက်နွယ်သည့် ပြတိုက်
ကို တည်ဆောက်ရန် နောက်ဆုံးအဆင့် အပြီးသတ်နေပြီ ဖြစ်သည်။ 
 
အဆိုပါကျွန်း၏ မြို့တော် ဖန်ချယ်လ်တွင် ဒီဇင်ဘာလ (၁၅)ရက်နေ့၌ ပေါ်တူဂီ လက်ရွေးစင် ရော်နယ်လ်ဒိုက ယင်းပြတိုက်ကို ဖွင့်လှစ်မည်ဟု သတင်းများက ဖော်ပြခဲ့သည်။ အသက်(၂၈)နှစ်ရှိ ကစားသမားသည် အိုလံ
ပစ်ဒီ ဇာတီဗာ အသင်းနှင့် ကိုပါဒယ်လ်ရေး ပွဲစဉ်တွင် ကစားခွင့် မရှိဘဲ ပွဲပယ်ခံထားရသည်။

ထို့ကြောင့် ရီးယဲလ်နည်းပြ ကာလိုအန်ဆလော့တီက ၎င်းကို ဆောင်းရာသီနားရက် မတိုင်ခင် ရက်အနည်း
ငယ် ကြိုတင် အနားပေးထားရာ မွေးရပ်မြေရှိ ပြတိုက်ဖွင့်လှစ်မည့် ကိစ္စအတွက် ပိုမိုအချိန်ပေးနိုင်မည် ဖြစ်
သည်။
 
ရော်နယ်လ်ဒိုသည် ပေါင်ဒဏ်ရာရရှိထားသော်လည်းလတ်တလောတွင်တစ်စထက်စတစ်စသက်သာပျောက်
ကင်းလာခဲ့သည်။ မကြာသေးမီက စပိန်လာလီဂါ၏ တန်ဖိုးအရှိဆုံး ကစားသမားဆုကို ရရှိထားသည့် ရော်
နယ်လ်ဒိုသည် မာဒီရာသို့ပြန်ကာ နာလန်ထ အစီအစဉ်များဖြင့် အနားယူနေသည်။

ရော်နယ်လ်ဒိုသည် ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် အိုစာဆူနာနှင့် ကစားမည့် လာလီဂါ ပွဲစဉ်၌ ပါဝင်ရန် စီ
စဉ်ထားပြီး ထိုပွဲပြီးသည်နှင့် ဖန်ချယ်လ်သို့ အလျင်အမြန် သွားရောက်မည် ဖြစ်သည်။ အဆိုပါ ပြတိုက်တွင် ၎င်းရရှိခဲ့သည့် အောင်မြင်မှုများနှင့် တစ်ဦးချင်း ဆုတံဆိပ်များကို ထားရှိမည်ဟု သိရသည်။ 
 
အဆိုပါ ဆုများတွင် (၂၀၀၈)ခုနှစ်က မန်ချက်စတာ ယူနိုက်တက်တွင် ကစားနေစဉ် ရရှိခဲ့သည့် ကမ္ဘာ့အ
ကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ထည့်သွင်းပြသထားမည်ဟု သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment