Pages

Thursday, December 5, 2013

အဆောင်နေကျောင်းသားများ နိုင်ငံရေးလုပ်ဆောင်ပါက ထုတ်ပယ်ခံ ရမည်

RangonNewsDaily:: December . 5 .2013
တက္ကသိုလ် ကျောင်းသားများ အဆောင်ပြန် နေခွင့်ပြုမည်ဖြစ်သော်လည်း တက္ကသိုလ်အဆောင်နေ ကျောင်း
သား များအဆောင်အတွင်း နိုင်ငံရေးလုပ်ဆောင်ပါက အဆောင်မှထုတ် ပစ်သည်အထိ အရေး ယူသွား မည်
 ဖြစ်ကြောင်း အဆင့်မြင့်ပညာဦး စီးဌာနမှ အရာရှိတစ်ဦးက ထုတ် ဖော်ပြောကြားလိုက်သည်။ တက္ကသိုလ်အ
ဆောင်များ တွင် ရန်ကုန်မြို့တော်စည်ပင် သာယာနယ်နိမိတ်ပြင်ပမှ ကျောင်း သားများကို လက်ခံပေးသွား
မည် ဖြစ်ပြီး ယင်းတို့ သည် အဆောင် စည်းကမ်းသတ်မှတ်ချက်များကိုလိုက်နာရမည်ဖြစ်ကြောင်း၊
အ ဆောင်အတွင်း နိုင်ငံရေးစည်းရုံး လှုံ့ဆော်မှုများ၊ လှုပ်ရှားမှုများပြု လုပ်ပါက ယင်းတို့ကို အဆောင်မှ ထုတ်
ပယ်သွားမည်ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောကြား သည်။

''အဆောင်မှာနေတဲ့ သူဆိုရင် အဆောင်နေစည်းကမ်းတွေကို လိုက်နာမှဖြစ်မယ်။ မူးယစ်သောက် စားတာ
တွေ၊ ဥပဒေနဲ့ မလွတ်ကင်း တာတွေကို လက်ခံမှာမဟုတ်ပါ ဘူး။အဆောင်နေတဲ့သူတွေထဲမှာ နိုင်ငံရေးလုပ်
တဲ့သူတွေမပါ လာဘူး လို့တော့ ပြောလို့မရဘူး။

သူတို့ကို စည်ပင်နယ်နိမိတ်ပြင်ပ က ပထမနှစ်ဆို လက်ခံမယ်။ တ ခြားနောက်ကြောင်း ဆရာတို့ ဘာမှမသိ
ဘူး။ သူတို့ကိုလိုက် ကြည့်နေရမယ်ဆိုရင်တော့ ဘာ မှလုပ်ဖြစ်မှာမဟုတ်ဘူး။ နိုင်ငံ ရေးနဲ့နွှယ်တဲ့သူတွေ လက်မခံ ဘူး မဟုတ်ဘူး လက်ခံတယ်။

ဒါပေမဲ့ အဆောင်စည်းကမ်းအတိုင်း နိုင်ငံ ရေးမလုပ်ရဘူး။ လုပ်ရင်တော့ ထုတ်ပစ်မှာ။ မူးရမ်းတာမျိုးတွေ ဆိုလဲ ထုတ်ပစ်မှာပါ။ ဆရာတို့က တော့ လုပ်စရာရှိတာကိုပြတ်ပြတ် သားသား လုပ်သွား မယ်''ဟု အ ဆင့်
မြင့်ပညာဦးစီးဌာနမှ အရာ ရှိက ရန်ကုန်တိုင်းမ်သို့ပြောသည်။

ယင်းနှင့်ပတ်သက်၍ ဒဂုံ တက္ကသိုလ်မှ လက်ထောက်ကထိ က ဒေါက်တာ အာကာမိုးသူက တက္ကသိုလ်များ
တွင် နိုင်ငံရေးဝေါဟာရမှာကျယ်ပြန့်သည့်စကား လုံးဖြစ်ကြောင်း၊ လက်ရှိတွင် နိုင်ငံ ရေးသိပ္ပံကို တက္ကသိုလ်
များတွင် သင်ကြားရန် တိုက်တွန်း နေချိန် ဖြစ်၍ ယခုလိုကျောင်းသားများ နိုင်ငံရေးမလုပ်ရဟု ဆိုခြင်းမှာ အာ
ဏာရှင်ဆန်ကြောင်း ပြော သည်။

''ကျွန်တော်တို့တက္ကသိုလ် တွေကကျောင်းသားတွေ အလိမ် မခံရအောင် သင်ပေးရမယ့်နေ ရာပါ။ နိုင်ငံရေး
မှာ ကျောင်းဆရာ နဲ့ ဆရာဝန်က သန့်ရှင်းတဲ့ နိုင်ငံ ရေးသမားပဲ။ ဒီလိုကျောင်းသား တွေကို မလုပ်ရဘူး
လို့ပြောတာ က နိုင်ငံရေး အမြင်နည်း တဲ့သူတွေ လုပ်တာလို့မြင်တယ်။

ဒီမိုကရေစီကျင့်စဉ်ကိုပျက်သုဉ်းအောင်လုပ် နေတယ်လို့လဲ မြင်တယ်။အမှန် က ဒီမိုကရေစီထွန်းကားအောင်
လုပ်ပေးရမယ့်နေရာပါ''ဟု ယင်း က ပြောသည်။

ချဒ်နိုင်ငံတွင် နိုင်ငံရေးပြု ပြင်ပြောင်းလဲရေးများ ပြုလုပ်စဉ် က ချဒ်ပညာရေးဝန်ကြီးဌာန သည် ပြုပြင်မှုများကို အမီမလိုက် နိုင်ဘဲ နိုင်ငံရေးနှင့်ပညာရေးမှာ ပြတ်ကျန်ခဲ့ကြောင်း၊ ဒီမိုကရေစီ စနစ် အကောင်အထည်ဖော်
နေ သည့်အချိန်တွင် ပညာရေး ဝန်ကြီး ဌာနအနေဖြင့် မျက်ခြည်မပြတ်ဘဲ ခေတ်နှင့်လျော်ညီသော စည်းကမ်း ချက်များ ထုတ်ပြန်သင့်ကြောင်း ဒီမိုကရက်တစ်ပါတီမှ ဒေါက်တာ ညိုညိုသင်းက ပြောသည်။

''ဒီလိုစည်းကမ်းထုတ်တာ က ခေတ်ဟောင်းစနစ်ဟောင်းကို ပြန်သုံးတာလို့မြင်တယ်။ ပညာ ရေးက ခေတ်
ပြောင်းနေတာကို မ သိသေးဘူးလို့ထင်တယ်။ ဒီလို ထုတ်ပြန်တာက ဆိုးကျိုးတွေဖြစ် နိုင်ပါတယ်''ဟု ယင်း
ကပြောသည်။

 ကျောင်း သား များ နိုင်ငံရေး မလုပ်စေရန်အတွက် ပညာတတ် များ၊ အတွေးအခေါ်မြင့်မားသူ များပေါ်ထွက်
သည့် ရန်ကုန်တက္က သိုလ်ကျောင်းကောင်စီကို ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင် စီက မိုင်းဖြင့်ခွဲကာ ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

Yangon Media::-- , kolatt(PBDN)
RangonNewsDaily



0 comments:

Post a Comment