Pages

Thursday, March 21, 2013

မရမ်းကုန်းမြို့နယ်တွင် ပစ္စည်းခိုးယူမှုမှ တဆင့်အိမ်ရှင်မိသားစု ဓါးဒဏ်ရာရရှိကာ ဆေးရုံသို့ အရေးပေါ်တင်လိုက်ရ

မရမ်းကုန်းမြို့ နယ်ရှိ၊ နေအိမ်တစ်ခုအတွင်းသို့ ဝင်ရောက်ကာ ပစ္စည်းခိုးယူမှုမှ တဆင့်အိမ်ရှင်မိသားစု ဓါးဒဏ်ရာရရှိကာ ဆေးရုံသို့ အရေးပေါ်တင်လိုက်ရသည်ဟု ရန်ကုန်တိုင်းဒေသကြီး သတင်းတပ်ဖွဲ့ မှ သတင်းရရှိသည်။

Android ထက်သာလွန်တဲ့ iPhone ရဲ့ အချက် (၁၀) ချက်

iPhone ထက်သာလွန်တဲ့ Android ရဲ့ အချက် (၁၀)ချက် ဆိုတဲ့ပို့စ်မှာ ကျနော်ရေးခဲ့တဲ့အတိုင်း အချို့အချက်တွေမှာ Android က တကယ်သာလွန်ကောင်းမွန်တယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ သို့သော် အရာရာတိုင်းမှာ "တခြားတစ်ဖက်ကကြည့်ရင်" ဆိုတဲ့စကားရှိတဲ့အတိုင်း Android ထက်သာတဲ့အချက်တွေ iPhone မှာရှိနေဆဲပါပဲ။ ဒီပို့စ်မှာ ကျနော် Android ထက်သာလွန်တဲ့ iPhone ရဲ့ အချက် (၁၀)ချက် ကိုရေးပြချင်ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်နှင့် အဖွဲ့ယနေ့မော်လမြိုင်မြို့ သို့ရောက်ရှိပြီးမကြာမီ အတ္ထရံဟိုတယ် ဘေး ရှိ ကုလားတန်းဗလီတိုက်ခိုက်ခံရ ( Breaking News:)

မော်လမြိုင်မြို့၏ နောက်ဆက်တွဲ သတင်းမှာ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်နှင့် အဖွဲ့ ကား ၃စီးခန့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်သို့ရောက်၇ှိနေကြောင်းသတင်းရရှိပါသည်။မော်လမြိုင်မြို့ဖက်တန်းရပ်ကွက် အတ္ထရံဟိုတယ် ဘေး ရှိ ကုလားတန်းဗလီကို ယနေ့ည ၈နာ၇ီအချိန်တွင် ခဲများဖြင့်ပစ်ပေါက်၍ ထွက်ပြေးရာ မှန် ၅ချပ်ကွဲသွားကြောင်းနှင့် ချက်ခြင်းပင် ဗလီလူကြီးများမှ သက်ဆိုင်ရာသို့ အကြောင်းကြားထားကြောင်း မျက်မြင် သက်သေတစ်ဦး၏ သတင်းပေးချက်အရ သိ၇ှိရပါသည်။

ိမိတ္ထီလာ မှာ မီးရှို့ မှု တွေ ထပ်ဖြစ် ပြီး သေဆုံးသူ တိုးလာ

မတ်လ ၂၁ ရက်နေ့ မှာ ဒုတိယ မြောက်နေ့  အဖြစ် မတ္ထီလာ မြို့  မှာ မငြိမ်သက် မှုတွေ ဆက် ဖြစ်နေတယ်လို့  FNG က သိရှိ ရပါတယ်။ ဒုတိယ မြောက် နေ့ မှာ အစိုးရ ရုံး တွေ ပါ မီးရှို့ ခံရ ပြီး ၊ ရန် မျိုး အောင် ရပ် ကွက် ၊ မိတ္ထီလာ စည် ပင်ဈေး အနီး နဲ့  အာရှ စိမ်းလန်း ဖွံ့  ဖြိုး ရေး ဘဏ်ခွဲ ပါ မီးစွဲ လောင် ခဲ့ တယ်လို့  သိရပါတယ်။ မင်္ဂလာ ဇေယုံရပ် ကွက် မှာ တော့ ရပ် ကွက် ရဲ့  နေရာ အတော် များများ ကို မီးစွဲ လောင်ခဲ့ ပါတယ်။

၈၈ မျိုးဆက်မင်းကိုနိုင်နှင့် အန်အယ်လ်ဒီ အမတ် ဦးဝင်းထိန် တို့၏ စည်းကမ်းမဲ့ ပုတ်ခတ်ပြောဆိုမှုများအား တပ်မတော်အရာရှိကြီးများ ဒေါသထွက်

၈၈ မျိုးဆက်မင်းကိုနိုင်နှင့် အန်အယ်လ်ဒီ အမတ် ဦးဝင်းထိန် တို့၏ စည်းကမ်းမဲ့ ပုတ်ခတ်ပြောဆိုမှုများအား တပ်မတော်အရာရှိကြီးများ ဒေါသထွက်
==================================
မိထ္ထီလာ အဓိကရုဏ်းနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသား မင်းကိုနိုင်နှင့် အန်အယ်လ်ဒီ အမတ် ဦးဝင်းထိန် တို့၏ လက်လွတ်စပယ် စွပ်စွဲ ပုတ်ခတ် ပြောဆိုမှုတွေကြောင့် တပ်မတော်မှ အရာရှိကြီးများ ပြင်း ထန် စွာ ဒေါသထွက်ခဲ့ကြကြောင်း သိရသည်။ 

မင်းကိုနိုင်မှ မိထ္တီလာအရေးအခင်းပြီးဆုံးသွားရင်တောင် နောက် ထပ် ပြည်ထောင်စုရဲ့ တနေရာမှာ ပုံစံတမျိုးနဲ့ သွေးထိုးလှုံ့ဆော်မှု၊ ပြီးတော့ အဓိကရုန်းတွေ ဖန်တီးမယ့်ခြေရာ လက်ရာတွေ အစောကြီးကတည်းက တွေ့ထား ကြောင်း၊ ယခု ဖြစ်စဉ်များတွင် အကြမ်းဖက်သူများကို ရဲများက လက်ပိုက်ကြည့်နေကြကြောင်း၊ စစ်တပ်က ကယ်တင်ရှင် ၀င်လုပ်နေချင်ေ ကြာင်း၊ ကျွန်တော်တို့ ကယ်ခွင့် မပေးသင့်ကြောင်း များ ပြောဆိုခဲ့သည်။ တစ်ချိန်တည်းတွင် အန်အယ်ဒီအမတ် ဦးဝင်းထိန်မှ တပ်မ-၉၉ အပါအ၀င် တပ်တွေအများကြီးရှိနေရဲ့သားနဲ့ ၀င်မထိန်းဘူး ဆိုတဲ့ သဘောမျိုးတွေနဲ့ လည်း ပြောဆိုခဲ့ပါသည်။

၎င်းတို့၏ ပြောဆိုချက်နှင့် ပတ်သက်၍ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိ ကြီး တစ်ဦးမှ အခု ဖြစ်တဲ့ ပြဿနာ ဟာ စစ်တပ်နှင့် ဘာမှ မဆိုင်ပါဘူး။ ညတွင်းချင်း ကြေငြာချက် ထုတ်တာတွေကို နားထောင်ကြည့်လိုက်တော့ စစ်တပ်ကို တော်တော် ဝေဖန်ထားတာ ကြားလိုက်တယ်။ တော်တော် တရားလက်လွတ် ပြောလိုက်တာပဲ။ လက်ရှိ အချိန်ဟာ  အစိုးရနဲ့ တပ်မတော် လက်တွဲပြီး လုပ်ဆောင်နေကြတဲ့ အချိန်ပါ။ သမ္မတကြီး သွားလေရာ မှာ တပ်မတော်က အကြီးဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေ အတူပါပြီး လက်တွဲဆောင်ရွက် နေကြတဲ့ အချိန်ပါ။ အတိုက်အခံလို့ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည် တောင်မှ တပ်မတော်နဲ့  အတူ ပူးပေါင်း ဆောင်ရွက်ပြီး နောက်ကြောင်း ပြန်လှည့်တဲ့စကား၊ စစ်အာဏာရှင် စကားတွေ မပြောဘူး။ အခုတော့ တပ်မတော် ကပဲ ဖန်တီးသ လို မျိုး ဖြစ်အောင် ပြောတဲ့စကားကတော့ လွန်ပါ တယ်ဟု ပြောခဲ့ပါတယ်။

ပုံနှိပ်တိုက် လုပ်ငန်းရှင် တစ်ဦးမှလည်း ကျွန်တော်တို့လည်း မင်းကိုနိုင်ပြောတဲ့ စကားအပေါ် လက်မခံနိုင် ပါဘူး။ သူသာ တိုင်းပြည်အတွက် စေတနာရှိတယ် ဆို ရင် ဒီအချိန်မှာ ဒီလို စကားတွေ မပြောသင့်ဘူး။ ၈၈ တုန်း က မျက်နှာဖုံး စီးပြီး ဆူပူခဲ့တာ သူတို့ပဲ။ ရဲစခန်းက လက်နက်တွေကို ၀င်စီးခဲ့တာလဲ သူတို့ပဲ။ အခု တိုင်းပြည်ကို ဖျက်နေကြတာလဲ သူတို့ပဲ ဟု ပြောဆိုခဲ့ပါသည်။

လွှတ်တော် အမတ်၏ ပြောဆိုချက်နှင့် ပတ်သက်၍ အထက်ပါ အရာရှိကြီးမှ မိထ္ထီလာတွင် ခြေလျင် တပ်အင် အား မရှိကြောင်း၊ တပ်မ ၉၉ သည် စစ်ဆင်ရေးထွက်နေသော တပ်ဖြစ်၍ နောက်ချန်အင်အား သာ ရှိကြောင်း၊ တပ် တော် အနေဖြင့် အစိုးရသစ် လက်ထက်တွင် ပြည်တွင်း ဆူပူမှုများကို နှိမ်နှင်းရန်ထက် နယ်စပ်ဒေသ များတွင် ငြိမ်းချမ်းရေး ရရှိ စေရန် ဦးစားပေး ဆောင်ရွက်လျှက် ရှိကြောင်း၊ ပြည်တွင်း ဆူပူမှုများကို ရဲတပ်ဖွဲ့များကသာ နှိမ်နှင်းရကြောင်း တို့ကို ပြောပြခဲ့သည်။ 

၎င်းမှ ဆက်လက်၍ ပြည်တွင်းမှာ သမ္မတကြီးနဲ့  အစိုးရအဖွဲ့တွေက တိုးတက်အောင် လုပ်ဆောင်နေတယ်။ နယ်စပ်မှာ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်က လုပ်နေ တယ်။ မင်းကိုနိုင်တို့ ဘာလုပ်တယ် ဆိုတာ အားလုံးသိကြပါတယ်။ ယခုလို စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်နေ ချိန်မှာ ဒီလို စကားမျိုး လုံးဝ မပြောသင့်ဘူး ဟု ပြောခဲ့ပါသည်။

၂၀၁၃ ခုနှစ် အစောပိုင်းမှ စ၍ တပ်မတော်သား အများစုသည် ဒီမိုကရေစီ ဆန်သော တပ်မတော် ဖြစ်လာရေး၊ အခြား ပြည်ပနိုင်ငံမှ စစ်သားများကဲ့သို့ အခွင့်အရေးများ ရရှိရေး တို့အတွက် လက်ရှိ အစိုးရနှင့် လွှတ်တော်  အမတ်များ အပေါ်တွင် ယုံကြည် အားထားမှုများ ရှိနေကြောင်း သိရသည်။ မွန်ပြည်နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအပြင် အခြား လွှတ်တော် အမတ် အချို့က တပ်မတော်သားများ အကျိုးအတွက် အဆို များ တင်သွင်းခဲ့ဖူးကာ ၄ နှစ်မှ တစ်ခါ ရသည့် ၀တ်စုံစရိတ်ကဲ့သို့ ခေတ်နှင့် မလျော်ညီသော စရိတ်များ တိုးမြှင့် ရရှိစေရေး အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

တပ်မတော် အနေဖြင့် လက်ရှိ အစိုးရအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ တိုင်းပြည် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး အား အမှားအယွင်း မခံဘဲ လုပ်ဆောင်နေချိန်တွင် ၈၈ မျိုးဆက် မင်းကိုနိုင်နှင့် လွှတ်တော်အမတ် တို့၏ ပြောဆိုချက် သည် တရားလက်လွတ် ဖြစ်နေသဖြင့် ဒေါသထွက်ကြခြင်းပင် ဖြစ်သည်။

ဓာတ်ပုံ။ ပြည်တွင်း ဆူပူစေယုံသာမက တိုင်းရင်းသား လက်နက်ကိုင်များအား သွေးထိုးနေသော ၈၈ များ

အသံဖိုင်==> http://realaudio.rferl.org/voa/BURM/manual/2013/03/21/2a3f1395-30f5-4069-aa76-c3e50f13dc90.mp3

မိထ္ထီလာ အဓိကရုဏ်းနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသား မင်းကိုနိုင်နှင့် အန်အယ်လ်ဒီ အမတ် ဦးဝင်းထိန် တို့၏ လက်လွတ်စပယ် စွပ်စွဲ ပုတ်ခတ် ပြောဆိုမှုတွေကြောင့် တပ်မတော်မှ အရာရှိကြီးများ ပြင်း ထန် စွာ ဒေါသထွက်ခဲ့ကြကြောင်း သိရသည်။

သင်္ကြန်ရက်အတွင်း ရန်ကုန်တိုင်း မြို့နယ်၂၀ ကို မူလအတိုင်း ရေပေးမည်

လာမည့် သင်္ကြန်ရက်များတွင် ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ် ၂၀ အား ပုံမှန်အတိုင်း ရေပေးဝေသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီက ဆိုသည်။တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်းနှင့် အရှေ့ ဒဂုံမြို့နယ်တို့အား သင်္ကြန် အကြိုနေ့မှ အတက်နေ့အထိ ပေးဝေနေကျ အစီအစဉ်အတိုင်း ရေပေးသွားမည်ဟု စည်ပင်ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေသန့်နှင့် သန့်ရှင်းမှု) ဌာနမှ ပြောသည်။

သြစတြေးလျ လုပ်ငန်းရှင်များ ကဏ္ဍစုံ ရင်းနှီးမြှုပ်နှံလို၊ နှစ်နိုင်ငံ ကုန်သွယ်မှု ဒေါ်လာ ၆ သန်းကျော်ရှိ

မြန်မာနိုင်ငံရှိ စီးပွားရေး ကဏ္ဍစုံတွင် သြစတြေးလျ စီးပွားရေး လုပ်ငန်းရှင်များက ဝင်ရောက် ရင်းနှီးမြှုပ်နှံရန်လိုကြောင်း သမ္မတ ဦးသိန်းစိန်နှင့် မတ်လ ၁၉ ရက်နေ့က တွေ့ဆုံစဉ် သြစတြေးလျ ကုန်သွယ်ရေး ကော်မရှင်အဖွဲ့က ပြောဆိုလိုက်သည်။

"မိတ္ထီလာက အဓိကရုဏ်းတွေကို ထိန်းချုပ်ဖို့အတွက်တပ်မတော်မှ စတင်းလှုပ်ရှား"

"မိတ္ထီလာက အဓိကရုဏ်းတွေကို ထိန်းချုပ်ဖို့အတွက်တပ်မတော်မှ စတင်းလှုပ်ရှား"
Thursday, 21 March 2013

ဒီကနေ့က မိတ္ထီလာမြို့ပေါ်ရပ်ကွက်အချို့တွင် လောင်ကျွမ်းနေသော မီးလောင်မှုများကို ငြိမ်းသတ်နိုင်ပြီ ဖြစ်ကြောင်းသိရှိရသည်။

လက်ရှိအချိန်တွင် မိတ္ထီလာမြို့အခြေအနေမှာ လုံခြုံရေးအခြေအနေ နည်းပါးနေပြီး တာဝန်ရှိသူများ၏ ပဋိပက္ခအပေါ် ကိုင်တွယ်ဖြေရှင်းမှု အားနည်းနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။

တပ်မတော်မှ အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့များကို အသင့်စု ဖွဲ့ထားပြီးဖြစ်တယ်။ မိတ္ထီလာသို့ အဖွဲ့လိုက်၊ အစုလိုက် ကားများဖြင့် ထွက်ခွာလာ ခဲ့ကြောင်းနှင့် အထက်အမိန့်ကိုလည်းစောင့် ဆိုင်းနေကြောင်း သတင်းရရှိသည်။

အဓိကရုဏ်းနှိမ်နှင်ရေးအတွက်  နယ်မြေခံတပ်ဖွဲ့များကို လည်း တွဲဖက်တာဝန်ပေးထားကြောင်းသိရှိရသည်။

Thursday, 21 March 2013

ဒီကနေ့က မိတ္ထီလာမြို့ပေါ်ရပ်ကွက်အချို့တွင် လောင်ကျွမ်းနေသော မီးလောင်မှုများကို ငြိမ်းသတ်နိုင်ပြီ ဖြစ်ကြောင်းသိရှိရသည်။ လက်ရှိအချိန်တွင် မိတ္ထီလာမြို့အခြေအနေမှာ လုံခြုံရေးအခြေအနေ နည်းပါးနေပြီး တာဝန်ရှိသူများ၏ ပဋိပက္ခအပေါ် ကိုင်တွယ်ဖြေရှင်းမှု အားနည်းနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။

The Buddhist mobs killed 28 religious students and 4 teachers in Hamayatul Islam Religious Arabic School (Maddarasa) of Mingalar Zayyu village under Meiktilar Township

Rohingya News Agency - (Mayu Press): By Mohamed Farooq

The Buddhist mobs killed 28 religious students and 4 teachers in Hamayatul Islam Religious Arabic School (Maddarasa) of Mingalar Zayyu village under Meiktilar Township at about 6.30 AM, 21st March 2013.

Among the burnt down houses and buildings, Maddarasa Hamayatul Islam was the biggest one in Mingalar Zayyu village. The Buddhist extremists were entire night feeling free to mass kill, and attack Muslims and torch up houses with the Marshal Law Act-144 not to out but there is no barrier and attachment for Buddhist racists by security personnel and Army. At the night of 3 AM, a Buddhist merciful family situated near the Religious School had called and brought all the Muslim religious teachers and students to his house for the life safety. The Muslim religious school burnt into ashes around 4 AM by the racists.

At the morning 6 AM, Buddhist extremists group surrounded the house of Buddhist where Muslim students and teachers were sleeping with fear and tiredness. They asked the house owner to get out all the Muslims and shouted with iron arrows, swords, knife, iron rods, long bamboo and wood sticks. The Buddhist kind-hearted family requested them not to attack those Muslims as most of them are orphans and parentless came from far distances to acquire religious education and nothing else. The terrorists torched up the Buddhist house to come out all the Muslim students and teachers.

The Buddhist mobs brutally hit with their handed dangerous instruments till to death 28 students and 4 teachers in front of Army, Police and Hlun Tin (Riot police).

List of teachers killed by Buddhist mobs:

Maulana Mohammad Shafi,45,
Maulana Zakaria,40,
Mufti Wazib,30, and another one

Among the burnt down houses and buildings, Maddarasa Hamayatul Islam was the biggest one in Mingalar Zayyu village. The Buddhist extremists were entire night feeling free to mass kill, and attack Muslims and torch up houses with the Marshal Law Act-144 not to out but there is no barrier and attachment for Buddhist racists by security personnel and Army. At the night of 3 AM, a Buddhist merciful family situated near the Religious School had called and brought all the Muslim religious teachers and students to his house for the life safety. The Muslim religious school burnt into ashes around 4 AM by the racists.

"မိတ္ထီလာက အဓိကရုဏ်းတွေကို ထိန်းချုပ်နိုင်ပြီဟုဆို"

မိတ္ထီလာ အဓိကရုဏ်း နောက်ဆုံးရသတင်း 

"မိတ္ထီလာက အဓိကရုဏ်းတွေကို ထိန်းချုပ်နိုင်ပြီဟုဆို"

ဒီကနေ့က မိတ္ထီလာမြို့ပေါ်ရပ်ကွက်အချို့တွင် လောင်ကျွမ်းနေသော မီးလောင်မှုများကို ငြိမ်းသတ်နိုင်ပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဒုတိယရဲတပ်ဖွဲ့မှုး ဦးထွန်းနိုင်မှ RFA သို့ အတည်ပြုပြောကြားသည်။

မိတ္ထီလာမြို့ အမှတ် (၂)ရဲစခန်းကို ဒီကနေ့ညနေ ၆ နာရီခွဲက ဆက်သွယ်မေးမြန်းရာ ရဲတပ်ဖွဲ့ဝင်များအနေနှင့် ပြဿနာအရပ်ရပ်ကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ပြန်လည် ဖြေကြားပါတယ်။

ယခုအခါ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်ခေါင်းဆောင်သည့် အစိုးရအဖွဲ့ဝင်များ၊မိတ္ထီလာအဓိကရုဏ်း စုံစမ်းရေးကော်မရှင်အဖွဲ့သည် အဓိကရုဏ်းဖြစ်ပွားရာနေရာများကို လှည့်လည်ကြည့်ရှုနေကြောင်း သိရသည်။

ဒီကနေ့က မိတ္ထီလာမြို့ပေါ်ရပ်ကွက်အချို့တွင် လောင်ကျွမ်းနေသော မီးလောင်မှုများကို ငြိမ်းသတ်နိုင်ပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဒုတိယရဲတပ်ဖွဲ့မှုး ဦးထွန်းနိုင်မှ RFA သို့ အတည်ပြုပြောကြားသည်။

မော်လမြိုင် (သို့) Maintenance free မြို့လေးသို့ (ကဗျာ)

မော်လမြိုင် (သို့) Maintenance free မြို့လေးသို့။

အဲဒီမြို့လေးပေါ့...
ညဆိုခရမ်းချဉ်သီးတွေချိတ်ထားတဲ့
ဓါတ်တိုင်တွေနဲ့ စတိုင်ကျနေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
သံလွင်မြစ်ကိုဖြတ်ပြီ့း
ဘီလူးကျွန်းကို မေးလေးထောက်ပြီးကြည့်နေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
ကုန်းတက်ကုန်းဆင်းတွေများပေမယ့်
ဆိုက်ကား မြင်းလှည်းတွေ ဥဒဟိုသွားနေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
ဆိုရှယ်လစ်စနစ်ရဲ့ အသီးအပွင့်ဖြစ်တဲ့
မှောင်ခိုစီးပွားရေးကို ဇာတ်သွင်းခံရတဲ့မြို့။

အဲဒီမြို့လေးပေါ့...
ဒုတိယကမ္ဘာစစ်လက်ကျန်
ချက်ပလက် ခေါင်းတို ခေါင်းရှည်ကားတွေနဲ့
သမိုင်းကို ဆုပ်ကိုင်သရုပ်ဖော်နေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
အလှပြလေယာဉ်ကွင်းရှိပေမယ့်
လေယာဉ်ပျံမဆင်းတဲ့မြို့။

အဲဒီမြို့လေးပေါ့...
ပိုင်ဆိုင်မှုလွဲပြောင်းချင်လို့
ခဏခဏ ဈေးတွေမီးလောင်တဲ့မြို့။

အဲဒီမြို့လေးပေါ့...
ကမ်းနားလမ်းတစ်လျှောက်မှာရှိတဲ့ အိမ်တွေကို
မျက်နှာစာတိုက်ဆောက်တဲ့မြို့။

အဲဒီမြို့လေးပေါ့...
ကြီးကျယ်လှတဲ့ အန်းတစ်မီးစက်ကြီးရှိပေမယ့်
ဘယ်တော့မှမီးမမှန်တဲ့မြို့။

အဲဒီမြို့လေးပေါ့...
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက
တို့ဘိုးဘွားတွေ တည်ဆောက်ခဲ့တဲ့
သာသနိကအဆောက်အအုံတွေနဲ့
နိဗ္ဗာန်ကို အသက်ဆက်နေရတဲ့မြို့။

အဲဒီမြို့လေးပေါ့...
Maintenance free ကျောင်းတွေနဲ့
အနာဂါတ်ရဲ့ပန်းပွင့်တွေကို
ရေလောင်းပေးနေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
ဘယ်အိမ်မဆို သိသိ မသိသိ
တက်စားလို့ရတဲ့ ဆွမ်းကြီးလောင်းပွဲတွေနဲ့
မြိုင်ဆိုင်နေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
လုပ်စရာမရှိလို့ ကိုယ့်အချင်းချင်း
ပရိုက်ဗိတ် လီမီတက် ကုမ္ပဏီထောင်ပြီး
အဆင်မပြေရင် ဒိုင်ပြေးတဲ့မြို့။

အဲဒီမြို့လေးပေါ့...
မြန်မာတစ်နိုင်ငံလုံးနှံ့အောင်
၁-၂-၃ ဆိုတဲ့ စီးပွားရေး 
အက်ဂျူကေးရှင်း လုပ်ပေးတဲ့မြို့။

အဲဒီမြို့လေးပေါ့...
သံလွင်တံတား တံပိုးတတ်ခံပြီးကတည်းက
အိမ်နီးချင်းတွေအတွက် ရုန်းနေရတဲ့မြို့။

အဲဒီမြို့လေးရဲ့
ဟိုးအစွန်က လယ်ကွင်းစပ် ရပ်ကွက်ကလေးမှာ
ငါ့ကိုမွေးခဲ့တာပေါ့။
ဝါထပ်တဲ့နှစ်တွေမှာ
သံလွင်ရေတိုးလို့ လနဲ့ချီပိတ်တဲ့ကျောင်းလေးမှာ ငါနေခဲ့တာပေါ့။

မြို့လေးရေ 
ငါမင်းကိုလွမ်းနေတယ်ကွယ်။

မြို့လေးရေ 
ဘ၀မှာအလဲထိုးခံလိုက်ရတိုင်း၊
ဘ၀မှာအနင်းချေခံရတိုင်း၊
ဘ၀မှာငိုချင်းတွေဆိုရတိုင်း၊
ဘ၀မှာလည်ပင်းကြောတွေထောင်ထလာအောင်
ခံပြင်းစိတ်တွေဖြစ်ရတိုင်း၊
လည်ပင်းဖက်ပြီး ကြီးခဲ့ရတဲ့ မင်းကို
အသေအချာကြီး လွမ်းနေမိတာပေါ့။

အခုတော့
နောက်ဆုတ်လို့မရတဲ့ရွေ့ရှားမှုတွေနဲ့ 
ငါကတော့ မင်းနဲ့ဝေးရာ ဘ၀တစ်ခုမှာ
မနားတမ်းခရီးဆက်နေတုန်းလေ။

မြို့ကလေးရေ
မင်းကိုလွမ်းနေတဲ့
မင်းနဲ့ပတ်သက်ခဲ့ဘူးတဲ့
မင်းကလဲမှတ်မိတော့မှာမဟုတ်တဲ့
အဝေးကလူတစ်ယောက်က
မင်းကို....
အခုခေတ်ပေါ် တစ်ချို့ပစ္စည်းတွေလို
ဘယ်တော့မှ ပြုပြင်ပြောင်းလဲစရာမလိုတဲ့
Maintenance free မြို့လေးလို့
ကဗ္ဗည်းတပ်ပေးလိုက်ချင်ပါရဲ့။

ဝင်းထိန်
၁၈-၀၁-၂၀၁၃
နှစ်ပေါင်း ၃၀ ကျော်က မော်လမြိုင်မြို့သို့ အလွမ်းပြေ။
(Maintenance free = ပြင်စရာမလိုသော)


အဲဒီမြို့လေးပေါ့...
ညဆိုခရမ်းချဉ်သီးတွေချိတ်ထားတဲ့
ဓါတ်တိုင်တွေနဲ့ စတိုင်ကျနေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
သံလွင်မြစ်ကိုဖြတ်ပြီ့း
ဘီလူးကျွန်းကို မေးလေးထောက်ပြီးကြည့်နေတဲ့မြို့

မယားကြီးရှိလျက်နှင့် သမီးဖြစ်သူကိုခိုးယူပေါင်းသင်းခဲ့သူအား အဖေကသတ်ပစ်

မတ် ၂၁
၁၅-၃-၂၀၁၃ရက်နေ့ ၁၆၃၀ အချိန် စာဘူးတောင်းကျေးရွာ အုပ်ချုပ်ရေးမှူးမှ ကျောက်ပုံ ကမ်းနားအနီး ငမိုး
ရိပ်ချောင်းအတွင်း အမည်မသိအမျိုးသားအလောင်း ၁ လောင်း တွေ့ရှိကြောင်း အကြောင်းကြားခဲ့သဖြင့် လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့ရာဝဲရင်အုံ၊ယာရင်အုံ၊ ၀ဲနံကြား၊ ၀ဲလက်ပြင်
တို့တွင် ထိုးသွင်းဒဏ်ရာ ၄ ချက်ဖြင့် သေဆုံးနေကြောင်း သိရှိရသဖြင့် လှည်းကူးရဲစခန်း(ပ)၁၁၆/၂၀၁၃၊ ပြစ်
မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

အဲ့ကအေဲ့ကမ္ဘောဇ မှ ATR-72-600 လေယာဉ်ဖြင့် ဟဲဟိုး - တာချီလိတ် ခရီးစဉ် စတင်ပြေးဆွဲ

အဲ့ကမ္ဘောဇ မှ ATR-72-600 လေယာဉ်ဖြင့် ဟဲဟိုး - တာချီလိတ် ခရီးစဉ် စတင်ပြေးဆွဲ

ရန်ကုန် မတ် ၂၁

အာရှတွင် ပထမဆုံးဝယ်ယူပြေးဆွဲခြင်းဖြစ်သော ATR-72-600   လေယာဉ်ဖြင့် ဟဲဟိုး - တာချီလိတ်ခရီးစဉ် ယနေ့ စတင်ပြေးဆွဲနေပြီ ဖြစ်ကြောင်း အဲကမ္ဘောဇလေကြောင်းမှ စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

အဆိုပါလေယာဉ်ကို အဲကမ္ဘောဇလေကြောင်းလိုင်းမှ ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ သန်း ၂၀ ပေးရကြောင်း ယင်းလေယာဉ်မှာ ခရီးသည် ၆၈ ဦးဆန့် ပြီး ခရီးသည်များအတွက် သာလွန်ကောင်းမွန်သော ၀န်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်ဝယ်ယူခြင်းဖြစ်သည်ဟု ကမ္ဘောဇလေကြောင်းလိုင်းမှ ဒုတိယ မန်နေဂျင်းဒါရိုက်တာ ဦးခင်မောင်မြင့်ကပြောသည်။

၎င်းလေယာဉ်သည် ကမ္ဘောဇလေကြောင်းတွင် ၅စီးမြောက်လေယာဉ်ဖြစ်ပြီး အဆိုပါလေယာဉ်အမျိုးအစားနောက်ထပ်တစ်စီး ၀ယ်ယူထားပြီး မတ်လတွင် ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။

ဝေယံမိုးမြင့်

ရန်ကုန် မတ် ၂၁

အာရှတွင် ပထမဆုံးဝယ်ယူပြေးဆွဲခြင်းဖြစ်သော ATR-72-600 လေယာဉ်ဖြင့် ဟဲဟိုး - တာချီလိတ်ခရီးစဉ် ယနေ့ စတင်ပြေးဆွဲနေပြီ ဖြစ်ကြောင်း အဲကမ္ဘောဇလေကြောင်းမှ စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

Google မှ www.google.com.mm ကိုအသုံးပြုနိုင်ရန်စီစဉ်