Pages

Thursday, March 21, 2013

မော်လမြိုင် (သို့) Maintenance free မြို့လေးသို့ (ကဗျာ)

မော်လမြိုင် (သို့) Maintenance free မြို့လေးသို့။

အဲဒီမြို့လေးပေါ့...
ညဆိုခရမ်းချဉ်သီးတွေချိတ်ထားတဲ့
ဓါတ်တိုင်တွေနဲ့ စတိုင်ကျနေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
သံလွင်မြစ်ကိုဖြတ်ပြီ့း
ဘီလူးကျွန်းကို မေးလေးထောက်ပြီးကြည့်နေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
ကုန်းတက်ကုန်းဆင်းတွေများပေမယ့်
ဆိုက်ကား မြင်းလှည်းတွေ ဥဒဟိုသွားနေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
ဆိုရှယ်လစ်စနစ်ရဲ့ အသီးအပွင့်ဖြစ်တဲ့
မှောင်ခိုစီးပွားရေးကို ဇာတ်သွင်းခံရတဲ့မြို့။

အဲဒီမြို့လေးပေါ့...
ဒုတိယကမ္ဘာစစ်လက်ကျန်
ချက်ပလက် ခေါင်းတို ခေါင်းရှည်ကားတွေနဲ့
သမိုင်းကို ဆုပ်ကိုင်သရုပ်ဖော်နေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
အလှပြလေယာဉ်ကွင်းရှိပေမယ့်
လေယာဉ်ပျံမဆင်းတဲ့မြို့။

အဲဒီမြို့လေးပေါ့...
ပိုင်ဆိုင်မှုလွဲပြောင်းချင်လို့
ခဏခဏ ဈေးတွေမီးလောင်တဲ့မြို့။

အဲဒီမြို့လေးပေါ့...
ကမ်းနားလမ်းတစ်လျှောက်မှာရှိတဲ့ အိမ်တွေကို
မျက်နှာစာတိုက်ဆောက်တဲ့မြို့။

အဲဒီမြို့လေးပေါ့...
ကြီးကျယ်လှတဲ့ အန်းတစ်မီးစက်ကြီးရှိပေမယ့်
ဘယ်တော့မှမီးမမှန်တဲ့မြို့။

အဲဒီမြို့လေးပေါ့...
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက
တို့ဘိုးဘွားတွေ တည်ဆောက်ခဲ့တဲ့
သာသနိကအဆောက်အအုံတွေနဲ့
နိဗ္ဗာန်ကို အသက်ဆက်နေရတဲ့မြို့။

အဲဒီမြို့လေးပေါ့...
Maintenance free ကျောင်းတွေနဲ့
အနာဂါတ်ရဲ့ပန်းပွင့်တွေကို
ရေလောင်းပေးနေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
ဘယ်အိမ်မဆို သိသိ မသိသိ
တက်စားလို့ရတဲ့ ဆွမ်းကြီးလောင်းပွဲတွေနဲ့
မြိုင်ဆိုင်နေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
လုပ်စရာမရှိလို့ ကိုယ့်အချင်းချင်း
ပရိုက်ဗိတ် လီမီတက် ကုမ္ပဏီထောင်ပြီး
အဆင်မပြေရင် ဒိုင်ပြေးတဲ့မြို့။

အဲဒီမြို့လေးပေါ့...
မြန်မာတစ်နိုင်ငံလုံးနှံ့အောင်
၁-၂-၃ ဆိုတဲ့ စီးပွားရေး 
အက်ဂျူကေးရှင်း လုပ်ပေးတဲ့မြို့။

အဲဒီမြို့လေးပေါ့...
သံလွင်တံတား တံပိုးတတ်ခံပြီးကတည်းက
အိမ်နီးချင်းတွေအတွက် ရုန်းနေရတဲ့မြို့။

အဲဒီမြို့လေးရဲ့
ဟိုးအစွန်က လယ်ကွင်းစပ် ရပ်ကွက်ကလေးမှာ
ငါ့ကိုမွေးခဲ့တာပေါ့။
ဝါထပ်တဲ့နှစ်တွေမှာ
သံလွင်ရေတိုးလို့ လနဲ့ချီပိတ်တဲ့ကျောင်းလေးမှာ ငါနေခဲ့တာပေါ့။

မြို့လေးရေ 
ငါမင်းကိုလွမ်းနေတယ်ကွယ်။

မြို့လေးရေ 
ဘ၀မှာအလဲထိုးခံလိုက်ရတိုင်း၊
ဘ၀မှာအနင်းချေခံရတိုင်း၊
ဘ၀မှာငိုချင်းတွေဆိုရတိုင်း၊
ဘ၀မှာလည်ပင်းကြောတွေထောင်ထလာအောင်
ခံပြင်းစိတ်တွေဖြစ်ရတိုင်း၊
လည်ပင်းဖက်ပြီး ကြီးခဲ့ရတဲ့ မင်းကို
အသေအချာကြီး လွမ်းနေမိတာပေါ့။

အခုတော့
နောက်ဆုတ်လို့မရတဲ့ရွေ့ရှားမှုတွေနဲ့ 
ငါကတော့ မင်းနဲ့ဝေးရာ ဘ၀တစ်ခုမှာ
မနားတမ်းခရီးဆက်နေတုန်းလေ။

မြို့ကလေးရေ
မင်းကိုလွမ်းနေတဲ့
မင်းနဲ့ပတ်သက်ခဲ့ဘူးတဲ့
မင်းကလဲမှတ်မိတော့မှာမဟုတ်တဲ့
အဝေးကလူတစ်ယောက်က
မင်းကို....
အခုခေတ်ပေါ် တစ်ချို့ပစ္စည်းတွေလို
ဘယ်တော့မှ ပြုပြင်ပြောင်းလဲစရာမလိုတဲ့
Maintenance free မြို့လေးလို့
ကဗ္ဗည်းတပ်ပေးလိုက်ချင်ပါရဲ့။

ဝင်းထိန်
၁၈-၀၁-၂၀၁၃
နှစ်ပေါင်း ၃၀ ကျော်က မော်လမြိုင်မြို့သို့ အလွမ်းပြေ။
(Maintenance free = ပြင်စရာမလိုသော)


အဲဒီမြို့လေးပေါ့...
ညဆိုခရမ်းချဉ်သီးတွေချိတ်ထားတဲ့
ဓါတ်တိုင်တွေနဲ့ စတိုင်ကျနေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
သံလွင်မြစ်ကိုဖြတ်ပြီ့း
ဘီလူးကျွန်းကို မေးလေးထောက်ပြီးကြည့်နေတဲ့မြို့ အဲဒီမြို့လေးပေါ့...
ကုန်းတက်ကုန်းဆင်းတွေများပေမယ့်
ဆိုက်ကား မြင်းလှည်းတွေ ဥဒဟိုသွားနေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
ဆိုရှယ်လစ်စနစ်ရဲ့ အသီးအပွင့်ဖြစ်တဲ့
မှောင်ခိုစီးပွားရေးကို ဇာတ်သွင်းခံရတဲ့မြို့။

အဲဒီမြို့လေးပေါ့...
ဒုတိယကမ္ဘာစစ်လက်ကျန်
ချက်ပလက် ခေါင်းတို ခေါင်းရှည်ကားတွေနဲ့
သမိုင်းကို ဆုပ်ကိုင်သရုပ်ဖော်နေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
အလှပြလေယာဉ်ကွင်းရှိပေမယ့်
လေယာဉ်ပျံမဆင်းတဲ့မြို့။

အဲဒီမြို့လေးပေါ့...
ပိုင်ဆိုင်မှုလွဲပြောင်းချင်လို
ခဏခဏ ဈေးတွေမီးလောင်တဲ့မြို့။

အဲဒီမြို့လေးပေါ့...
ကမ်းနားလမ်းတစ်လျှောက်မှာရှိတဲ့ အိမ်တွေကို
မျက်နှာစာတိုက်ဆောက်တဲ့မြို့။

အဲဒီမြို့လေးပေါ့...
ကြီးကျယ်လှတဲ့ အန်းတစ်မီးစက်ကြီးရှိပေမယ့်
ဘယ်တော့မှမီးမမှန်တဲ့မြို့။

အဲဒီမြို့လေးပေါ့...
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက
တို့ဘိုးဘွားတွေ တည်ဆောက်ခဲ့တဲ့
သာသနိကအဆောက်အအုံတွေနဲ့
နိဗ္ဗာန်ကို အသက်ဆက်နေရတဲ့မြို့။

အဲဒီမြို့လေးပေါ့...
Maintenance free ကျောင်းတွေနဲ့
အနာဂါတ်ရဲ့ပန်းပွင့်တွေကို
ရေလောင်းပေးနေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
ဘယ်အိမ်မဆို သိသိ မသိသိ
တက်စားလို့ရတဲ့ ဆွမ်းကြီးလောင်းပွဲတွေနဲ့
မြိုင်ဆိုင်နေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
လုပ်စရာမရှိလို့ ကိုယ့်အချင်းချင်း
ပရိုက်ဗိတ် လီမီတက် ကုမ္ပဏီထောင်ပြီး
အဆင်မပြေရင် ဒိုင်ပြေးတဲ့မြို့။

အဲဒီမြို့လေးပေါ့...
မြန်မာတစ်နိုင်ငံလုံးနှံ့အောင်
၁-၂-၃ ဆိုတဲ့ စီးပွားရေး
အက်ဂျူကေးရှင်း လုပ်ပေးတဲ့မြို့။

အဲဒီမြို့လေးပေါ့...
သံလွင်တံတား တံပိုးတတ်ခံပြီးကတည်းက
အိမ်နီးချင်းတွေအတွက် ရုန်းနေရတဲ့မြို့။

အဲဒီမြို့လေးရဲ့
ဟိုးအစွန်က လယ်ကွင်းစပ် ရပ်ကွက်ကလေးမှာ
ငါ့ကိုမွေးခဲ့တာပေါ့။
ဝါထပ်တဲ့နှစ်တွေမှာ
သံလွင်ရေတိုးလို့ လနဲ့ချီပိတ်တဲ့ကျောင်းလေးမှာ ငါနေခဲ့တာပေါ့။

မြို့လေးရေ
ငါမင်းကိုလွမ်းနေတယ်ကွယ်။

မြို့လေးရေ
ဘ၀မှာအလဲထိုးခံလိုက်ရတိုင်း၊
ဘ၀မှာအနင်းချေခံရတိုင်း၊
ဘ၀မှာငိုချင်းတွေဆိုရတိုင်း၊
ဘ၀မှာလည်ပင်းကြောတွေထောင်ထလာအောင်
ခံပြင်းစိတ်တွေဖြစ်ရတိုင်း၊
လည်ပင်းဖက်ပြီး ကြီးခဲ့ရတဲ့ မင်းကို
အသေအချာကြီး လွမ်းနေမိတာပေါ့။

အခုတော့
နောက်ဆုတ်လို့မရတဲ့ရွေ့ရှားမှုတွေနဲ့
ငါကတော့ မင်းနဲ့ဝေးရာ ဘ၀တစ်ခုမှာ
မနားတမ်းခရီးဆက်နေတုန်းလေ။

မြို့ကလေးရေ
မင်းကိုလွမ်းနေတဲ့
မင်းနဲ့ပတ်သက်ခဲ့ဘူးတဲ့
မင်းကလဲမှတ်မိတော့မှာမဟုတ်တဲ့
အဝေးကလူတစ်ယောက်က
မင်းကို....
အခုခေတ်ပေါ် တစ်ချို့ပစ္စည်းတွေလို
ဘယ်တော့မှ ပြုပြင်ပြောင်းလဲစရာမလိုတဲ့
Maintenance free မြို့လေးလို့
ကဗ္ဗည်းတပ်ပေးလိုက်ချင်ပါရဲ့။

ဝင်းထိန်
၁၈-၀၁-၂၀၁၃

နှစ်ပေါင်း ၃၀ ကျော်က မော်လမြိုင်မြို့သို့ အလွမ်းပြေ။
(Maintenance free = ပြင်စရာမလိုသော)

Rangonnewsdaily
RND:  :21.3.2013

0 comments:

Post a Comment