Pages

Thursday, March 21, 2013

မိတ္ထီလာပဋိပက္ခ ဆက်လက်ဖြစ်ပွားနေဟု ရဲတပ်ဖွဲ့ပြော (ညနေ ၄ နာရီ)

မိတ္ထီလာမြို့ရှိ အင်းဝဘဏ်မှ ငွေကြေးများအား လုံခြုံသည့် နေရာသို့ ရွှေ့ပြောင်းနေသည်ကို မတ် ၂၁ ရက်တွင် တွေ့ရစဉ်
မိတ္ထီလာမြို့ရှိ အင်းဝဘဏ်မှ ငွေကြေးများအား လုံခြုံသည့် နေရာသို့ ရွှေ့ပြောင်းနေသည်ကို မတ် ၂၁ ရက်တွင် တွေ့ရစဉ်
မိတ္ထီလာမြို့ ပဋိပက္ခတွေ အခုအချိန်ထိ ဖြစ်ပွားနေပြီး တည်းခိုခန်းတခုပြာကျသွားပြီးနော
က် အိမ် ၅ လုံးလောက် မီးလောင်ကျွမ်းနေဆဲဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။ “အခုလက်ရှိ သီရိမင်္ဂလာရပ်ကွက်၊ ပုလဲတည်းခိုခန်း မီးလောင်ပြာကျသွားပြီ။ အိမ် ၄-၅ လုံးလောက် မီးတွေ ဆက်လောင်နေတယ်။ ရဲတွေကို မီးသတ်ကားပေါ်တင်ပြီး မီးငြှိမ်းနေရတယ်။”

မိတ္ထီလာမြို့ ပဋိပက္ခဖြစ်စဉ်တွေကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု အခြေအနေကိုတော့ အတည်ပြုလို့ မရသေးဘဲ စုံစမ်းနေဆဲပဲလို့ ဆိုပါတယ်။

မိတ္ထီလာမြို့တွင်း၌ ဖြစ်ပွားနေသော ဆူပူမှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ကို မိုးပေါ်ထောင်ဖောက်၍ လူစုခွဲရန် ပြောကြားခဲ့သော်လည်း ဆက်လက်အတင့်ရဲလာမှုများကြောင့် ဆူပူသူများ၏ ခါးအောက်ပိုင်းသို့ ပစ်ခတ်ထိန်းသိမ်းမှုကို ညနေ ၅နာရီ ၁၅မိနစ်ခန့်တွင်စတင် ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားမှာ၂၅၀ခန့်ရှိနေပြီး အုပ်စု ၅စုခွဲကာ ထိန်းသိမ်းနေကြောင်း သိရသည်။

Street View.., DVB TV News:, Rangonnewsdaily
RND:  :21.3.2013

0 comments:

Post a Comment