Pages

Thursday, March 21, 2013

"မိတ္ထီလာက အဓိကရုဏ်းတွေကို ထိန်းချုပ်နိုင်ပြီဟုဆို"

မိတ္ထီလာ အဓိကရုဏ်း နောက်ဆုံးရသတင်း 

"မိတ္ထီလာက အဓိကရုဏ်းတွေကို ထိန်းချုပ်နိုင်ပြီဟုဆို"

ဒီကနေ့က မိတ္ထီလာမြို့ပေါ်ရပ်ကွက်အချို့တွင် လောင်ကျွမ်းနေသော မီးလောင်မှုများကို ငြိမ်းသတ်နိုင်ပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဒုတိယရဲတပ်ဖွဲ့မှုး ဦးထွန်းနိုင်မှ RFA သို့ အတည်ပြုပြောကြားသည်။

မိတ္ထီလာမြို့ အမှတ် (၂)ရဲစခန်းကို ဒီကနေ့ညနေ ၆ နာရီခွဲက ဆက်သွယ်မေးမြန်းရာ ရဲတပ်ဖွဲ့ဝင်များအနေနှင့် ပြဿနာအရပ်ရပ်ကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ပြန်လည် ဖြေကြားပါတယ်။

ယခုအခါ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်ခေါင်းဆောင်သည့် အစိုးရအဖွဲ့ဝင်များ၊မိတ္ထီလာအဓိကရုဏ်း စုံစမ်းရေးကော်မရှင်အဖွဲ့သည် အဓိကရုဏ်းဖြစ်ပွားရာနေရာများကို လှည့်လည်ကြည့်ရှုနေကြောင်း သိရသည်။

မိတ္ထီလာမြို့ ရန်ကုန် - မန္တလေး ကားလမ်း သီရိမင်္ဂလာရပ်ကွက် နာရီစင်အနီး AGD ဘဏ်နားတွင် မီးလောင်နေစဉ် (ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ)

မတ်လ၂၁ရက်နေ့မိထီလာမြို့လယ်တစ်နေရာတွင်တွေ့ရသည့်မြင်ကွင်း
ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ
မတ်လ၂၁ရက်နေ့မိထီလာမြို့လယ်တစ်ေ
နရာတွင်တွေ့ရသည့်မြင်ကွင်း
ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ
RFA (Burmese), Rangonnewsdaily
RND:  :21.3.2013

0 comments:

Post a Comment