Pages

Thursday, March 21, 2013

မြူနှင်းများကျဆင်း၍ ရန်ကုန်မြစ်အတွင်းကူးတို့ခရီးစဉ်အချို့ ခေတ္တရပ်ဆိုင်းထားရ

Thursday, 21 March 2013
ယနေ့နံနက် မြူနှင်းများ ကျဆင်းမှုကြောင့် ရန်ကုန်မြစ်အတွင်း ပြေးဆွဲနေသော ကူးတို့လိုင်းအချို့ နံနက်ပိုင်းခရီးစဉ်အချို့အား ခေတ္တရပ်နားထားခဲ့ရကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက သတင်းရရှိသည်။ စဥ့်အိုးတန်း-ဆာပါချောင် ကူးတို့လိုင်းအား မနက် ၆ နာရီခွဲ အသွားနှင့် ၇ နာရီ အပြန်တို့အား ရပ်နားခဲ့ပြီး၊ ပန်းဆိုးတန်း-ဒလ ကူးတို့အား မနက် ၇ နာရီမှစ၍ အသွားအပြန် နှစ်ခေါက်ရပ်နားထားခဲ့ခြင်းဖြစ်သည်။ “စဥ့်အိုးတန်း-ဆာပါချောင် ကူးတို့က မနက် ၈ နာရီမှာ ပြန်စဆွဲပါတယ်”ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ထိုကဲ့သို့ မြူနှင်းများ ကျဆင်းမှုကြောင့် ကူးတို့လိုင်းခရီးစဉ်များ ရပ်နားထားရလေ့ရှိကြောင်း ဒလဆိပ်ကမ်းမှ တာဝန်ရှိသူကပြောသည်။

7Day News Journal,Rangonnewsdaily
RND:  :21.3.2013
 

0 comments:

Post a Comment