Pages

Sunday, February 24, 2013

အင်းလေးကန်အတွင်းရှိဖောင်တော်ဦးဘုရားတွင် ဘုရားကို ရွှေသင်္ကန်း ကပ် မိ၍ ဘုရားပေါ်တွင် ဓါးဖြင့်ထိုးသတ်မှုဖြစ်ပွား

(ဘုရားကို ရွှေသင်္ကန်း ကပ် မိ၍ ဘုရားပေါ်တွင် ဓါးဖြင့်ထိုးသတ်မှု )
လူ.အသက်ထက်ဘယ်အရာမှတန်ဖိုးမရှိ
သရ၀ဏ် (ပြည်)
၁၄.၂.၂၀၁၃ နေ.က နိုင်ငံခြားသားကမ္ဘာလှည်.ခရီးသည်များနှင်. သွားလာရင်း
အင်းလေးကန်အတွင်းရှိဖောင်တော်ဦးဘုရားသို.ရောက်ခဲ.ပါသည်
။ကျွန်တော်တို.ရောက်သွားချိန်တွင် ဘုရားရင်ပြင်တော်ရှေ.တွင်လူတို.
ရုံးစုရုံးစုနှင်. ဖြစ်နေကြပါသည် ။ ဘာဖြစ်သလဲဟုအကျိုးအကြောင်းမေးကြည်.ရာ
ဖြစ်တောင်.ဖြစ်ခဲ ဖောင်တော်ဦးဘုရားပေါ်၌ ဓါးထိုးမှုဖြစ်ပွားသည်ဟုသိရ၍
အလွန်အံ.သြသွားပါသည် ။ အေးချမ်းလှသောအင်းလေးဒေသတွင်
မဖြစ်စဖူးထူးကဲလှပါဘိသည် ဟုအောက်မေ.ကာဖြစ်စဉ်ကိုမေးတော. ပို၍ အံ.သြရပါသည်
။ဓါးနှင်.အထိုးခံရသူမှာ ဘုရားဖူးတစ်ဦးဖြစ်ပြီး ဓါးဖြင်.ထိုးသူမှာ
ဖောင်တော်ဦးဘုရားမှ ရွှေဆိုင်းကန်ထရိုက်ယူရောင်းသူဖြစ်သည်ဟုသိရ၍ဖြစ်သည်
။ ဘုရားဖူးက သူတို.ရောင်းသောရွှေဆိုင်းကိုမ၀ယ်ပဲ
သူ.မှာပါလာသောရွှေဆိုင်းဖြင်.ဘုရားကို ပူဇော်၍ဓါး
ဖြင်.ထိုးခြင်းဖြစ်ပါသတဲ.။ မြတ်စွာဘုရား
။လောကကြီး၌…..ဘာတွေဖြစ်ကုန်ပြီနည်းဟု ရင်ဘတ်ကိုဖိမိပါသည် ။
မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံတော်ပိုင် ပစ္စည်းများ ၊
လုပ်ငန်းများကို ပုဂ္ဂလိကပိုင်လွှဲပြောင်းပေးခြင်းများခေတ်စားလာသည်.နည်းတူ
မြန်မာနိုင်ငံတစ်ဝှမ်းရှိဘုရားများသည်လည်း ဘုရားဆိုင်ခန်းများ ၊
ဓါတ်ပုံလုပ်ငန်းများ ၊ ရွှေဆိုင်းရောင်းချခြင်းလုပ်ငန်းများ ၊
ကားရပ်နားခြင်းလုပ်ငန်းများ ၊ အုန်းပွဲ
ငှက်ပြောပွဲရောင်းချခြင်းလုပ်ငန်းများ ၊ စသော
ဝင်ငွေရရာရကြောင်းလုပ်ငန်းမှန်သမျှကို ကန်ထရိုက်ပေးခြင်း ၊
လေလံပစ်ခြင်းများကိုတွင်ကျယ်စွာလုပ်ဆောင်လာကြပါသည် ။ ထိုအထဲတွင် အင်းလေး
ဖောင်တော်ဦးဘုရားလဲ ပါဝင်ပါသည် ။ အခြားလုပ်ငန်းများကို
မည်သို.ကန်ထရိုက်ချထားပေးလဲမသိသော်လည်း ဖောင်တော်ဦးစေတီ
တွင်ရွှေဆိုင်းရောင်းချခွင်.ရထားသူကန်ထရိုက်ကတော. တော်တော်
စီးပွားရေးဆန်သည်ဟုပဲပြောမလား ၊ သဘောထားတင်းမာသည်ပဲပြောမလား
။စီးပွားရေးလာဘ်မြင်သည်ဟုပဲပြောမလား။ ဖောင်တော်ဦးဘုရားရှိ
ဗုဒ္စရုပ်ပွားတော် ငါးဆူကိုရွှေသင်္ကန်းဆက်ကပ်ပူဇော်လိုလျင်
မည်မျှအရည်အသွေးကောင်းသော ရွှေဆိုင်းများကိုဘုရားဖူးမှ
ယူဆောင်လာသည်ဖြစ်စေ ၊ မိမိတို.ရောင်းချသော ရွှေဆိုင်းမှတစ်ပါး
မည်သူ.ကိုမှ ကပ်လှူပူဇော်ခွင်.မပြုပါ ။ ထိုင်းနိုင်ငံမှ တိုးရစ်များသည်
သူတို.နှင်.အတူပါလာသော ရွှေဆိုင်းများကို ပူဇော်ခွင်.မရ၍ ရွှေများကို
အလှူခံမှန်ပုံးထဲတွင်ထည်.၍ ပြန်သွားရတာ ကျွန်တော်မကြာခနတွေ.ဖူးပါသည် ။
မြန်မာဘုရားဖူးများယူဆောင်လာသောရွှေဆိုင်းများကိုလည်း
မှန်ပုံးထဲတွင်ထည်.ကာ လှူခဲ.ရပါသည် ။
ထိုမှန်ပုံးထဲမှရွှေများကိုဘယ်နေရာမှာသုံးသလဲတော.ကျွန်တော်တို.လဲ
မတွေးတတ်ပါ ။
အင်းလေးဖောင်တော်ဦးဘုရားသို.ရောက်တိုင်းအောက်ပါကြေငြာချက်ကိုအသံချဲ.စက်ဖြင်.
ကြေငြာနေတာကိုလည်း အမြဲတမ်းလိုပင်ကြားရလေ.ရှိပါသည် ။
“ဘုရားဖူးဧည်.သည်များခင်ဗျား …….
လှေဆိပ်နှင်.ဘုရားပရ၀ုဏ်အတွင်း အတင်းအဓမ္မလိမ်လည်ရောင်းချနေသော
ရွှေဆိုင်းများအား ဘုရား၌ကပ်လှူပူဇော်ခွင်. ပြုမည်မဟုတ်ကြောင်း
ကြိုတင်အသိပေးကြေငြာအပ်ပါသည် “ဟူသတည်း ။သဘောကတော.
ငါ.ထံမှရွှေကိုသာဝယ်ကြကုန်လော. ဟူသည်.အဓိပါယ်ဖြစ်သည် ။
ထိုကြေငြာချက်ကိုတိုးရစ်များက ဘာတွေပြောနေတာလဲဟုမေးသောအခါ
ကိုယ်ပေါင်ကိုယ်လှန်ထောင်းရမှာ ရှက်စရာကောင်းလွန်းသဖြင်. ဘုရားဖူးတွေ
လှေပေါ်ကိုအတက်အဆင်းသတိထားကြပါလို.ကြေငြာနေတာပါ ဟုပြောရသည် ။
ထိုနေ.ကဖြစ်စဉ်မှာ ဘုရားဖူးတစ်ဦးက ကန်ထရိုက်ရောင်းသောရွှေကိုမ၀ယ်ပဲ
မိမိမှာပါသည်.ရွှေကို ဘုရားအားဇွတ်ကပ်ရန်ကြိုးစားရာမှာ
ကန်ထရိုက်ကဓါးဖြင်.ထိုးခြင်း ကိုခံရခြင်းဖြစ်သည် ။

ဤဆောင်းပါးကား ကန်ထရိုက်များ၏
စီးပွားရေးလက်ဝါးကြီးအုပ်ပုံ
၊၀ိသမလောဘဇောတိုက်နေပုံတို.ကိုဖော်ပြလိုရင်းမဟုတ်
။လူတစ်ယောက်ဓါးထိုးခံရပြီးနောက်
မည်ကဲ.သို.အရေးယူဆောင်ရွက်ကြသည်ဟူသောနောက်ဆက်တွဲကိစ္စ ကို
ပြောလိုခြင်းဖြစ်သည် ။ ပုံမှန်အားဖြင်.ကျွန်တော်နားလည်သည်မှာ လူတစ်ယောက်
အရေးပေါ်ဒါဏ်ရာရ၍ သေကောင်ပေါင်းလဲဖြစ်သောအခါ
အနီးဆုံးဆေးရုံသို.ပို.ဆောင်ကြရစမြဲဖြစ်သည် ။ တစ်ကမ္ဘာလုံးမှာလဲ
ဤသို.ပင်ဆောင်ရွက်ကြသည် ။ သို.သော် ကျွန်တော်တို.နိုင်ငံကား
ရှာမှရှားသောနိုင်ငံပေတကား ။ ဓါးထိုးခံရသောလူနာသည် အနီးဆုံး
(အခင်းဖြစ်ရာနေရာတစ်ဝိုက်၌အကောင်းဆုံး ) ဆေးကုသမှုပေးနိုင်သော
ညောင်ရွှေပြည်သူ.ဆေးရုံကြီးသို. ချက်ခြင်းပို.ဆောင်ကုသမပေးကြပဲ ။
နမ်.ပန်ရွာ ရဲကင်းသို.စက်လှေဖြင်.သွားကြရသတဲ.
။လူမမာကဓါးဒဏ်ရာတန်းလမ်းနှင်. မလိုအပ်ပဲ စက်လှေ တဖုတ်ဖုတ်စီးကာ
ဆေးရုံရှိရာညောင်ရွှေမြို.နှင်.ခရီးဆန်.ကျင်ဘက်ဖြစ်သော
နမ်.ပန်သို.သွားရပါသတဲ.။အဘယ်.ကြောင်.ဆိုသော် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ ၊
နည်းဥပဒေများအရ ရဲအရေးပိုင်သော အမှုအခင်းတစ်ခုကြောင်.ဒဏ်ရာအနာတရဖြစ်လျင်
ရဲဆေးစာမပါပဲမည်သည်.ဆရာဝန်၊ဆေးရုံကမှ ကုသပေးခွင်. (အသက်ကယ်ခွင်.
)မရှိပါတဲ.ခင်ဗျာ ။ ဒါ.ကြောင်. နီးတာဝေးတာအပထား ၊ သေတာရှင်တာ အပထား
ရဲမလာလျင်ငုတ်တုတ်ထိုင်စောင်.ကြရမည်. လုပ်ထုံးလုပ်နည်းများပေတကား ။

(CREDIT TO: https://www.facebook.com/konyi.tharawon/posts/560760410609809)

၁၄.၂.၂၀၁၃ နေ.ကနိုင်ငံခြားသားကမ္ဘာလှည်.ခရီးသည်များနှင်သွားလာရင်းအင်းလေးကန်အတွင်းရှိဖာင်
တော်ဦးဘုရားသို.ရောက်ခဲ.ပါသည်။ကျွန်တော်တို.ရောက်သွားချိန်တွင် ဘုရားရင်ပြင်တော်ရှေ.တွင်လူတို.ရုံး
စုရုံးစုနှင်.ဖြစ်နေကြပါသည်။ဘာဖြစ်သလဲဟုအကျိုးအကြောင်းမေးကြည်.ရာဖြစ်တောင်.ဖြစ်ခဲ ဖောင်တော်
ဦးဘုရားပေါ်၌ ဓါးထိုးမှုဖြစ်ပွားသည်ဟုသိရ၍အလွန်အံ.သြသွားပါသည် ။

ဖေဖေါ်ဝါရီလ ၂၄ရက် ယနေ့ ကျောက်ပန်းတောင်းက နှစ်ကျပ်ခွဲရွာ အခြေအနေ

၂၄ရက် ဖေဖေါ်ဝါရီနှစ်ကျပ်ခွဲရွာတွင်းမြင်ကွင်း

ကျောက်ပန်းတောင်းက နှစ်ကျပ်ခွဲရွာမှာ ရပ်ရွာလူထုနဲ့ လျှပ်စစ်ဝန်ထမ်းတွေ မီးလိုင်းကို လာဖြုတ်ရာက ပြသနာဖြစ်ပြီး ရဲအင်အားတစ်ရာကျော် လုံခြုံရေးယူထားတယ် ကြားပါတယ်။ ဒီပြသနာရဲ့ အစဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးက မီးလိုင်းအကြောင်းပြု မဲဆွယ်ရာက တငွေ့ငွေ့ဖြစ်နေတာ ကြာပါပြီ။ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းပေးစေချင်ပါတယ်။

Photo Credit to George Owell

အေးချမ်းမွန်မှ  May Popa တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။
၂၄ရက် ဖေဖေါ်ဝါရီနှစ်ကျပ်ခွဲရွာတွင်းမြ
င်ကွင်း
ကျောက်ပန်းတောင်းက နှစ်ကျပ်ခွဲရွာမှာ ရပ်ရွာလူထုနဲ့ လျှပ်စစ်ဝန်ထမ်းတွေ မီးလိုင်းကို လာဖြုတ်ရာက ပြသနာဖြစ်ပြီး ရဲအင်အားတစ်ရာကျော် လုံခြုံရေးယူထားတယ် ကြားပါတယ်။ ဒီပြသနာရဲ့ အစဟာ

Plica Semilunaris လို့ခေါ်တဲ့ မျက်လုံးထောင့်စွန်းက အသား

မျက်လုံးထောင့်စွန်းက အသား - Plica Semilunaris
Sunday, February 24, 2013 

Plica Semilunaris လို့ခေါ်တဲ့ မျက်လုံးထောင့်တွေမှာ ရှိနေတတ်တဲ့ အသား ခေါ် တတိယ မျက်ခွံဟာ လူနဲ့ အခြား သတ္တဝါအချို့ မှာ ပါရှိတတ် ပါတယ်။

သူ့ရဲ့  အဓိက လုပ်ဆောင်ချက်ကတော့ မျက်လုံး ရဲ့  လှုပ်ရှားမှု ဒီဂရီတိုင်းကို ထိန်းပေးခြင်း ဖြစ်ပါတယ်။ သူသာ မရှိရင် မျက်လုံးဟာ ကိုယ်လက်ရှိ လှည့်နိုင်တဲ့ မျက်လုံး ဒီဂရီလောက် လှည့်နိုင်မှာ မဟုတ်ပါဘူး။ နောက်ထပ် လုပ်ဆောင်ချက်ကတော့ ယင်း နေရာကနေ အရည်တစ်မျိုး ထုတ်ပေးပြီး မျက်လုံးပေါ်က မလိုအပ်တဲ့ အညစ်အကြေးနဲ့ အမှုန်တွေကို စုစည်းစေပါတယ်။

မနက် အိပ်ယာထတဲ့အခါ မျက်လုံးထောင့်မှာ မျက်ချေး ကပ်နေတယ်
ဆိုတာ ယင်း Plica Semilunaris က လုပ်ဆောင်ချက် ကောင်း မွန်နေသေးလို့ ဖြစ်ပါတယ်။
---
Ref: wiki
International news for myanmar

Sunday, February 24, 2013

Plica Semilunaris လို့ခေါ်တဲ့ မျက်လုံးထောင့်တွေမှာ ရှိနေတတ်တဲ့ အသား ခေါ် တတိယ မျက်ခွံဟာ လူနဲ့ အခြား သတ္တဝါအချို့ မှာ ပါရှိတတ် ပါတယ်။

လင်မယားချင်းစကားများရာမှ ဓါးဖြင့်ခုတ်သဖြင့် ဇနီးဖြစ်သူသေဆုံး

လင်မယားချင်းစကားများရာမှ ဓါးဖြင့်ခုတ်သဖြင့် ဇနီးဖြစ်သူသေဆုံး
Sunday, February 24, 2013 

၂၂-၂-၂၀၁၃ ရက်နေ့ ၂၀၃၀ အချိန် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကျွဲဦးကျေးရွာ၏အနောက်ဘက်(၁)မိုင်ခန့်အကွာ ကြက်သမနှီးဖျာစခန်း၌ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ စလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် လင်းဇင်းရဲစခန်းတပ်ဖွဲ့ဝင်များမှ ၂၃-၂-၂၀၁၃ ရက်နေ့ ၀၈၃၀ အချိန် အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးခဲ့ရာ နှီးဖျာစခန်းမှ ငလှိုင်တွင်း
ရွာနေ ကျော်ဆွေ(၄၃)နှစ်နှင့် ၄င်း၏ဇနီးဖြစ်သူ မစန်းမော်(၃၂)နှစ်တို့ လင်မယားအချင်းချင်း စကားများရာ အရက်အလွန်အကျွံသောက်စား
ထားသည့် ခင်ပွန်းဖြစ်သူ ကျော်ဆွေမှ ဇနီးဖြစ်သူ မစန်းမော်အား အရှည်(၁၈)လက်မခန့်ရှိ ၀ါးခုတ်ဓါးမဖြင့်ခုတ်သဖြင့် မစန်းမော်တွင် ယာလက်ဖျံပြတ်ရှဒဏ်ရာ(၁)ချက်၊ ဦးခေါင်းငယ်ထိပ်ပြတ်ရှဒဏ်ရာ
(၁)ချက်၊ လည်ဂုတ်ပြတ်လုနီးပါးဓါးဒဏ်(၁)ချက်တို့ ရရှိသေဆုံးခဲ့ကြောင်း စစ်ဆေးတွေ့ခဲ့သည်။

သေဆုံးသူ မစန်းမော်၏အစ်ကိုဖြစ်သူ ကိုကျော်အောင်မှ လင်းဇင်းရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် လင်းဇင်းရဲစခန်း(ပ)၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Sunday, February 24, 2013

၂၂-၂-၂၀၁၃ ရက်နေ့ ၂၀၃၀ အချိန် မကွေးတိုင်းဒေသကြီး၊စလင်းမြို့နယ်၊ကျွဲဦးကျေးရွာ၏အနောက်ဘက်
(၁)မိုင်ခန့်အကွာ ကြက်သမနှီးဖျာစခန်း၌ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ စလင်းမြို့နယ်ရဲတပ်ဖွဲ့
မှူးနှင့် လင်းဇင်းရဲစခန်းတပ်ဖွဲဝင်များမှ ၂၃-၂-၂၀၁၃ ရက်နေ့၀၈၃၀အချိန် အခင်းဖြစ်အရပ်သို့ သွားရောက်
စစ်ဆေးခဲ့ရာ

အစ္စလာမ်ဘာသာဝင် ပရ်ဒါရှင်အမျိုးသမီးတစ်ဦး၏ ဂျန္တွသ်အဆင့်အတန်း

ပရ်ဒါရှင်အမျိုးသမီးတစ်ဦး၏ ဂျန္တွသ်အဆင့်အတန်း

     ပရ်ဒါရှင်နှင့် ရိုးရိုးအမျိုးသမီးကွာခြားပုံမှာ တမန်တော်မြတ်(ဆွ)နှင့် ရိုးရိုးလူပမာကွာခြားသည်။
    ALLAH ကိုယ်တော်တိုင် ပရ်ဒါရှင်ကို ဆင်းပြီးကြိုဆိုမည်။
    ပရ်ဒါဝတ်လိုက်သည်နှင့် ရှဟီဒီပေါင်း(၁၀၀၀၀)နှင့်ညီမျှသည်။
    ပရ်ဒါရှင် ဒါရီအမျိုးသမီးသည် ဟူရ်ထက်အဆပေါင်း(၇၀၀၀၀) ပိုချောပြီး ဂျန္တွသ်တွင်မိမိ ခင်ပွန်းသည်ကို ကြိုဆိုနေမည်။
    ပရ်ဒါရှင်၏ အိပ်ရာသည်ပုလဲများဖြင့် မွန်းမံထားသည်။
    ပရ်ဒါ၏ ရနံသည် နှင်းဆီပန်းပမာဖြစ်ပြီး ၄င်း၏မွှေးရနံ့ကို အလင်းတန်း၏နှုန်း ၅၀/sec ထက်ဝေးသောနေရာတွင်  ရနံ့ရနေမည်။
    ပရ်ဒါရှင်၏ သရဖူသည် ပတ္တမြားဖြင့် ပြုလုပ်ထားသည်။
    ပရ်ဒါရှင်၏ လက်ဖဝါးမှာ တလောကလုံးကို လင်းဝင်းစေသည်။
    ပရ်ဒါရှင်၏ ခြေလှမ်းတိုင်း ရောင်ခြည်ကွန့်မြူးနေသည်။
    ပရ်ဒါရှင်ကို ရှေ့ ဖက် အနောက်ဖက် ဝဲယာဘက် ဘက်ပေါင်းစုံမှကြည့်လျှင်လည်း တစ်ပုံစံတည်း လှနေမည်။
    မိမိခင်ပွန်းသည်နှင့် ဆက်ဆံပြီးတိုင်း ပရ်ဒါရှင်သည် အပျိုစင်ဘဲ ဖြစ်နေမည်။
    တစ်လောကလုံး၏ အလှတွေဟာ သူမဆံပင်အလှ၏ အောက်တွင် ပျောက်ကွယ်သွားမည်။
    ပရ်ဒါရှင်ရဲ့  တံတွေးဟာ သမုဒ္ဒရာ(၇)စင်းကို သကြားရည်ဖြစ်သွားစေမည်။
    ပရ်ဒါရှင်အမျိုးသမီး၏ ၄င်း၏ခင်ပွန်းသည်နှင့် စကားပြောတွေ့ ဆုံသည့်အခါတိုင်း သူမ၏ပါးပြင်ပေါ်မှာ ခင်ပွန်းသည်ရဲ့ရုပ်ပုံ  ထင်နေမည်။အဲဒီလောက် သူမျက်နှာကြည်လင်နေမည်။
    သူမရဲ့ ချိုမြိန်တဲ့စကားသံတွေကြောင့် ကောင်းကင်ဘုံဟာ အသက်ဝင်လာမည်။
    သူမရဲ့  သပ်စ်ဗီးကြောင့် ဂျန္တွသ်ရဲ့ ပန်းတွေကို ပွင့်စေတယ်။

    သူမပေါ်ကျရောက်နေတဲ့ နူရ်ရောင်ခြည်တွေဟာ ALLAH အရှင်မြတ်ရဲ့ အရပ်ရှ်ပလင်တော်ပေါ်က တိုက်ရိုက်လာတာဖြစ်သည်။ူသူမရဲ့ အလှတွေက တစ်ဆင့်စီနွဲ့ နေသည်။ ယိမ်းနေသည်။ ခြေမျက်စေ့မှနွဲ့ပြီးခြေသလုံး၊ခြေသလုံးမှနွဲ့ပြီးဒူး၊ဒူပေါ်မှပေါင်၊ပေါင်ပေါ်မှနွဲ့ပြီး ဗိုက်၊ဗိုက်ပေါ်မှနွဲ့ပြီးရင်ဘက်၊ ရင်ဘက်မှနွဲ့ ပြီးလည်ပင်း၊လည်ပင်းမှ နွဲ့ပြီးမျက်နှာထိအိပြီး နွဲ့ပြီးယိမ်းထိုးလှပနေမယ်။

အင်ရှာအလ္လာဟ်.......ကေယာမသ်နေ့အထိ ပေါက်ဖွားးလားမဲ့ အမျိုးသမီးအားလုံးကို ပရ်ဒါနစီးဗ် ပေးပြီး ဂျန္တွသ်မှာ အဲ့ဒိအဆင့်အတန်း မျိုးရယူပိုင်ဆိုင်နိင်ပါစေ....။(အာမိန်း)

ပရ်ဒါရှင်နှင့် ရိုးရိုးအမျိုးသမီးကွာခြားပုံမှာ တမန်တော်မြတ်(ဆွ)နှင့် ရိုးရိုးလူပမာကွာခြားသည်။
ALLAH ကိုယ်တော်တိုင် ပရ်ဒါရှင်ကို ဆင်းပြီးကြိုဆိုမည်။
ပရ်ဒါဝတ်လိုက်သည်နှင့် ရှဟီဒီပေါင်း(၁၀၀၀၀)နှင့်ညီမျှသည်။

U.S စီးပွားရေး လုပ်ငန်းရှင်များ မြန်မာခရီးစဉ် စတင်

U.S စီးပွားရေး လုပ်ငန်းရှင်များ မြန်မာခရီးစဉ် စတင်
---------------------------------------------------------
အမေရိကန် ပြည်ထောင်စုက ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် ၅၀ ပါဝင်တဲ့အဖွဲ့ဟာ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်မယ့် အခြေအနေတွေ လေ့လာဖို့အတွက် ဒီကနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မှာ ရောက်ရှိမှာဖြစ်တယ်လို့ U.S Chamber of Commerce အင်တာနက်စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။ 
အဆိုပါ အမေရိကန်စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာ မော်တော်ကားလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ စွမ်းအင် လုပ်ငန်း၊ အီလက်ထရောနစ်နဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေက ဖြစ်ကြပြီး ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့ထိ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေကို ဘယ်လို လုပ်သင့်မလဲ ဆိုတာ လေ့လာသွားမှာလို့ အဆိုပါ ၀က်ဆိုဒ် စာမျက်နှာမှာ ရေးသားထားပါတယ်။ အဆိုပါ အမေရိကန် စီးပွားရေး လုပ်ငန်းရှင် ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်-မြန်မာ ရင်းနှီးမြှုပ်နှံရေး ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို တက်ရောက်မှာဖြစ်ပါတယ်။ မြန်မာခရီးစဉ်အတွင်းမှာ အဆိုပါ အမေရိကန် စီးပွားရေး ကိုယ်စားလှယ်တွေအနေနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ ကျွမ်းကျင်သူတွေ၊ NGO အဖွဲ့တွေ၊ အခြား တွေ့သင့်တွေ့ထိုက်သူတွေနဲ့လည်း တွေ့ဆုံ သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန် ပြည်ထောင်စုက ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် ၅၀ ပါဝင်တဲ့အဖွဲ့ဟာ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်မယ့် အခြေအနေတွေ လေ့လာဖို့အတွက် ဒီကနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မှာ ရောက်ရှိမှာဖြစ်တယ်လို့ U.S Chamber of Commerce အင်တာနက်စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။ 

ယာဉ်ထိန်းရဲ တစ်ဦး ရဲ့ ဘဝ ခံစားချက်

ယာဉ်ထိန်းရဲ တစ်ဦး ရဲ့ ဘဝ ခံစားချက်
Sunday, February 24, 2013

ယာဉ်ထိန်းတပ်ဖွဲ့ဝင်များရဲ့အလုပ်ချိန်ကလေးပြောပြချင်ပါတယ်။မနက် ၆ နာရီပွိုင့်ကိုအရောက်သွားရပါတယ်။အဲဒီ့လိုသွားနိုင်ဖို့အတွက် နာရီဝက်တစ်နာရီလောက်စောပြီးအိပ်ရာကထ ပြင်ရဆင်ရပါတယ်။မနက် ၇ နာရီမှ ၉ နာရီအချိန်အထိ သွားလာမှုရှုပ်ထွေးချိန်အဖြစ်သတ်မှတ်ကာလလမ်းပေါ်တက် လက်အချက်ပြကာလမ်းရှင်းရပါတယ်။ ညနေ ၃ နာရီမှ ၅ နာရီအထိကတချိန်ပါ။ဒီကြားထဲမှာရှုပ်ရင်ရှုပ်သလို၊အရေးကြီးပုဂ္ဂိုလ်ယာဉ်တန်းလာရင်လာသလို၊သာရေးနာရေးယာဉ်တန်းတွေလာရင်လာသလိုဆက်လက်လမ်းရှင်းလက်အချက်ပြရပါတယ်။ထမင်းစားချိန်ကတော့အဆင်ပြေသလိုစားကြတာပေါ့။ဒါပေမဲ့တစ်ယောက်ချင်းပဲသွားစားရတယ်။နာရီဝက်ထက်ပိုမကြာရဘူး။ညဆိုရင် ၁၀ နာရီမှတရားဝင်တန်းဖြုတ်လို့ရတယ်။အိမ်ပြန်ရောက်တော့ ၁၀နာရီခွဲ ၁၁ နာရီ အိပ်ရာထဲရောက်တော့မှ ကိုယ့်သားသမီးမျက်နှာလေးတွေဝအောင်ကြည့်ရတယ်။ကလေးက လန့်နိုးပြီး အမေရေ သားတို့ခြင်ထောင်ထဲဘယ်ကလူကြီးမှန်းမသိဘူးဝင်လာတယ်လို့အော်ခဲ့တဲ့ဟာသဆန်ဆန်အဖြစ်အပျက်လေးတွေလဲတကယ်ဖြစ်ခဲ့ကြဖူးပါတယ်။တနေကုန်စီးထားတဲ့လည်ရှည်ဖိနပ်ကချွတ်လိုက်ရင်ခြေထောက်တွေကနူးအိပြီးကိုယ့်အနံ့တောင်ကိုယ်မခံနိုင်ပါဘူး။အခိုးတွေအပေါ်မှုတ်ပြီးမျက်စိတွေနီရဲတာ၊မျက်စိမှုန်လာတာတွေကအပိုဆုပါ။တခါတရံအပေါ့အလေးတွေချုပ်တီးရလွန်းလို့ဒုက္ခအင်မတန်ရောက်ရပါတယ်။အဲကျွန်တော်တို့ရတဲ့လစာက တစ်သိန်းရဲ့အောက်တော်တော်ရောက်ပါတယ်။သန့်ရှင်းသောအစိုးရ၊ကောင်းမွန်သောအစိုးရကိုလဲကြိုက်ပါတယ်။ဖြစ်နိုင်ရင်အဂတိတရားကင်းရှင်းစွာနဲ့လုပ်ငန်းတာဝန်တွေကိုအားသွန်ခွန်စိုက်ပျော်ပျော်ကြီးထမ်းဆောင်ချင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဝတ်ဆင်ရတဲ့နဖူးကနေခြေဖျားအထိယူနီဖောင်းအဆင်တန်ဆာတွေက ဝယ်ရတာဗျ။တာဝန်ကျနေရာကိုသွားတဲ့ဆိုင်ကယ်နဲ့ဆီဘိုးကလဲကိုယ့်စရိတ်နဲ့ကိုယ်ပဲဗျ။အိမ်ကမိသားစုကစားတဲ့ဆန်တို့ဆီတို့ ကလေးကျောင်းစရိတ်တို့ကလဲအများနည်းတူပဲဗျ။ပေါက်ဈေးပဲ။နောက်ပြီးအများသူငါပျော်ရွှင်ကြတဲ့ပွဲလမ်းသဘင်တို့၊အခါကြီးရက်ကြီးတို့ဆိုရင်လုံးဝမအားတော့ဘူး။အားလုံးအဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက်ကျွန်တော်တို့ရဲ့ဘဝတင်မကပဲ မိသားစုတွေရဲ့ဘဝပါပေးဆပ်ထားကြရတာပါ။ဒီကြားထဲမှာလူမုန်းများတာခံရပါသေးတယ်။ဘယ်သူဖြစ်ဖြစ်အဖမ်းခံရရင်ဘယ်ကျေနပ်ပါ့မလဲ။တချို့က ညပိုင်းမှာဆဲသွားကြသေးတယ်။အဆင့်မရှိတဲ့ကောင်တွေတဲ့။ဟုတ်ကဲ့ကျွန်တော်တို့ဆယ်တန်းအောင်မှဒီအထဲဝင်လို့ရခဲ့တာပါ။နောက်တမျိုးကျတော့လမ်းဘေးနေလမ်းဘေးစားတွေတဲ့။အဲဒါကျတော့မှန်နေပြန်ရော။ကျွန်တော်တို့လမ်းဘေးနေလမ်းဘေးစားနေတာအများပြည်သူတွေလမ်းပေါ်မှာအဆင်ပြေချောမွေ့စွာသွားနိုင်ဖို့ကျွန်တော်တို့နဲ့ကျွန်တော်တို့ရဲ့မိသားစုဝင်တွေရဲ့ဘဝတွေကိုကျေကျေနပ်နပ်ကြီးချခင်းပေးထားတာပါဗျာ။ဘာပဲပြောပြောကျွန်တော်တို့လမ်းရှင်းပေးရတာပျော်ပါတယ်။အများပြည်သူကလက်ခုပ်တီးပေးရင်ပိုပြီးပျော်ရမှာပါ။မြို့မေတ္တာခံယူတဲ့သားတွေဖြစ်ချင်ပါတယ်။

မန္တလေးသတင်းပုံရိပ်များ

Sunday, February 24, 2013

ယာဉ်ထိန်းတပ်ဖွဲ့ဝင်များရဲ့အလုပ
်ချိန်ကလေးပြောပြချင်ပါတယ်။မနက် ၆ နာရီပွိုင့်ကိုအရောက်သွားရပါတယ်။အဲဒီ့လိုသွားနိုင်ဖို့အတွက် နာရီဝက်တစ်နာရီလောက်စောပြီးအိပ်ရာကထ ပြင်ရဆင်ရပါတယ်။မနက် ၇ နာရီမှ ၉ နာရီအချိန်အထိ သွားလာမှုရှုပ်ထွေးချိန်အဖြစ်သတ်မှတ်ကာလလမ်းပေါ်တက် လက်အချက်ပြကာလမ်းရှင်းရပါတယ်။ ညနေ ၃ နာရီမှ ၅ နာရီအထိကတချိန်ပါ။

သက်တန်းနှစ်ပေါင်း (၂၀၀၀) ကျော်ရှိကျောက်တန်းမြို့ ဆင်ကန်ကြီးပြန်လည်တူးဖော်

သက်တန်းနှစ်ပေါင်း (၂၀၀၀) ကျော်ရှိကျောက်တန်းမြို့ ဆင်ကန်ကြီးပြန်လည်တူးဖော်
Sunday, February 24, 2013 

ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့နယ်၊ ကျောက်တန်းမြို့  ဆင်ကန်ရပ်ကွက်ရှိအများပြည်သူ သောက်သုံးရေကန်ကြီးကို ရွှေမှော်  ၀န်းလူမှုယဉ်ကျေးကူညီရေးအဖွဲ့ မှ ဖေဖော်ဝါရီ (၇) ရက်မှ စတင် က ဒိုက်ပင်များဆယ်ယူရှင်းလင်း   ခြင်း၊ ကောနေသော ကန်မြေများ တူးဖော်ဆယ်ယူခြင်းလုပ်ငန်းများ  ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ယင်းဆောင်ရွက်မှုကို ရွှေမှော်ဝန်းလူမှုယဉ်ကျေးကူညီ ရေးအဖွဲ့ကဦးဆောင်၍အကုန် အကျခံဆောင်ရွက်လျက်ရှိပြီး ကျောက်တန်းမြို့နယ်ဌာနဆိုင်ရာ များဖြစ်ကြသော အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်   သာယာရေးကော်မတီနှင့် ဆည် မြောင်းဦးစီးဌာနတို့မှ ကျွမ်းကျင်  သူများကြီးကြပ်၍ ကူညီဆောင် ရွက်ပေးလျက်ရှိသည်။ 

ထို့အတူ   ကန်ဆည်ယူရာတွင် မြေတူးစက် (၃) စီး၊ မြေညှိစက် (၁) စီး၊
မြေ သယ်ယာဉ် (၁၇) စီးတို့ကို အသုံး ပြု၍ ဂဏန်းကမ္ဘာကုမ္ပဏီနှင့် ဦးစိန်လွင်တို့က ကူညီပံ့ပိုးတူးဖော် ပေးပြီး ကန်ထဲမှထွက်ရှီလာသော
မြေကြီးများကို အခကြေးငွေဖြင့် ရောင်းချခြင်းမရှိပဲ မြို့နယ်အတွင်း  လိုအပ်သော နေရာများသို့ အခမဲ့   ပို့ဆောင်မြေဖို့ပေးလျက်ရှိသည်။

အဆိုပါဆင်ကန်ကြီးသည် လွန်ခဲ့သောနှစ်ပေါင်း (၂၀၀၀) ကျော် ပါဒနိုင်ငံမင်းများ လက်ထက်  က ဆင်များရေသန့်စင်ကစားခဲ့ရာ
နေရာဖြစ်ခဲ့သဖြင့် ရှေးဘိုးဘေး များလက်ထက်ကတည်းက ဆင် ကန်ဟုခေါ်ဝေါ်ခဲ့ကြသည်။ ၁၉၆၃ ခုနှစ် မြို့နယ်လုံခြုံရေးနှင့်   အုပ်ချုပ်မှုကော်မတီ (နလက) ဥက္ကဋ္ဌဗိုလ်ကြီးညီပုက ဦးဆောင်၍ ဆင်ကန်ရပ်ကွက်တာလမ်း ဘောင်အဖြစ်မိုင်ဝက်ခန့်အရှည်ကို  
မြေဖို့ တာပိတ်ခဲ့ပြီးရေလှောင်၍ ရေလွှဲပေါက်၊ ရေတွန်းစက်ရုံတို့ တည်ဆောက်၍ မြို့လူထုအတွက်  ရေပေးဝေနေခဲ့သည်။

ဆင်ကန်ကြီးသည်ရေသိုလှောင်  နိုင်မှု ဧရိယာ (၉၀) ဧကရှိနေပြီး 
ယခုအခါ (၁၅) ဧကခန့်သည် နှုံးမြေများဖြင့် ကောနေသဖြင့် အနက် (၅) ပေရှိမြေသားများ ဆက်ထုတ်ခြင်း၊ (၂၅) ဧကခန့် ဖုံးလွှမ်းနေသော
ဒိုက်များကို ဆယ်ယူခြင်းတို့ကိုဆောင်ရွက်ပြီး ပါက လာမည့်မိုးရာသီ
မှစ၍ ရေသိုလှောင်မှုပမာဏကျယ်ဝန်း  များပြားလာပြီးကျောက်တန်း
မြို့နေပြည်သူတို့အတွက်သောက် သုံးရေများအတန်အသင့်လုံလောက် စွာပေးဝေသွားနိုင်မည်ဖြစ်ကြောင်း  အသင်းနာယကဦးစိုးဝင်းကပြော ကြားသည်။

မိုးမြင့်ဆွေ
ွှ့The Hot News

Sunday, February 24, 2013

ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့နယ်၊ ကျောက်တန်းမြို့ ဆင်ကန်ရပ်ကွက်ရှိအများပြည်သူ သောက်သုံးရေကန်ကြီးကို ရွှေမှော် ၀န်းလူမှုယဉ်ကျေးကူညီရေးအဖွဲ့ မှ ဖေဖော်ဝါရီ (၇) ရက်မှ စတင် က ဒိုက်ပင်များဆယ်ယူရှင်းလင်း ခြင်း၊ ကောနေသော ကန်မြေများ တူးဖော်ဆယ်ယူခြင်းလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အင်းတော်မြို့နယ်အတွင်း တရားမ၀င်သစ်များ ဖမ်းဆီးရမိ

အင်းတော်မြို့နယ်အတွင်း တရားမ၀င်သစ်များ ဖမ်းဆီးရမိ
Sunday, February 24, 2013 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာန၊  လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း၏ လမ်းညွှန်မှုဖြင့်   ကသာမြို့နယ်၊ သစ်တောဦးစီးဌာန၊ တောအုပ်ကြီးဦးကျော်ဦး
ခေါင်းဆောင်ပြီး တောအုပ်များ ဦးမိုးဟန်  (ခရိုင်)၊ ဦးအုန်းကိုကိုဝင်း (ခရိုင်)၊  ဦးဘိုသိန်း (အင်းတော်)၊ တောခေါင်းများ ဦးတင်မောင်အုန်း  (ခရိုင်)၊ ဦးဌေးဝင်း (အင်းတော်)၊  ဦးဆန်းဝင်း (အင်းတော်)တို့ပါဝင် သော သစ်တောမှုဖမ်းဆီးရေးခရိုင်   စစ်ကြောင်းအဖွဲ့သည် (၄.၂. ၂၀၁၃)ရက်နေ့ (၁၅၃၀) အချိန် အင်းတောမြို့နယ်၊ ဂဟဲအပတော   92-D/4SM-761806 တွင် ကျွန်း သစ် (၃.၀၇) တန်၊ ကျွန်းခွဲသား (၀.၈၈၈)တန်၊ ကညင်ခွဲသား (၀.၆၃၈၈) တန်၊ ယင်းမာခွဲသား (၀.၈၂၅) တန်၊ သစ်စက် (၁) လုံး  နှင့် ဆက်စပ်ပစ္စည်း (၅) မျိုးတို့ အား ပိုင်ရှင်နှင့်အတူ ဖမ်းဆီးရမိ ပြီး သစ်တောဥပေဒပုဒ်မ ၄၂ (ဂ)၊  ၄၃ (က) တို့ဖြင့် အရေးယူဆောင်  ရွက်လျက်ရှိသည်။

အလားတူ ဖေဖော်ဝါရီ (၅) ရက်နေ့ (၈) နာရီအချိန်တွင် အင်းတော်မြို့နယ်၊ ဂဟဲကြိုး (၂၉)၊92-D/4SM-782833 နေရာတွင် ကျွန်းသစ် (၃.၇၄၆) တန်နှင့် သစ်စက် (၁) လုံးအား ဖမ်းဆီးရ မိပြီး ပိုင်ရှင်အားဆက်လက်စုံစမ်း
ဖော်ထုတ်ဆဲဖြစ်ကြောင်း သိရသည်။

စိုင်းလူမင်း
ွှ့The Hot News

Sunday, February 24, 2013

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း၏ လမ်းညွှန်မှုဖြင့် ကသာမြို့နယ်၊ သစ်တောဦးစီးဌာန၊ တောအုပ်ကြီးဦးကျော်ဦး ခေါင်းဆောင်ပြီး

မုံရွာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာဌာနအတွင်းမှ အိမ်သုံးမီတာ (၈)လုံးပျောက်ဆုံး