Pages

Sunday, February 24, 2013

မုံရွာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာဌာနအတွင်းမှ အိမ်သုံးမီတာ (၈)လုံးပျောက်ဆုံး

မုံရွာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာဌာနအတွင်းမှ အိမ်သုံးမီတာ (၈)လုံးပျောက်ဆုံး

မုံရွာ၊ ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရုံကြီးရပ်ကွက်အတွင်းရှိ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနတွင် အိမ်သုံးမီတာ (၈)လုံး ပျောက်ဆုံးနေလျက်ရှိကြောင်း သိရသည်။
“ ဌာနတွင်းထဲမှာပျောက်ဆုံးသွားတာဖြစ်ပါတယ်..။ ပျောက်ဆုံးမီတာတွေနဲ့ပတ်သက်လို့ ဌာနတွင် အတိတ်တစိတ် ရှာဖွေနေပါတယ်..။ ဒါပေမဲ့ အခုထိ ပြန်လည်တွေ့ရှိရတယ်လို့တော့ မသိရှိရသေးပါဘူး..” ဟု လျှပ်စစ်ဌာနနှင့် နီးစပ်သူ တစ်ဦးက ပြောပါတယ်..။
အဆိုပါ ပျောက်ဆုံးမီတာများမှာ Ac – 43278 – Ag – 82159 – AA- 09414 – V-27143 – AA- 67439 – W- 36532 - AD 63426 စတဲ့ နံပါတ်အသီးသီးဖြစ်ပါတယ်..။ ပျောက်ဆုံးမီတာများဟာ ဌာနတွင်းပျောက်ဆုံးခဲ့သော် လည်း ပြန်လည်တွေ့ရှိတဲ့ တစ်လုံးကတော့ မုံရွာမြို့သစ် သလ္လာရပ်ကွက်ထဲက လူနေအိမ်တစ်လုံးမှ တပ်ဆင်အသုံး ပြုထားတာကို ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ ယင်း ဌာနက ၀န်ထမ်းတစ်ဦးမှ ပြောပါတယ်..။
အခုလို အိမ်သုံးမီတာ အသစ်စက်စက်ကြီးတွေပျောက်ဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး အင်/ယာ ဌာနက SAE ဒေါ် ယဉ်ယဉ်ခိုင် ဆိုသူကတော့ သူ့မှာတာဝန်မရှိကြောင်း၊ စီမံဌာနက ဒေါ်ခင်မေဌေး သာလျင်တာဝန်ရှိပါကြောင်း ထောက်ပြပြောပါတယ်..။
လျွှပ်စစ်ဝန်ထမ်းအချို့ရဲ့ ပြောပြချက်များအရ အင်/ယာ ဌာနတွင် SAE ဒေါ် ယဉ်ယဉ်ခိုင်ဟာဆိုရင် တရားဝင်ပြဌာန်း ထားခြင်းမှရှိတဲ့ ငွေကြေးကောက်ခံမှုများရှိကြောင်း၊ အိမ်သုံးမီတာတစ်လုံး တပ်ဆင်မည်ဆိုပါက ၎င်း ဌာနအတွက် ရန်ပုံငွေဟုဆိုကာ ငွေကျပ်(၅၀၀၀)၊ မီတာတပ်ဆင်ခအတွက်( ၃၀၀၀)ကျပ်၊ စစ်ဆေးခ(၃၀၀၀) ကျပ်စသဖြင့် ခေါင်းစဉ်အမျိုးမျိုးနဲ့တောင်းရမ်းကောက်ခံနေပါတယ်..။ ဒေါ်ယဉ်ယဉ်ခိုင် ဟာဆိုရင် တာဝန်ထမ်း ဆောင်စဉ်ကာလအတွင်း မီတာပွဲစား လုပ်ငန်းများကိုလည်း တဖက်တလှမ်းမှ လုပ်ကိုင်လျက်ရှိကြောင်း၊ ရာပြည့် ခန်းမအား ကမ္ဘောဇဘဏ်မှ ငှားရမ်းပြီး ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်နေချိန်တွင် လျှပ်စစ်ဌာနပိုင် လုပ်ငန်း သုံးမီတာကြီးအား ဒေါ်ယဉ်ယဉ်ခိုင်မှ နားလည်မှုဖြင့် တရားမ၀င် တပ်ဆင်အသုံးပြုထားပါကြောင်း၊ ယင်းဌာနအတွင်း ၀န်ထမ်းစည်းကမ်းများကို ချိုးဖောက်ကာ မိမိ၏ ကိုယ်ကျိုးစီးပွားရေးအတွက် နိုင်ငံပိုင်ပစ္စည်းများ အား အလွှဲသုံးစားပြုလုပ်နေမှုအပေါ် သက်ဆိုင်ရာမှ အမြန်ဆုံးအရေးယူပေးစေလိုကြောင်း ၀န်များက ဆိုပါတယ်..။
ယခုပျောက်ဆုံးနေတဲ့ အိမ်သုံးမီတာများနဲ့ပတ်သက်၍လည်း ဌာနတွင်း အလွဲသုံးစားပြုလုပ်လေ့ရှိသူ၏ ကိုယ်ကျိုး စီးပွားအတွက်အမြတ်ထုတ်နေသူတစ်ဦးကြောင့်ဖြစ်နိုင်သည်ဟု ဝေဖန်မြောဆိုလျက်ရှိပါတယ်ခင်ဗျား..။


အေးချမ်းမွန်မှ Monywa Times တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

မုံရွာ၊ ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရုံကြီးရပ်ကွက်အတွင်းရှိ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနတွင် အိမ်သုံးမီ
တာ (၈)လုံး ပျောက်ဆုံးနေလျက်ရှိကြောင်း သိရသည်။“ ဌာနတွင်းထဲမှာပျောက်ဆုံးသွားတာဖြစ်ပါတယ်..။ ပျောက်ဆုံးမီတာတွေနဲ့ပတ်သက်လို့ ဌာနတွင် အတိတ်
တစိတ် ရှာဖွေနေပါတယ်..။ ဒါပေမဲ့ အခုထိ ပြန်လည်တွေ့ရှိရတယ်လို့တော့ မသိရှိရသေးပါဘူး..” ဟု လျှပ်စစ်
ဌာနနှင့် နီးစပ်သူ တစ်ဦးက ပြောပါတယ်..။

အဆိုပါ ပျောက်ဆုံးမီတာများမှာ Ac – 43278 – Ag – 82159 – AA- 09414 – V-27143 – AA- 67439 – W- 36532 - AD 63426 စတဲ့ နံပါတ်အသီးသီးဖြစ်ပါတယ်..။ ပျောက်ဆုံးမီတာများဟာ ဌာနတွင်းပျောက်ဆုံး
ခဲ့သော် လည်း ပြန်လည်တွေ့ရှိတဲ့ တစ်လုံးကတော့ မုံရွာမြို့သစ် သလ္လာရပ်ကွက်ထဲက လူနေအိမ်တစ်လုံးမှ တပ်ဆင်အသုံး ပြုထားတာကို ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ ယင်း ဌာနက ၀န်ထမ်းတစ်ဦးမှ ပြောပါတယ်..။

အခုလို အိမ်သုံးမီတာ အသစ်စက်စက်ကြီးတွေပျောက်ဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး အင်/ယာ ဌာနက SAE
 ဒေါ် ယဉ်ယဉ်ခိုင် ဆိုသူကတော့ သူ့မှာတာဝန်မရှိကြောင်း၊ စီမံဌာနက ဒေါ်ခင်မေဌေး သာလျင်တာဝန်ရှိ
ပါကြောင်း ထောက်ပြပြောပါတယ်..။

လျွှပ်စစ်ဝန်ထမ်းအချို့ရဲ့ ပြောပြချက်များအရ အင်/ယာဌာနတွင်SAE ဒေါ် ယဉ်ယဉ်ခိုင်ဟာဆိုရင်တရားဝင်ပြ
ဌာန်း ထားခြင်းမှရှိတဲ့ ငွေကြေးကောက်ခံမှုများရှိကြောင်း၊ အိမ်သုံးမီတာတစ်လုံး တပ်ဆင်မည်ဆိုပါက ၎င်း ဌာနအတွက် ရန်ပုံငွေဟုဆိုကာ ငွေကျပ်(၅၀၀၀)၊ မီတာတပ်ဆင်ခအတွက်( ၃၀၀၀)ကျပ်၊ စစ်ဆေးခ(၃၀၀၀) ကျပ်စသဖြင့် ခေါင်းစဉ်အမျိုးမျိုးနဲ့တောင်းရမ်းကောက်ခံနေပါတယ်..။ 
 
 ဒေါ်ယဉ်ယဉ်ခိုင် ဟာဆိုရင် တာဝန်ထမ်း ဆောင်စဉ်ကာလအတွင်း မီတာပွဲစား လုပ်ငန်းများကိုလည်း တ
ဖက်တလှမ်းမှ လုပ်ကိုင်လျက်ရှိကြောင်း၊ ရာပြည့် ခန်းမအား ကမ္ဘောဇဘဏ်မှ ငှားရမ်းပြီး ပြုပြင်ရေးလုပ်
ငန်းများဆောင်ရွက်နေချိန်တွင် လျှပ်စစ်ဌာနပိုင် လုပ်ငန်း သုံးမီတာကြီးအား ဒေါ်ယဉ်ယဉ်ခိုင်မှ နားလည်
မှုဖြင့် တရားမ၀င် တပ်ဆင်အသုံးပြုထားပါကြောင်း၊ 
 
ယင်းဌာနအတွင်း ၀န်ထမ်းစည်းကမ်းများကို ချိုးဖောက်ကာ မိမိ၏ ကိုယ်ကျိုးစီးပွားရေးအတွက် နိုင်ငံပိုင်
ပစ္စည်းများ အား အလွှဲသုံးစားပြုလုပ်နေမှုအပေါ် သက်ဆိုင်ရာမှ အမြန်ဆုံးအရေးယူပေးစေလိုကြောင်း ၀န်များက ဆိုပါတယ်..။

ယခုပျောက်ဆုံးနေတဲ့ အိမ်သုံးမီတာများနဲ့ပတ်သက်၍လည်း ဌာနတွင်း အလွဲသုံးစားပြုလုပ်လေ့ရှိသူ၏ ကိုယ်
ကျိုး စီးပွားအတွက်အမြတ်ထုတ်နေသူတစ်ဦးကြောင့်ဖြစ်နိုင်သည်ဟု ဝေဖန်မြောဆိုလျက်ရှိပါတယ်ခင်ဗျား..။

RND: 24.2.2013
Monywa Times

0 comments:

Post a Comment