Pages

Sunday, September 14, 2014

ထိုင်းရဲများကို မကျေနပ်၍ KNU\KNLA-PC အဖွဲ့ ကုန်ကားများကို ပိတ်ဆို့မှုကို နှစ်ဖက်အစိုးရ ဖြေရှင်းမည်

RangonNewsDaily:: September . 14 .2014
မြန်မာနိုင်ငံသားများကို ထိုင်းရဲက နည်းမျိုးစုံသုံး၍ ငွေ ကြေးတောင်းခံနေသည်ဆိုသော အကြောင်းပြချက်ဖြင့် ထိုင်းနိုင်ငံ ဘက်မှ ၀င်ရောက်လာသည့် ကုန်တင်ကားများကို KNU/KNLA-PC အဖွဲ့က တားဆီးပိတ်ဆို့ခဲ့သောကြောင့် နှစ်နိုင်ငံနယ်စပ် အုပ်ချုပ်ရေး တာဝန်ရှိသူများ ယင်းပြဿနာကို ဆွေးနွေးဖြေရှင်း သွားမည်ဖြစ်ကြောင်း မြ၀တီမြို့ နယ် နယ်ခြားကော်မတီရုံးမှ သတင်းရရှိသည်။

ရာသီဥတုမကောင်း၍ တောင်တက်သမား နှစ်ဦးရှာဖွေရေးနှောင့်နှေး


RangonNewsDaily:: September . 14 .2014
အဆက်အသွယ်ပြတ် တောက်နေသော ခါကာဘိုရာဇီ တောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာ တွင် ရာသီဥတုအခြေအနေ မကောင်း၍ အခက်အခဲရှိကြောင်း ထူးဖောင်ဒေးရှင်းမှ သတင်းရရှိ သည်။

မြန်မာတောင်တတ်သမားနှစ်ဦးကိုရှာဖွေရန် တရုတ် ကယ်ဆယ်ရေးအဖွဲ့ ရန်ကုန်လေဆိပ် ရောက်ရှိ.


RangonNewsDaily:: September . 14 .2014
ခါကာဘိုရာဇီတောင်တက်ခရီးစဉ်မှာ ပျောက်ဆုံးနေတဲ့ တောင်တက်သမားနှစ်ဦးကို ရှာဖွေဖို့ တရုတ်နိုင်ငံက "အပြာရောင်မိုးကောင်းကင်" ကယ်ဆယ်ရေးအဖွဲ့ဟာ ဒီနေ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာပါတယ်။

ငှားရမ်းခရရှိသူသာ ၀င်ငွေခွန်ဆောင်ရမည်ဖြစ်ပြီး ငှားရမ်းသူကို ထပ်ဆောင်း ကောက်ခံရန် မဟုတ်ဟု ပြည်တွင်းအခွန်ထုတ်ပြန်


RangonNewsDaily:: September . 14 .2014
နေအိမ်အဆောက်အအုံ ငှားရမ်းခြင်းမှ ရရှိသည့်ဝင်ငွေသည် ၀င်ငွေရရှိသူကသာ ထမ်းဆောင်ရမည့်အခွန် ဖြစ်ပြီး ငှားရမ်းသူကို ထပ်ဆောင်းကောက်ခံရန် မဟုတ်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက စက်တင်ဘာ ၁၀ ရက်၌ ထုတ်ပြန်ကြေညာထားသည်။

သင်္ဃန်းကျွန်း၊ ၁၆/၁ ရပ်ကွက်တွင် ဓာတ်တိုင်မှ ၀ိုင်ယာရှော့ဖြစ်ပြီး ရေစိုနေ သည့် လမ်းပေါ်သို့ လျှပ်စစ်စီးဝင်ကာ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး ဓာတ်လိုက်သေဆုံး


RangonNewsDaily:: September . 14 .2014
သင်္ဃန်းကျွန်းမြို့နယ်တွင် ဓာတ်တိုင်မှ လျှပ်စစ်ဝါယာရှော့ဖြစ်ကာ ရေစိုနေသည့် လမ်းပေါ်သို့ လျှပ်စစ်စီးဝင်ပြီး အနီးတွင်ရှိနေသည့် လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့ ဓာတ်လိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၁၂ ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဂျပန်သို့ တရားဝင် သွားရောက် အလုပ်လုပ်သော မြန်မာလုပ်သား ၃၅ ရာခိုင်နှုန်းခန့် ထွက်ပြေးနေ

RangonNewsDaily:: September . 14 .2014
ဂျပန်နိုင်ငံရောက် တရားဝင် မြန်မာအလုပ်သမား ၃၅ ရာခိုင်နှုန်းခန့်မှာ လုပ်ငန်းခွင် အတွင်းမှ ထွက်ပြေးနေကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအ သင်းချုပ် အထွေထွေအတွင်းရေး မှူး ဦးကျော်ထင်ကျော်က ပြော သည်။

ကောလာဟလကြောင့် စစ်တွေတွင် လူစုလူဝေးဖြစ်ပေါ်


RangonNewsDaily:: September . 14 .2014
စစ်တွေမြို့မီးစက်ကြီး၏ အင်ဂျင်တစ်လုံး အပူလွန်ပေါက် ကွဲရာမှတစ်ဆင့် ကောလာဟလ များထွက်ပေါ်ခဲ့ပြီး စက်တင်ဘာ၁၂ ရက် ညက စစ်တွေမြို့ပေါ်၌ လူစုလူဝေးများဖြစ်ပေါ်ခဲ့ ကြောင်း သတင်းရရှိသည်။