Pages

Sunday, September 14, 2014

ထိုင်းရဲများကို မကျေနပ်၍ KNU\KNLA-PC အဖွဲ့ ကုန်ကားများကို ပိတ်ဆို့မှုကို နှစ်ဖက်အစိုးရ ဖြေရှင်းမည်

RangonNewsDaily:: September . 14 .2014
မြန်မာနိုင်ငံသားများကို ထိုင်းရဲက နည်းမျိုးစုံသုံး၍ ငွေ ကြေးတောင်းခံနေသည်ဆိုသော အကြောင်းပြချက်ဖြင့် ထိုင်းနိုင်ငံ ဘက်မှ ၀င်ရောက်လာသည့် ကုန်တင်ကားများကို KNU/KNLA-PC အဖွဲ့က တားဆီးပိတ်ဆို့ခဲ့သောကြောင့် နှစ်နိုင်ငံနယ်စပ် အုပ်ချုပ်ရေး တာဝန်ရှိသူများ ယင်းပြဿနာကို ဆွေးနွေးဖြေရှင်း သွားမည်ဖြစ်ကြောင်း မြ၀တီမြို့ နယ် နယ်ခြားကော်မတီရုံးမှ သတင်းရရှိသည်။
စက်တင်ဘာ ၁၃ ရက် နံ နက်ပိုင်းက ထိုင်းဘက်မှ မြန်မာ ဘက်သို့ ၀င်ရောက်လာသည့် ကုန်တင်ကားအစီးရေ ၃၀ ခန့်ကို KNU/KNLA-PC အဖွဲ့က တား ဆီးထားခဲ့ခြင်းဖြစ်သည်။ ထိုဖြစ် စဉ်ကို မြ၀တီမြို့နယ် နယ်ခြား ကော်မတီရုံး အရာရှိများနှင့် ဒေသတွင်း အုပ်ချုပ်ရေး တာဝန်ရှိ သူများ၏တောင်းဆိုမှုဖြင့် ပြန် လည်ထွက်ခွာခွင့်ပေးခဲ့ပြီး ယင်း ဖြစ်စဉ်ကို ဖြေရှင်းရန် စက်တင် ဘာ ၁၄ ရက်တွင် မြ၀တီမြို့၌ အစည်းအဝေး ပြုလုပ်သွားမည် ဖြစ်ကြောင်း မြို့နယ်အဆင့် နယ် ခြားကော်မတီရုံးမှ အမည်မဖော် လိုသည့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

‘‘ထိုင်းဘက်ကလည်း မြန်မာနိုင်ငံသားတွေကို ဥပဒေအတိုင်း ဆက်ဆံတယ်ပေါ့။ အဲဒီလိုပြော တယ်။ နောက်ပြီးဒီကိစ္စကိုလည်း ဖြေရှင်းပေးဖို့ပြောတယ်။ ဒါ ကြောင့် အဆင်ပြေအောင် ညှိ နှိုင်းသွားရမှာပေါ့’’ဟု အဆိုပါတာဝန်ရှိသူကပြောသည်။

ကရင်ငြိမ်းချမ်းရေးကောင် စီ(KNU/KNLA-PC) မြ၀တီမြို့ ဆက်ဆံရေး တာဝန်ခံ အရာရှိ တစ်ဦးက မြ၀တီမြို့ တစ်ဖက် ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သွားသည့် မြန်မာနိုင်ငံသားများကို ထိုင်းရဲက နည်းမျိုးစုံသုံး၍ ငွေ ကြေးတောင်းခံနေသည့်အတွက် ယခုကဲ့သို့လုပ်ဆောင်ရခြင်းဖြစ် ကြောင်းပြောသည်။

‘‘တရားဝင် ခရီးသွားတဲ့သူ တွေရော၊ အလုပ်သမာတွေရော ထိုင်းရဲက ညစ်ပြီး နေ့တိုင်းပိုက် ဆံတောင်းတယ်။ ဒီသတင်းက နေ့တိုင်းကြားနေရတယ်။ ထိထိ ရောက်ရောက်ဖြေရှင်းနိုင်တာ လည်းမရှိဘူး။ ဒါကြောင့် ဒီလိုကိစ္စတွေကိုထိုင်းအစိုးရသိဖို့လိုတယ်။ ဆွေးနွေးပွဲရလဒ်ကိုလည်း စောင့် ကြည့်နေမှာပါ’’ဟု အထက်ပါ တာဝန်ရှိသူကဆိုသည်။

ထိုင်းနိုင်ငံနှင့် ကုန်အရောင်း အ၀ယ်ပြုလုပ်နေသည့် မြ၀တီ မြို့ခံကုန်သည်ဦးလှမြင့်က ယင်း ပြဿနာသည် နှစ်နိုင်ငံအစိုးရ ဖြေရှင်းရမည့်ကိစ္စဖြစ်ပြီး ယခုကဲ့ သို့ လက်နက်ကိုင်အဖွဲ့က ကုန် တင်ကားများကို တားဆီးပိတ် ပင်ခဲ့ခြင်းသည် နယ်စပ်ကုန်သွယ် ရေးကို အနည်းနှင့်အများထိခိုက် နိုင်ကြောင်းပြောသည်။

‘‘ထိုင်းဘက်ကလည်း ဒီ ဘက်ကသွားတဲ့လူကို ပုံမှန်ထက် ပိုပြီး တင်းတင်းကျပ်ကျပ်စစ် တယ်။ ဆီးစစ်တာကအစပေါ့။ ဒါပေမဲ့ ဒီလိုလုပ်လို့ ကုန်ကား တွေကို ပိတ်ထားတယ်ဆိုတာက တော့ မကောင်းဘူးပေါ့။ ဥပဒေ အရပဲ ဖြေရှင်းနိုင်ဖို့လိုတာပေါ့’’ ဟု ဦးလှမြင့်က ပြောသည်။

စက်တင်ဘာ ၁၃ ရက် နံ နက်က မြန်မာနိုင်ငံဘက်ခြမ်း တွင် ပိတ်ဆို့တားဆီးထားသည့် ကုန်တင်ကားများကို ယင်းနေ့ နေ့လယ် ၁ နာရီခန့်တွင် ထွက်ခွာ ခွင့်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment