Pages

Sunday, September 14, 2014

ကောလာဟလကြောင့် စစ်တွေတွင် လူစုလူဝေးဖြစ်ပေါ်


RangonNewsDaily:: September . 14 .2014
စစ်တွေမြို့မီးစက်ကြီး၏ အင်ဂျင်တစ်လုံး အပူလွန်ပေါက် ကွဲရာမှတစ်ဆင့် ကောလာဟလ များထွက်ပေါ်ခဲ့ပြီး စက်တင်ဘာ၁၂ ရက် ညက စစ်တွေမြို့ပေါ်၌ လူစုလူဝေးများဖြစ်ပေါ်ခဲ့ ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၂ ရက် ည ၇ နာရီကျော်မှစတင်၍ စစ်တွေမြို့ ပေါ်တွင် လျှပ်စစ်ဓာတ်အားပြတ် တောက်
သွားခဲ့သည်။ ယင်း နောက် တစ်နာရီခန့်အကြာတွင် လျှပ်စစ်မီးပြန်လာသော်လည်း ထပ်မံပြတ်သွားခဲ့ရာမှ တစ်ဆင့် ကောလာဟလသတင်းများပျံ့နှံ ခဲ့ကြောင်း စစ်တွေဒေသခံများက ပြောသည်။

လျှပ်စစ်ဓာတ်အား ပြတ် တောက်ရခြင်းမှာ စစ်တွေ မီး စက်ကြီးကို ဘင်္ဂါလီလူမျိုးများ မီး ရှို့မှုကြောင့်ဟု ကောလာဟလ သတင်းများထွက်ပေါ်ခဲ့ရာမှ မီးစက်ရှေ့တွင် ဒေသခံလူထုရာဂဏန်းခန့်စုဝေးမှုဖြစ်
ပွားခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့အရာရှိတစ်ဦးကပြောသည်။
::
‘‘ဘာမှ မဖြစ်ပါဘူး။ ကော လာဟလသတင်းတွေကြောင့် လူစုသွားတာ’’ ဟု အထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။

ယင်းကဲ့သို့လျှပ်စစ်ဓာတ် အားပြတ်တောက်ခဲ့ရခြင်းမှာ မီး စက်အင်ဂျင်ဒိုင်နမိုတစ်လုံးအပူ လွန်ကဲပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ည၁၀ နာရီခွဲခန့်တွင် လျှပ်စစ် ဓာတ်အားပြန်လည်ဖြန့်ဝေနိုင်ခဲ့ ကြောင်း တာဝန်ရှိသူများကပြော သည်။
::
စစ်တွေမြို့လယ် မကျည်း မြိုင်ရပ်ကွက်လမ်းဆုံရှိ ဓာတ်အား ပေးစက်ရုံမှ 500 KV ဗို့အားရှိ အင်ဂျင်တစ်လုံး
ဝိုင်ယာရှော့ခ်ဖြစ် ကာ မီးလောင်ခဲ့ခြင်းဖြစ်ပြီး ကော လာဟလများ ထွက်လာသကဲ့သို့ မသမာသူများ၏ လက်ချက် ကြောင့် မီးလောင်ခြင်းမဟုတ် ကြောင်း မြို့နယ်လျှစ်စစ်အင်ဂျင် နီယာ ဦးရာဇာအောင်ကပြော သည်။

‘‘အင်ဂျင်အပူလွန်ကဲလို့ မီးလောင်တာပါ။ ရှို့မီးကြောင့် မဟုတ်ပါဘူး။ ကျွန်တော်တို့ အသေးစိတ်စစ်ဆေးပြီး
သွားပါ ပြီ’’ဟု ဦးရာဇာအောင်က ဆို သည်။
::
မီးလောင်မှုကြောင့် ည ၇ နာရီခန့်တွင် မီးပြတ်သွားခဲ့ပြီး နာရီဝက်ခန့်အကြာ မီးပြန်လာ ကာ နောက်တစ်
ကြိမ်ထပ်ပြတ် သွားသောကြောင့် မီးစက်ကြီးအ နီးသို့ မြို့ခံအချို့ရောက်လာ၍ လူစုလူဝေး ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း စစ်တွေမြို့မရဲစခန်းမှူး ကပြောသည်။

မီးလောင်မှုမှာ စစ်တွေမြို့ တွင် စက်တင်ဘာ ၁၁ ရက်မှစ၍ ညမထွက်ရအမိန့်ရုပ်သိမ်းလိုက် ခြင်းနှင့် တိုက်
ဆိုင်နေသည့်အ တွက် မြို့ခံလူထုများ ယခုကဲ့သို့ စိုးရိမ်မှုမြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံဦးမောင်ဆွေ
ကပြောသည်။ မီးလောင်မှုကို မီးသတ်ကားနှစ်စီးဖြင့် ငြှိမ်းသတ်ခဲ့ရပြီး တန်ဖိုးကျပ်သိန်းသုံးဆယ်ခန့်ဆုံး
ရှုံးသွားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
::
စစ်တွေမြို့တွင် မြန်မာ့လျှပ် စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ပိုင် အင်ဂျင်နှစ်လုံးနှင့် ဖိုးသီးချို ကုမ္ပဏီပိုင်အင်
ဂျင်လေးလုံးတို့ ဖြင့် လျှပ်စစ်ဓာတ်အားပေးနေပြီး ယခုပေါက်ကွဲခဲ့သော အင်ဂျင်မှာ ဖိုးသီးချိုကုမ္ပဏီပိုင်ဖြစ်ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၂ ရက် ည ကယင်းကဲ့သို့လူစုလူဝေးဖြစ်ပွားမှုကြောင့် မီးစက်ကြီးတွင် လုံခြုံရေး တပ်ဖွဲ့ဝင်
များကို အင်အားတိုးမြှင့်ထားခဲ့ရကြောင်း သတင်းရရှိ သည်။
::
စစ်တွေမြို့လယ်တစ်နေရာကို ၂၀၁၂ က တွေ့ရစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

7Day Daily ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment