Pages

Saturday, June 8, 2013

ပေါင်းတည်မြို့ သကျမုနိမိုရ်းကောင်း ဘုရားကြီးတွင်နေသူ တစ်ဦး ခဲတံချွန်ဓါးနှင့် အလှီးခံရ

ဇွန် ၈၊ ၂၀၁၃

ပေါင်းတည် ။ ။ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင်းသကျမုနိမိုရ်းကောင်းဘုရားကြီးတွင် နေထိုင်သူ

 တစ်ဦးအား ဇွန်လ ၇-ရက်နေ့က ခဲတံချွန်ဓါးနှင့် အလှီးခံရကြောင်း သိရသည်။

ဥက္ကဌရာထူး လုယူခြင်း မဟုတ်ကြောင်း လူမင်း တရားဝင်ဖြေရှင်း

ဥက္ကဌရာထူး လုယူခြင်း မဟုတ်ကြောင်း လူမင်း တရားဝင်ဖြေရှင်း 

ဇွန် ၈ ရက်၊ ၂၀၁၃ ခုနှစ်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဌအဖြစ် တာဝန်လွှဲပြောင်းယူသည့် လူမင်းသည် အဆိုပါနေရာအား လုယူခြင်း မဟုတ်ဘဲ ဥက္ကဌ (ဟောင်း)ဦးဇင်ဝိုင်းအနေဖြင့် ကျန်းမာရေးအခြေအနေအရ ရာထူးမှ နုတ်ထွက်ခြင်း ကြောင့်သာ တာဝန်ထမ်းဆောင်ရခြင်းဖြစ်သည်ဟု ရုပ်ရှင်အစည်းအရုံးက သိရှိရသည်။

 ဦးဇင်ဝိုင်း ကျန်းမာရေးအရ ဥက္ကဌရာထူးမှ နုတ်ထွက်သွားခြင်းနှင့် ပတ်သက် ၍ လူအများကြားတွင် လူမင်းသည် နေရာလုသည်ဟု ဆိုကာ  ကောလ ဟာလများ ထွက်ပေါ်ခဲ့ခြင်းကို လူမင်းက ပြန်လည် ရှင်းလင်း ပြော ဆိုခြင်း ဖြစ်သည်။ 

“တကယ်တော့ကျွန်တော်နေရာယူတာမဟုတ်ပါဘူး၊အခြေအနေတွေအရတာဝန်တွေကိုလွှဲပြီး ယူလိုက်ရတာပါ။ကျွန်တော့် ရူတင်တွေကြားထဲကနေ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကျွန်တော့် အချိန်တစ်ချို့ထဲကနေ ထုတ်ပြီးကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ လုပ်ဆောင်သွားမှာပါ”ဟု ရုပ်ရှင် သရုပ်ဆောင် လူမင်းက ပြောသည်။

ဦးဇင်ဝိုင်းသည် ရုပ်ရှင်အစည်းအရုံး ဥက္ကဌအဖြစ် (၁)နှစ်ကျော် တာဝန် ထမ်းဆောင်ခဲ့သော်လည်း ကျန်းမာရေးအခြေအနေအ ရ နုတ်ထွက် လိုက်ခြင်းကို ရုပ်ရှင်အစည်းအရုံးက ခွင့်ပြုကြောင်း မီဒီယာများသို့ ဇွန်လ(၇)ရက်နေ့တွင် တရားဝင်ပြောကြားသည်။ 

ဦးဇင်ဝိုင်း အနေဖြင့် ကျန်းမာရေးကြောင့်သာ တာဝန်ဆက်လက် မထမ်းဆောင်နိုင်တော့ကြောင်း နှင့် တာဝန်မကျေပွန်ခဲ့သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ၄င်း၏ နုတ်ထွက်စာတွင် ပါရှိသည်။

“သူကျွန်တော့်ကိုပြောပါတယ်။ သူဒီလောက ကနေလုံးဝ ထွက်သွားတာ မဟုတ်ပါဘူး။ ကျန်းမာရေး ပြန်ကောင်းလာပြီဆိုရင်တော့ တတ်နိုင် သလောက် ကူညီသွားမှာပါ။ တကယ့်အဖြစ်အပျက် နဲ့ ကောလဟာ လနဲ့မတူပါဘူး”ဟု ပန်းချီစိုးမိုးက ပြောသည်။

ဦးဇင်ဝိုင်းသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌအဖြစ် ၂၀၁၂ ခုနှစ် ဧပြီလမှစ၍ တာဝန်ယူခဲ့ပြီး (၁) နှစ် ကျော် ရှိချိန်တွင် ကျန်းမာရေးအ ရ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌအဖြစ် နာယကများ၏ ဆုံးဖြတ်ချက် အရ သရုပ်ဆောင် ဦးလူမင်းက တာဝန်လွှဲပြောင်းယူ ကာ ဆောင်ရွက်သွား မည့် အကြောင်းကို ပြည်တွင်း၊ပြည်ပ မီဒီယာများကို တရားဝင်ပြော ကြားသည်။

မြန်မာ့ရုပ်ရှင်လောက၏ အခက်အခဲများ၊ စိန်ခေါ်မှုများကြားမှပင် အစည်း အရုံး၏ ရှေ့ဆက်မည့် လုပ်ငန်း စဉ်များတွင် ပါဝင်သည့် ရုပ်ရုင်နှင့် ဗွီဒီယို တိုးတက်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွား မည် ဖြစ်ကြောင်း လည်း သိရှိရသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ယခင်က ဒုဥက္ကဌ(၁)သရုပ်ဆောင် လူမင်း၊ ဒုဥက္ကဌ(၂)ဒါရိုက်တာ ညီညီထွန်းလွင်တို့မှ တာဝန်ယူခဲ့ပြီး ဇွန်လ ၇ ရက်နေ့မှစ ၍ လူမင်းမှ ဥက္ကဌအဖြစ်(၂)နှစ်ခန့် ဆောင်ရွက်မည် ဖြစ်သည်။

ဇော်မျိုးဦး(မြစ်မခ) /မြန်မာခရိုနီကယ်

ဇွန် ၈ ရက်၊ ၂၀၁၃ ခုနှစ်
ရုပ်ရှင်အစည်းအရုံး ဥက္ကဌအဖြစ်တာဝန်လွှဲပြောင်းယူသည့်လူမင်းသည်အဆိုပါနေရာအား လုယူခြင်း မဟုတ်
ဘဲ ဥက္ကဌ (ဟောင်း)ဦးဇင်ဝိုင်းအနေဖြင့် ကျန်းမာရေးအခြေအနေအရ ရာထူးမှ နုတ်ထွက်ခြင်း ကြောင့်သာ တာဝန်ထမ်းဆောင်ရခြင်းဖြစ်သည်ဟု ရုပ်ရှင်အစည်းအရုံးက သိရှိရသည်။

Face book ကနေ စကားပြောမယ် Paltalk Free v4.5.0 For Pc & Apk & ipa (10MB)

ဒီဆောစ့်ဝဲလ်လေးကတော့face bookအသုံးပြုတဲ့သူငယ်ချင်းတွေအတွက်ဖုန်းကနေဗီဒီယိုချက်စကားပြော
စတာတွေ အသုံးပြုလို့ရပါတယ် ဗီဒီယိုချက်မှာဆိုရင် တစ်ပြိုင်တည်း ကိုယ်အပါဝင် သုံးယောက်ချက်လို့ရပါ
တယ်။

ဦးထုပ်မဲ့ ဆိုင်ကယ်စီးသူကို ယာဉ်ထိန်းရဲကခြေထောက်နဲ့ကန်လို့ ဆိုင်ကယ်စီးသူ ဒဏ်ရာများရရှိ

မော်တော်ပီကေများရဲ့အာဏာရှင်စနစ်
မန္တလေးမြို့တွင် အသက်၅၀အရွယ်ရှိဗုဒ္ဓဘာသာအမျိုးသားတစ်ဦးဆိုယ်ကယ်ဦးထုပ်မဲဆောင်းစီးရာ ပီကေလိုက်ဖမ်းသဖြင့်ပြေးလေရာ ပီကေမှဆိုင်ကယ်ပေါ်မှလှမ်းကန်လိုက်သဖြင့် အဆိုပါလူမှာဆိုင်ကယ်မှောက်ပြီးအများအပြားဒဏ်ရာရရှိသွားခဲ့သည်။ ယခုကဲ့သို့ပီကေများ၏လုပ်ရပ်အပေါ်လုထုမှစိတ်ဆိုးလျှက်ရှိသည်။
မန်းသတင်း

မန္တလေးမြို့တွင် ယနေ့ အသက်၅၀အရွယ်ရှိအမျိုးသားတစ်ဦးဆိုယ်ကယ်ဦးထုပ်မဲဆောင်းစီးရာ ပီကေလိုက်
ဖမ်းသဖြင့်ပြေးလေရာပီကေမှဆိုင်ကယ်ပေါ်မှလှမ်းကန်လိုက်သဖြင့် အဆိုပါလူမှာဆိုင်ကယ်မှောက်ပြီးအများ
အပြားဒဏ်ရာရရှိသွားခဲ့ကြောင်းသတင်းရရှိသည်။

မန္တလေး-နေပြည်တော် တစ်ကျော့ပြန်ငလျင် အန္တရာယ် သတိပြုသင့်

မန္တလေး-နေပြည်တော် တစ်ကျော့ပြန်ငလျင် အန္တရာယ် သတိပြုသင့်

ငလျင်ကြီးများ လှုပ်ခတ်ခဲ့ဖူးသည့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ မန္တလေးမြို့မှ နေပြည်တော်အထိ လမ်းအပိုင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ အတွင်း ငလျင်များ လှုပ်ခတ်ထားခြင်း မရှိသောကြောင့် တစ်ကျော့ပြန် လှုပ်ခတ်လာနိုင်မည့် ငလျင်အန္တရာယ်ကို သတိပြုရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောကြားသည်။

ငလျင်ကြီးများ စစ်ကိုင်းပြတ်ရွေ့ကြော ပေါ်တွင် မြေပြင်ရွေ့များအရ ဒေသ အပိုင်းအခြားအလိုက် လှုပ်ခတ်ခြင်းသာ ဖြစ်သည့်အတွက် စစ်ကိုင်းပြတ်ရွေ့ကြော မြောက်ဘက်ခြမ်းရှိ စစ်ကိုင်းမြို့မှ တကောင်းမြို့အထိ နှစ်ပေါင်း ၂၀ အတွင်း အင်အား ရစ်ခ်ျစတာ စကေး ၇ အဆင့်ရှိ အင်အားပြင် ငလျင်လှုပ်ခတ်မှု များပြားနေသည်ကို တွေ့ရှိရပြီး ကျန်ပြတ်ရွေ့ အပိုင်းအချို့သည် လှုပ်ခတ်ထားခြင်း မရှိသေးသောကြောင့် အဆိုပါ မြို့နယ်များသည် အထူးသတိထားရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ငလျင်လှုပ်ခတ်ရာတွင် နောက်ဆက်တွဲ အခြေအနေအဖြစ် မြေပြိုမှု စသည့် သဘာဝဘေးအန္တရာယ်များ တွေ့ကြုံနိုင်ခြင်းကြောင့် သစ်တောများ ထိန်းသိမ်းပြီး တောင်ယာ တိုးချဲ့မှုများကို တားမြစ်သင့်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ၏ တာလေငလျင် ကွင်းဆင်းအစီရင်ခံစာတွင် ဖော်ပြရေးသား ထားသည်။

စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ သပိတ်ကျင်းမြို့နယ်တွင် ၂၀၁၂ ခုနှစ်က အင်အား ရစ်ခ်ျစတာစကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုနှင့် လူအသေအပျောက်များ ဖြစ်ပေါ်ခဲ့သည်။

စစ်ကိုင်းပြတ်ရွေ့ကြော အပေါ်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်များမှာ ၁၉၅၆ ခုနှစ်တွင် စစ်ကိုင်းမြို့အနီးတွင် အင်အား ရစ်ခ်ျစတာစကေး ၇ ဒသမ ၁၊ ၁၉၉၁ ခုနှစ်တွင် တကောင်းမြို့ အနီး၌

၇ ဒသမ ၀၊ ၂၀၀၃ ခုနှစ်တွင် တောင်တွင်းကြီး၌ ၆ ဒသမ ၇ နှင့် ၂၀၁၂ ခုနှစ်တွင် သပိတ်ကျင်းမြို့ အနီး၌ ၆ ဒသမ ၈ တို့ဖြင့် လှုပ်ခတ်ခဲ့ကြောင်း အဆိုပါအသင်း မှတ်တမ်းများအရ သိရှိရသည်ဟု ၂၀၁၃ ခုနှစ် ဇွန် ၁၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။

အင်းလေးမီဒီယာ

ငလျင်ကြီးများ လှုပ်ခတ်ခဲ့ဖူးသည့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ မန္တလေးမြို့မှ နေပြည်တော်အထိ လမ်းအ
ပိုင်းသည်လွန်ခဲ့သည့် နှစ်ပေါင်း၂၀၀ အတွင်းငလျင်များ လှုပ်ခတ်ထားခြင်း မရှိသောကြောင့် တစ်ကျော့ပြန်
လှုပ်ခတ်လာနိုင်မည့်ငလျင်အန္တရာယ်ကိုသတိပြုရန်လိုအပ်ကြောင်း မြန်မာနိုင်ငံငလျင်ကော်မတီအတွင်းရေး
မှူး ဦးစိုးသူရထွန်းက ပြောကြားသည်။

ဝ တပ်ဖွဲ့နှင့် စစ်ရေးတင်းမာမှုကြောင့် အစိုးရတပ် သံချပ်ကာကား ၁၀ စီးကျော် အင်အားဖြည့်

Saturday, June 08, 2013
သံလွင်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်း အခြေချ လှုပ်ရှားနေသည့် အမှတ် ၁၇၁ စစ်ဒေသ 
တောင်ပိုင်း ဝ တပ်ဖွဲ့ နှင့် မြန်မာစစ်တပ်တို့ကြား စစ်ရေးတင်းမာလျှက်ရှိသောကြောင့် နှစ်ဘက်တပ်အပြိုင် အင်အားဖြည့်နေ ကြောင်းစုံစမ်းသိရှိရသည်။

ဈေးဝယ်လာသူ စုံတွဲတွေဝင်ပြိုင်တဲ့ ဒဂုံစင်တာ စုံတွဲဖက်ရှင်ပြိုင်ပွဲ ကျင်းပ

ဈေးဝယ်လာသူ စုံတွဲတွေဝင်ပြိုင်တဲ့ ဒဂုံစင်တာ စုံတွဲဖက်ရှင်ပြိုင်ပွဲ ကျင်းပ
Saturday, June 8 , 2013

ရန်ကုန်မြို့ မြေနီကုန်းလမ်းဆုံက ဒဂုံစင်တာ ဈေးဝယ်စင်တာမှာ လာရောက်ဈေးဝယ်ကြတဲ့ လူငယ်စုံတွဲတွေအတွက် စုံတွဲဖက်ရှင် ပြိုင်ပွဲတရပ်ကို ဇွန်လ ၆ ရက်နဲ့ ၇ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

မော်ဒယ်လ် လောကက ဆယ်ကျော်သက် လူငယ်စုံတွဲတွေ အပြင် ဈေးဝယ်ရင်း ကြော်ငြာတွေ့လို့ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ စုံတွဲပေါင်း ၄၀ လောက် ဝင်ရောက် ယှဉ်ပြိုင်ကြတာပါ။ ၆ ရက်နေ့မှာ ပဏာမ ရွေးချယ်ပွဲကို ကျင်းပခဲ့ပြီး စုံတွဲ ၁၀ တွဲကို အကဲဖြတ်ဒိုင် သရုပ်ဆောင် ဇွဲနေဝင်းနဲ့ လင်းဇာနည်ဇော်တို့က ရွေးချယ်ပေးခဲ့ပါတယ်။

၇ ရက်နေ့မှာ ဖိုင်နယ်ပွဲကို ကျင်းပခဲ့ရာမှာတော့ ပထမဆုကို ခန့်မင်းဟန်နဲ့ မေဖူးကိုအတွဲ၊ ဒုတိယဆုကို ဘုန်းဆင့်နဲ့ စန္ဒာလင်း အတွဲ၊ တတိယဆုကို ပြည့်စုံနဲ့ နန်းထိုက်ဝင့်စံအတွဲတို့က ရရှိခဲ့ပြီး ပထမဆုအဖြစ် ငွေကျပ် ၂ သိန်းနဲ့ ကျပ် ၁ သိန်းတန် ဈေးဝယ်ခွင့်ကတ်၊ ဒုတိယဆု အဖြစ် ကျပ် ၁ သိန်းနဲ့ ကျပ် ၁ သိန်းတန် ဈေးဝယ်ခွင့်ကတ်၊ တတိယဆုအဖြစ် ကျပ် ၅ သောင်းနဲ့ ကျပ် ၅ သောင်းတန်
 ဈေးဝယ်ခွင့်ကတ်တို့ကို ချီးမြှင့်ခဲ့တယ်လို့ Star Mart က ဈေးကွက်မန်နေဂျာ ကိုကျော်မျိုးနိုင်ဆီက သိရပါတယ်။

ပြိုင်ပွဲမှာ စုံတွဲမော်ဒယ်လ် ပြိုင်ပွဲအပြင် ချစ်ချောနဲ့ချစ်ပုတို့ရဲ့ ဟာသ အစီအစဉ်၊ Star Let’s Sky အစီအစဉ်က ကလေး တေးသံရှင်တွေရဲ့ စင်တင် ဖျော်ဖြေမှုအစီအစဉ်၊ မော်ဒယ်လ်ရှိုး အစီအစဉ်၊ Black Diamond အကအလှ အစီအစဉ်တွေပါ တင်ဆက်ခဲ့ပါတယ်။

အသက် ၁၆ နှစ်ကနေ ၂၅ နှစ်အတွင်း စုံတွဲတွေရဲ့ ရုပ်ရည်၊ ဝတ်စားဆင်ယင်မှု၊ တဦးနဲ့တဦး အပေးအယူမျှတမှု၊ အနုပညာ ဆန်စွာ တင်ဆက်နိုင်မှု၊ စကားပြော သွက်လက်မှုတွေနဲ့ အမှတ်ပေးခဲ့တယ်လို့ ဒိုင်လူကြီး ဇွဲနိုင်ဝင်းဆီက သိရပါတယ်။

ပြိုင်ပွဲကနေ ဆုရရှိသူ စုံတွဲတွေကို ဒဂုံစင်တာ Star Mart ရဲ့ ပြပွဲ၊ ဈေးရောင်းပွဲနဲ့ ကြော်ငြာကဏ္ဍတွေမှာ ထည့်သွင်း အသုံးပြုသွားမှာ ဖြစ်တယ်လို့ မန်နေဂျာ ကိုကျော်မျိုးနိုင်က ဆိုပါတယ်။

Irrawaddy

Saturday, June 8 , 2013

ရန်ကုန်မြို့ မြေနီကုန်းလမ်းဆုံကဒဂုံစင်တာ ဈေးဝယ်စင်တာမှာလာရောက်ဈေးဝယ်ကြတဲ့လူငယ်စုံတွဲတွေ
အတွက် စုံတွဲဖက်ရှင် ပြိုင်ပွဲတရပ်ကို ဇွန်လ ၆ ရက်နဲ့ ၇ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ယာယီမှတ်ပုံတင်ရ

Saturday, June 8 , 2013
မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း အသင်းအဖွဲ့မှတ်ပုံတင်လျှောက်ထား ခဲ့ရာ ဇွန်လ ၇ ရက်နေ့တွင် တရားဝင်ခွင့်ပြုမိန့် (ယာယီ) ကျပြီဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်း ယာယီ၏ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

“ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအထိမ်းအမှတ် ထုတ်ဝေမည့်အကြောင်းမဂ္ဂဇင်းနှင့် မှတ်တမ်း ပြခန်းအတွက် စာမူနှင့် မှတ်တမ်းများ တောင်းခံလာ”

(၁) မဂ္ဂဇင်းထုတ်ဝေနိုင်ရန်အတွက် ယနေ့မှစ၍ ကဗျာ၊ ဆောင်းပါး၊ အက်ဆေး၊ ဝတ္တုတို၊
ကာတွန်းနှင့်မှတ်တမ်းဓာတ်ပုံများ။

(၂) မှတ်တမ်းပြခန်းအတွက် မှတ်တမ်းဓာတ်ပုံများ၊ အချက်အလက်များ၊ ဂျာနယ်၊
သတင်းစာများ ပေးပို့၊ ဌားရမ်း၊ လုဒါန်း နိုင်ရန် အတွက် အောက်ပါ
အဆက်အသွယ်များသို့ ဇူလိုင်လ (၅)ရက် နောက်ဆုံးထားပြီး ဆက်သွယ်ဆောင်ရွက်ကြပါရန်လေးစားစွာ အသိပေးအပ်ပါသည်

ASUS က မကြာခင်ထွက်ရှိမယ့် Note FHD 6 ဖုန်း

စမတ်ဖုန်းတွေရဲ့  ဝယ်လိုအားမြင့်တက်နေတဲ့အချိန် ASUS ကအခြားစမတ်ဖုန်းတွေနဲ့ ယှဉ်နိုင်ဖို့အတွက်
ဈေးကွက်အတွင်းကို မကြာမီ ဖြန့်ချီတော့မှာပါ၊

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းတွင် ရွှေတွင်းပြိုကျ၍ လူနှစ်ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ်တွင် ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်က အောင်မေတ္တာရှင် ရွှေသတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်ပိုင် ရွှေလုပ်ကွက်(အင်း)အတွင်း အလုပ်လုပ်နေစဉ် မြေပြိုကျ၍ အင်းအတွင်းသို့ လူနှစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

စစ်မှုထမ်းရတော့မယ့် ဆောင်းဂျွန်ကီ

စစ်မှုထမ်းရတော့မယ့် ဆောင်းဂျွန်ကီ
Saturday, June 08, 2013

ပရိသတ် အကြိုက် ကိုရီးယားသရုပ် ဆောင်များ တစ်ဦးပြီး တစ်ဦး စစ်မှုထမ်း အလှည့်ကျသည်မှာ နှစ်တိုင်းလိုပင် ဖြစ် သည်။ ၂ဝ၁၁ ခုနှစ်တွင် ဟွန်ဘင်း၊ ၂ဝ၁၂ ခုနှစ်တွင် လီဂျီဟွန်း၊ ယခုနှစ်တွင် ဆောင်းဂျွန်ကီ (ဆောင်ကျန်ကွမ် အရှုပ် တော်ပုံ) စသည့် နာမည်ကြီး မင်းသားများ အစဉ်လိုက် စစ်မှုထမ်း ရလျက်ရှိသည်။

ဟွန်ဘင်းသည် ‘SecretGarden’ ရုပ်ရှင်ဖြင့် ကျော်ကြားလာခဲ့ပြီး ရုပ်ရှင် ဇာတ်ကားများ ရိုက်ကူးရန် လက်မလည် အောင် ကမ်းလှမ်း ခံရချိန်တွင် စစ်မှုထမ်း ရခြင်းဖြစ်သည်။ ဆောင်းဂျွန်ကီသည် ၂ဝ၁၃ ခုနှစ် နှစ် ကုန်ပိုင်းတွင် စစ်မှုထမ်း ရမည်ဖြစ်ပြီး ‘A Werewolf Boy’ ရုပ်ရှင်နှင့် Nice Guy ရုပ်သံ ဇာတ်လမ်း ဖြင့် ပရိသတ်၏ မေတ္တာကို ရရှိခဲ့သူဖြစ်သည်။ ၄င်းသည် လတ်တလော၌ ဒါရိုက်တာ ဘွန်ဂျွန်းဟို ၏ ‘Haemu’ ရုပ်ရှင် ဇာတ်ကား၌ပါဝင် သရုပ်ဆောင်လျက် ရှိပြီး ရာဇဝင် ဇာတ်လမ်းတစ်ခုတွင်
လည်း သရုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Popular Myanmar

Saturday, June 08, 2013

ပရိသတ် အကြိုက် ကိုရီးယားသရုပ် ဆောင်များ တစ်ဦးပြီး တစ်ဦး စစ်မှုထမ်း အလှည့်ကျသည်မှာ နှစ်တိုင်း
လိုပင် ဖြစ် သည်။ ၂ဝ၁၁ ခုနှစ်တွင် ဟွန်ဘင်း၊ ၂ဝ၁၂ ခုနှစ်တွင် လီဂျီဟွန်း၊ ယခုနှစ်တွင် ဆောင်းဂျွန်ကီ (ဆောင်ကျန်ကွမ် အရှုပ် တော်ပုံ) စသည့် နာမည်ကြီး မင်းသားများ အစဉ်လိုက် စစ်မှုထမ်း ရလျက်ရှိသည်။

ရတနာပုံတယ်လီပို့မှ တယ်လီဖုန်း အော်ပရေတာအဖြစ် စတင်ဆောင်ရွက် ပါက တယ်လီဖုန်းကတ်များ အခမဲ့ပေးမည်

ရတနာပုံတယ်လီပို့မှ တယ်လီဖုန်း အော်ပရေတာအဖြစ် စတင်ဆောင်ရွက် ပါက တယ်လီဖုန်းကတ်များ အခမဲ့ပေးမည်
Saturday, June 08, 2013

ရတနာပုံတယ်လီပို့ ကုမ္ပဏီမှ တယ်လီဖုန်းအော်ပရေတာအဖြစ် လုပ်ငန်းစတင်လုပ်ကိုင်ပါက တယ်လီဖုန်းလိုင်းကတ်များ အခမဲ့ပေးဝေသွားရန် အစီအစဉ်ရှိကြောင်း ရတနာပုံတယ်လီပို့ ဒုတိယဥက္ကဋ္ဌ ဦးရန်ဝင်း၏ ပြောကြားချက်အရ သိရသည်။

“လုပ်ငန်းစပြီဆိုတာနဲ့ ဖုန်းကတ်တွေကို အလကားဝေပေးသွားဖို့ ရည်ရွယ်ထားတာရှိပါတယ်။ ဘယ်လောက်အတိုင်းအတာထိ ပေးမလဲဆိုတာ ကတော့ အန်ကယ်တို့လည်း အခု နိုင်ငံခြားက Consultant လုပ်မယ့် သူတွေကို ဖိတ်ခေါ်ထားတာ ရှိတယ်။ သူတို့ ထဲက ကုမ္ပဏီတစ်ခုကို ရွေး ပြီးတော့ နောက်ပိုင်းလုပ်ငန်းလုပ်မယ့် လုပ်ငန်းတွေအားလုံးကို သူတို့ Consultant အဖွဲ့နဲ့ အန်ကယ်တို့ဘက်က ပညာရှင်တွေ ပူးပေါင်းပြီး တော့ တိုင်ပင်ပြီးရင် လုပ်ဆောင်သွားမှာပါ” ဟု ဒုတိယဥက္ကဌ ဦးရန်ဝင်းက
 ပြောကြားသည်။

မြန်မာနိုင်ငံတွင် အစိုးရမှ တယ်လီဖုန်းအော်ပရေတာ လုပ်ငန်း လုပ်ကိုင်ရန်အတွက် နိုင်ငံခြားမှ ကုမ္ပဏီ ၂ခု နှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီ ၂ခုတို့ကို ရွေးချယ်မည်ဖြစ်ရာ တယ်လီဖုန်းအော်ပရေတာဖြစ်ရန် ချမှတ်ထားသော စည်းကမ်းသတ်မှတ်ချက်များမှာလည်း အတူတူဖြစ်ကြောင်း သိရ သည်။

“နိုင်ငံခြားကုမ္ပဏီကြီး ၂ခုနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့တွေ အများကြီး ကြိုးစားရမှာ ဖြစ်ပါတယ်။ တယ်လီဖုန်းအော်ပရေတာရ မယ့် ကုမ္ပဏီ ၄ခုကလည်း ကိုယ့်မိုဘိုင်းကွန်ယက်ကို ကိုယ်ကောင်းအောင် လုပ်ရမယ်။ ကျွန်တော်တို့ ရတနာပုံတယ်လီပို့ကလည်း မိုဘိုင်းကွန် ယက်တွေကို ဒီထက်ပိုကောင်းအောင်ကြိုးစားရမှာပါ။ ဒီလိုမှကောင်းအောင် မလုပ်နိုင်ရင် ကိုယ့် မိုဘိုင်းကွန်ယက်ကို သုံးစွဲသူမရှိဘူး ဖြစ်သွား မယ်။
 နိုင်ငံခြားကုမ္ပဏီကြီး နှစ်ခုနဲ့ ယှဉ်ပြိုင်ရမယ်ဆိုတော့ တော်တော်တော့ ကြိုးစားရမှာ ဖြစ်ပါတယ်။” ဟုရတနာပုံတယ်လီပို့ ဒုဥက္ကဋ္ဌ ဦးရန်ဝင်းက
 ပြောကြားသည်။

The Myanmar Age

Saturday, June 08, 2013

ရတနာပုံတယ်လီပို့ ကုမ္ပဏီမှ တယ်လီဖုန်းအော်ပရေတာအဖြစ် လုပ်ငန်းစတင်လုပ်ကိုင်ပါက တယ်လီဖုန်း
လိုင်းကတ်များ အခမဲ့ပေးဝေသွားရန် အစီအစဉ်ရှိကြောင်း ရတနာပုံတယ်လီပို့ ဒုတိယဥက္ကဋ္ဌ ဦးရန်ဝင်း၏
 ပြောကြားချက်အရ သိရသည်။

မလေးရှားနိုင်ငံတွင်ဖြစ်ပွားသော အကြမ်းဖက်မှု ပိုဆိုးရွာလာပါက မြန်မာလုပ်သားတင်ပို့မှုရပ်ဆိုင်းမည်

ရန်ကုန်-ဇွန်၈
မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲံ့သော အကြမ်းဖက်တိုက်ခိုက်မှုများယခုထက
ပိုမိုဆိုးရွားလာပါက မြန်မာအလုပ်သမားစေလွှတ်မှုအားရပ်ဆိုင်းသွားရန် စီစဉ်ထားကြောင်း
မြန်မာနိုင်ငံပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ အသင်းချုပ်ဥက္ကဋ္ဌဦးမင်းလှိုင်ကပြောသည်။

ကချင်ပြည်နယ် ပြုပြင်ပြောင်းလဲမှု ကြိုးပမ်းချက်များကို ဗြိတိန် ချီးမွမ်း

ဇွန်လ ၈ ရက် ၂၀၁၃
ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် မြန်မာအစိုးရအကြား ပြုလုပ်ခဲ့ကြသော ဒိုင်ယာလော့ခ်မှာ ငြိမ်းချမ်းရေး အတွက် အရေးပါသည့် အရာတစ်ခု ဖြစ်သည်ဟု ဗြိတိန်နိုင်ငံအစိုးရက ရှုမြင်ကြောင်း အာရှဒေသဆိုင်ရာ ဗြိတိန် ဝန်ကြီးက ကြာသပတေးနေ့တွင် ထုတ်ဖော်ပြောကြားသည်။